Sunday, June 10, 2007

Surfing Wife


ကိုယ့် မိန်းမအကြောင်း အတင်းပြောတဲ့ ယောက်ျားလောက် ဆိုးတာ ဘယ်ရှိပါ့မလဲ။ ဒါပေမယ့် ကျုပ် မနေနိုင်လို့ ပြောချလိုက်တော့မယ်။ ကျုပ်မိန်းမဗျာ Surf လုပ်တယ်။ Surf လုပ်တယ်ဆိုတာ ဟာဝါရီမှာ၊ Beach မှာ Surf လုပ်တာကို ပြောတာမဟုတ်ဘူးဗျ။ အိမ်မှာ Surf လုပ်တာ။ Internet မှာ Surf လုပ်တာကိုပြောတာဗျ။ နည်းနည်းပါးပါး Surf ရင် တော်သေးတယ်။ သူက ထစ်ခနဲဆို Surf ပြီ။ ဖျစ်ကနဲ ဆိုလည်း Surf ပြီ။ ဒီလိုဗျ ဘာလေးဖြစ်ဖြစ် သူက Internet မှာ အရင်ရှာလိုက်ရမှ။ ကျုပ် ၀မ်းသွားပြီဆိုလည်း ဘာကြောင့်လည်းဆို Surf ပြီ။ ဒါကြောင့် ဖျစ်ကနဲလည်း Surf တယ်ပြောတာ။ ဗေဒင်ယုံတဲ့ မိန်းမဆို ကျုပ်လက်ခံနိုင်သေးတယ်။ ဘာပဲလုပ်လုပ် မလုပ်ခင် ဗေဒင် မေးတယ်ဆိုတာ မိန်းမသဘာဝပဲ။ အခုတော့ဗျာ ဘာလုပ်လုပ် မလုပ်ခင် Surf လိုက်ရမှ။ အိမ်မှာ အ၀တ်လျှော်စက် ပျက်တော့လည်း Surf တယ်။ သူက ဧည့်ခန်းက ကွန်ပြူတာရှေ့ထိုင်ပြီး နောက်ဖေးက ကျုပ်ကို လှမ်းပြီး ဟိုဟာကြည့်၊ ဒီဟာကြည့် လှမ်းပြောနေတာပဲ။ တော်ရေ.. Filter ပိတ်နေလား စစ်ဆိုလို့ စစ်ရတယ်။ Solenoid (သံလိုက်ဘား)ကြောင့် ဖြစ်နိုင်တယ်၊ Solenoid ကိုကြည့် ဆိုလို့ ကြည့်ရတယ်။ သူ့အင်တာနက်ပြောသမျှကို နောက်ကကောင်က လိုက်လုပ်ရတယ်။

ဆေးမသောက်ခင်ဆိုလည်း Surf ပြီ။ ဆရာဝန်က သောက်လို့ရလို့ ပေးလိုက်တာကို သူက မယုံချင်သေးဘူး။ အရင် Surf လိုက်ရမှ။ ဒီဆေးက ဘာကြောင့် သောက်ရသလဲ။ ဘယ် Treatment လဲ။ ဒီဆေးက ဘယ်အချိန်မှာ မသောက်ရလဲ။ တွဲပေးလိုက်တဲ့ ဆေးတွေကော တည့်ရဲ့လား။ အစုံအစုံ။ ကလေးနှာခေါင်းပိတ်လည်း Surf တယ်။ သူ့ အင်တာနက် အဆိုအရ Air-Conditioner ကြောင့် နှာခေါင်းခြောက်တယ်ဆိုလို့ ကျုပ်မှာ Humidifier ပြေးဝယ်ရတယ်။ Humidifier ၀ယ်လာပြီးတော့လည်း ချက်ခြင်း မသုံးသေးဘူး။ အရင် Surf လိုက်သေးတယ်။ Humidifier ကြောင့် ဘာဖြစ်နိုင်တယ်၊ ညာဖြစ်နိုင်တယ်ဆိုတာကို Surf တယ်။ နောက်ဆုံး သူ့အင်တာနက်က Recommend လုပ်မှ သုံးတယ်။ ကလေးဘာဖြစ်ဖြစ် Surf ပြီ။ ပြီးတော့ Web Site တွေက အဆုံးမှာ သူတို့ တာဝန်မယူနိုင်တော့ "You should consult with your doctor" ဆို ဆရာဝန်နဲ့ ပြချင်ပြီ။ ကလေး နို့မှုန့်ဆိုလည်း Surf လုပ်ပြီး ယှဉ်ကြည့်လိုက်သေးတယ်။ နို့မှုန့်မှ မဟုတ်ပါဘူးဗျာ။ နို့သီးခေါင်းဆိုလည်း Surf ပြီးကြည့်လိုက်သေးတယ်။ စာကြည့်လိုက် ပုံကြည့်လိုက်နဲ့ ရှုပ်နေတာပဲ။ ကလေးပစ္စည်းဆို မ၀ယ်ခင် သူ့ အင်တာနက်မှာ အရင် တိုင်ပင်လိုက်ရမှ။

