Monday, July 09, 2007

ဧည့်သည်တော် မှတ်တမ်း

ကိုယ့်ဘာသာကိုယ် Blog ပြီး Blog ရေးရတာ ဘယ်လို ဘယ်ဝှာဆိုတာကို စာတစ်ပုဒ်လုပ်ပြီး ပြောရရင်တော့ လူရယ်စရာ ဖြစ်တော့မှာပဲ။ ဖျော်ဖြေစရာ တစ်ခုအနေနဲ့၊ မှတ်တမ်း တစ်ခုအနေနဲ့၊ ဒိုင်ယာရီ တစ်အုပ်အနေနဲ့ ရေးတယ်ဆိုဦး လုံ့လတော့ စိုက်ထုတ်ရပါတယ်။ Public ကို Publish လုပ်ထားတာဆိုတော့ ကိုယ်ရေးချင်တာရေးမယ် ဖတ်ချင်မှ ဖတ်လို့တော့ မဆိုသာပေမယ့် ကိုယ်ခေါင်းထဲမှာ၊ ရင်ထဲမှာ ရှိတာတွေကိုပဲ ရေးနိုင်ပါသေးတယ်။ ``အနုပညာဆိုတာ ပရိတ်သတ်အကြိုက် လိုက်လုပ်တာမဟုတ်ဘူး´´ လို့လည်း မကြွေးကြော်ရဲသလို ပရိတ်သတ်အားလုံး ကြိုက်အောင် လုပ်ဖို့ကလည်း မစွမ်းသာပါဘူး။ ဥပမာ ကဗျာကောင်းကောင်းပဲ ကြိုက်တဲ့သူကိုတော့ ဒီ Blog က မဆွဲဆောင်နိုင်ခဲ့ပါဘူး။ အများပေါင်းရေးတဲ့ Blog လည်းမဟုတ်ဘဲ မိသားစုသေးသေးလေး တစ်ခုတည်းက ရေးတာဆိုတော့ သုတနဲ့ ရသကလည်း အကန့်အသတ် ရှိပါတယ်။ ပရိတ်သတ်ကလည်း အကန့်အသတ်ရှိပါတယ်။

ဒီလို မများလှတဲ့ ပရိတ်သတ်ကို ဘယ်သူဘယ်ဝှာမှန်း မသိပေမယ့် နေ့တိုင်း(လိုလို) အလည်လာတဲ့ သူတွေကို မမြင်ရတဲ့ သံယောစဉ်တော့ ရှိလာပါတယ်။ Blog ဖတ်ရတာလည်း လွယ်လှတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဖတ်ချင်စရာ Blog တွေက အများကြီး ဖြစ်နေလေတော့ တစ်နေ့တစ်နေ့ အနည်းဆုံး ဂျာနယ်တစ်စောင် ဖတ်သလောက်တော့ အချိန်ယူရပါတယ်။ ဒီလို အချိန်ပေး လာဖတ်တဲ့ သူတွေကို အနည်းနဲ့ အများတော့ သိချင်လာပါတယ်။ တချို့က Blog နေကြလည်း မဟုတ် Comment ရေးနေကြလည်း မဟုတ် တချို့ကျတော့လည်း မြန်မာစာ ရိုက်ရတာ အခက်အခဲ ရှိလေတော့ များသောအားဖြင့်က တစိုက်မက်မက် ဖတ်နေကြပြီး စိတ်ထဲမှ ကြိုက်နေပေမယ့် (ကိုယ့်ကိုကိုယ်တော့ ဒီလိုပဲ အားပေးရတာပေါ့လေ) (ဘာ)ဖာသာပဲ ဖတ်သွားကြပါတယ်။

အဲဒါကြောင့် Post တစ်ခုစီကို Comment မပေးနိုင်တောင် Blog တစ်ခုလုံးအတွက် တစ်ခုခု ပြောခဲ့နိုင်မယ်ဆိုရင် လာလာဖတ်တဲ့ သူတွေရဲ့ အမြင်လေးတွေကို သိရတော့ ချီးမွမ်းတာဆိုလည်း ပီတိဖြစ်ရ၊ ထောက်ပြတာဆိုလည်း ပြင်သင့်တာပြင်လို့ ရတာမို့ Guest-Book လေး ထည့်ဖို့ စိတ်ကူးပြီး လိုက်ရှာပါတယ်။ ကောင်းကောင်းကန်းကန်းလေးတွေ တွေ့ပေမယ့် မြန်မာပြည်ကလူတွေ (အမျိုးတွေရော) Page ကို အမြန် Download လုပ်နိုင်အောင်ရယ်၊ ဒီ Blog က Depend လုပ်ရတဲ့ Site လည်း နည်းချင်တာကြောင့် Guest-Book ကို Post တစ်ခုအနေနဲ့ပဲ တင်လိုက်ပါတယ်။ Comment မှာ ဧည့်သည်တော် မှတ်တမ်းလေး တစ်ကြောင်း နှစ်ကြောင်း (မြန်မာလို မဟုတ်တောင် အင်္ဂလိပ်လိုလေး) ရေးပေးသွားမယ်ဆိုရင်ဖြင့် ကျေးဇူးတင်လှပါပြီ။ အမည်မဖော်ချင်သူများကလည်း (chat စကားနဲ့ ပြောရမယ်ဆို) ASL (Age, Sex, Location) လေးလောက် ပြောသွားရင် ကောင်းမှာပဲ။

ဒီမှာ မှတ်တမ်း ရေးပေးသွားတဲ့ သူတွေကို ပိုပြီး ကျေးဇူးတင် အလေးထားပါတယ်။ ရွှေဧည့်သည်တွေရဲ့ Comment တွေပဲ သပ်သပ်စုထားချင်တာမို့ ကျွန်တော် Reply မလုပ်တော့ပါဘူး။


Comment ရေးနေကျ မဟုတ်သော သူများအတွက်ပါ။
(၁) Post a comment ကို Click လုပ်ပါ။
(၂) Leave Your Comment မှာ တစ်ခုခု ရေးပါ။
(၃) Blogger ID မရှိရင် Other ကိုနှိပ်ပြီး Name နေရာမှာ အမည်ရင်းဖြစ်ဖြစ်၊ တစ်ခုခု ဖြစ်ဖြစ်ရေးပါ။
(၄) [Preview] ကို နှိပ်ပြီး အစမ်းကြည့်ပါ။
(၅) ကြိုက်ပြီဆိုရင် [Publish Your Comment] ကိုနှိပ်ပါ။

111 comments:

Ma Yangon Thu - 7/9/07, 11:42 PM

Andy ရေးခဲ့သလိုပါပဲ.. WeSheMe ကိုတော့ အမြဲမှန်မှန်လာဖတ်ဖြစ်ပေမယ့် comment ရေးဖို့အတွက်ကျတော့ တော်တော် အားယူရတယ်။ ကိုယ်ရေးတာ မှားသွားမလား၊ နောက်ပြီး comment ရေးပေမယ့် ကိုယ့် comment ကို အသိအမှတ်ပြုပါ့မလား၊ comment လေးတခုပေါ် အခြေခံပြီး ငြင်းခုန်စရာများ ဖြစ်နေမလား.. စတဲ့ အတွေးတွေနဲ့ပဲ အမြဲရောက်ဖြစ်ပေမယ့် comment မရေးမိတောပါ့ဘူး။

“များသောအားဖြင့်က တစိုက်မက်မက် ဖတ်နေကြပြီး စိတ်ထဲမှ ကြိုက်နေပေမယ့် (ကိုယ့်ကိုယ်ကိုတော့ ဒီလိုပဲ အားပေးရတာပေါ့လေ) ဖာသာပဲ ဖတ်သွားကြပါတယ်“

အဲဒီ့လို ကိုယ့်ဘာသာ ထင်ထားတာလည်း ဟုတ်ပါတယ်။ :) တကယ်လည်း Andy တို့ မိသားစုအကြောင်းကို အလေးထားဖတ်သလို ဒီ Blog မှာ ပါတဲ့အကြောင်းအရာတွေဟာ ဗဟုသုတ အပြင် သုတ၊ရသကို ပေးပါတယ်။

imaginary clouds no2 - 7/10/07, 1:02 AM

ဒီမှာ တခါတလေ တနေရာရာကို သွားချင်ရင် ဘာ ဘတ်စကားနံပါတ် ကိုစီးရသလဲ လို့ ကျနော်တော့ သူများကို မေးတယ် ။ အဲသလိုမျိုး သိချင်လာတဲ့အခါ တကယ်ကို အသုံးဝင်ပါတယ်။ ဘိုးတော် တနေ့က ပြောသလိုပေါ့ ၊ တခါတခါ မြန်မာဆရာဝန် နှင့် ဆေးခန်းပြချင်တာ တို့ ။ သွား နုတ်ချင်တာ စသဖြင့် ။။ ရေးထားတာရှိတော့ ကောင်းတယ်လို့ ထင်ပါတယ် ။ စာရေးစရာ ကိုသာထက်အောင် မြားနတ်မောင်မှာရေးတဲ့ သူတို့ဆီက အတွေ့အကြုံ ( သြ ဇီ ကအတွေ့ အကြူံ)ဆိုတဲ့ ဆောင်းပါးတွေကို ကျနော်ကြိုက်တယ်။ စာအုပ်ထွက်တော့လည်း ပေါက်တယ်လို့ ထင်တယ် ။

imaginary clouds no2 - 7/10/07, 1:23 AM

စာရေးဆရာ (ကို) သာထက်အောင် ( စာလုံးပေါင်း ) ။

pandora - 7/10/07, 1:48 AM

ဒီဘလော့ဂ်ကို သိတာမကြာသေးပေမယ့် သိတဲ့အချိန်ကစပြီး လာဖတ်ဖြစ်တယ်ဆိုမှတော့ သဘောပေါက်။

