Thursday, July 12, 2007

ဒီ Blog ကို စိတ်ဝင်စားရဲ့လား

လာနေကျ ဧည့်သည်တွေထဲက တစ်ယောက်က ဒီလို အကြံပေးသွားပါတယ်။

စကားမစပ်.. တန်းပလိတ်ပြင်ထားလား.. ဘလော့ဂ်ထဲ ၀င်ဝင်ချင်းမှာ နောက်ဆုံးပို့စ်တွေရဲ့ text ကိုတန်းမမြင်ရဘဲ ကလစ်တစ်ချက်နှိပ်ဖို့လိုရင် စိတ်ဝင်စားမှု လျော့စေသလိုပဲ..
ကိုယ့်ကိုကိုယ်လည်း သတိတော့ ထားမိတယ်။ ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတာ။ Technically အရဆိုရင်.. အဟမ်း... Bounce Rate မှန်အောင်လို့ပါ။ Bounce Rate ဆိုတာ Home Page ကို ရောက်ပြီးရင် နောက်ထပ် Page တစ်ခုကို ထပ်သွားလား မသွားလား တိုင်းတာပါ။ အတိအကျ ပြောရမယ်ဆိုရင်တော့ Landing Page (စလာတဲ့ Page) ကနေ နောက်ထပ် ထပ်သွားလား တိုင်းတာပါ။ ဒီအတိုင်းပဲ http://wesheme.blogspot.com လို့ ရိုက်ပြီး လာရင်တော့ Landing Page က Home Page ပါ။ တခြား Link ထားတဲ့ Post/Page ကို တန်းလာရင်တော့ Landing Page က Home Page ဖြစ်ချင်မှ ဖြစ်မှာပါ။ သဘောက အမှန်အကန် စိတ်ဝင်စားတဲ့ သူဆို နောက်ထပ် Page တွေကို ထပ်သွားရမယ်။ ပုံမှန်ပဲဆိုရင်တော့ Landing Page ကနေ တစ်ခါတည်း လစ်သွားရော။ နိုင်ငံခြားသားတစ်ယောက်က Google ကနေ Keyword တစ်လုံးနဲ့ ရှာလိုက်လို့ ရောက်လာတာ လေးထောင့် စာလုံးတွေပဲ မြင်ရင် ချက်ချင်း ပြန်ထွက်သွားမှာပါ။ လာနေကျသူဆိုရင်တောင် Post အသစ်မတင်ထားရင် Home Page ကနေ တစ်ခါတည်း လစ်သွားပါမယ်။ ဒါမှမဟုတ် တစ်နည်းနည်းနဲ့ ထပ်ပြီး ဆွဲဆောင်နိုင်မယ်ဆိုရင် (ဥပမာ Post ဖတ်ပြီးသားတောင် Comment ဖတ်ချင်လို့) Page တစ်ခုကို ထပ်သွားပါမယ်။ ဒါဆို Bounce Rate ကျသွားပါမယ်။ Bounce Rate က နည်းလေ ကောင်းလေပါ။

