Friday, July 27, 2007

မောင်းပြန် တံခါး ယဉ်ကျေးမှု

အမေရိကားမှာ အလုပ်လုပ်ခဲ့တုန်းက ရုံးစားပွဲကနေ Restroom သွားချင်ရင် တံခါးက ၄-၅ ချပ်လောက် ဖြတ်ရတယ်။ တံခါးဖွင့်ဖို့ RFID Card ကို တတီတီနဲ့ ပြရတယ်။ တံခါးတွေက Mechanically အလိုလို ပြန်ပိတ်အောင် မောင်းပြန်တွေတပ်ထားပြီး တံခါးရဲ့ အလယ်လောက်မှာ ဖိဖို့ ဘားက ကန့်လန့်ဖြတ် အလျားလိုက် ရှိတယ်။ ရောက်စက ဖလံလေး ဆိုတော့ သူတို့ တံခါးကို ကိုယ့်အားနဲ့ မဖွင့်နိုင်ဘူး။ ကိုယ်လုံးတစ်ခုလုံးနဲ့ တွန်းပြီး မနည်း တွန်းဖွင့်ရတယ်။ ရုံးမှာတင် မဟုတ် ဘယ်သွားသွား မှန်တံခါးချပ်ကြီးတွေက ဒီလိုပဲ မောင်းပြန်တွေ တပ်ထားတယ်။ စင်္ကာပူ၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်လို အာရှနိုင်ငံတွေမှာ Sensor တွေနဲ့ လူလာရင် တံခါးနှစ်ဘက်စလုံး ဝေါကနဲ ပွင့်သွားပေမယ့် အေးတဲ့ အမေရိကားနဲ့ ဥရောပနိုင်ငံတွေမှာ လူတွန်းဖွင့်ရတဲ့ တံခါး၊ ဆုံလည် တံခါးတွေပဲ များတာ သတိထားမိတယ်။ အပူချိန်လည်း ထိန်းပြီးဖြစ်တယ်၊ Energy လျော့သုံးတော့ Environmental လည်း Friendly ဖြစ်တယ်။ ရုံးမှာတင် မဟုတ် ဘယ်သွားသွား ဒီလို မောင်းပြန် တံခါးတွေပဲ တွေ့ရတယ်။

အဲဒီမှာ သတိထားမိတာကတော့ ရှေ့မှလူက တွန်းဖွင်ပြီးရင် နောက်မှာ လူပါရင် နောက်ကို ငဲ့ကြည့်ပြီး တံခါးရွက်ကို ကိုင်ထားပေးတာပဲ။ နောက်မှာ အုပ်လိုက်ကြီး ပါလာရင် တံခါးကလည်း ဆွဲတံခါးဖြစ်ရင် ရှေ့ကလူက အထဲကို မ၀င်သေးဘဲ တံခါးမှူးလို စောင့်ပြီး တံခါးကို ဖွင့်ထားပေးတယ်။ အားလုံးကုန်မှ သူက ၀င်တယ်။ ဒီလို လုပ်တာ နောက်ကလူတွေကို သူ သိသိ မသိသိပါ။ ကိုယ်လည်း သူတို့နဲ့နေတော့ သူတို့ရဲ့ ကောင်းတဲ့ ယဉ်ကျေးမှုကို အတုယူပြီး လိုက်လုပ်တော့ ဒီလိုပဲ လွယ်လွယ် အကျင့်ဖြစ်သွားတယ်။

စင်္ကာပူမှာ အလိုလို ပွင့်တဲ့ တံခါးတွေ ပိုများပေမယ့် တချို့နေရာတွေမှာ ဒီလိုပဲ တွန်းဖွင့်ရသေးပါတယ်။ ဒါပေမယ့် သူတို့က ရှေ့က တွန်းဖွင့်ပြီး ၀င်သွားရင် နောက်မှာ ဘယ်သူပါလဲ အရေးမထားပါဘူး။ ခပ်တည်တည်ပဲ။ ကိုယ့်မျက်နှာကိုတော့ တံခါးက ဘန်းခနဲ မရိုက်တာ ကံကောင်း။ ကိုယ်က အကျင့်ပါနေလို့ တံခါးကို ရှေ့ကနေ ဖွင့်ပေးထား၊ ကိုင်ပေးထားရင်လည်း ခပ်တည်တည်ပါပဲ။ SMS အရိုက်မပျက်ဘူး။ Thanks တစ်လုံး ပြောဖို့ နေနေသာသာ ကိုယ်ကိုအရေးမစိုက်တဲ့ အပြင် ကိုယ့်ကို သောက်ပေါ မထင်သွားရင် ကံကောင်း။ ဘာဖြစ်လို့ ဒီလိုနေရာမှာ ကွာသွားရတာလဲ။ အရှေ့တိုင်းက ပိုယဉ်ကျေးရမှာ မဟုတ်ဘူးလား။ သူတို့ ဘိုးဘွားတွေ လက်ထက်က ဒီလိုမျိုး မဖြစ်ခဲ့ဘဲနဲ့ အခုမှ ကောက်ကာငင်ကာဆိုတော့ ဆိုဆုံးမမယ့်သူ မရှိလို့လား။ ဒါမှမဟုတ် အပြိုင်အဆိုင်များလို့ ကိုယ့်ဘက်ချည်းပဲ ကြည့်တာ အကျင့်ပါသွားလို့လား။ ဒါမှမဟုတ် သူ့တိုရဲ့ အချိန်တွေက ရွှေလို အဖိုးတန်နေလို့လား။ ဒါမှမဟုတ် ရှေ့ကလုပ်ပြမယ့်သူ မရှိလို့လား။

