Wednesday, May 30, 2007

Visaphobia

Visaphobia ဆိုတာ Visa လျှောက်ရင် မရမှာ ကြောက်တဲ့ ရောဂါပါ။ ဒီစာလုံးကတော့ Dictionary ထဲမှာ မရှိပါဘူး။ ဘယ်ရှိပါ့မလဲ.... မြန်မာတွေမှာပဲ ဖြစ်တဲ့ phobia ဆိုတော့။ Singaporean တွေကတော့ Visaphobia ဆိုတာ ဂျိုနဲ့လားတောင် မေးရမယ်။ သူတို့ရဲ့ Passport က နိုင်ငံ တော်တော် များများကို On-arrival-visa နဲ့ သွားလို့ရတော့။ Singapore Passport က US Passport တို့ British Passport တို့ထက်တောင် ပို အဆင်ပြေတာ တွေ့ရတယ်။ အမိတိုင်းပြည်က ကောင်း/လည်တော့လည်း နိုင်ငံသားတွေမှာ မျက်နာပန်း လှတာပေါ့။ ကျွန်တော်တို့ကတော့ မိတဆိုးသား မျက်နာ ငယ်လှပါတယ်။ ကျွန်တော် အလုပ်ကိစ္စနဲ့ ၆ နိုင်ငံ ၇ နိုင်ငံ သွားဖူးပါတယ်။ ဘယ်ကို သွားသွား Visa လိုပါတယ်။ Philippines တစ်နိုင်ငံတည်းပဲ On-arrival-visa ပေးပါတယ်။ ဒီနိုင်ငံကိုတော့ ရွှေချထားရမယ်။ တကယ်ဆို ASEAN နိုင်ငံတွေ အကုန်လုံးကို Visa ကြိုလျှောက်စရာ မလိုဘဲ သွားလို့ ရရပါမယ်။ ဒါပေမယ့် Singapore တို့ Malaysia တို့ကျတော့လည်း ရွှေနိုင်ငံသားတွေ သူတို့ဆီမှာ အလုပ်လာလုပ်မှာ စိုးလို့ Agreement မယူထားပါဘူး။ အဲဒီတော့ ကောင်းလှပါတယ်ဆိုတဲ့ Singapore Passport လည်း မြန်မာပြည်သွားဖို့ Visa လိုတာပေါ့။ ဘဲစား ဘဲကြေပဲ။ ကောင်းတယ်တော့ မထင်ပါဘူး။ ကိုယ်က သူများနိုင်ငံကို အလွယ် သွားလို့ရတော့ အဆင်ပြေတာပေါ့။ သူများကလည်း ကိုယ့်နိုင်ငံကို လွယ်လွယ် လာလို့ရရင် ကိုယ့်နိုင်ငံမှာ နိုင်ငံခြားငွေ ပိုရတာပေါ့။ Vietnam လိုမျိုး ကျတော့လည်း Visa Agreement ရှိထားသင့်ပါတယ်။ Visa ကြိုမလျှောက်ဘဲ သွားလို့ ရသင့်ပါတယ်။ အကြောင်း အထွေအထူး မရှိဘဲ မြန်မာနိုင်ငံသားတွေက သူတို့ဆီ သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တော့ ကုမ္ပဏီက Incentive Trip ရှိတာနဲ့ သွားဖို့ Visa လျှောက်ရပါတယ်။ ရုံးကလူ တော်တော်များများက လျှောက်စရာ မလိုပါဘူး။ အဖြူတွေနဲ့ Indian တွေကတော့ လျှောက်ရပါတယ်။ လျှောက်လွှာမှာ Multiple Entry ဆိုပြီး ရမလားလို့ ခြစ်လိုက်ပါတယ်။ နောက်မှ သိရတာက Single Entry ဆို ၁၀၀ SGD၊ Multiple ဆို ၃၀၀ လား ၄၀၀ လား ပေးရမယ်တဲ့ ..အဲဒါဆို Single ပဲယူမယ်ဆိုတော့ လျှောက်ပြီးသွားပြီးတဲ့ Cancellation fees ၉၀ ပေးရမယ်ဆိုတာနဲ့ ၁၉၀ ကျသွားပါတယ်။