နောက် အရေးကြီးတာက ဘယ် Post ကို လူဖတ်များလည်း တိုင်းတာဖို့က Home Page ကနေ တစ်ခါတည်း ဖတ်လို့ မရမှ ဒါမှမဟုတ် ဖတ်ချင်တဲ့ Page ကို Click လုပ်မှ ဖတ်လို့ရမယ် ဆိုမှသာ Count အမှန် ရပါမယ်။ ဘယ် Post ကို လူပိုကြိုက်လည်း သိရင် လာဖတ်တဲ့ သူတွေ အကြိုက်ကို သိနိုင်ပါတယ်။ Home Page မှာ Post တွေကို `ဖွင့်´ပေးထားရင် တင်တင်ချင်း လာဖတ်တဲ့သူက Home Page ကနေပဲ ဖတ်သွားရင် ဒီ Post အတွက် Count မရတော့ပါဘူး။ ကြာမှ လာဖတ်တဲ့သူကတော့ Page ကို Click လုပ် ဖတ်မှာဆိုတော့ Count လုပ်ပြန်ရော။ အဲဒီအခါ Consistency မရှိတော့ပြန်ဘူး။ ဒါပေမဲ့ Label/ Tag/ Category (ကျွန်တော်ကတော့ Flag လို့ခေါ်ထားတယ်) ကို Click လုပ်လိုက်ရင်တော့ Page ရဲ့ Count ကို မရနိုင်တော့ ပါဘူး။ ဒါပေမဲ့ Recipe - Label ကို Click လုပ်လား... IT - Label ကို Click လုပ်လား ကြည့်ပြီးတော့ လာဖတ်တဲ့ သူရဲ့ စိတ်ဝင်စားမှုကို သိနိုင်ပါတယ်။ အခုမှ ရောက်လာပြီး အဟောင်းတွေ ပြန်ဖတ်ချင်တဲ့သူကတော့ Archive (ကျွန်တော်က Files ခေါ်ထားတယ်) ကို Click လုပ်ရင်တော့ ဘယ်လိုဟာကို စိတ်ဝင်စားလည်း မသိနိုင်တော့ပါဘူး။ ဒါပေမယ့် အနည်းဆုံးတော့ Archive ကို ပြန်လှန်တဲ့သူ ရှိသေးလား သိနိုင်ပါတယ်။

နောက်တစ်ခါ RSS Reader တွေနဲ့ (ဥပမာ Google Reader) နဲ့ ဖတ်မယ်ဆိုရင်လည်း Count မရတော့ မသိနိုင်ပါဘူး။ FeedBurner လိုမျိုးနဲ့ Feeds ထုတ်ထားတာ ဆိုရင်တော့ သိနိုင်ပါတယ်။ တစ်ချို့က အဲဒါကြောင့် Feeds မှာ အကုန်လုံး မထုတ်ထားဘဲ Partial ပဲ ထုတ်ထားပါတယ်။ စိတ်ဝင်စားရင် လာဖတ်ပေါ့။ ဒီလောက် Partial ထုတ်ပေးထားရင်တောင် ကျေးဇူးတင်လောက်ပါပြီ။ သူ့ဆီမှာ အသစ်တင်တာနဲ့ ချက်ချင်း သိနိုင်တယ်လေ။ သွားရတာလည်း အပန်းမကြီးပါဘူး။ Reader မှာ တစ်ချက် Click လုပ်လိုက်ရုံပဲ။ တစ်ယောက်စ နှစ်ယောက်စကတော့ Feeds ကို ထုတ်ကို မထုတ်ပေးထားပါဘူး။ အဲဒီ Blog တွေကတော့ မေ့မေ့ ပျောက်ပျောက်ပါပဲ။ ကိုယ်ကိုတိုင်လည်း Blog တိုင်းကို မလည်နိုင်လို့ Reader နဲ့ Post တော်တော်များများကို ဖတ်နေရတာဆိုတော့ ကိုယ်ချင်းစာပါတယ်။ Feeds ကို Full ထုတ်ထားပါတယ်။ တစ်ချို့ Blog တွေကျတော့လည်း CBox ကို ဖတ်ချင်လို့သွားတာ ဆိုတော့ Reader ထဲမှာ မြင်ရသည့်တိုင်အောင် သွားလည်ဖြစ်ပါတယ်။ (CBox ကို Blog လာမလည်ဘဲ ဖတ်လို့ရတဲ့ နည်းတော့ အလွယ်ရှိပါတယ်။) ဒါပေမယ့် Browser မှာ တစ်ခေါက်တော့ သွားရမှာပဲဆိုတော့ အတူတူပါပဲ။ မထူးပါဘူး။