ဒီလို နေတာ ထိုင်တာ ယဉ်ကျေးမှုလို့ မသိသေးသရွေ့ ဒီအသိုင်းအ၀ိုင်းထဲမှာ နေရင်တော့ အပြည့်အ၀ ၀င်ဆန့်မှာ မဟုတ်ဘူး။ သိတာတောင် လိုက်မလုပ်ရင်လည်း အရိုင်းအစိုင်း ဖြစ်နေဦးမှာပဲ။ ကိုယ်တင်လည်း ဒီလိုပဲ ဖြစ်ဖူးတယ်။ ကိုယ့်ကို Thanks ပြောလိုက်ရင် You are welcome ပြောဖို့ မသိခဲ့ဘူး။ သိတာတောင် နှုတ်က ဆွံ့အနေသေးတယ်။ လွယ်လွယ်နဲ့ မပြောဖြစ်ဘူး။ အင်္ဂလိပ်စကား ပြောတာကို သောက်ရူးလို့ သတ်မှတ်ထားတဲ့ နိုင်ငံက လာတဲ့သူလည်းဖြစ်၊ ကိုယ့်ဟာကိုယ်လည်း သိအောင် တတ်အောင် မလုပ်တော့ ဒီလိုပဲ ဖြစ်ရတာပေါ့။ သူငယ်ချင်းတွေလည်း ဒီလိုပဲ Welcome တစ်လုံး ပြန်ပြောဖို့ကို နှုတ်လေးနေတယ်ဆိုတာကို အရက်သောက်ရင်းနဲ့တော့ ၀န်ခံဖူးကြပါတယ်။ တချို့ကျတော့လည်း သိမယ့်သိ Thanks ပြောလိုက်ရင် Sure ဖို့က စသိတယ်။ ဘယ်လိုနေရာမှ Sure ပြောရမယ် ဘယ်လိုနေရာမှာ Welcome ပြောရမယ်ဆိုတာကို မချိန်တော့ဘူး အားအားရှိ Sure တော့တာပဲ။

11 comments:

TMH - 7/28/07, 3:26 AM

Oh yeah. that's true. Here in Canada also has those kind of doors you mentioned. Yes mostly somebody who opens door hold it longer till ppl behind you pass it over especially at the door divided the subway exit and the shopping center. So like lot of ppl behind you. Well, I agree that to say thanks to that holder, it's part of beautiful manner.

Andy Myint - 7/28/07, 4:17 AM
Right.... that's lovely and easy to make gesture.
sawphonelu - 7/28/07, 12:48 PM

ဒါကိုက အာရှ တန်ဘိုး ဖြစ်ပေတော့ သ ကိုး လို့ ပြောရ မှာ ပါ ။ ရုပ်ပိုင်းဆိုင်ရာ တွေ နောက်ကို လိုက်လွန်းရင် နောက်ဆိုရင် ယဉ်ကျေးအောင် အနောက်ကနေ ပြန်သင်ရပါလိမ့်မယ်။ ဥပမာ .. ပျူ စာ ကို ဘယ်သူ အရင်ဖတ်တတ်သလဲ။ ဗမာ ရှေးဟောင်းယဉ်ကျေးမှုတွေ ကို ဘယ်သူတွေ စပြီး ထိန်းသိမ်း ခဲ့ သလဲ။

Andy Myint - 7/29/07, 1:31 AM
ကောင်းတာဆို အကုန်ယူမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာမှ မဟုတ်ပါဘူး.. ကိုယ့်အတွက် ကောင်းတာ အကုန်ပေါ့။
ဂျစ်တူး - gyit_tu - 7/29/07, 2:32 AM

ဒီကိစ္စက culture နဲ့ ဆိုင်မလားပဲ ။ အနောက်တိုင်းသမားတော်၂များ၂ဟာ အဲလိုနေရာတွေမှာ ပွင့်လင်းတတ်ကြပြီး ၊ တခါတလေ အပေါ်ယံ များတာလည်း တွေ့ ဖူးတယ် ။

အရှေ့တိုင်းသားတွေကတော့ ရှက်တာရော.. စလုံးအသုံးနဲ့ဆို (cant be bothered) ဆိုတာရော တွေကြောင့် အဲလိုတွေ ဖြစ်နေတာ ။

