Sunday, June 24, 2007

Why Pay High in Financial Domain

kingkaung said...

ဘာကြောင့် Financial domain ဟာပေးအများဆုံးလို့ programmer တွေ အတွက် တစ်ထစ်ချ ပြောနိုင်ရပါသလဲ... bank တွေမှာ အလုပ်လုပ်တဲ့ programmer တွေ လခများများ ရလို့ပါလား...
ကိုကင်းကောင်

Anonymous Comment ကို Entertain မလုပ်ပါဘူးလို့ အောက်ဆုံးမှာ ပြောထားပါတယ်။ အဓိက အကြောင်းကတော့ ကိုယ်ပြောနေတဲ့သူရဲ့ Background နဲ့၊ နားလည်နိုင်စွမ်းကို မသိရင် ပြောရတာ ခက်လို့ပါ။ ဒါပေမယ့် ဒီမေးခွန်းက ကောင်းလို့ ပြန်ဖြေတာပါ။ IT လောကမှာ ၇နှစ် ၈နှစ်လုပ်လာတဲ့ အတွေ့အကြုံနဲ့ ပြောတာပါ။ ကြားနေ၊ မြင်နေတာနဲ့ ပြောတာပါ။ ကိုယ်ကိုတိုင်တော့ မလုပ်ခဲ့ဖူးပါဘူး။ တစ်ထစ်ချ ဆိုတာထက် ယေဘုယျဆို ပိုမှန်ပါလိမ့်မယ်။

Financial Domain မှာ Transaction တွေများပြီး တစ်ခုမှ အမှားမခံ၊ အပျောက်မခံတဲ့ အတွက် တော်ပြီး အတွေ့အကြုံများတဲ့လူတွေကိုပဲ ခန့်ချင်ပါတယ်။ အဲဒီအတွက် လစာကို ကောင်းကောင်းပေးပြီး ခန့်ပါတယ်။ ပြီးတော့ သူတို့ဟာ IT Infrastructure မှာ ပိုက်ဆံ သုံးရတာ မနှမြောပါဘူး။ ဥပမာ Server ဆို အကောင်းစားမှ သုံးတာပါ။ IT (Server) Administration ဆိုလည်း သူသူငါငါလို Administrator တွေ ခန့်ထားတာမဟုတ်ပါဘူး။ IBM ဖြစ်ဖြစ်၊ HP ဖြစ်ဖြစ်ကို Contract ပေးလိုက်တာပါ။ Healthcare Domain ကတော့ အဲဒီလို မဟုတ်ပါဘူး။ ဆေးခန်းမပြောနဲ့ ဆေးရုံတွေမှာတောင် IT အတွက် ကောင်းကောင်း မသုံးနိုင်ပါဘူး။ စင်္ကာပူလိုနိုင်ငံမှာတောင် Healthcare Domain မှာ IT အတွက် Marketing လုပ်ရတာ ကျားမြီးဆွဲရတာထက် ခက်ပါတယ်။

Bank တွေဆိုတာထက် တခြားဟာတွေ ဒီ Domain မှာ ရှိပါသေးတယ်။ ဥပမာ Insurance တွေလိုမျိုး၊ Online Trading နဲ့ Investment တွေလိုမျိုးတွေ Exchange တွေလိုမျိုးတွေ ရှိပါသေးတယ်။ (စကားမစပ် SGX မှာ VB Macro လိုမျိုးနဲ့ လုပ်နေတဲ့သူက လစာမပြောနဲ့ Bonus ကြီးပဲ ၁ နှစ်စာရတယ် ကြားဖူးပါတယ်။) ပြီးတော့ Bank တွေမှာက စုငွေတွေလောက် အတွက်ပဲ အလုပ်လုပ်တာ မဟုတ်ပါဘူး။ သူတို့ရဲ့ အသက်က Loan ပါ။ IT ကိုလည်း Loan တွေ ဘယ်လောက် ချထားသလဲ ဆိုတာလောက်ပဲ မှတ်ဖို့ သုံးတာ မဟုတ်ပါဘူး။ Market Trend တွေ ကြည့်ဖို့ Demographic Level တွေကြည့်ဖို့ပါသုံးပါတယ်။ Report မျိုးစုံ ထုတ်ပါတယ်။ Online Banking ဆိုရင်လည်း Security က အင်မတန် အရေးကြီးပါတယ်။ ကျွန်တော့်ကို လာခိုင်းရင် လုပ်မှာ မဟုတ်ပါဘူး။ ခေါင်းကြီးလို့။ ကျွန်တော့် အမျိုးသမီးက ဒီမှာ အကြီးဆုံး Bank တွေဖြစ်တဲ့ DBS အတွက်ရော၊ UOB အတွက်ပါ လုပ်ခဲ့ဖူးပါတယ်။ လစာ အတော်အတန် ကောင်းပါတယ်။

