Saturday, June 16, 2007

အမြင်အာရုံ တိုးတက်မှု (၂ လခွဲ အရွယ် အထိ)

အမြင်အာရုံဟာ အကြားအာရုံထက် ပိုပြီး Sophisticated ဖြစ်ပါတယ်။ ကလေးတွေဟာ မွေးပြီး တစ်လဆို အကြားအာရုံက ပြည့်ပြည့်စုံစုံ Develop ဖြစ်နေပါပြီ။ ဘယ်ဘက်အရပ်က လာတဲ့ အသံလဲ၊ နီးလား ဝေးလားတွေကို သိနေပါပြီ။ အမြင်အာရုံ အတွက် တိုးတက်မှုကတော့ ၁ နှစ်လောက်ထိကို အချိန်ယူပြီး တဆင့်စီ တိုးတက်ရတာပါ။ မွေးကင်းစ ကလေးတွေဟာ မှုန်မှုန် ၀ါးဝါးပဲ မြင်ရပါတယ်။ တစ်လသားအထိ ၁ ပေ မရှိတရှိ အကွာလောက်ပဲ ကောင်းကောင်းမြင်ရပါတယ်။ ဒီအကွာအဝေးဟာ နို့တိုက်တဲ့ အမေကို ကောင်းကောင်းမြင်နိုင်တာမို့ အတော်ပါပဲ။ စူးစူးရှရှ အလင်းရောင်တွေနဲ့ဆိုရင် မျက်မှောင်ကြုံ့နေတတ်ပါတယ်။

တစ်လသားလောက်မှာတော့ မျက်လုံး ၂ လုံးလုံးနဲ့ လိုက်ကြည့်တတ်ပါပြီ။ မကြည့်တတ်သေးရင် မျက်လုံး ၁ လုံးက အရာဝတ္ထုပေါ်ကို အရင်ကြည့်ပြီး ခဏနေမှ နောက်တစ်လုံးက ရောက်လာတာပါ။ မျက်စိစွေသလိုပေါ့။ မျက်လုံး ၂ ဘက်လုံးရဲ့ ကြွက်သားတွေဟာ အချင်းချင်း Coordinate မလုပ်တတ်သေးလို့ပါ။ ကလေးကို ချီထားပြီး မျက်လုံးချင်းဆိုင်ကြည့်ပြီး ခေါင်းကို ဘယ်ညာ ဖြည်းဖြည်း လှည့်ပေးရပါတယ်။ ကလေးတွေဟာ (မိဘရဲ့) မျက်လုံးကို ကြည့်ရတာ သဘောကျပါတယ်။ Chessboard Pattern တွေလိုကို ပို စိတ်ဝင်စားတတ်လို့ အဖြူ၊ အမည်း မျက်လုံးဟာလည်း သူတို့ အတွက် စိတ်ဝင်စားစရာပါ။ ဒီလို ကျင့်ပေးရင် ရွေ့လျားနေတဲ့ အရာဝတ္ထုကို လိုက်ကြည့်တတ်တဲ့ Object Tracking လည်း ပိုတတ်လာပါတယ်။ သမီးလေးဟာ ၂ ပတ် ၃ ပတ်လောက် ကြာမှ မျက်လုံး ၂ ဘက်လုံးကို အတူတူ ရွေ့တတ်ကြည့်တတ်တာပါ။ အခုတော့ ခေါင်းကို ချာချာလည်နေအောင် လှည့်ပြီး သွားနေတဲ့ သူတွေကို ကောင်းကောင်းကြီး လိုက်ကြည့်နိုင်နေပါပြီ။