ကိုယ်ဝန်ရှိနေတုန်းကလည်း ကိုယ်ဝန်နဲ့မို့ ငြိမ်နေမယ် မထင်နဲ့ဗျို့။ ပို Surf တယ်။ ရှိရှိသမျှ Pregnancy related Site တွေ အကုန် ဖတ်တယ်။ တစ်ချို့ဟာတွေကိုဆို အပတ်စဉ် Surf တယ်။ ဟဲ့ ဟို Site လေးကောင်းတယ်ဆိုလို့ ကျုပ်မှာ Surf ရသေးတယ်။ ဒီ Site လေးကောင်းတယ်ဆိုတော့လည် ကျုပ်မှာ စိတ်ချမ်းသာအောင် လိုက် Surf ပေးရသေးတယ်။ လွန်ခဲ့တဲ့ တစ်နှစ် တစ်နှစ်ခွဲ လောက်ကပေါ့။ ဒီကောင်လေး Site ကောင်းတယ် ညည်းတို့နှစ်ကလား ဆိုပြီးပြလို့ ကြည့်လိုက်တယ်။ ညီလင်းဆက်ရဲ့ Blog ကို။ အဲဒီကတည်းက ကျုပ်မှာ Blog စွဲပြီး နောက်ဆုံး မနေနိုင်တော့ ကိုယ်ကိုတိုင် ဘလော့ဂ်ရတယ်။ အဲဒီလိုဗျာ သူ့ဘာသာသူ Surf တာမဟုတ်ဘူး။ ယုတ်စွအဆုံးဗျာ ဘလော့ဂ်တာတောင် သူ့က အရင် Surf လိုက်ရမှ။ ဟိုစာကြောင်းကတော့ နားမလည်လွယ်ဘူး။ ဒီစာလုံးကတော့ ဟိုလူ့ ထိခိုက်နိုင်တယ်နဲ့။ ကျုပ်က သူ့မစောင့်ဘဲ ရုံးကနေ ဘလော့ဂ်လိုက်ရင်တောင် သူက Surf လုပ်ပြီး ဟိုဟာလေးပြင်လိုက်ပါဦး။ ဒီဟာလေးပြင်လိုက်ပါဦးနဲ့။ အဲဒီလို မိန်းမဗျာ။

(Surfing = အင်တာနက်တွင် (ဦးတည်ရာ မရှိ) ဟိုဟိုဒီဒီ ကြည့်ခြင်း။ Surfing Internet နဲ့ Searching from Internet ကို အဓိပ္ပါယ်တူယူ ရောသုံးထားသည်။)

11 comments:

imaginary clouds no2 - 6/10/07, 3:08 PM

ဘိုးတော် မိုက်တယ်ဗျာ။ ဆက်ရေးပါ စောင့်ဖတ်နေပါတယ်။

ကျော်မင်းနိုင် - 6/10/07, 3:20 PM

ကိုအောင့်ကိုရောမမင်းမင်းက မယူခင် surf ကြည့်သေးတယ်တဲ့လား...
ဟီးဟီး....

imaginary clouds no2 - 6/10/07, 10:56 PM

Recent comments အတွက် ကျေးဇူးပဲ ၊ဘိုးတော်

Myo Kyaw Htun - 6/12/07, 1:14 PM

ကျွန်တော်တို့လည်း ကွန်နက်ရှင်ကောင်းကောင်းရနေတော့ တစ်ရက်ကို နာရီတော်တော်များများ surf တယ်ဗျာ။
(ကျွန်တော့်ဆိုဒ်မှာ ကော့မန့်ပေးသွားလို့ ကျေးဇူးတင်ပါတယ် အစ်ကို)

Andy Myint - 6/12/07, 1:24 PM
ဒါဆို… Surfing Friends ပေါ့။ အေးဗျာ Connection ကလည်း မိုးမျှော်ရသလို ဆိုပဲ။
မေ - 6/13/07, 2:07 AM

ဟား....ဟား.... အစ်မက အဲဒီလိုလား... အစ်မရေ... ဆက်လုပ်.. အားပေးတယ်...ဟီးဟီး

pandora - 6/25/07, 7:59 PM

ဟော.. ပန်ဒိုရာလည်း ဒီပို့်စ်ကို ဘယ်လို ကျော်ဖတ်မိပါလိမ့်.. အဖြစ်တွေက တယ်တိုက်ဆိုင်တာကိုး.. inspiration တောင်ထပ်ရသွားပြီဗျို့.. ကိုဖိုးရမ် မဘလောက်.. အပိုင်း၂ - ၃ တွေ ဆက်ရေးဦးမှပဲ။ အားပေးကြမှာလား။

Andy Myint - 6/25/07, 8:10 PM
အားပေးမှာပေါ့။ ဆက်ရေးပါဦး။ အရင်ဟာ မဖတ်မိလိုက်တဲ့ သူတွေအတွက် Link ပါတင်လိုက်တယ်။
Ko Paw - 8/6/08, 6:37 PM

ညီလင်းဆက် ပယောဂကြောင့် ဘလော့ဂ်ဖြစ်ပုံချင်းတူသဗျိုး

Andy Myint - 8/6/08, 9:42 PM
ဖြစ်ရမယ်လေ အစ်ကိုပေါ.. သူက ဘလောက် ဘိုးအေကြီးကိုး
susu - 3/11/11, 9:03 PM

အဲလို အစ်မရှိတော့ အစ်ကို စိတ်သက်သာရတာပေါ့။ မဟုတ်ဘူလား။။။ ပြော။

Post a Comment

Many thanks for dropping a comment…

Film