MRT စီးရင် ဘယ်ဘက်ကပ်ဖို့ ၀န်လေးနေကြတာလေ ။ အဲဒါမျိုးတွေပေါ့ ။

ကိုယ်လုပ်နိုင်သလောက်သာ လုပ်ပေးလိုက်ပါ ကိုအင်ဒီရေး)

Thyda - 7/29/07, 5:01 AM

အာရှပေမယ့်လည်းဂျပန်မှာလည်းတံခါးယဉ်ကျေးမှုရှိသေးတယ်။
ပုံမှန်တော့ကျေးဇူးတင်ကြောင်း၊တံခါးကိုင်ပေးထားလို့အားနာတဲ့
ပုံစံမျိုးပြောကြတယ်။အရေးကြီးပြီး ကတိုက်ကရိုက်ဝင်ထွက်တဲ့
လူတွေကလည်းခေါင်းညွှတ်ပြီးတော့ကျေးဇူးတင်ကြောင်းပြသွား
တတ်ကြတယ်။ကျေးဇူးတင်ကြောင်းမပြောဖြစ်တဲ့အခါမျိုးတွေရှိ
ပေမယ့်လည်း၊လူတိုင်းကတော့ကိုယ့်နောက်မှာလူပါလာရင်
တံခါးကိုင်ပေးကြတယ်။မြန်မာနိုင်ငံမှာလည်းကျွန်မသွားလာခဲ့
သမျှမောင်းပြန်တံခါးရှိတဲ့နေရာတွေမှာအဲဒီယဉ်ကျေးမှုရှိခဲ့တယ်။

စာရေးကောင်းလို့မကြာခဏလာဖတ်ဖြစ်ပါတယ်။
အားပေးလျှက်ပါ

Andy Myint - 7/29/07, 1:10 PM
မှန်ပါတယ်... အာရှမှာ အတိုးတက်ဆုံး နိုင်ငံတွေ ဖြစ်တဲ့ ဂျပန်နဲ့ ကိုရီးယားမှာ ကိုယ်ပိုင် ယဉ်ကျေးမှုတွေ အခိုင်အမာ ရှိပြီး ယနေ့တိုင် လူငယ်တွေက စပြီး ကျင့်သုံးနေတုန်းပါပဲ။ ဒါဟာ အတုယူစရာပါ။ (ဒါကြောင့်မို့ အဲဒီ နှစ်နိုင်ငံကို ရေးတဲ့ထဲမှာ တမင်တကာ ချန်လှပ်ထားခဲ့တာပါ။)

မဂျစ်တူး ပြောတာလည်း အမှန်ပါပဲ။ ဘိုတွေက အပေါ်ယံများပြီး British တွေဆို တဆိတ်ပိုလွန်းတယ် ထင်ပါတယ်။

MRT ကတော့ မြန်မာပြည်က ဘက်စ်ကားနဲ့ စာရင် အများကြီး တော်သေးတော့ သည်းခံနိုင်ပါတယ်။ တခါတလေ အထဲမတိုးဝင်ရင် မြန်မာပြည်က ဘက်စ်ကား စပယ်ယာ (Conductor) တွေကို ခေါ်ပြီး ဆုံးမပေးချင်တဲ့ စိတ်လေးပဲ နည်းနည်း ပေါက်လာပါတယ်။ (မြန်မာပြည်က ဘက်စ်ကားတွေ အကြောင်း မဂျစ်တူးတော့ သိချင်မှ သိမှာပါ)။ ရထားကလည်း နောက် ၃-၄ မိနစ်ဆို နောက်တစ်စင်း လာမှာဆိုတော့ စောင့်စီး လိုက်ပါတယ်။
Anonymous - 8/22/07, 12:44 AM

now that u mentioned it.
i notice it.
sometimes the reply for Thanks is welcome, sometimes its no problem, sometimes its sure.
can u pls explain when to use what?
thanks

Andy Myint - 8/24/07, 1:12 AM
I casually or swiftly reply “sure” for minor help but seldom to superiors and clients while I often say “U r welcome” rather formally or decently in most cases...
Anonymous - 2/13/09, 11:24 AM

The earlest civilization started from asia but we asians r still rude.I have been to many asian airports.All r rude except japan airport.Must Know our self.

Ko Paw - 2/13/09, 8:25 PM

ဟားဟား…. ဒီပို့စ်ကို ဖတ်ရင်း “ဘ၀အိပ်မက် ပန်းအိပ်မက်” ဇာတ်လမ်းထဲက ဇာတ်ကွက်ကလေးကို ပြေးမြင်တယ်။

လူပျိုကြီး ကံကောင်း ဘတ်စ်ကားပေါ်က အဆင်းမှာ လူတယောက်ကို အရှိန်နဲ့ ၀င်တိုက်မိတယ်။ အဲသည်မှာ “ဆောရီး” လို့ပြောရမယ့်အစား “သိုင့်ခ်ယူ၊ သိုင့်ခ်ယူ” လို့ ပြောသွားတဲ့ အကွက်ကလေး။

ကိုအင်ဒီရဲ့…. Sure က တော်ပါသေးတယ်။

Post a Comment

Many thanks for dropping a comment…

Film


Files