ကိုစိတ်ကူးမိုးတိမ် တင်ထားတဲ့ကဗျာတစ်ပုဒ်အောက်မှာ မှတ်ချက် ရေးမိသလို ဒီဘလော့ဂ်က 3 in 1 ပေါ့လေ။ ဗဟုသုတတွေ အများကြီးရပါတယ်။ တချို့ကိစ္စလေးတွေက အသာကျိတ်မှတ်သွားရတယ်။ ကိုယ့်အလှည့်ကျရင်..ဟဲဟဲ။

ကိုအန်ဒီက စာရေးတာ ဥာဏ်ရွှင်တယ်။ အရေးသွက်တယ်။ အစ်မခွင့်ပြုရင်တော့ ရည်းစားဟောင်း အကြောင်းလေးတွေ ဘာတွေ ရေးချင်ရေးပေါ့။ ကဗျာရေးချင်လည်း စိတ်ကူး ပြန်ယဉ်ပြီးရေးလို့ရတာပဲ။ ဒါဆို လူပိုစိတ်ဝင်စားလာမယ် ထင်တယ်။ တချို့ကိစ္စတွေက မရေးတတ်တာမဟုတ်ပဲ မကောင်းတတ်လို့ မရေးတာ ဖြစ်နေမလားပဲ... ဟီး..
(အချွန်နဲ့တော့ မ ခဲ့ပြီဗျို့..)

TMH - 7/10/07, 11:00 AM

Nice. Sorry I didn't post comment although I came to your blog in the past. But here you go now. I am liking your blog. Keep going. Your blog also was linked in mine.

N3 - 7/10/07, 12:17 PM

ဒီနေရာကို နေ့ တိုင်းနီးပါး လာဖတ်လေ့ရှိပေမယ့် Comment ကို မချန်ထားဖြစ်ခဲ့သလောက်ပါပဲ။ တချို့ ပိုစ့်တွေကို အရမ်းသဘောကျပေမယ့် Comment ရေးချင်တဲ့အချိန်မှာ ရေးဖို့ အချိန်မရ၊ အချိန်အားသွားပြန်တော့ ပိုစ့်အသစ်တွေ ဖတ်နေရတာနဲ့  Comment မရေးဖြစ်ဘူး။ ဒီပိုစ့်ကိုတောင် မနက်စောစော အလုပ်မသွားခင်ဖတ်ဖြစ်တာပါ၊ ဖတ်ပြီးပြီးချင် Comment ရေးချင်ပေမယ့် အရေးအားလို့  ခုအလုပ်ရောက်မှ ရေးဖြစ်သွားတယ်။

ဘာပဲဖြစ်ဖြစ် ဒီဘလော့ကို နှစ်သက်တဲ့အတွက် အမြဲရောက်ပြီး၊ ပိုစ့်အသစ်တတ်တိုင်း ဖတ်ဖြစ်နေကြောင်း ဘလော့ပိုင်ရှင်ကြီး သိစေဖို့  Comment ရေးကာ ဒီတခါတော့ ထားခဲ့လိုက်ပါပြီ။ :)

ဘာညာ - 7/14/07, 2:11 PM

WeSheMe ကိုဖတ်ဖတ်သွားပြီး အားကျကာ ပြန်ပြန်သွားရပါတယ်။ ကွိကွိ

ဂျစ်တူး - gyit_tu - 7/15/07, 9:06 PM

ဟဲဟဲ မပန်က အချွန်နဲ့မထားခဲ့တော့.. ဂျစ်တူးကထပ်ပြီး ပေါက်ပြားနဲ့ ပင့်ပါရစေ.. အဟဲ အကို နဲ့ အမ တွေ့ တဲ့ ဇာတ်လမ်းလေး ချိတ်ဝင်စားပါတယ်း)

ဒီဘလောဂ့်ကတော့ ကျမအရင်ကပြောခဲ့သလို ပထမဦးဆုံးသော မိသားစုဘလောဂ့်လေးအဖြစ် ၊ နောက် ကိုအင်ဒီက အချိန်ပေးပြီး အမြဲ update လုပ်နေတာကြောင့် ကျမတို့ အမြဲ လာဖတ်ဖြစ်နေပါတယ် ။

တေဇာ - 7/20/07, 4:39 AM

ကျွန်တော် ဒီ blog ဖတ် ဖြစ်နေတာ ကြာပါ ပြီ...မှတ်ဥာဏ် သိပ်ကောင်းလို့ လားတော့မသိဘူး..အပြင်မှာ မြင်ဖူးတဲ့ အစ်ကို့ ကို တောင် ကျွန်တော် မမှတ်မိဘူး....ဒီနေ့ မှ homepage ပေါ်က ဓာတ်ပုံ ရယ် အန်တီ မြင့် ခိုင်ရဲ့  ဓာတ်ပုံ ရယ်မြင်တော့မှ အစ်ကို မှန်းသိတော့တယ်....အစ်ကို ရေးထားလေးတွေက ကိုယ်ရေးကိုယ်တာ dairy တစ်ခုလို ဆို ပေမဲ့ ...ဆွဲဆောင်မှုတော့ နဲ နဲတော့ ၇ှိတယ် (အားကျစရာလေးတွေပါနေ လို့ နဲ့ တူတယ်..)
ကျွန်တော်က တော့ ပြောရရင် ကိုကျော်မင်းနိုင်ရဲ့ အကူအညီနဲ့  blog တစ်ခု လုပ်ခဲ့ သေးပါတယ်......ဒါပေမဲ့  ဘာရေးရမှန်းမသိတာရယ်...အချိန်သိပ်မရှိတာရယ်နဲ့ ...သိပ်မရေးဖြစ်ခဲ့ သလို ..ကိုယ်blog ကို ကိုယ်လည်း သူများတွေဆီမကြေငြာဖြစ်ပါဘူး...(ကိုယ်ပဲရေးပြီးကိုယ်ပဲဖတ်နေရတယ်)...အိုင်တီသမားတယောက်ရဲ့ ဘ၀ကို ရှင်းရှင်းပြောရရင်ကျွန်တော်မရင်းနှီးသေးဘူး........

တေးအေးရိပ် - 7/20/07, 5:32 AM

ဧည့်မှတ်တမ်းလာရေးပါတယ်။ တစ်ခါတည်း Tag လုပ်လိုက်ပါတယ်။
၃၈ ဖြာ မင်္ဂလာ အကြောင်း ။ ရေးပေးပါအုံး :)

Younggun17 - 7/21/07, 7:57 PM

ကောင်းပါတယ်ဆိုတဲ့စကားကိုမစဉ်းစားဘဲပြောလိုက်ပါပြီ

s0wha1 - 7/23/07, 1:51 PM

ကိုAndy ရေ...ဗိုလ်ချုပ် မိန့်ခွန်း အသံဖိုင် အပိုင်း ၈ ပိုင်းရှိတာကို ညီမတင်ထားခဲ့ဖူးပါတယ်...
ဒီမှာ နားထောင်လို့ ရပါတယ်ရှင်...
ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းအချို့
(http://s0wha1.blogspot.com/2007/07/blog-post_02.html)

Tesla - 8/20/07, 3:36 PM

ခဏခဏရောက်ဖြစ်ပါတယ် တခါမှတော့ လာကြောင်းမရေးမိသေးဘူး.. ဧည့်မှတ်တမ်း ကိုအခုမှတွေ့မိလို့.. ဧည့်သည်တယောက်အဖြစ် လာလာနေတဲ့အကြောင်း ကို အခုမှပဲ ရေးဖြစ်တော့တယ်. ဒီဘလော့ထဲက စာတွေကြိုက်နှစ်သက်တဲ့ ဧည့်သည်တွေအထဲမှာ ကျနော်လည်း ပါပါတယ်..။

sisain - 8/31/07, 1:06 PM

ကျနော် ဒီဘလော့ခ်ကို မရောက်ဖြစ်တာ အတော်ကြာသွားပါပြီ။ မိသားစုအကြောင်းတွေ ဖတ်ရတာ သိပ် ငြိမ်းချမ်းပါတယ်။ ဧည့်မှတ်တမ်းတွေ့လို့ ၀င်ရေးသွားပါတယ်။