ရာထူးချင်းတူပေမယ့် ဌာနချင်းမတူရင် လစာ ကွာနိုင်ပါတယ်။ မြန်မာပြည်က Programmer နဲ့၊ စင်္ကာပူက Programmer နဲ့၊ US က Programmer နဲ့ လစာကွာပါတယ်။ Singapore က လူက US ထက်သာသွားတာလည်း ရှိရင်ရှိမှာပေါ့။ ရှားပါတယ်။ Singapore အထဲမှာလည်း Domain ချင်း မတူရင် Pay လည်းကွာသွားပါတယ်။ ဒါပေမယ့် တချို့ Domain တွေက နာမည် မကြီးပေမယ့် လုပ်တဲ့ ကုမ္ပဏီက ချမ်းသာရင် ပေးနိုင်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်တော့ Individual နဲ့လည်း ဆိုင်ပါသေးတယ်။ ကိုယ်တော်ရင်၊ ကံကောင်းရင်၊ အခြေအနေပေးရင် ဘယ် Domain ပဲဖြစ်ဖြစ် လစာကောင်းမှာပါ။ လူမမာတွေဆီက ပိုက်ဆံ ခွာယူရတဲ့ Healthcare Domain မှာလုပ်တဲ့ ကျွန်တော့်လစာက သူဌေးတွေ ပိုက်ဆံလာပေးတဲ့ Financial Domain မှာ လုပ်တဲ့ ကျွန်တော့် အမျိုးသမီးလစာထက် ပိုရပါတယ်။ ဒါပေမယ့် ကျွန်တော့် ညီလေး အလုပ် စ လုပ်လို့ Domain ရွေးရတော့မယ်ဆိုရင်ဖြင့် Financial ကိုပဲ သေချာပေါက် ရွေးခိုင်းမှာပါ။

3 comments:

Yangon-Thu - 6/24/07, 1:51 PM

Financial Domain အကြောင်းကို အများကြီးမဟုတ်တောင် နည်းနည်း သိလိုက်ရတဲ့အတွက် ဒီပို့စ်ကို တင်ပေးတာ ကျေးဇူးတင်ပါတယ် Andy။

ဂျစ်တူး - gyit_tu - 6/24/07, 4:26 PM

Ko Andy.. ဗမာဘလောဂါ့တွေထဲ ပထမဆုံး မိသားစုပုံတွေေ၀၂စာ၂နဲ့ သမီးလေးအကြောင်းတွေ ဖော်ပြထားတာတွက် ၊ သိပ် ဖတ်လို့ကောင်းပါတယ် ။

နောက် အိုင်တီပိုင်းက အတွေ့ အကြုံကို ယေဘူယျအားဖြင့် ဆိုတဲ့ အတွေးမျိုးနဲ့ ပြန်လည် မျှဝေတာ အတော်လေး ဗဟုသုတ ရပါတယ် ။

