Friday, April 20, 2007

အမည်သညာ ခေါ်တွင်စရာ

Due Date မနီးခင်ကတည်းက သမီးလေးအတွက် အမည်ပေးဖို့က ခေါင်းထဲမှာ ရှိပေမယ့် အကြောင်းကြောင်းနဲ့ အခြေအနေမပေးခဲ့ပါဘူး။ ဇန်န၀ါရီတုန်းက ရန်ကုန်ပြန်ခဲ့ပေမယ့် ဗေဒင်ဆရာတွေဆီ မသွားဖြစ်ပါဘူး။ ဖေဖော်ဝါရီလမှာ အမေ့ကို သွားမေးခိုင်းပေမယ့် ဆရာက ကလေးမမွေးခင်မို့လို မဟောပါဘူးတဲ့။ ဒီလိုနဲ့ မတ်လထဲမှာ မြန်မာ blog တွေကို Google Reader နဲ့ subscribe လုပ်ထားတဲ့ထဲက `ကလေးအမည်နဲ့ ပညတ်တစ်ကျော့ပြန်´ဆိုတဲ့ Feed တစ်ခု တွေ့တာနဲ့ တွေ့တွေ့ခြင်း သွားဖတ်ကြည့်လိုက်တယ်။ အရေးအသားကလည်းကောင်း နာမည်ပေးပုံကလည်း (ကိုယ်က ဗေဒင် အကြောင်းမသိပေမယ့်)ခိုင်ခိုင်လုံလုံ ရှိတာနဲ့ ကလေးမွေးရင် အဲ့ဒီစာရေးဆရာ `တေးအေးရိပ်´ ဆီမှာ မေးမယ်လို့ စိတ်ထဲမှာ တေးထားလိုက်ပါတယ်။

အမေ ရန်ကုန်မှာတုန်းက ဘုန်းကြီးတစ်ပါးဆီမှာ မေးခဲ့တဲ့အခါ ဘုန်းဘုန်းက မတ်လ ၂၃ ရက် ဒါမှမဟုတ် ၃၀ ရက် မှာ မွေးရင်ကောင်းတယ်တဲ့။ အမေ ရောက်လာတော့ ပြန်ပြောပြပေမယ့် due date က ဧပြီ ၁၀ ရက်ဆိုတော့ မဖြစ်နိုင်ပါဘူးလို့ ဆိုကြရော။ ဒါနဲ့ ကိုယ်ဝန် ၃၇ပတ်ကျော်ကျော် မတ်လ ၂၄ ရက်မှာ ဆရာဝန်နဲ့သွားပြတော့ ရေအိတ်ထဲမှာ ရေက အနိမ့်ဆုံး ရှိသင့်တဲ့အနေ border line ရောက်နေပြီမို့ နောက်တစ်ပတ်ထဲမှာ ကြိုက်တဲ့ရက်ရွေးပါတဲ့။ ကြားကြားခြင်း ရုတ်တရက်ဆိုတော့ လန့်သွားပေမယ့် အမေ့ကို ဖုန်းဆက်ပြီး မြန်မာပြက္ခဒိန်ကြည့်ခိုင်းပြီး နေ့ရွေးလိုက်တော့ သောကြာနေ့က ရက်ရာဇာလည်းဖြစ် ဘုန်းဘုန်းပြောတဲ့ နေ့လည်း ဖြစ်တာကြောင့် မရဏဖွား ဖြစ်ပေမယ့် ရွေးလိုက်ပါတယ်။ ကိုယ်ဝန်သက် ရင့်အောင်လည်း နောက်အကျဆုံး ရက်ကို ရွေးလိုက်တာပါ။ ၃၀ရက် ၃လကို ကြိုက်တာလည်း ပါပါတယ်။