နောက်တစ်ခါ Counter မှာ Page Load နဲ့ Visit နဲ့ မတူပြန်ဘူး။ လူတစ်ယောက်က သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်းမှာ (ထားပါတော့ ၃ နာရီ) Page တွေ အများကြီး ကြည့်ရင် Page Load က တက်လာပေမယ့် Visit ကတော့ တစ်ခုထဲပါ။ နောက် ၅နာရီ ကြာမှ ပြန်ကြည့်ရင်တော့ Visit ကတစ်ခု ထပ်တက်သွားပါမယ်။ ဒါပေမယ့် Absolute Unique Visitor ကတော့ တစ်ယောက်တည်းပါ။ အဲ.. ရုံးကရော အိမ်ကရော ကြည့်ရင်တော့ မတတ်နိုင်ဘူးပေါ့။ နှစ်ယောက်လို့ပဲ မှတ်ထားပါတယ်။ ကျွန်တော်ကတော့ Visit ထက်စာရင် Page Load ကို ပိုကြိုက်ပါတယ်။ အများကြီးတက်လို့ မဟုတ်ပါဘူး။ Counter တစ်ခေါက်တက် တစ်ပြားရတာမှ မဟုတ်တာ။ ဒီလိုပါ။ ထားပါတော့ လူ ၅ ယောက်လာကြည့်တယ်။ ဒါဆို Visit က ၅ ရပါတယ်။ ဒီလောက်ပဲ။ Page Load ကတော့ သူတို့ ဒီ Blog ကို စိတ်ဝင်စားလား မစားလား မှန်းလို့ရပါတယ်။ ၅ယောက်လာတာမှ Page Load က ၅ ပဲ ဆိုရင်တော့ မဟုတ်သေးပါဘူး။ တစ်ခုခု လွဲချော်နေပါပြီ။ Page Load က ၅၀ တော့ မဖြစ်နိုင်ဘူးပေါ့။ တစ်ယောက်က Page ၅ ခုကြည့်မယ်၊ နောက်တစ်ယောက်က ၃ ခု ကြည့်မယ်၊ နောက်တစ်ယောက်က ၂ ခုကြည့်မယ်။ ကျန်တဲ့ နှစ်ယောက်က Home Page မှာတင် လန်ထွက်သွားပြီ။ ဒါဆို နည်းနည်း ခန့်မှန်းလို့ ရပါတယ်။ ပထမနှစ်ယောက်က တော်တော် စိတ်ဝင်စားတယ်။ နောက်ဆုံး နှစ်ယောက်က စိတ်မ၀င်စားဘူးဆိုတာ သိနိုင်ပါတယ်။ အဲဒီလို Page Load နဲ့ Visit နဲ့ နှစ်ခုကို ကြည့်ပြီး Site တစ်ခုဟာ စိတ်ဝင်စားဖို့ ကောင်းလား သိနိုင်ပါတယ်။

တကယ်တော့ Web Site Visit Tracking မှာ တခြား Features တွေ ရှိပါသေးတယ်။ ကျွန်တော်ကတော့ Counter အတွက်တော့ StatCounter သုံးပါတယ်။ အဓိကထားသုံးတာတော့ Google Analytics ပါ။ သူက Free လေ။ ပြီးတော့ Overview Report တွေ ကောင်းကောင်းကြည့်လို့ရတယ်။ Google Analytics က တစ်ရက်နောက်ကျ ပြီးမှ ကြည့်လို့ ရပါတယ်။ IP တစ်ခုချင်းစီ ကြည့်လို့ မရတော့ လာဖတ်တဲ့သူတွေကို ဘယ်သူက ဘယ်အချိန်လာလဲ ဘယ်ကလာလဲ စောင့်ကြည့်တာမျိုး မဟုတ်ဘဲ ကိုယ့် Site ရဲ့ Quality ကို ကြည့်ရုံသပ်သပ်ပါပဲ။