တကယ်တော့ မွေးစကတည်းက အရောင်တွေကို မြင်ရပါတယ်။ သေသေချာချာ မခွဲခြားတတ်သေးတာပဲ ရှိတာပါ။ ဒါကြောင့်မို့ အဖြူအမည်း ၂ ရောင်စပ်လိုမျိုး အရောင်တွေကို ပိုနှစ်သက်တာပါ။ ၂ လကျော်လာတာနဲ့ အရောင်တွေကို ပို ခွဲခြားတတ်လာပါပြီ။ ကွဲပြားတဲ့ ပုံသဏ္ဌာန်ကို တွေကို ခွဲခြားတတ်လာပါပြီ။ ကလေးတွေဟာ အရောင်စိုစို တောက်တောက်တွေကို ပိုကြိုက်ပါတယ်။ ဒါပေမယ့် ဘယ်အရောင်ကို ပိုကြိုက်တယ်ဆိုတာတော့ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ သမီးလေးကတော့ အစိမ်းရောင် ရှုတ်ရှုတ် တွေကို ကြိုက်ပါတယ်။ သစ်ပင်တွေကိုပါ။ ပြတင်းပေါက်နား ရောက်ပြီဆို သူသိပ်ကြိုက်ပါတယ်။ သစ်ပင်တွေကို ကြည့်ရလို့လေ။ `ဥပေါ´သံလည်း နားထောင်ရလို့။ ကျွန်တော်တို့ တိုက်နောက်က သစ်ပင်တွေမှာ နေတဲ့ ဥသြ တစ်ကောင်ဟာ မြန်မာပြည်က ဥသြတွေလို `ဥ........သြ´........`ဥ........သြ´ဆိုပြီး ချွဲချွဲ ငင်ငင် မတွန်တတ်ပါဘူး။ ပထမတော့ ကောင်းကောင်း အော်သေးတယ်။ ခဏနေရင် `ဥသြ ´၊`ဥသြ ´ဆိုပြီး အမြန် အာခေါင်ခြစ်ပြီး အော်တော့တာပဲ။ ဒါကြောင့် သူ့ကို ကျွန်တော်တို့က ဥသြ ငပေါမို့ `ဥပေါ´လို့ ခေါ်ပါတယ်။ သမီးလေးက ငှက်သံတွေကို ကြိုက်တတ်တော့ အတော်ပါပဲ။ နောက်ပြီး ဘုရားစင်နား ခေါ်သွားပြီး `ရှစ်ရှစ်ပါ´ဆိုပြီး ရှိခိုးခိုင်းလည်း ဘုရားစင်မှာ တင်ထားတဲ့ သပြေဆုံ စိမ်းစိမ်တွေကိုပဲ စိတ်ဝင်တစား ကြည့်တတ်ပါတယ်။

အခု ၂ လခွဲမှာ သမီးလေးဟာ အိမ်ကလူတွေကို မှတ်မိနေတဲ့ ပုံပါပဲ။ အမေကို တွေ့ပြီ ဆိုရင် နို့စို့ဖို့ ပူဆာတတ်ပါတယ်။ အဖေကိုတော့ ပြုံးပြ စကားပြော နှုတ်ဆက်ပါတယ်။ အဖေနဲ့ ဆော့ရတာ ကြိုက်ပါတယ်။ အဖွားပေါ်မှာ နေရတာ ဇိမ်ရှိတော့ အဖွားကို ဆိုရင် တွေ့တာနဲ့ ချီခိုင်းတော့တာပါပဲ။ သူ့အန်တီလေးနဲ့လည်း စကားပြောရတာ ကြိုက်ပါတယ်။ သူ့ အန်တီလေးက တောင်ကြီးလေသံနဲ့၊ အင်းထဲက လေသံနဲ့ ပြောရင်တော့ သူကလည်း ရွှန်းရွှန်းဝေနေအောင် ပြန်ပြောတော့တာပါပဲ။ သမီးလေးဟာ လူကြီး လက်ထဲက အရာဝတ္ထုတွေကို တစ်ခါတစ်ခါ လိုက်ကြည့်တတ်ပါပြီ။ များသောအားဖြင့်တော့ နို့ဘူး အမှတ်နဲ့ပါ။ သူ့တိုက်တဲ့ လေဆေးအရည် ပုလင်းကို ကိုင်ထားရင်လည်း နို့ဘူး အမှတ်နဲ့ ပါးစပ် တပြင်ပြင် ဖြစ်နေပြီး ဆေးတိုက်တော့မှပဲ သိသွားပြီး စိတ်ဆိုးပါတော့တယ်။ အဲဒီဆေးကလည်း ချိုပါတယ်။ ဒါပေမယ့် ပြစ်ပြစ်ကြီးဆိုတော့ နို့မဟုတ်မှန်း သူသိပါတယ်။