Layma - 9/5/07, 1:43 PM

“လေးမ” cbox မှာ အရောင်တွေသုံးတာတူတယ်လို့  လာပြောသွားတုန်းက စပြီးဝင်ကြည့်မိတယ်…. တကယ်တမ်း “လေးမ” ကို ဆွဲဆောင်လိုက်တာ အရောင်မဟုတ်ဘူး…။ “တုန်တုန်” လေးပါ …။ ကိုAndyရဲ့ ဖတ်လို့ ကောင်းတဲ့ စာတွေကို လာဖတ်ရင်း … “တုန်တုန်” လေးကို နေ့ တိုင်းနီးပါး ….လာချောင်းမိတယ်…။ လေးမရဲ့ ကဗျာတစ်ပုဒ်မှာ Blog ဆိုတာ “မိသားစုကမ္ဘာလေးတစ်ခု….” လို့ ထည့်ရေးမိတဲ့အထိ ဒီမိသားစုကို သတိတရရှိနေပါတယ်…..။
ခင်မင်လျက်
လေးမ

ဇေယျာ - 12/27/07, 12:45 AM

ခါတိုင်းတော့ blog ၀င်ဝင်ဖတ်ပြီး တစ်ခါမှ comment မရေးဖြစ်ဘူး... ဒီတစ်ခေါက်တော့ မှတ်တမ်းလေးထားခဲ့လိုက်ပါတယ်... My Diary ကို လာလည်တဲ့အတွက်ရော၊ link ပေးတဲ့အတွက်ရော၊ ဒီမှာလာလာကြည့်ပြီး idea ရတဲ့အတွက်ရော ကျေးဇူးပါ Andy ရေ...

Kay - 1/14/08, 5:26 PM

ဧည့်သည် တော် မှတ် တမ်း ကို ခုမှ တွေ့မိပြီး..ပို ပြီး တန် ဖိုး ထားတယ် ဆိုလို့.. ရေး လိုက်ပါတယ်။ ဒီဘလော့ က ပို့စ် တွေကို အမြဲ လို အသစ် တက်တိုင်း ဖတ် ဖြစ် ပါတယ်။ ဒါပေမဲ့..ဘလော့ ထဲ ကို မ ဆင်း ကြည့်တာတော့ ကြာပီ.. ။ ခု မှ မှတ် ချက် ရေး ချင် လို့ ဆင်းကြည့်တော့.. အတော် သပ်ရပ် တဲ့ တန်းပလိပ် တခု ကို တွေ့လိုက် ရတယ်။ တွေ့ဘူးသမျှ ဗမာ တန်းပလိပ် တွေ ထဲမှာ ..အကြိုက်ဆုံးလို့တောင်..ပြော ရမယ်.. Content is the king ဆိုတဲ့ အတိုင်း..contents တွေ ကလည်း.. အများ နဲ့ မတူ..ရိုးရိုးလေး နဲ့..ဆွဲ ဆောင် မူ ရှိ လှ ပါတယ်.. အထူးသဖြင့်..ဒီဘလော့ကနေ.. မိသားစု ..အိမ်ထောင်တခု ရဲ့..ချစ်ခြင်းမေတ္တာ တွေကို အမြဲ ပွား များ ရ ရှိ စေပါတယ်။

Anonymous - 2/28/08, 11:09 PM

Your blog was like oasis who exhausted/tired with our country's news.

တေးအေးရိပ် - 3/30/08, 7:33 PM

သမီးလေး မြင့်မြတ်နိုး အတွက် မွေးနေ့ ဆုမွန် လာခြွေတယ် ကိုအန်ဒီရေ့ ..

Anonymous - 4/9/08, 10:25 AM

Ko Andy & family,
I am lazy to comment though I am big fan of your blog. I used to live in singapore for 6yrs and now I am in NY. Essence of your blog gives me pleasure.

Yee - 4/19/08, 10:46 PM

ရန် ကုန် မ ပြန် ဖြစ် တာ ၂ နှစ် ရှိ ပြီ. ဒီ ဆောင်: ဎါ: ဖတ် ပြီ: အ လွမ်: ပြေ ရ တယ်။

စစ်ကိုင်းသူ - 4/22/08, 9:44 PM

ကျွန်တော်က စာဖတ်တာ အရမ်းဝါသနာပါတယ်။ မြန်မာမှာ နေတုန်းကတော့ ကိုယ်ကြိုက်တဲ့ စာအုပ်ကို ဝယ်သိမ်းပြီး သွာလေရာ သယ်ပါတယ်။ ဘယ်ပြောင်းပြောင်း စာအုပ်တွေ သယ်ရတာနဲ့ကို တော်တော်လေးပါတယ်။ အခု သူများနိုင်ငံကို လာရမယ်လဲဆိုရော အဲဒါတွေက သယ်လို့မရ။ ရောက်ခါစက တော်တော် စိတ်ညစ်ပါတယ်။ စာမဖတ်ရတော့ မနေတတ် မထိုင်တတ်နဲ့ပါ။ အင်တာနက်မှာ ဒီလို blog တွေလဲ ရှာဖတ်ရမှန်းလဲ မသိပါဘူး။ အဲဒါနဲ့ သူငယ်ချင်းတွေကို လုပ်ကြပါဦး ငါတော့ ပျင်းလို့ သေတော့မယ်ဆိုတော့ အင်တာနက်နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေက စာအုပ်တွေ download လုပ်လို့ ရမဲ့ site တွေ ပေးပါတယ်။ IT က သူငယ်ချင်း နှစ်ယောက်ကတော့ သူတို့ blog name ကို ပြောပါတယ်။ အဲဒါက blog အကြောင်း ပထမဆုံး သိတာပါပဲ။ အဲဒါတောင်မှ blog တွေကို အဲလောက် စိတ်မဝင်စားသေးပါဘူး။ အဲဒီ နှစ်ခုကိုပဲ ပုံမှန်ဖတ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အပတ်ကမှ စပြီး သူတို့ blog နဲ့ link လုပ်ထားတဲ့ blog တွေ၊ link ကနေ နောက်ထပ် ထပ် link လုပ်ထားတဲ့ blog တွေကို သွားဖတ်ဖြစ်ပါတယ်။ အဲဒီနဲ့ ဒီကို ရောက်လာတာပါ။ ဒီမှာတော့ စိတ်ဝင်စားသလား မဝင်စားသလား မနေ့ကမှ ဒီကို စရောက်ပါတယ်။ ပုပ္ပါးသွားတဲ့ အကြောင်း စဖတ်ရတယ်။ အရမ်း ဖတ်လို့ကောင်းတယ်။ အဲဒါနဲ့ပဲ အစက စဖတ်မယ်ဆိုပြီး ဟိုးအစကနေ စဖတ်ပါတယ်။ ကျန်တာ တစ်ခုမှ မဖွင့်တော့ဘဲနဲ့(သူငယ်ချင်းနှစ်ယောက်ရဲ့ blog တောင် မရောက်သေးဘူး) ဖတ်လိုက်တာ အခု ဒီ ခေါင်းစဉ်ကို ရောက်လာတာပါပဲ။ အလုပ်လုပ်လိုက် ဖတ်လိုက်ပေါ့။ ရှေ့ခေါင်းစဉ်တွေမှာကတည်းက တချို့ကို comment ပေးဖို့ စဉ်းစားပါသေးတယ်။ ရေးနေကျ မဟုတ်တော့ ရေးရမှာ မရဲတာနဲ့ပဲ။ အခု ဒါကို တွေ့တော့တော့ ရေးချင်စိတ်ပေါက်လာတာနဲ့ ဝင်ရေးလိုက်တာပါ။ ရေးကောင်းကောင်းနဲ့ ရေးလိုက်တာ တော်တော်တောင် ရှည်သွားပြီ။ မနေ့ကမှ စပြီး လာလည်ဖြစ်ပေမဲ့ နောက်ကို အမြဲအားပေးနေမှာပါ။ ဆက်ပြီး အရှိန်အဟုတ်မပျက် ချီတက်နေပါဦးလို့။