အခုလို Template ကို ပြင်ထားရတာလည်း သိပ်တော့ သဘောမတွေ့လှပါဘူး။ ကြည့်လို့လည်း မကောင်းလှဘူး။ လာလည်တဲ့သူက Post တစ်ခုဖတ်ဖို့ အနည်းဆုံး Click နှစ်ခေါက် နှိပ်ရတယ်။ မြန်မာပြည်က လူတွေဆို Page ကို နှစ်ခါ Load လုပ်ရတယ်။ အဲဒီ အတွက်တော့ Home Page ရဲ့ Size ကို 300KB ထက် မကျော်အောင် Post တစ်ခုပါရင် 400-500 KB ထက် မကျော်အောင် ထားပါတယ်။ ဒါတောင် ၂ခေါက်ပေါင်း ၁ မိနစ်ကျော်ကျော် Load လုပ်ရပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့အတွက်က Blog ရေးတာနဲ့တင် အပျင်းပြေ လုပ်တာမဟုတ်ဘဲ Blog ကို ပြင်တာတို့ Tracking Site တွေ အကြောင်းပါ သိချင်တာတို့ ဘာတို့ ဆိုတော့ ဒီလို Google Analytics သုံးရတာလည်း ကိုယ့်အတွက်တော့ အပျင်းလည်းပြေ ပညာလည်းရတယ်လေ။ ဒီ Google Analytics ကိုပဲ ရုံးက Web Sites တွေမှာ Implement လုပ်ထားလိုက်တယ်။ Graph တွေဘာတွေ Chart တွေဘာတွေနဲ့ လှတပတဆိုတော့ Manager မမ လည်း အကြိုက်ပါပဲ။

ဒီလိုနဲ့ပဲ လာဖတ်တဲ့သူတွေကို အားနာနာနဲ့ Click လုပ်ဖို့ Force လုပ်ရပါတော့တယ်။

11 comments:

imaginary clouds no2 - 7/12/07, 3:11 PM

really nice post.

Soe - 7/12/07, 3:35 PM

AhKoGyi KoAndy ka lai',
Don't mind on data like how many ppl come?,how many click?We like ur blog and would like to read.And u want to write.

Andy Myint - 7/12/07, 3:46 PM
Soe, I'm glad you like my blog... but I'm afraid .. I do mind.. not on the number of clicks.. yet on the interest of reader... I love to know that people like "My Hero ... " post best .. but least on the " Milk Audit" post.. Technology can enhance the creativity and arts.. that's what I believe.. Just as I said in my blog .. using these tools is a fantasy for me as writing a blog …
BarNyar - 7/14/07, 1:38 PM

A good technical post bro. :)
btw, I have a blog of my own but didn't bother abt the page stats and stuffs, and i guess most of our myanmar bloggers dun too.I think We are just too inspired by writing. neway, it's good to know about our readers interest and page stats. A Nice post again! =)

Myo Kyaw Htun - 7/17/07, 12:01 PM

Can I link to you? actually, no need permission, am i right ? :)

Andy Myint - 7/17/07, 12:06 PM
True... I don't normally ask permission to link .. just like I linked your site... :)

Thanks for linking...
Myo Kyaw Htun - 7/17/07, 12:28 PM

wordpress မှာတော့ summary လုပ်တယ်လို့ခေါ်တယ်။ <!--more--> ဆိုတဲ့ html tag ကို သုံးထားတာ တွေ့ရင် program က ပို့စ်ရဲ့ နောက်ပိုင်းတွေကို ဖြတ်ပစ်လိုက်တာပါ။ blogspot မှာတော့ javascript သုံးပြီး hide လုပ်ရုံပဲ လုပ်ထားတာပါ။ wodpress မှာတော့ တကယ် heavy image တွေသုံးတော့မယ် list articles တွေ ရေးတဲ့သူတွေ လုပ်လေ့ရိုတယ်။ အဓိကကတော့ အဲဒီလို လုပ်လိုက်လို့ home page loading performance တက်လာပါတယ်။ နောက်တစ်ခုက စိတ်မဝင်စားရင် ဆက်ဖတ်စရာ မလိုတော့ပါဘူး။ စိတ်ဝင်စားလို့ ဆက်ဖတ်မယ့်သူရှိရင်တော့ page hits တက်လာပါတယ်။ (Tim O'reilly ရဲ့ web 2.0 စီးပွားရေး နည်းပညာအရတော့ page view ကို impression လို့ပြန်တွက်ပါတယ်။ Google Adsense သုံးတဲ့သူတွေ သိပါတယ်။ "CPM" )