၂ လသားလောက်မှာ သမီးလေးရဲ့ Visual Development ကို ပိုပြီး တိုးတက်အောင်လို့ သူ့အမေက ဆော့စရာလေးတွေ လုပ်ပေးထားပါတယ်။ ကလေးသိပ်ဖို့ဆိုပြီး ကုတင်လိုမျိုး အကာနဲ့ Playpen လေး ၀ယ်တော့ တွဲလောင်းချိတ်လို့ရတဲ့ အရုပ်ကလေးတွေနဲ့ ချိတ်စရာ အတံလေးတွေ ပါလာပါတယ်။ ဒါပေမဲ့ သမီးကို လူကြီးတွေ ကုတင်ပေါ်မှာ သိပ်ထားတာ အကျင့်ပါသွားလို့ အဲဒီထဲမှာ သိပ်လို့ မရတော့ပါဘူး။ ကုတင်ပေါ်မှာပဲ အိပ်ပါတယ်။ အမေ့ကိုယ်ငွေ့ ရမှပဲ အိပ်တတ်ပါတယ်။ ကုတင်ပေါ်မှာ သိပ်ရင် အမေဘက်ကို တိုးတိုး တိုးတိုးသွားပါတယ်။ ပြီးတော့ လက်တစ်ဘက်နဲ့ အမေကို ထိထားရမှ ကျေနပ်ပါတယ်။ ကျွန်တော်တို့ကတော့ `ဓါတ်လိုက်တာလား´ `ဓါတ်စီးထားတာလား´ ဆိုပြီး နောက်တတ်ပါတယ်။ ကုတင်ပေါ်မှာဆိုတော့ ခုနက အရုပ်လေးတွေက ချိတ်လို့ မရတော့ပါဘူး။ အဲတော့ သူ့အမေက နိုင်လွန် အပ်ချည်ကြိုးတန်းပြီး အရုပ်ကလေးတွေကို တွဲလောင်းလေးတွေ ချိတ်ပေးထားပါတယ်။ သမီးလေက အရမ်းကြိုက်ပါတယ်။ သူက အရုပ်ကလေးတွေ အောက်မှာ အိပ်နေပြီး ကြည့်ပါတယ်။ ကျွန်တော်တို့က အရုပ်လေးတွေကို အပေါ်အောက် ဆွဲလှုပ်ပေးလည်း ကြိုက်ပါတယ်။ ဘေးတိုက်ဆွဲ တွဲလွဲခိုလည်း ကြိုက်ပါတယ်။ ကလေးတွေက Vertically လှုပ်တာကို Horizontally လှုပ်တာထက် ပို ကြည့်တတ်တော့ တွဲလွဲ ချိတ်ပေးထားတာလည်း ပို အဆင်ပြေပါတယ်။ တစ်ခါတစ်ခါ အသည်းယားရင် ပျော်ရင် အော်ဆော့ပါတယ်။ အရုပ်ကလေးတွေကလည်း မျိုးစုံ။ အဖွားကလည်း နာမည် မျိုးစုံ ပေးထားတယ်။ ခွေးကလေးကို ပလူတို၊ ဆိတ်ကလေးကို ပဲပဲ...ဆိုပြီး။