မဇနိ - 5/30/08, 2:42 PM

WeShwMe ကို လာလည်နေတာ ဒီမိသားစု စင်္ကာပူမှာ ကတည်းကပါ။ သမီးလေးအကြောင်းတွေ အမြဲလာလာဖတ်ပြီး အားကျပြန်သွားရပါတယ်။
သမီးလေးကို ဂရုတစိုက် ပြုစုပျိုးထောင်တဲ့အကြောင်းတွေ
ဖတ်ရတော့ မိဘမေတ္တာကို ပိုနားလည်လာရတယ်။ ကိုဇနိကလည်း အမြဲပြောတတ်တယ်။ အစ်ကိုတို့မိသားစု အကြောင်းကို။ သမီးလေးကစားတတ်နေပြီ။ အစ်ကိုတို့ ကလေးလေးရတော့မယ်။ တနေ့ကတော့ ကိုဇနိက စကားပြောနေရင်း ရုတ်တရက်ထအော်တယ်
“သားလေးမွေးပြီကွ“တဲ့။ ဓါတ်ပုံကြည့်ဆိုပြီး လင့်ခ်လာပေးမှ
အစ်ကိုတို့ မိသားစုလေး တိုးပြန်ပြီလို့ သိလိုက်ရတယ်။
သမီးလေးဓါတ်ပုံတွေကြည့်ပြီး ကစားနေပြီ။ လမ်းလျှောက်နေပြီနဲ့ အရိပ်ကြည့်နေတာဗျ။ သားလေးအလှည့်ရောက်တော့ “ကလေးက ထွားတယ်ကွ။ အချောစားလေးကွ“ ဆိုပြီး ဘလော့မှာ ကလေးလာလာထိန်းရတယ်။ ဗဟုသုတရတဲ့ ဘလော့လေးဖြစ်လို့ ကျေးဇူးတင်မိပါတယ်။
အစ်ကို၊ အစ်မတို့ မိသားစုလေး ပျော်ရွှင်ပါစေ။

MrDBA - 6/2/08, 3:34 PM

ကျွန်တော်က ဟိန်းလတ် သူငယ်ချင်းပါ ကိုအန်ဒီဘလောက်ကို လာဖတ်နေတာ ၂၀၀၆ နှစ်လည်လောက်ကတည်းကပါ၊ ဧည့်သည်တော် မှတ်တမ်း ကိုတန်ဖိုးထားတယ် ဆိုလို့ ၀င်ပြီး လက်မှတ်ထိုးလိုက်ပါတယ် ..
post များမှာတော့ comment သိပ် မရေးဖြစ်ပါဘူး ဒါပေမယ့် တခြား ဘလောက်တွေကို သွားချင်ရင်တောင်မှ ဒီက feed peek လေးကနေတဆင့်ဘဲ သွားဖြစ်ပါတယ်..။

pmmw - 6/4/08, 12:04 PM

ဟုတ်တယ်ဗျာ ကျွန်တော်လည်း ကိုအန်ဒီ ဆိုဒ် ကို အမြဲတမ်းလာဖတ်ဖြစ်တယ်။ ကိုအန်ဒီ ရဲ့ feed peek တွေက တဆင့်တခြားဆိုဒ်တွေကိုသွားဖတ်ဖြစ်တာများတယ်။ ကိုအန်ဒိရေ ကျွန်တော်လည်း ဧည့်သည်တော် မှတ်တမ်း မှာ ဝင်ပြီးလက်မှတ်ထိုးသွားတယ်အစ်ကို။ Wesheme မိသားစု ၊ ဆိုဒ် ပိုပြီးအောင်မြင်ပါစေ

KMA - 6/22/08, 6:44 AM

Ko Andy,
A very good blog. I just happened to visit your site via Ko Paw's Padauk-Yeik, another favorite site of mine. Keep up with your great works! I'll be keeping visiting your site often. I also like cooking and food.
(U) Khin Maung Aye

မြရွက်ဝေ - 7/18/08, 6:07 PM

သမီးရော သားရောနဲ့ သိုက်သိုက်ဝန်းဝန်း ပျော်စရာကောင်းတဲ့ ဒီဘလော့ကို လာလည်တိုင်း အမြဲအားကျရတယ်။ အရင်ကတည်းက ခဏခဏလာပေမယ့် တိတ်တိတ်လေးဘဲ ပြန်သွားဖြစ်တယ်။ google reader နဲ့ အမြဲစောင့်ဖတ်တာ။ ခုမှ ဧည့်သည်မှတ်တမ်း ရေးဖြစ်တော့တယ်။

lwinmoe - 8/5/08, 6:14 PM

Nice posts. Just want to say hi! :)

Anonymous - 8/14/08, 2:15 AM

tOO lATE 2 eNROLL NOW!!!

Thin Thin - 8/25/08, 3:08 PM

I read everyday once I've got free time.I want to express with Myanmar language more about your blog but I can't type it.I will try later.

Very nice and attractive Blog.
Every post is valuable for knowledge.

Anonymous - 8/27/08, 2:28 PM

I read almost everyday once I've got time.However I've never left any single message because I want to type Myanmar words but I can't type it.

Thanks for very knowledgable posts.
(fr: S'p)

Dr Khaing Myo - 8/30/08, 11:58 PM

လာတာတော့ မပြောနေနဲ့ ခဏခဏလာတယ်.. ဘယ်သွားဘာကြည့်ရမှန်းမသိချိန်ကို ၀ီရှီမီ ကို နှိပ်လိုက်တာပဲ.. ဟဲ ဟဲ

khin oo may - 9/6/08, 11:33 AM

(မိန်းမရေ ဒီနေ့ အိမ်မှာ မစားဘူး။ အပြင် မှာ သွားစားကြမယ်။ ကိုယ့်ဘလော့ ဒီနေ့ hit 300 ရတယ်) ဆိုတဲ. Post လေး ကို မှတ်မိနေတယ် ဆိုရင်.....

sin dan lar - 9/25/08, 6:16 PM

လာလည်လေ့ရှိပါသည်၊

Ko Boyz - 10/7/08, 3:29 AM

ဒီနေ့မှ ကော်မဲန့် ရေးဖြစ်တယ်...။ မောင်တီဇက်အေဆီကနေ လွန်ခဲ့တဲ့ နှစ်ကတည်းက သိပြီး ဖတ်နေတာ...။ ခုမှ သတ်သတ်မှတ်မှတ် ကော်မန့် ရေးပေးတာပါ...။ ပို့စ်ကောင်းလေးတွေ အတွက် ကျေးဇူး...။

sonata-cantata - 10/9/08, 1:50 AM

ဧည့်မှတ်တမ်းမှာ initial လေး တို့ခဲ့တယ်။
S-C

Alice - 10/9/08, 8:39 AM

I just happened to read your post I think some time in 2007. Lately, I have been here almost everyday. The two kids are so cute. Like somebody's commented somewhere above, I am quite familiar w/ both kids now. I like the fact that you have new posts every once in a while. Your posts are not only entertaining and informational but your feed peeks (is that how it's called?) are very useful for me to use as a guide on where to go next :D Wish you and your family all the best ... :)

PPH - 10/12/08, 6:30 AM

I have been here many times reading your posts and browsing your family photos. Although I don't recall the details, I think I knew your blog from 99Sanay web. Very nice and warm family with very cute children. Will come regularly.
All the best,
Phuu

chitpuzin - 10/23/08, 2:16 PM

ကိုအန်ဒီရှင့် ကျွန်မကသူများဘလော့ရေးတာအားကျလို့ ကိုယ်ဘာသာကိုယ် မနေ့ကဘလော့အသစ်လုပ်ကြည့်ပါတယ်။ Create Blog ဆိုပြီး ဂူဂယ်လ် ထဲကစမ်းတ၀ါးဝါးလုပ်ကြည့်ပါတယ်။ အခုတော့ firefox အောက်ကနေ ရိုက်ထည့်ရင်ရှာလို့မတွေ့ဘူးဖြစ်နေပြီး ကိုအန်ဒီတို့ထဲကနေ၀င်ရိုက်ရင်တော့ တွေ့ရပါတယ်။ ကျွန်မရဲ့ ဘလော့က chitpuzin.blogspot.com ပါ. ပြီးတော့ chatbox ကိုလည်းဘယ်လိုထည့်ရပါမလဲ၊ ကျေးဇူးတင်ပါတယ်။

jurassic - 10/25/08, 3:20 PM

ကျနော်လည်း we she me ကို စဖတ်ဖြစ်တာ သိပ်မကြာသေးပါဘူး..အခုတော့ နေ့ တိုင်းဝင်ကြည့်ဖြစ်တယ်..blog feed roll လေးရှိတော့  ကောင်းတယ်..တော်တော်အဆင်ပြေတယ်..ကိုအန်ဒီရေးတဲ့စာတွေလည်းကြိုက်တယ်..
အတွေ့ အကြုံ ဗဟုသုတတွေ အများကြီး ရလို့  ကျေးဇူးတင်ပါတယ်..
ပျော်ရွင်ချမ်းမြေ့ တဲ့ မိသားစုလေး ရှိတာကိုလည်း အားကျမိတယ်..
ဒီဘလော့ လေး နောက်နှစ်ပေါင်းများစွာတည် တံ့ ပါစေလို့ ဆုတောင်းပေးပါတယ်..