Visa တွေ လျှောက်တဲ့အခါ Business ကိစ္စနဲ့ Company က စာရွက်စာတမ်းအစုံဆိုတော့ သိပ်ကြီး မစိုးရိမ်ပေမယ့် Phobia လေးကတော့ ရှိတုန်းပါ။ ကျွန်တော့် အတွက်တော့ ဒီ phobia က ဘယ်အချိန်မှာ အဆိုးရွားဆုံးလည်းဆိုရင် ICA (Singapore - Immigration Checkpoint Authority) ကို သွားတဲ့ အချိန်မှာပါ။ ICA Building ထဲ ၀င်လိုက်တာနဲ့ လူက စိုးရိမ်စိတ်တွေ တက်လာတယ်။ မျက်နာက ငယ်ရမလား၊ သွေးတွေ တိုးလာလို့ ယောင်ရမလား ဖြစ်လာတယ်။ Singapore မှာ မသွားချင်ဆုံး နေရာဖြစ်ပေမယ့် လစဉ်လိုလို သွားနေရတယ်။ သွားတိုင်းလည်း တရားသူကြီးရဲ့ Verdict ကို လက်ခံရမယ့် တရားခံလိုပါပဲ။ များသောအားဖြင့် ကိုယ့်အတွက်တော့ အဆင်ပြေပါတယ်။ လာတုန်းကလည်း EPE နဲ့၊ သူမကျတော့လည်း Dependent နဲ့၊ မိဘတွေကျတော့လည်း လွယ်တယ်လေ။ ဒါပေမယ့် တော်တော် စိုးရိမ်ခဲ့ရပါတယ်။ ဟုတ်တယ်လေ.. ကိုယ့် အနာဂတ်က သူတို့ တံဆိပ်တုံးမှာ ရှိတာကိုး။ PR လျှောက်တုန်းကလည်း တော်တော် စိုးရိမ်ရပါတယ်။ ဒါပေမယ့် Result က ချက်ချင်း သိရမှာလည်း မဟုတ် Desperate လည်း မဟုတ်တော့ ဖြေသာပါတယ်။ ဒါပေမယ့် ညီအစ်ကို၊ ညီအစ်မတွေ အတွက်၊ သူငယ်ချင်းတွေ အတွက် သွားရရင်တော့ phobia က တော်တော် ကြီးပါတယ်။ သူတို့ကျတော့ ကိုယ်က ကူလို့လည်း မရ။ အခြေအနေကလည်း အလေးမသာ။ Visa/Extension လေးသာ ရလိုက်ရင် ဒီလူ တစ်ယောက်တည်း သာမက ဒီလူရဲ့ မိသားစုတွေပါ အဆင်ပြေသွားမှာ ဘ၀တွေ ပြောင်းလဲသွားမှာကို Immigration Officers တွေကို သွားရှင်းပြလို့လည်းမရ။ ပေးသလောက်ပဲ ယူရတာ။ ဟောက်ထုတ် မခံရရင်တောင် ကံကောင်း။

မြန်မာပြည်မှာ Hot တဲ့ Visa က US နဲ့ Singapore ပါ။ US က ခက်လို့ပါ၊ Singapore က အလျှောက်များလို့ပါ။ England ကျတော့လည်း Academic နဲ့ သွားကြတာဆိုတော့ သူ့ဟာနဲ့သူ အဆင်ပြေပါတယ်။ ကျောင်းစားရိတ်၊ နေစားရိတ် တတ်နိုင်မယ်ဆိုရင်ပေါ့။ Malaysia ကတော့ အလျှောက်များပေမယ့် သေသေချာချာ မသိပါဘူး။ Aussie Visa လည်း ကျစ်ပါတယ်၊ ကျပ်ပါတယ်။ ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် Visa လျှောက်ရတာ ခက်တာပါပဲ။ တခြား Visa တွေ မတူတဲ့ အချက်ကတော့ Singapore Visa က Yes-No ကွဲကွဲပြားပြား မဟုတ်ပါဘူး။ တခြား Visa တွေက ရပြီဆို တော်တော် အဆင်ပြေပြီ။ (အကြမ်းဖျင်းပြောတာပါ။ US မှာက Extend လုပ်ဖို့ ပိုတောင် ခက်သေး၊ ရှေ့နေရှေ့ရပ်တွေနဲ့ လုပ်ရတာ။) Singapore Visa ကတော့ မြန်မာပြည်က သံရုံးမှာ လွယ်ပါတယ်။ နိုင်ငံထဲ ၀င်လာတော့မှ လေဆိပ် Immigration က ပေးချင်သလောက် ရက် ပေးချလိုက်တာ။ ၁၄ ရက် ဒါမှမဟုတ် ၃၀ ရက် ပေးလေ့ ရှိပါတယ်။ အဲတော့ လေဆိပ်မှာ အသိတွေ၊ အမျိုးတွေကို သွားကြိုရင် လေယာဉ် အဆင်ပြေလား၊ မပြေလား မမေးနိုင်ဘူး။ သူတို့ Passport မှာ ဘယ်နှရက် `ထု´ပေးလိုက်တယ် ဆိုတာ စာလုံး သေးသေး လေးတွေကို အသည်းအသန် လိုက်ကြည့်ရတယ်။ လေဆိပ်မှာ သွားကြိုရင် "How was your flight?" လို့ မေးရမယ့် အစား "How was the immigration?" လို့ပဲ မေးနေရ ပါတော့တယ်။ လေဆိပ်က ထွက်လာပြီးရင်လည်း လီပြီး Visa Extension သွားတိုးရပါတယ်။ အလည် လာတာ ဆိုရင်တော့ ကိစ္စ မရှိပေမယ့် အလုပ်လာရှာတာ ဆိုရင်တော့ အဲ့ဒီရက်တွေမှာ ငိုရမလို၊ ရယ်ရမလို ဖြစ်ရပါတယ်။ တောင်မင်း ကယ်ပါ၊ မြောက်မင်း ကယ်ပါ ဖြစ်ရပါတယ်။ ဒါတွေဟာ Visaphobia ရဲ့ Common Symptom တွေပါ။ ဒီ Visaphobia ရဲ့ အဓိက Causes ကတော့............