အခုတစ်ပတ် တတ်နေတာကတော့ မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ် လုပ်တတ်တာပါ။ သူမျက်နာနားကို လက်က အရှိန်နဲ့ ရောက်သွားရင်ပဲ ဖြစ်ဖြစ်၊ ရေချိုးပေးတဲ့အခါ ရေစင်ရင်ပဲ ဖြစ်ဖြစ် မျက်တောင်လေးတွေကို ပုတ်ခတ် ပုတ်ခတ်လုပ်ပါတယ်။ သူလုပ်ပုံလေးက အင်မတန် ချစ်စရာ ကောင်းပါတယ်။ ဖြည်းဖြည်း ဖြည်းဖြည်းနဲ့ ၄ ၅ ခါ လောက်လှုပ်တာပါ။ ကျွန်တော်က နောက်ချင်လို့ Tissue Paper လေးနဲ့ မျက်နာသုပ်ပေးရင် မျက်စိပေါ်မှာပါ ၀ဲသွား ထိသွားရင် မျက်တောင်လေးတွေကို ခတ်ပါတယ်။ အဖွားက `ဟဲ့ ကလေးကို မလုပ်ပါနဲ့´ ဆိုမှပဲ ရပ်တော့တယ်။

အပို ဖတ်ရန်

ဒီ Video ကတော့ Google Video ကနေ Upload လုပ်ပြီးသားကို ပြန် Embed လုပ်ထားတာပါ။

5 comments:

Phyo Wai Kyaw - 6/16/07, 9:56 PM

AKM, Tomorrow is Father's day! ;-)

Andy Myint - 6/16/07, 11:26 PM
Yeah? Thanks.. you should treat me then. JK :)
sawphonelu - 6/16/07, 11:47 PM

မင်း စာ တွေ ဖတ်ရ တာ ချော နေ တာ ပဲ ။ သမီး မွေး ထား သူ ချင်း ဆိုတော့ ပို ပြီး Heart ထိ တယ် ကွ။

yangon - 6/18/07, 8:25 PM

Andy ရေ.

သူငယ်ချင်းတယောက်က ပို့ပေးလို့ Andy Blog ကို ဖတ်ရကတည်းက သမီးလေး မွေးစကတည်းကနေ ဒီနေ့အထိ တင်သမျှ ပို့စ်တွေကို အမြဲ စောင့်ဖတ်ရတယ်။ သမီးလေး အရမ်းကံကောင်းတယ်လို့ ခံစားမိတယ်။ အရမ်းချစ်တတ်တဲ့ အဖေနဲ့ အမေတို့ရဲ့ သမီးဦးလေး ဖြစ်နေလို့ပါ။

ရန်ကုန်သူ

Andy Myint - 6/18/07, 8:35 PM
ကျေးဇူးပါ.. အစ်မ။ တကယ်တော့ မိဘတိုင်းက ချစ်တတ်ပါတယ်။ တစ်ချို့ဆို ကိုယ့်ထက်တောင် ပိုသေးတာ မြင်နေရ၊ ကြားနေရပါတယ်။ မိဘလောင်းတွေ အတွက်လည်း ရည်ရွယ်ပြီး ရေးတာပါ။ သူမက အင်တာနက်မှာ ရှာရင်း မြန်မာလို့ ရေးထားတာရှိရင် ကောင်းမယ်လို့ ညည်းဖူးလို့ အခုလိုလေး ရေးထားတာပါ။ နောက်ပြီး မြန်မာပြည်က အမျိုးတွေကလည်း သိချင်ကြတယ်လေ။ သူတို့ကို ဖုန်းပြော၊ စာရေးနေမယ့် အတူတူ blog လိုက်မယ်ဆိုပြီး လုပ်ဖြစ်သွားတာပါ။ အမျိုးတွေ အပြင် အားပေးတဲ့သူတွေ ရှိတော့ လုပ်ရတာ ပို အားရှိတာပေါ့။

Post a Comment

Many thanks for dropping a comment…

Film