:-* - 11/19/08, 1:36 AM
This comment has been removed by the author.
:-* - 11/20/08, 3:02 AM

I'm the big fun of this blog too.... All the best...



Ain's mommy

sky - 12/5/08, 4:14 PM

hi

မခ - 1/3/09, 6:16 PM

ဒီ blog လေးကိုအရမ်းသဘောကျပါတယ်၊ ပျော်စရာကောင်းတဲ့မိသားစုအရိပ်လေးပါပဲ၊ နောင်လဲဒီထက်မကစာရေးနိုင်ပါစေ၊

အိမ့်ချမ်းမြေ့ - 2/13/09, 4:55 AM

မကြာခဏရောက်ပါတယ်။ ကော့မန့်သာ မရေးဖြစ်တာပါ။ အထူးသဖြင့် ချက်နည်းပြုတ်နည်းတွေကို သဘောကျပါတယ်။ မိသားစုပုံတွေကိုလဲ သဘောကျပါတယ်။

အောင်သာငယ် - 2/22/09, 11:11 PM

ခဏခဏတော့ ရောက်ဖြစ်နေတာပါပဲ... ဧည့်သည်တော် မှတ်တမ်းဆိုတာလေးကိုလည်း တွေ့နေတာတော့ ကြာပါပြီ... Click လုပ်ကြည့်ရမှန်း မသိခဲ့ဘူး...း) ဒီနေ့မှ လျှောက်မွှေနှောက်ရင်းနဲ့ တကယ့် Guest Book လေး ဖြစ်နေမှန်း သိလိုက်ရတာပါ... ဝေမျှပေးခဲ့သမျှ ဖတ်မိသမျှ ပို့စ်တွေ အတွက် ကျေးဇူးတင်ပါတယ်...

ခင်မင်သော
ATN

ခင်မင်းဇော် - 3/1/09, 2:54 AM

ခင်မင်စွာဖြင့်
ခင်မင်းဇော်

Phyo Evergreen - 3/5/09, 2:34 AM

Wesheme ဘဘော့ကအမြဲဖတ်ဖြစ်တဲ့ဘလော့ပါ။ Firefox စဖွင့်တာနဲ့ပထမဆုံးဝင်ဖြစ်ပါတယ်..။ မိသားစုဘလော့လေးဖြစ်သလို ကိုအန်ဒီရေးတဲ့ပို့စ်တစ်ပုဒ်ချင်းစီဖတ်ပြီးတိုင်း ထောင့်စေ့သေချာမှုနဲ့ရေးသူရဲ့ ကြိုးစားအားထုတ်မှုကို အမြဲခံစားရတယ်..။ အမှတ်တရ ပါ..။

လေးစားခင်မင်စွာဖြင့်
Phyo Evergreen

မေငြိမ်း - 3/26/09, 10:23 AM

အမြဲ စောင့်ဖတ်ပေမဲ့ ထုံးစံအတိုင်း ကော်မင့် မထားဖြစ်.. နှုတ်မဆက်ဖြစ်တာမို့.. ဒီတချီတော့ ရောက်ကြောင်း သတင်းပို့ရင်း ဧည့်သည်တော် ၀င်လုပ်ပါ၏...။

Rita - 3/29/09, 4:14 PM

ဖတ်ဖြစ်တာ သိပ်မကြာသေးပါဘူး။ NLS ဆီကတဆင့် ရောက်တာပါ။ စရောက်တော့ ကလေးတွေအကြောင်းကိုဖတ်မိတာမို့ သာမန်ပဲ ဖတ်မိပါတယ်။
နောက်တကြော့ပြန်ရောက်တဲ့အချိန်မှာ Elite ယောင်ဆောင်ခြင်းတို့၊ Generation 2.2 တို့ ဖတ်ရတော့ ရှော့ခ်တောင်ရချင်သလိုလို ဖြစ်ပြီး တောက်လျှောက်ဖတ်မိ၊ follower ပါလုပ်မိပါတယ်။ comment ကတော့ သိပ်မပေးဖြစ်ပါ။ လေးစားအားကျမိပါတယ်။ စာရေးလဲ မကျဲစေချင်ပါ။

Angel Eyes - 4/8/09, 10:53 PM

လာရောက်လည်ပတ်လေ့ရှိကြောင်းမှတ်တမ်းတင်ပါတယ်။Sharing လုပ်တဲ့အတွက်ကျေးဇူးပါ။

cleaner - 4/12/09, 1:30 AM

ဟဲ..........ဟဲ

Thant - 4/29/09, 12:51 PM

နေ့တိုင်း စဖွင့်ဖြစ်တာ ဒီ Blog လေးပဲ။ ဒီဘလော့ရဲ့ Feed Roll ကနေပြီး Blog ရွာကိုဆက်လည်တာ ။ Thank you so much for everythings . Cheers !!!

Moenandi( Ma Moe) - 5/3/09, 10:24 AM

နေ့တိုင်းလာလည်လို့ဒီမိသားစုနဲ့၇င်းနီးနေတာကြာပါပြီ။အားပေးလျက်ပါ။သမီးနဲ့သားအကြောင်းလဲ
ေ၇းပါ။နွေးထွေးတဲ့မိသားစုဘ၀လေးထာ၀၇ပိုင်ဆိုင်နိုင်ပါစေ။

june123 - 5/17/09, 2:16 AM

Visit frequently.

Anonymous - 6/22/09, 10:16 AM

ကျမကကိုအန်ဒီရဲ့  စာဖတ်ပရိသတ်ပါ...ဗဟုသုတတွေကိုမျှဝေပေးတဲ့ ဒီဘလော့ဂ်လေးကို မကြာခန လာရောက်လည်ပတ်နေဦးမှာပါ...မျှဝေပေးနေတဲ့အတွက်လည်းကျေးဇူးအထူးတင်လျှက်ပါ....

မီးငယ်

မမိုး - 7/27/09, 12:29 AM

ကိုအန်ဒီရေ ... မမေငြိမ်းဘလော့ဂ်ကတဆင့် ပိုစ့်အသစ်တင်တိုင်း
ဝင်ကြည့်ဖြစ်ပေမဲ့ တခါမှတော့ ကော်မန့်မရေးဖြစ်ဘူး၊ ဧည့်သည်မှတ်တမ်းရှိနေမှန်းတောင်မသိဘူးလေ၊ ကျမကအဲ့ဒီလို စေ့စပ်သူပါ.. အချိန်အခက်အခဲကြောင့်လဲပါတယ်ဆိုပါတော့၊ ကိုအန်ဒီ့ပိုစ့်တွေ အတော်များများကြီးကို ကျမသဘောကျတယ်၊ စိတ်ဝင်စားရာ အကြောင်းအရပ်တခုကို စေ့စပ်သေချာစွာ လေ့လာပြီးမှရေးလေ့ရှိတာ တွေ့ရလို့ပါ၊ နောက်ပြီး မိသားစုအပေါ်ထားတဲ့ လေးနက်မှု့လေးတွေကလဲ လေးစားစရာပါပဲ၊ ဗဟုသုတရော ခံစားမှု့ရသပါ ပေးတဲ့ ဘလော့ဂ်လေးမို့ အချိန်ရှားပါးတဲ့ ကြားကပဲ
အမြဲစောင့်ဖတ်နေမှာပါ။

Thu Thu - 7/31/09, 4:14 PM

ဒီနေ့တော့ လုပ်လက်စ အလုပ်လေးပြတ်သွားတုန်း ဒီ blog မှာ နေ့တပိုင်းလောက် ကုန်အောင် ဖတ်ရှုလေ့လာ အပန်းဖြေသွားရင်း ကျေးဇူးတင်ကြောင်း မှတ်တမ်းဝင်ရေးခဲ့ပါသည်။ :)

Thandar - 8/7/09, 11:07 PM

we she me,

everyday visit & read ur blog even don't hv new post.

I got ur blog's name from cho mar aye.

thanks .
khin mg oo+thandar lwin.

လုလု - 8/21/09, 1:25 PM

အစ်ကိုနဲ့အစ်မတို့ အိမ်ကို ဒီနေ့ အလည်တစ်ခေါက် ရောက်ခဲ့ပါတယ်နော်။ မရောက်ဖြစ်တာကြာသွားပြီ။ ဒီက ကွန်နက်ရှင်က ဆိုက်ဒ်တစ်ခုခုတက်ဖို့ဆိုရင် အရမ်းကြာတာမို့ပါနော်။
အစ်ကိုနဲ့အစ်မတို့ မိသားစုအားလုံး ကျန်းမာပျော်ရွှင်ကြပါစေနော်။
လုလု

rose of sharon - 9/3/09, 11:02 PM

ကျမနှစ်သက်တဲ့blogမို့ အသစ်တင်တိုင်း အမြဲရောက်ပါတယ်....

