Thursday, June 14, 2007

အုပ်ထိန်းသူ


India မှာ မိဘမဲ့ ကလေးတွေ များလွန်းလို့ မွေးစားဖို့ ကြော်ငြာထားတာပါ။ ဒီကြော်ငြာလေး မြင်လိုက်တာနဲ့ သွားသတိရတာကတော့ သမီးလေးပါ။ တကယ်တော့ သမီးလေးဟာ ကျွန်တော်တို့ သွားမည့် လမ်းကြောင်းကို လမ်းညွှန် ပဲ့ကိုင်ပေးသူပါ။ ကျွန်တော်တို့ အနာဂတ်ကို ပုံလောင်းပေးသူပါ။ ဒါဟာ မိဘမေတ္တာကို ဖော်ကျူးချင်လို့ ပြောတာမဟုတ်ပါဘူး။ ကျွန်တော်တို့ အတွက်တော့ တစ်ချို့ကိစ္စတွေဟာ သမီးလေးအတွက် စဉ်းစားပြီး ဆုံးဖြတ်လိုက်ရတာပါ။ နောက်ကိစ္စ တော်တော်များများကိုလည်း သမီးလေးကို ထည့်စဉ်းစားပြီးမှ ဆုံးဖြတ်မှာပါ။ အဲဒီ အတွက်ကြောင့် ကျွန်တော်တို့ကို ထိန်းကျောင်းပေးသူဟာ သမီးလေးပဲ ဖြစ်လာပါတယ်။

"A child is a father of man" လို့ ကဗျာထဲမှာ ရေးထားတာ အမှန်ပါပဲ။

3 comments:

Nu Thwe - 4/14/09, 5:18 PM

ကောင်းလိုက်တဲ့ တင်စားချက်လေး။

မိုးချိုသင်း - 4/15/09, 3:28 AM

ဒီပို့စ် တိုတိုလေးကို ဖတ်ပြီး ရင်ထဲမှာ ဘယ်လိုဖြစ်သွားမှန်း မသိဘူး။

ညယံ - 12/9/11, 1:54 PM

အချိန်ရတိုင်း ပို့ စ်အဟောင်းလေးတွေ လာလာဖတ်ဖြစ်တယ်။
သရုပ်ဖော်ပုံလေးက ကောင်းလိုက်တာ။

ကိုအန်ဒီတို့ မိသားစုလည်း ပျော်ရွှင်ချမ်းမြေ့ ပါစေ။ :))

Post a Comment

Many thanks for dropping a comment…

Film