(လူမမာတွေဆီက ပိုက်ဆံ ခွာယူရတဲ့ Healthcare Domain မှာလုပ်တဲ့ ကျွန်တော့်လစာက သူဌေးတွေ ပိုက်ဆံလာပေးတဲ့ Financial Domain မှာ လုပ်တဲ့ ကျွန်တော့် အမျိုးသမီးလစာထက် ပိုရပါတယ်။)
ဒီစာကြောင်းကို ဖတ်ပြီး ပြုံးမိပါတယ် ။ အထူးသဖြင့် လူပမာတွေဆီက ပိုက်ဆံခွာယူရတယ် ဆိုတဲ့ အသုံးအနှုံးလေးကို ကြိုက်လို့ ။

ကျမလည်း ပြန် လင့်ခ်ထားပါတယ် ။ ကျမကို လင့်ခ်ထားတာတွက်လည်း ကျေးဇူးပါ ။

နောက်လည်း သမီးလေးရဲ့ တိုးတက်မှုတွေနဲ့၊ Ko Andy တို့ မိသားစုရဲ့ ပျော်ရွှင်ချမ်းမြေ့တဲ့ ဒီဘလောဂ့်လေးကို အမြဲ လာအားပေးနေပါမယ် ။

Andy Myint - 6/24/07, 9:39 PM
ဟုတ်တယ်... တကယ်တော့ ကျွန်တော့် Blog ထဲက Post တွေ အားလုံးက ယေဘုယျ သဘောတွေပါပဲ။ အစက ဒီ Blog က မြန်မာပြည်က အမျိုးတွေအတွက် လုပ်တာပါ။ နောက်တော့ လုပ်ရတာတန်အောင် တခြားသူတွေကိုပါ ဖိတ်ထားတာပါ။ A picture worths a thousand words ဆိုပြီး ဓါတ်ပုံတွေနဲ့ဆိုတော့ သိပ်မရေးရတော့ဘူးပေါ့.. အဟီး။ ဆိုးကျိုးလည်း ရှိတာပေါ့။ Personal တွေ Expose လုပ်နေရတယ်။

ဟုတ်တယ်... ဒီ HealthCare မှာ လုပ်ရတာ သိပ်တော့ မနိပ်ပါဘူးဗျာ။ အဓိက ၀င်ငွေ Source က လူမမာတွေဆီက ဆိုတော့။ အဲဒါကြောင့် ရေးထားရတာ။

မဂျစ်တူးရဲ့ Blog ကို ကျွန်တော်ရော၊ ကျွန်တော့် အမျိုးသမီးပါ ကြိုက်ပါတယ်။ အထူးသဖြင့် `ခြင်္သေ့ကျွန်း´ နဲ့ `စာပေအိုး´ ကဏ္ဍတွေကိုပါ။ ကျွန်တော်တို့က ဒီကို ရောက်တာ သိပ်မကြာသေးတော့ ဒီက အကြောင်းတွေ မသိဘူးလေ။ သိချင်တယ်လေ။ ဒီမှာ ကျောင်းအပ်ရတဲ့ အကြောင်းတို့ ဘာတို့ပေါ့။ တခြားကဏ္ဍတွေလည်း ကြိုက်ပါတယ်။ အခုလောလောဆယ် ကျွန်တော်တို့ နှစ်ယောက် ပြောဖြစ်နေတဲ့ Post ဆိုတော့ ခေါင်းထဲမှာ ရှိနေလို့ပါ။

စေတနာထားရေးတဲ့ Blog တွေ၊ ဖတ်လို့ကောင်းတဲ့ Blog တွေကို ဒီလိုပဲ အမြဲလည်ဖြစ်တော့ Link လုပ်ထားပါတယ်။ အဓိကကတော့ ကိုယ် လွယ်လွယ် သွားဖြစ်အောင်ပါ.. အတ္တ .. အတ္တ။ နောက်ပြီး ကိုယ်ဆီ လာတဲ့ သူတွေလည်း မြင်သွားအောင်ပါ။ ပြန် Link လုပ်ထားတဲ့ အတွက်လည်း ကျေဇူးတင်ပါတယ်။ နောက်လာလည်ဖို့လည်း ဖိတ်ခေါ်ပါတယ်။

Post a Comment

Many thanks for dropping a comment…

Film