JuneOne - 9/7/09, 7:04 PM

ဒီဘလော့ကို ၂၀၀၇ ခုနှစ်ထဲကဖတ်ဖြစ်နေခဲံ့တာ။တစ်နေ့ကိုအနည်းဆုံး
သူ(အိမ်ကလူ)ကော ကိုယ်ရောပေါင်းရင် ၆ ခါထက်မနည်းဖွင့်ဖြစ်ပါတယ်။
သမီးရော၊သားရော ချစ်စရာလေးတွေ။

Moe Cho Thinn - 9/19/09, 6:46 AM

ဒီ ပျော်ရွှင်စရာ အိမ်လေးရဲ့ တံခါးကို ခဏ ခဏ လာလာခေါက်တဲ့သူထဲ တယောက်အပါအ၀င်ပါ။ စ ဖတ်မိကတည်းက ရသစုံအပြင်၊ ဗဟုသုတတွေပါ မျှဝေပေးနိုင်တဲ့ ဘလော့လေးမို့ တန်ဖိုး တကယ်ရှိတယ်။
ဧည့်မှတ်တမ်းကို လက်မှတ်အကြီးကြီး ထိုးလိုက်ပြီ။
ချစ်ခင်စွာ
အမ မိုးချိုသင်း

ရွှေရတုမှတ်တမ်း - 10/8/09, 1:11 PM

လာနေကြ အိမ်လေးမို့.. အသစ်တင်သလား..လာချောင်းရင်း..
အမှတ်တရ..ရေးသွားပါတယ်...ကျန်းမာချမ်းသာပါစေဗျာ

sosegadoတည်ငြိမ်အေး - 10/18/09, 6:17 PM

ကောင်းပါတယ် စုတုပြု တွေအများကြီးရပါတယ်၊

chaw ei thein - 10/30/09, 8:46 PM

အမြဲရောက်ပါတယ်.

♣♣♣အိမ်မက်ချို♣♣♣ - 11/11/09, 8:52 PM

အမြဲ နေ့တိုင်း ရောက်ပါတယ် ကို အန်ဒီ..
Link ထားတာကျေးဇူးပါပဲ...
ပိုစ့်အသစ်လေးတင်ပါအုန်း.......

kelvin - 12/4/09, 7:19 PM

Nothing much to say
I love your blog!!

Anonymous - 12/24/09, 11:26 AM

မယ်ရီခရစ္စမတ် ပါ ... လာရောက်လည်ပတ်သွားပါတယ်။

သစ်သစ် - 1/2/10, 4:48 AM

wesheme ကတော့ သစ်သစ်စလုံးရောက်ကတည်းက ဖတ်လာတာ ခုဆို ၃နှစ်နီးပါးလောက်တောင်ဖြစ်တော့မယ် ။ အရေးကျဲပေမယ့် တစ်ပုဒ်ဆိုတစ်ပုဒ်ဆိုသလောက် ကောင်းလို့ပို့စ်တိုင်းကို လက်မလွတ်တမ်းဖတ်ဖြစ်ပါတယ် ။ ပျော်ရွှင်စရာ နှစ်သစ်လေးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။

ThuHninSee - 2/20/10, 3:33 PM

နေ့တိုင်းလိုလိုရောက်ဖြစ်ပါတယ်။ မှတ်တမ်းရေးဖို့ကို ဘာရေးရမှန်းမသိလို့။
အမေချက်တဲ့ဘဲဥဟင်း ပို့စ် လေးကို မရိုးနိုင်အောင်ဖတ်ဖြစ်တယ်။
သူမလဲ မျက်မှန်တပ်တယ်နော်။
း)

Anonymous - 4/7/10, 7:28 PM

thanks a lot for our sharing.I every time visit your blog.

မိုးဦးစံပယ် - 4/26/10, 2:25 AM

ကိုအန်ဒီနဲ့ သူမကို ကျေးဇူးအများကြီးတင်ပါတယ်။ မိုးဦးက လွန်ခဲ့တဲ့ ၂နှစ်လောက်ထဲက wesheme ကိုစဖတ်မိပြီးနောက်ပိုင်း အမြဲစောင့်ဖတ်ပါတယ်။ ဖတ်ပြီးတိုင်းလဲမှတ်သားစရာ၊ တွေးစရာ၊ ရသ၊ တခုခုရပြီးပြန်သွားမြဲပါ။ မိုးဦးနဲ့အဆက်အသွယ်ပြတ်နေတဲ့ အင်းထဲကအမျိုးတွေကလဲ weshemeရဲ့ ပရိသတ်တွေဆိုတော့ ကိုအန်ဒီလင့်ပေးလိုက်တဲ့ အင်းထဲအကြောင်းပိုစ့်လေးကို လိုက်လာဖတ်ရင်း ပြန်တွေ့ကြပါတယ်။ အခုလိုတမြေခြားနေတဲ့နေရာမှာ အမျိုးတွေပြန်ဆုံရလို့ မိုးဦးတို့တွေ ၀မ်းသာရသလို ကိုအန်ဒီတို့ရဲ့ အိမ်လေးကြောင့် ချစ်ခင်တဲ့သူတွေပြန်ဆုံတွေ့ရတယ်ဆိုတော့ ကိုအန်ဒီတို့သူမတို့လည်း ၀မ်းသာ ကြည်နူးရအောင် ဧည့်သည်တော်မှတ်တမ်းမှာ ၀င်ရေးလိုက်ပါတယ်။ ကိုအန်ဒီ၊ သူမ၊ သမီးလေးနဲ့သားလေး ကျန်းမာပျော်ရွှင်ပါစေနော်။

Anonymous - 4/26/10, 4:53 AM

Pls read this one and you may know who they are :-) Good one.

http://shweamyutay.com/index.php?option=com_content&view=article&id=2175:2010-04-24-08-24-06&catid=98:2008-06-08-19-59-38&Itemid=476

Anonymous - 4/27/10, 4:12 PM

ဒီဘလော့ကို လာလည်တိုင်း ဗဟုသုတရတယ်။ အရင်ကတည်းက ခဏခဏလာပေမယ့် တိတ်တိတ်လေးဘဲ ပြန်သွားဖြစ်တယ်။ အခုမှ ဧည့်သည်မှတ်တမ်း ရေးဖြစ်တော့တယ်။

nyinaung - 4/29/10, 2:30 AM

ကိုယ် တွေးနေတဲ့ မှတ်ချက်တွေ ၊ အထက်ကလူတွေ ရေးပြီးသွားပြီ ။ သူတို့ပြောတဲ့ အတိုင်းပါပဲ လို့ အချောင်ခို နှုတ်ဆက်စကားပြောရတော့မယ်ထင်ပါတယ်။ အခွင့်သာတိုင်းလာလည်ပါတယ် ။ တဆင့်လည်စရာတွေလည်း ဒီမှာ ရှာဖွေပါတယ် ။ အစစအရာရာ အဆင်ပြေပါစေ ၊ ကြံတိုင်းအောင်လို့ ဆောင်တိုင်း မြောက်ပါစေ လို့ အမှတ်တရ ဆုတောင်းခဲ့ပါတယ် ။ လေးစားစွာဖြင့်

ခေတ်သူ - 4/30/10, 2:51 PM

ဒီဘလော့ကမိသားစုဘ၀လေးကိုချစ်လို့..လာဖတ်ဖြစ်တာပါ.....:)

ko 9 - 5/18/10, 1:16 PM

ကိုယ့်လိုပဲသမီးတယောက်,သားတယောက်။
စာေ၇းကောင်းတယ်။သူ့အားကျပြီးဘလော့တောင်ဖွင့်လိုက်သေး။
ခင်မင်ဖို့ကောင်းတဲ့မိသားစုဘလော့လေးပါ။

သက်ဝေ - 5/25/10, 11:15 AM

နေ့တိုင်းလိုလိုရောက်နေပေမယ့် ဒီဧည့်သည်တော်မှတ်တမ်းကို သတိမထားခဲ့မိဘူး...

ချစ်စရာကောင်းတဲ့ မိသားစုဘဝလေး အစဉ် သာယာပျော်ရွှင်နိုင်ပါစေ...
ပြီးတော့ We She Me မှာ စာတွေအများကြီး ဆက်ရေးနိုင်ပါစေ... လို့ ဆုတောင်းပြီး အမှတ်တရ လက်မှတ်အကြီးကြီး ထိုးသွားပါတယ်...