အဲဒီနေ့မှာပဲ blog က စာရေးဆရာ `တေးအေးရိပ်´ဆီ email ပို့ပြီး ဘယ်နေ့ ဘယ်နေ့ မွေးမယ်ပေါ့ ဆိုပြီး မေးလိုက်ပါတယ်။ ဆရာကလည်း ရန်ကုန်က ဆရာလိုပဲ ကလေးမွေးပြီးမှ မေးပါတဲ့။ အင်း...အဲဒါနဲ့ ဒီဆရာအပေါ် ပိုပြီးတော့ အယုံအကြည် ရှိသွားပါတယ်။ ကလေးမွေးပြီးပြီးချင်း အလုပ်တွေ ရှုပ်နေတာနဲ့ ဧပြီလ ၂ ရက်နေ့မှ မေးဖြစ်ပါတယ်။ နောက်ရက်မှာပဲ ဆရာက စာပြန်လာပါတယ်။ ကိုယ်က အမည်လောက်ပဲ မေးပေမယ့် ဆရာက သေသေချာချာ ကျကျနန ဆောင်ရန် ရှောင်ရန်များနဲ့ တွက်ပုံတွက်နည်းနဲ့ တကွ MS Word Document နဲ့ သုံးမျက်နှာလောက် အချိန်ယူပြီး ရွေးစရာ နာမည်များများနဲ့ စာပြန်လာပါတယ်။

တစ်ချိန်တည်းမှာပဲ ဘုန်းဘုန်းပြောထားတဲ့ အမည် combination ၆၃၀ ဒါမှမဟုတ် ၆၀၃ကို ၀ိုင်းပြီး စဉ်းစားကြပါတယ်။ `သံစဉ်တေး´ ဆိုတဲ့ အမည်ကို သဲနုက ရွေးပေးပေမယ့် ဘုန်းဘုန်းဆီကို ရန်ကုန်က အဒေါ်ကို သွားမေးခိုင်းတော့ မရဏဖွားမို့ `မြတ်သံစဉ်´ လို့ ပေးပါလို့ ဆိုလာတယ်။ `သံစဉ်´ (Melody) ဆိုတာကို တော်တော်ကြိုက်သွားပြီး ပေးဖို့ စဉ်းစားပြီးခါမှ သေချာအောင်တော့ ဆရာကို လှမ်း chat လိုက်ပါတယ်။ ဆရာက ရှင်းပြပါတယ်။ သံစဉ်ဆိုတာ အတက်အကျ ရှိလို့ ဒီနာမည်ရှင်ဟာ လောကဒဏ် ရှစ်ပါးကို ခံရနိုင်တာမို့ စဉ်းစားပါတဲ့။

အဲဒါနဲ့ပဲ ဆရာပေးတဲ့ အမည်တွေကို သေသေချာချာ ပြန်ကြည့်ပြီး ရွေးကြပါတယ်။ နာမည်တွေ တော်တော်များများက ကောင်းနေတာနဲ့ ကျွန်တော်တို့ နှစ်ယောက်စလုံး ကြိုက်တဲ့ အမည်တွေကို ရွေးလိုက်ပါတယ်။ ဆန်ကာတင် ရွေးထားတဲ့ အမည်တွေ ထဲမှာ `ဘုန်းမြင့်မြတ်နိုး´ ဆိုတာပါပြီး၊ `ဘုန်း´က မိန်းကလေးအတွက် တစ်မျိုးဖြစ်နေတာရယ်၊ English လိုပေါင်းတဲ့ အခါ `Phone´ ဆိုတာကို အဓိပ္ပါယ်ကောက် လွဲမှာစိုးတာရယ်၊ ကိုယ့်နာမည် `မြင့်´နဲ့ စချင်တာရယ်ကြောင့်လည်း `မြင့်မြတ်နိုး´လို့ ပြောင်းလိုက်ပါတယ်။ အမည်ဆိုတာ သူများခေါ်မှာလည်း ပါတာမို့ အိမ်ကလူတွေ၊ ရန်ကုန် (တောင်ကြီးရော)က အမျိုးတွေ၊ သူငယ်ချင်းတွေကို vote လုပ်ခိုင်းတော့ပါတယ်။ အမျိုးတွေ၊ သူငယ်ချင်းတွေ ၀ိုင်းပြီး vote လိုက်တော့ `မြတ်သီရိနွယ်´ရယ် `မြင့်မြတ်နိုး´ရယ်က ထိပ်ဆုံး ရောက်သွားပါတယ်။ လူကြီးတွေက `မြတ်သီရိနွယ်´ကိုကြိုက်ကြပြီး လူငယ်တွေ (ကျွန်တော်တို့ အပါအ၀င်)က `မြင့်မြတ်နိုး´ကို ကြိုက်ကြပါတယ်။

