Friday, June 22, 2007

World Youngest Googler


ဒီကာတွန်းက ကလေး ပေါက်စကလေးတွေ အကြောင်းမသိရင် Google ရဲ့ Popularity ကို ကာတွန်း လုပ်ထားတယ် ထင်ချင်စရာပါ။ တကယ်တော့ အမှန်ပါပဲ။ ဒီကာတွန်းထဲကလိုပဲ ကျွန်တော့် သမီးလေးလည်း Google စပြောနေပါပြီ။ ဒီအရွယ်က ဒီလို အသံတွေ ဂူးဂူး.. ဂဲဂဲ...တွေ အသံထွက်နေပါပြီ။ တကယ်တော့ သူတို့က အသံ ထွက်ချင်တာပါ။ ပါးစပ်နဲ့ လျှာနဲ့ မထွက်တတ်သေးတော့ လည်ချောင်းသံ၊ ရင်ခေါင်းထဲက အသံတွေ ထွက်လာတာပါ။ ကလေးတွေကိုလည်း လူကြီးတွေလို စကား မပြောဘဲနဲ့ သူတို့ ထွက်သလို လိုက်ပြောရင် သူတို့က ပိုကြိုက်ပါတယ်။ ပြန်ပြောပါတယ်။ သမီကတော့ သူ့ကို စကားပြောတဲ့လူကို ကြိုက်ပါတယ်။ သူ့အန်တီလေးက တောင်ကြီးကလို၊ အင်းထဲကလို၊ တရုတ်လို ပြောတာကိုတော့ အကြိုက်ဆုံးပါ။ ဒီ Clip မှာ သမီးပြောတာကတော့

အား.....ကူး..ကူး....ရေ

တဲ့။ ကျွန်တော်တို့အားလုံးက သမီးကို အဲဒီလိုပဲ နှုတ်ဆက်တော့ပါတယ်။ သမီးကလည်း ကြိုက်ပါတယ်။

3 comments:

Yangon-Thu - 6/23/07, 1:15 AM

ဟား..ဟား.. Andy ရဲ့သမီးလေး google ပြောတာ တော်တော်ပီတာပဲ။ ကျွန်မတို့ ဒီမှာ ခဏခဏ ကြည့်ပြီး ရီနေကြတာ..းD

imaginary clouds no2 - 6/23/07, 10:53 PM

ကျနော်ကို ကိုမိုးတိန် လို့ လင့်လုပ်လဲ ရတာပဲ ။ မောင်တိန် ဆို ပိုကောင်းမလားပဲ ။ တော လို လို တောင်လိုလို နဲ့ ပို တောင်မိုက်သေး ။ ကျနော် စာရေးရင် အသံထွက်သလိုပဲ ရိုက်ပစ်လိုက်တာပဲ ။

imaginary clouds no2 - 6/23/07, 11:23 PM

ဒီပို့စကမိုက်တယ် ။ ကျနော် ကတော့ ဂလို ကြားတယ် “အ ရွဲရွဲ ဂူး ဂူး ရွယ်” ။အဲသလို ကြားတာ တရုတ်လို ပြောတာတွေနားရည်ဝနေလို့ဖြစ်မယ်။ ဒုတိယ အကြိမ်ကြည့်တော့ ရီရတယ် ။ ဟုတ်တယ်။

Post a Comment

Many thanks for dropping a comment…

Film