Wai Pyo - 5/25/10, 6:34 PM

အစ်ကို့ ဘလော့ဂ်ကို လာဖတ်နေတာ ကြာပါပြီ။ သြော်စီ အတွေ့အကြုံတွေ ဝေမျှပေးတာ ကျေးဇူးတင်ပါတယ်။ မိသားစု ဘ၀လေးတွေ ဖတ်ရတာလည်း ကြည်နူးစရာပါ။ အသက် ၂၆ နှစ်ထဲရောက်နေတဲ့ ကျနော့်အတွက်တော့ အကို့ဘလောဂ့်က လမ်းညွှန်စာအုပ်လိုပါပဲ။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး စတာတွေပေါ့ ခင်ဗျာ။ အကြောင်းအရာ စုံနေအောင် ရေးထားတော့ ဗဟုသုတ အများကြီးရတယ် ခင်ဗျ။

ကို Andy ဆက်လက်ပြီး စာများများရေးနိုင်ပါစေဗျာ။

ခင်မင်လျက်
ဝေဖြိုး။

Muyar - 6/6/10, 9:18 AM

I've been visiting your blog for about 3 months, and enjoying quite a bit! Thanks for sharing!

မဗေဒါ (၈၈) - 6/9/10, 9:57 PM

မန်းနီး သိုစ့် ဖော် ယူအာ ဂွတ် နိုက်စ် ဘီလော့ ပါ.. ။ မကြာခဏ လာပါတယ်..။

ဖတ်ပြီး မလင့် ဖြစ်တာနဲ့ အခုတော့လည်း လင့်ထည့်လိုက်ပါပြီဟု သတင်းပေးရင်း.. အတွေးကောင်း အရေးကောင်းတွေကို စုံမက်တက်တဲ့..

မဗေဒါ (၈၈)

Ko Nyan - 6/17/10, 4:34 PM

လာရောက်ဖတ်ရှု သွားပါတယ်ခင်ဗျာ။ အကုန်လုံးကို မဖတ်ဖြစ်သေးတဲ့အတွက် မှတ်ချက်မပေးနိုင်တာကို နားလည်ပေးနိုင်မယ် ထင်ပါရဲ့။ အေးအေးဆေးဆေး ဖတ်ပြီးတဲ့အခါ တစ်ခုခု ပြောစရာများ ရှိလာတဲ့အခါကျရင် ပြောပါ့မယ်။ အခုကတော့ ဧည့်သည်တော်မှတ်တမ်း ဖြစ်တဲ့အတွက် ရောက်ရှိခဲ့တဲ့အကြောင်း လက်မှတ်ထိုးတဲ့ သဘောလောက်ပါပဲ။ လောလောဆယ် မြင်သလောက်လေးတော့ ပြောခဲ့ပါရစေ။ အခြားလူတွေအတွက်တော့ အဆင်ပြေကြသလား မသိပါဘူး။ ကျွန်တော့်စိတ်ထဲမှာတော့ ပထမဆုံးစာမျက်နှာဟာ ရှုပ်ပွဲနေတယ်လို့ ခံစားမိပါတယ်။ ဘယ်ဟာကို လိုက်ကြည့်လို့ လိုက်ကြည့်ရမှန်း မသိအောင်ကို ဖြစ်ရပါတယ်။ ရွေးချယ်စရာ များလွန်းတာလည်း တစ်ခါတလေတော့ မကောင်းဘူးလို့ ထင်မိပါရဲ့။ ပထမဆုံးစာမျက်နှာကို ရှင်းရှင်းလေးနဲ့ ရိုးရိုးလေး ပြင်လိုက်ရင် ပိုကောင်းမယ်ထင်ပါရဲ့။ ကျွန်တော့်အမြင်ကို အကြံပြုရုံသက်သက်ပါ။ အေ၊ အက်စ်၊ အယ်လ် ဆိုတော့ ဘာရေးရမလဲ။ ကိုဉာဏ်ဆိုတော့ အက်စ်ပြောစရာ မလိုတော့ဘူး။ အေကတော့ ၃၀ ကျော်သွားပါပြီ။ အယ်လ်ကတော့ မြန်မာပါခင်ဗျာ။

Anonymous - 6/19/10, 12:53 AM

ဖတ်၇တာကောင်းပါတယ်........အဆင်လည်းပြေပါတယ်..........
အားပေးနေမှာပါ......ဒီဘလော.လေးအ၇ှည်တည်တံ.ပါစေလို.ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...........

ချစ်ကြည်အေး - 6/24/10, 9:59 PM

ကိုအန်ဒီနဲ့ သူမတို့ရဲ့ မိသားစု ဘလော့ဂ်လေးကို သဘောတကျ ဖတ်မိတာ ကျမ ဘလော့ဂ်စရေးပြီး သိတ်မကြာခင်ကပဲ ဆိုတော့ ၅လ-၆လ လောက်ရှိပြီ ဆိုပါတော့။ ကျမက ရသတွေပဲ ရေးလေ့ရှိပြီး သုတပါရေးနိုင်သူတွေကို နှစ်ခြိုက် အားကျ မိတာကြောင့် ဖတ်ရတိုင်း ရလိုက်တဲ့ တခုခုအတွက် အမြဲလိုလို လာဖတ်ဖြစ်ပါတယ်။ အဲဒီ အတွက် ကျေးဇူးတင်ပါရစေ....မိသားစု ပျော်ရွှင် ချမ်းမြေ့ပါစေ....:)

ချုချာလေး - 6/25/10, 1:57 PM

ဝီရှီမီရေ
ဟင်းအသစ်လေးတွေနဲ့  ဧည့်ခံပါဦးဗျာ။ ဒီဘလော့လေးဝင်တိုင်း စိတ်ညစ်သမျှ ပြေပျောက်စေတဲ့ အတွက် အရမ်းကျေးဇူးတင်ပါတယ်။ အကိုနဲ့  အမတို့ လဲ အဲ့ဒီအတွက် ကုသိုလ်ရကြမှာပါ။ လည်လည်လဲအမြဲလာတယ်နော်။

မောင်မောင် - 7/9/10, 8:35 PM

ကိုဝီရှီမီ တို့ ဆီ အမြဲရောက်ပါ့။
ဒါပေမယ့် လည်း ကွန်မန့် ရေးဖို့ မေ့မေ့သွားတယ်။
စာရေးကောင်းတယ်။ သဘောကျပါ့။
အမြဲအားပေးနေပါတယ်။

မောင်မောင်
အာဖဂန်ပြည်
ကဘူးမြို့ 

Anonymous - 7/11/10, 3:06 AM

I used to read ur blog .

ချုချာလေး - 7/20/10, 1:40 AM

အကိုနဲ့  အမရေ ကျေးဇူးတွေ အများကြီးတင်မိပါတယ်နော်။ ကျနော့ ဘလော့လေးကို ချိတ်ပေးထားတာ။ ဘလော့ရေးသူ တစ်ယောက်အနေနဲ့  ဒီလို ခံစားချက်ကို သိမြင်မယ်လို့  ထင်ပါတယ်။ အတိုင်းမသိ ၀မ်းမြောက်မိပါတယ်။ အကိုနဲ့  အမတို့  မိသားစုလေး ကျန်းမာ ကြပါစေပါဗျာ။

toe - 7/31/10, 11:18 PM

နေ့တိုင်းဒီစာမျက်နှာကို ကြည့်မိပါသည်။ ဘယ်အချိန်ကတည်းကလဲတော့ မမှတ်မိတော့ပါ။ မိတ်ဆွေများကိုလည်း ဒီဘလော့လေးကဖတ်ရင် ကျန်တဲ့သူတွေရဲ့ စာတွေပါ စိတ်ဝင်စားစရာ ဖတ်နိုင်တယ်ဆိုပြီး ဖော်ဝပ်လုပ်ပေးခဲ့ပါသည်။ ဆက်လက်အားပေးနေပါမည်။

Evy - 8/2/10, 1:20 PM

လာလည်သွားပါတယ် ကိုအန်ဒီရေ။ နေ့တိုင်းတော့ရောက်ဖြစ်တယ်။ လင့်ခ်မချိတ်ဖြစ်တာ။ ခုတော့တစ်ခါထည်း ချိတ်လိုက်တော့မယ်။ Blog list မှာချိတ်ပေးထားလို့ ကျေးဇူးတင်ပါတယ်နော်

JUSTICE999BURMA - 8/10/10, 2:40 AM

အကိုနဲ့  အမရေ အားတဲ့ အချိန်တိုင်းတော့ လယ်လယ် ၀င်ဖြစ်ပါတယ်.. ခရုလေး တွေစားတဲ့ My Little World လေးက ကြည့်လို့  ကောင်းမှကောင်းပဲ ကျနော့ ဘလော့မှာတွဲ လိုက်တယ်.. Slide Show ထဲ့က ပေါက်စ ၂ ယောက်က တော်တော်ကို သောင်းကျန်းနေကြပါပီလား.........

Ma Ye' - 9/6/10, 1:02 PM

Today :D

Ma Ye' - 9/6/10, 1:03 PM

Thk for everything!