ဒါနဲ့ `မြင့်မြတ်နိုး´ကိုရွေးလိုက်ပြီး ဆရာဆီကို တစ်ခေါက် မေးပြန်တယ်။ ဆရာကလည်း သေသေချာချာ စဉ်းစားပြီး ကောင်းပါတယ်တဲ့။ `မြင့်မြတ်နိုး´ဆိုတာ မြင့်မြတ်သော အရာ (ဗုဒ္ဓ)ကို မြတ်နိုးသောသူ၊ ကိုအောင်ကျော်မြင့် မြတ်နိုးရသောသူလို့လည်း အဓိပ္ပါယ်ဖွင့်ပေးပါတယ်။ `မြတ်သီရိနွယ်´ကိုလည်း ကြိုက်ပေမယ့် အဖျားဆွတ် ခေါ်ရင် `သီရိ´ဖြစ်သွားပြီး ၅-၀ အတွဲ ပျက်သွားမှာစိုးတာနဲ့ မရွေးဖြစ်တာပါ။ ဒီလိုနဲ့ပဲ ကလေးနာမည်ကို `မြင့်မြတ်နိုး´လို့ ပေးဖြစ်သွားပါတယ်။

တကယ်တော့ ဆရာက ကျွန်တော်နဲ့ ရွယ်တူပါပဲ။ သူက UK မှာ နေပါတယ်။ သူနဲ့ လှမ်း chat တော့လည်း ခင်ဖို့ ကောင်းပါတယ်။ ပြီးတော့ အမည်ပေးပေးတဲ့ အတွက် တစ်နေရာရာမှာ သူ့အတွက် ရည်စူးပြီး လှူပေးပါတဲ့၊ အဆင်ပြေ ပါတယ်။ တကယ်လို့ အမည်ပေးချင်တဲ့အခါ အတိုင်အပင်လိုရင် သူ့ကို လှမ်းမေးသင့်တဲ့ကြောင်း........

5 comments:

Anonymous - 7/14/08, 7:31 PM

Hi Andy, How can I contact him? My next one is coming soon. I want his advise for my son name. Thaks. (Thit Lwin Oo)

T T Sweet - 12/3/10, 12:28 AM

ကိုအန်ဒီ
မဖတ်သေးရတဲ့ ပို့စ်လေးတွေ လျှောက်မွှေပြီး ဖတ်နေတာ။ ကိုတေးအေးရိပ်နဲ့ ဦးခြိမ့်နဲ့လဲ ခင်တယ်။ တစ်ခုခုဆို ချက်နဲ့ လှမ်းမေးလိုက်တာပဲ။ သေချာ တွက်ပေးပါတယ်။
မြင့်မြတ်နိုးဆိုတဲ့ နာမည်လေးက လှပါတယ်။

ဆုမြတ်မိုး - 1/6/11, 8:17 PM

ကိုတေးအေးရိပ်ကိုဘယ်လိုဆက်သွယ်ရပါ့မလဲ

Andy Myint - 1/7/11, 10:23 AM
Feed Roll မှာ သူ့ Blog ကို အော်တို ရှဲပေးထားပါတယ်။ mmastrology.com ပါ။
Anonymous - 2/5/11, 11:47 AM

ဟိုကြည့်ဒီကြည့်နဲ့ ရောက်ခဲ့ရပါတယ် မိသားစုအကြောင်းလေးတွေဆိုတော့ပိုစိတ်ဝင်စားသွားတယ် ကျွန်မ က မကြာခင်ကမှ ခလေး သားဦးလေးမွေဖွားပြီးစမိခင်တယောက်ပါ သားလေးကို အပြစ်အနာကင်းတဲ့အမည်လေးပေးချင်ပါတယ် ကူညီလိုရရင် ကျေဇူးပြုပြီး အကူအညီပေးပါနော်........သားလေကို ၂၀၁၁၊ ၁ လ၊ ၁၇ ရက်၊ တနင်္လာနေ့ ညနေ ၆နာရီ ၁၀မိနစ်မှာ တိုင်ပေမြို့၊ကျုံဟောလ်တွင် ၂ရက်တညဗိုက်နာပြီး သဘာဝအတိုင်းမွေးခဲ့ပါတယ် အမေက မနီလာဌေး 20၊12၊1975စနေနေ့ည9.00နာရီ၊ မြိတ်မြို့၊ အဖေက ကိုကျော်စွာစိုး 16၊7၊1975တနင်္လာည9.30 တပ်ကုန်းမြို့ ကျွန်မရဲemail က nilar74@gmail.com ပါ ကျေးဇူးတင်စွာဖြင့်

Post a Comment

Many thanks for dropping a comment…

Film