5 comments:

PISI - 5/30/07, 2:07 PM

ကိုအင်ဒီ...

ကိုယ်အင်ဒီရဲ့ ကျွန်တော် ကျွန်မ တို့သည် ဘလော့ ကို အားတိုင်းဝင်ရောက် ဖတ်ရှုပါတယ်...
ပထမပိုင်း ဘလော့တစ်ခုနှစ်ခုလောက် က စာမရေးတာကြာသွားလို့လားမသိဘူး နဲနဲထောက်တောက်တောက်နဲ့ဖတ်ရတာ... အခုနောက်ပိုင်းတော့ စာချောသွားပါပြီ..
အင်... ဘာပဲဖြစ်ဖြစ်ဒီဘလော့လေးက ဘလော့ကောင်းလေးတစ်ခုပါပဲ... အမြဲတမ်းအားပေးတယ်... ဆက်လက်ကြိုးစားပြီး အပ်ပဒိတ် လုပ်ပေးပါ...

ကျေးဇူးတင်ပါတယ်..

Andy Myint - 5/30/07, 2:27 PM
ကို PISI ရေ…..ဟုတ်တယ်ဗျာ။ အစပိုင်းတုန်းက ရေးရတာ လက်မသွက်ဘူး ဖြစ်နေတယ်။ ``ကိုယ်က နိုင်ငံခြားမှာ နေလာတာ ကြာပြီဆိုတော့ မြန်မာလို သိပ် မပြောတတ်တော့ဘူးလေ။´´ ဟဲ..ဟဲ.. နောက်တာ… ဒီလိုမျိုး ခဏ ခဏ အပြောခံနေရလို့။ စာမရေးတာ ကြာပြီမို့လို့ ဆိုရအောင်လည်း အရင်က မရေးဘူးပါဘူးဗျာ။ Blog ကို အသေအချာ ခံစားဖတ်တဲ့ အတွက် ကျေးဇူး အထူး တင်ပါတယ်။
ပီအိုင်အက်(စ်)အိုင် - 5/30/07, 8:11 PM

ဒီ Visaphobia ရဲ့ အဓိက Causes ကတော့............

ပြောပြပါ ကိုအင်ဒီရဲ့ ဘာကြောင့်လဲလို့... ဆန့်တငန့်ငန့် ကြီး...

ပီအိုင်အစ်(စ်)အိုင်

imaginary clouds no2 - 6/3/07, 12:21 AM

good post dude.

plsaw,s'pore - 6/3/07, 12:08 PM

မင်းရဲ့ ခပ်သွက်သွက် ရေးဟန်ကို သဘောကျသကွာ ။ ငါကတော့ ခပ်လေးလေးပဲ ရေးတတ်သေးတယ်။ စိတ်တိုင်းကျ မဖြစ်သေးဘူး။ ပြီးတော့ ဟိုရှောင်ရ ဒီရှောင်ရ နဲ့။

Post a Comment

Many thanks for dropping a comment…

Film