Anonymous - 11/11/10, 8:21 AM

အကိုနဲ့အမရေ... တစ်ခါမှကွန်မန့်မရေးဘူးပေမယ့် အခုအကိုတို့ အမတို့ အိမ်က တိတ်ဆိတ်နေလို့ လှမ်းပြီးအသံပေးလိုက်ပါတယ်... နေကောင်းကြပါရဲ့လားခင်ဗျာ?

JUSTICE999BURMA - 12/13/10, 1:08 AM

အမြဲတော့ရောက်တယ် ခြေရာမချန်တာပဲရှိတယ် အစ်ကိုနဲ့  အစ်မရေ ...... လင့်ချိတ်ပေးတာကျေးဇူးဗျိုး..

မအားမလပ်နိုင်တာ နားလည်ပါတယ်..... ကျန်းမာရေးဂရုစိုက်စေချင်တယ်ဗျာ......

မန်းကိုကို - 12/19/10, 11:16 PM

ဒီဇင်္ဘာ ကျောင်းပိတ်ရက်မို့ ဧည့်သည်မှတ်တမ်းမှာ အက္ခရာ လာတင်သွားတယ်ခင်ဗျ။

ကျောင်းကာလမှာတော့ ရေးသူတွေထက် အကြောင်းအရာတွေကို စိတ်ထဲအလေးထားနေသလို ဖြစ်နေခဲ့တော့ စိတ်ခုမယ်ဆိုရင် ဒီနေရာမှာ တောင်းပန်ရတော့မှာပဲ။

ခုလို အားတဲ့အချိန်တောင် အကုန်လိုက်မဖတ်နိုင်သေးလို့ မှတ်တမ်းတင်ပြီး ပြန်လိုက်ပါအုံးမယ်ဗျာ။

လပြည့်ရိပ် - 12/20/10, 3:48 AM

ဘလောခ့်လေးကို သဘောကျလို့ လင်ခ့်သွားပါတယ်။ ဖြည်းဖြည်းချင်း ဖတ်သွားပါမယ်။ နောင်လည်း အားရင်အားသလို လာလည်ပါရစေ။

N/A - 12/21/10, 5:45 AM

အသစ်တင်တိုင်း ၀မ်းသာစွာနဲ့ လာဖတ်လေ့ရှိပါတယ်..

မောင်သန်း - 12/28/10, 11:18 PM

ကျွန်တော့်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွေ့ကြုံတွေရေးထားတဲ့ ဘလော့ကိုလာရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်။

http://civilengineer-mm.blogspot.com/

ဆုမြတ်မိုး - 1/6/11, 1:26 PM

စာလာဖတ်သွားပါတယ် လေ့လာစရာတွေအများကြီးပဲ
လင့်ခ်လေးယူသွားပါတယ်နော်...ခွင့်ပြုပါ

metalman - 1/16/11, 7:12 AM

ဖတ်စရာတွေ စုံလွန်းလို့ နောက်အမြဲ ဖတ်ရအောင် လင့်ချိတ်သွားပြီဗျို့

Anonymous - 1/29/11, 7:18 PM

စားချင်တာစားပြီးဖတ်ချင်တာအကုန်ဖတ်သွါးပါတယ်..
အရမ်းကိုကျေးဇူးတင်ပါတယ်

Anonymous - 2/5/11, 11:25 AM

ဟိုကြည့်ဒီကြည့်နဲ့ ရောက်ခဲ့ရပါတယ် မိသားစုအကြောင်းလေးတွေဆိုတော့ပိုစိတ်ဝင်စားသွားတယ် ကျွန်မ က မကြာခင်ကမှ ခလေး သားဦးလေးမွေဖွားပြီးစမိခင်တယောက်ပါ သားလေးကို အပြစ်အနာကင်းတဲ့အမည်လေးပေးချင်ပါတယ် ကူညီလိုရရင် ကျေဇူးပြုပြီး အကူအညီပေးပါနော်........သားလေကို ၂၀၁၁၊ ၁ လ၊ ၁၇ ရက်၊ တနင်္လာနေ့ ညနေ ၆နာရီ ၁၀မိနစ်မှာ တိုင်ပေမြို့၊ကျုံဟောလ်တွင် ၂ရက်တညဗိုက်နာပြီး သဘာဝအတိုင်းမွေးခဲ့ပါတယ် အမေက မနီလာဌေး 20၊12၊1975စနေနေ့ည9.00နာရီ၊ မြိတ်မြို့၊ အဖေက ကိုကျော်စွာစိုး 16၊7၊1975တနင်္လာည9.30 တပ်ကုန်းမြို့ ကျွန်မရဲemail က nilar74@gmail.com ပါ ကျေးဇူးတင်စွာဖြင့်

Zay Yar Hlaing - 3/4/11, 12:53 AM

အချိန်ရတိုင်းတွေ့ သမျှဖတ်လို့ ရသမျှစာအားလုံးကိုဖတ်လေ့ရှိပါတယ်။
ဖတ်မိသမျှအားလုံးကိုတော့မကြိုက်တတ်ပါဘူး။
ဒီ blog လေးကိုတော့ကြိုက်မိပါတယ်။
ဆက်လက်အားပေးသွားပါ့မယ်။
မိသားစုအားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

ရွှေပြည်သူ - 3/16/11, 6:48 PM

ကိုယ်တိုင် ဘလော့မရေးခင်ကတည်းက ဖတ်ခဲ့တဲ့ဘလော့ပါ ကိုအန်ဒီ။ ကျွန်မရဲ့ “Taxi ပေါ်ကဒေါသ” ပို့စ်မှာ ကိုအန်ဒီ ပထမဆုံး Comment လာရေးတုန်းကလည်း တော်တော်ဝမ်းသာခဲ့ပါတယ်။

သြဇီသွားဖို့ စဉ်းစားနေတယ်လို့ ပြောလာတဲ့ သူငယ်ချင်းတိုင်းကို WeSheMe Link ကိုပဲ ဖတ်ကနဲ Share လုပ်လိုက်တာပါပဲ။ ရေးသမျှအကြောင်းအရာတိုင်းက အင်မတန် Informative ဖြစ်လို့ ဖတ်ပြီးတိုင်းလည်း အင်မတန် ကျေးဇူးတင်ရပါတယ်။ ရေခြားမြေခြားမှာ နေကြတဲ့ မြန်မာလူမျိုးတွေအတွက် ဒီလိုဘလော့တွေ အများကြီးလိုအပ်ပါတယ်။ ကိုအန်ဒီတို့ မိသားစုလေးအကြောင်း ဖတ်ရတာကလည်း အမြဲကြည်နူးစရာပါ။

ဒီဘလော့ နှစ်ပေါင်းကြာမြင့်စွာ တည်တံ့ပြီး စာကောင်းပေမွန်တွေအများကြီး ဆက်ရေးသား ဖြန့်ဝေပေးနိုင်ပါစေ။ ကိုအန်ဒီတို့ တမိသားစုလုံးလည်း အမြဲတမ်း ကိုယ်ကျန်းမာ စိတ်ချမ်းသာ ရှိကြပါစေ။

ခင်မင်လေးစားလျက်
ရွှေပြည်သူ

(ကိုအန်ဒီ အခုလုပ်ထားတဲ့ ဧည့်သည်တော်မှတ်တမ်းကို သဘောကျလို့ အတုခိုးပြီး လိုက်လုပ်ခွင့်ပြုပါလို့ တခါထဲ ခွင့်တောင်းသွားချင်ပါတယ်း)

Anonymous - 4/3/11, 2:47 AM

Hi Ko Andy and family..
I come and read yr blog regularly but never write comment even once.
Your blog gives knowledge like about Sg,Au..,cooking,family and etc.
Although there's no new post, i come and check the feed roll.
Thank you so much for yr sharing and time.
Keep going this blog.
Wish you and yr family all the best!

AP(28,F,SG)

Htet Htet - 6/24/11, 8:20 AM

စာများများရေးပါဖတ်လို့ကောင်း၏....လာလည်တွားပါသည်။

ကိုနေမျိုး - 7/5/11, 2:20 PM

စာရေးနိုင်တဲ့သူတွေကို အားကျတယ်ဗျာ
ရေးနိုင်ဖို့က အဆင်မပြေတော့ သူများ စာတွေပဲ လိုက်ဖတ်နေရတာပေါ့။
ဒီဘလော့ဂ်ထဲကနေ ကျနော်ရခဲ့တာတွေ များပါပြီ ...
အဲဒီအတွက် ကျေးဇူးတင်ပါတယ်လို့ ....... :)

Anonymous - 2/18/12, 11:49 AM

Ko Andy
Thanks for posts.

အဟောင်းဆိုင် - 5/13/12, 12:48 PM

အခု မှစတွေ့တာပါ အသိနောက်ကျသွားတယ် သေချာတော့မဖတ်ရသေးဘူး
တော်တော်စုံတဲ့ဘလောက်ဘဲ

Post a Comment

Many thanks for dropping a comment…

Film


Files