Feed မှာ partial နဲ့ full feed ကို debate လုပ်နေတာ တော်တော်ကြာပါပြီ။ နောက်ဆုံး full feed ကိုပဲ ပြောင်းသုံးလာတဲ့သူတွေ များလာပါတယ်။ ဘာကြောင့်လဲဆိုတော့ full feed ပေးတဲ့ blog တွေရဲ့ hit အရေအတွက်က partial ပေးတဲ့ blog ထက် ပိုများနေလို့ပါ။
(ကျွန်တော့် အမြင်မှာလဲ ဒီလိုပါပဲ။ ပို့စ်တစ်ခုကို အပြီး reader ထဲမှာ ဖတ်လိုက်ရရင် ဘယ်သူတွေများ response ပေးမလဲဆိုတာ သိချင်စိတ်ကြောင့် ရောက်ဖြစ်သွားတာ များပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် full feed လုပ်လုပ် partial feed လုပ်လုပ် up to u ပေါ့)
reader နဲ့ ဖတ်ရတာလဲ တစ်ခုကောင်းပါတယ်။ အထူးသဖြင့် ရုံးမှာ အချိန်လုပြီး ဖတ်နေသူတွေ အတွက်ပေါ့။

Google Analytics နဲ့ stats counter ကို တွဲသုံးတာ အကောင်းဆုံးပါ။ G analytics က free ပေမယ့် powerful ဖြစ်ပါတယ်။ လချီ နှစ်ချီ ပြန်ပြီး analyze လုပ်လို့ရပါတယ် ။ stats ကျတော့ သာမန် အသေးစား ဘယ်ကနေ လာနေတယ် ဆိုတာကို ပြန်ချက်လို့ရတဲ့အတွက် နှစ်ခုတွဲသုံးတာ ကောင်းပါတယ်။

နောက်တစ်ခု အစ်ကို ရေးသွားတာလေးလဲ သဘောကျပါတယ်။ ဒီလောကထဲကို ဝင်လာတဲ့ သူတွေအတွက် သိသင့်သိထိုက်တာကို လေ့လာတာမမှားပါဘူး။ အထူးသဖြင့် web နဲ့ ပတ်သက်တဲ့ knowledge လဲတက်လာပါတယ်။ ဒီလိုမျိုး ချက်ကျကျရေးပြတာ မြင်တော့လဲ သဘောကျမိပါတယ်။

Cheer!

T T Sweet - 4/9/09, 1:06 AM

ကိုအန်ဒီပြောမှပဲ သိတော့တယ် ... Page Load တက်တာ ပိုကောင်းတယ်ဆိုတာ ...ဘလော့က စလုပ်ကာစ ... ကိုယ့်ဆီလာလည်သူရှိရဲ့လား ကြည့်ရတာလဲ အမောပါပဲ ... ကျေးဇူးပါ ...

Nu Thwe - 4/9/09, 7:48 AM

မှတ်သား ပညာယူသွားပါတယ်။ ကျေးဇူး။

Anonymous - 9/28/10, 4:28 AM

Thank your Idea share

စံပယ်ပန်း - 3/30/11, 1:33 AM

ကိုအန်ဒီ

blogspot မှာ စာမျက်နှာအပြည့်ရအောင်ယူနည်းလေး မျှပေးပါလား..။ ဘလော့တစ်ခုမှာဖတ်ခဲ့ရတုံးက ကျွန်တော်က ဘလော့မရေးဘူးသေးဘူး..။ အခုပြန်ရှာတော့ဘယ်ဆိုဒ်မှာဖတ်ခဲ့ရမှန်း မသိတော့ဘူး..။ အဲလိုဖြစ်နေလို့ ခင်ဗျ..။

Post a Comment

Many thanks for dropping a comment…

Film


Files