Saturday, June 16, 2007

သမီးလေးနဲ့ စကားပြော

သမီးလေးနဲ့ Conversation ပါ။ သမီးလေးကို ထိုင်ပြီး ချီထားတုန်း သူက အောက်ကနေပြန်ပြောတာပါ။ သမီးလေးဟာ သူနဲ့ စကားပြောတာကို ကြိုက်ပြီး ပြန်ပြောတတ်ပါတယ်။ စကားပြောတာတော့ ဘယ်ဟုတ်ပါ့မလဲ ဒီလိုပဲ အသံထွက်တာပေါ့၊ မျက်ခုံးလေးကို ပင့်၊ နှုတ်ခမ်းလေးစူပြီး ပြောပါတယ်။ တစ်ခါတစ်လေ ပြောချင်လွန်းလို့ အား အရမ်းထုတ်တော့ ဗိုက်ထဲကို လေ၀င်ပြီး ဂျွတ် ထိုးပါတယ်။ အခု ရိုက်ထားတဲ့ အချိန်မှာ သမီးလေးဟာ ၂ လခွဲ ရှိနေပါပြီ။
video
မြန်မာပြည်က လူတွေလည်း ကောင်းကောင်း ကြည့်လို့ရအောင် ချုံ့ထားတာ 4 MB လောက်ပဲ ရှိပါတယ်။ Windows Vista မှာပါလာတဲ့ Windows Movie Maker နဲ့လုပ်ထားတာပါ။ Post ကိုတော့ http://draft.blogger.com ကနေ အစမ်းတင်ထားတာပါ။

6 comments:

ပေါက်ပေါက်ဆုပ် - 6/16/07, 6:42 AM

ကလေးလေးကချစ်စရာလေးနောက်လဲတင်ပေးပါအုံးကလေးလေးပုံလေးတွေကို

Andy Myint - 6/16/07, 11:52 AM
ကျေးဇူးပါ။ ဒီ Blog က သမီးလေး အတွက် လုပ်တာဆိုတော့ တင်ဖြစ်ဦးမှာပါ။
imaginary clouds no2 - 6/16/07, 8:41 PM

မှတ်တမ်းလေးလို ဖြစ်နေတော့ ကောင်းတာပေါ့ ။ ဆက်ရေးပါ ဘိုးတော်။

Andy Myint - 6/16/07, 11:29 PM
တကယ်လည်း မှတ်တမ်းလေး လုပ်ထားတာပါ။ ကိုယ့် အတွက်ရော၊ နောက်မွေးမယ့် ကိုယ့်ဆရာတို့လိုရော အတွက်ပါ။ ဟဲ..ဟဲ။
Yan - 6/18/07, 6:54 PM

သိပ်ချစ်ဖို့ကောင်းတဲ့ ကလေးငယ်လေးတစ်ယောက်ရဲ့ ပကတိလှုပ်ရှားမှုလေးပါပဲ...
ခုလို သာယာအေးချမ်းတဲ့ အိမ်ထောင်လေးကို ပိုင်ဆိုင်နိုင်တဲ့အတွ့က် ၀မ်းမြောက်ပါတယ် ခင်ဗျာ...

Andy Myint - 6/18/07, 7:11 PM
ကျေးဇူးပါ ကိုရန်အောင်။

Post a Comment

Many thanks for dropping a comment…

Film