Saturday, July 07, 2007

ကျွန်တော်ပိုသိလာတဲ့ ကျွန်တော့် Hero

(ကိုသီဟကျော်ဇောက ကျွန်တော်မသိတဲ့ ကျွန်တော့် Hero ကို ပိုသိလာအောင် စေတနာအပြည့်နဲ့ Comment ပြည့်ပြည့်စုံစုံ ရေးပေးသွားတာကို Commentဆို စာဖတ်သူတချို့ကျော်သွားမှာ စိုးလို့ Post တစ်ခုအနေနဲ့ တင်ပေးလိုက်ရတာပါ။ ကျေးဇူးတင်ပါတယ် ကိုသီဟကျော်ဇော။)

ချေဂွေဗားရား ဟာ အင်မတန်မှ စိတ်ထား မွန်မြတ်တဲ့ သူတစ်ယောက်ဖြစ်တယ်။ သူ့ ကိုတစ်ခါက သတင်းထောက်တစ်ယောက်က ဆရာဝန်မလုပ်ဘဲ ဘာဖြစ်လို့ တော်လှန်ရေးလုပ်နေရသလဲလို့ မေးတော့ သူက

ဆရာဝန်လုပ်ရင် လူတစ်ယောက်ချင်းစီရဲ့ ရောဂါဝေဒနာတွေကိုပဲ ကုပေးနိုင်မယ်၊ သူက လူပေါင်းမြောက်များစွာရဲ့ ဒုက္ခတွေကို ကုစားပေးချင်လို့  တော်လှန်ရေးလုပ်နေရတာပါ
လို့  ပြန်ဖြေခဲ့ဖူးတယ်။

သူ့ အထုပ္ပတ္တိဖတ်ခဲ့တုန်းက စာအုပ်ရဲ့ အစပိုင်းမှာပဲ ကျွန်တော်အရမ်းသဘောကျခဲ့ရတဲ့၊ ဒီနေ့ အထိခေါင်းထဲမှာ မှတ်မှတ်ရရ ရှိနေတဲ့ အချက်တစ်ခုကို သွားတွေ့ တယ်။ အဲ့ဒါဘာလဲဆိုတော့ ချေဂွေဗားရားဟာ ငယ်ငယ်တုန်းက ကျန်းမာရေး အလွန် ချူချာတယ်။ ကျောင်းနေရမယ့် အရွယ်အထိ ကျောင်းမနေနိုင်ခဲ့ဘူး။ သူ့ အမေကပဲ အိမ်မှာစာသင်ပေးခဲ့ရတယ်။ သူ ကျောင်းနေရမယ့် အရွယ်အထိ ကျောင်းမနေဖြစ်တော့ သူတို့ နေတဲ့မြို့ က ပညာရေးမှူးက အိမ်တိုင်ရာရောက်လာပြီး ဘာဖြစ်လို့ ဒီကလေးကို ကျောင်းမထားရတာလဲ ဆိုပြီး လာ စုံစမ်းတယ်။ ဒါနဲ့  သူ့ အမေက အကျိုးအကြောင်းပြောပြီး သူ ကိုယ်တိုင်အိမ်မှာ စာသင်ပေးနေတယ်ဆိုတဲ့ အကြောင်းကို ရှင်းပြခဲ့တယ်။ အဲ့ဒီမှာ ကျွန်တော် အရမ်းအံ့သြသွားတာက အာဂျင်တီးနားနိုင်ငံဆိုတာ အကြီးကြီးပါ။ ဘယ်လိုဖြစ်လို့  သူတို့ နိုင်ငံက အာဏာပိုင်တွေဟာ ကျောင်းနေသင့်တဲ့ အရွယ်ရောက်တဲ့ ကလေးတစ်ယောက် ကျောင်းမနေဖြစ်ဘူးဆိုတာ ဘယ်လို လုပ်သိနေရတာလဲ။ ဒီခေတ်မှာလို့  Computer System တွေလည်း မရှိဘူး၊ ဘယ်လိုလုပ်ပြီး ကလေးတစ်ဦးချင်းစီကို ခုလို စောင့်ကြည့် နေနိုင်တာလဲ၊ အဲ့ဒီ အချိန်က သူတို့ တိုင်းပြည်ရဲ့ စနစ်ကို တော်တော်အံသြသွားတယ်။ တပြိုင်နက်တည်း စဉ်းစားမိတာက
တချိန်ကျွန်တော်တို့  ဗမာနိုင်ငံမှာလည်း ဒီလို စနစ်မျိုးလုပ်ရမယ်။ Computer System အကြီးကြီးဆောက်၊ ကလေးတွေ မွေးကတည်းက ကလေးတွေရဲ့ မွေးစာရင်းကို Database ထဲထည့်ပြီး နှစ်တိုင်း နှစ်တိုင်း ၅ နှစ်ပြည့်ပြီးတဲ့ ကလေးတွေဟာ ကျောင်းမှ အပ်ရဲ့လားဆိုပြီး ကျောင်းအပ်တဲ့ စာရင်းနဲ့ တိုက်စစ်ရမယ်။
အဲ့ဒီ စာအုပ်ကို ဖတ်ပြီး လွန်ခဲ့တဲ့ ၆ နှစ်၊ ၇ နှစ်လောက်ထဲက ကျွန်တော် အလိုစဉ်းစားမိတယ်။ ကွန်ပြူတာကလည်း စလေ့လာခါစဆိုတော့ Oracle Database ကြီးသုံးပြီး တိုင်းပြည်စီမံခန့် ခွဲဖို့ အတွက် အရေးကြီးတဲ့ Computer System ကြီးတစ်ခု ရှိရမယ်လို့  စိတ်ကူးခဲ့ဖူးတယ်။

4 comments:

ဂျစ်တူး - gyit_tu - 7/8/07, 12:40 PM

ဗမာပြည်မှာ တကယ်ပဲ အဲလို oracle database တခု လိုလာပြီ ။

ဆရာဝန်မလုပ်ဘဲ တော်လှန်ရေးလုပ်ရတဲ့ ချေဂွေဗားရားရဲ့ ရည်ရွယ်ချက်ကို အရမ်းလေးစားပါတယ် ။

ဒါနဲ့ အကိုနဲ့အမ ရဲ့ဘလောဂ့် ဒီဇိုင်းလေးက တမျိုးလေး ထူးနေတယ် ။ ဘာနဲ့ လုပ်တာလဲ ။

Andy Myint - 7/8/07, 2:53 PM
မြန်မာပြည်က သန်းခေါင်စားရင်းဌာနမှာလား မသိဘူး Database အကြီးကြီး တစ်ခု ရှိတယ်တော့ ကြားဖူးပါတယ်။ ဖွားသေစားရင် အတိအကျလား မှတ်ပုံတင်ရှိတဲ့သူတွေ အတွက်ပဲလား၊ နိုင်သလောက်ပဲလားတော့ အသေအချာ မသိပါဘူး။ Infrastructure မကောင်းတော့ System တစ်ခု တည်ဆောက်ဖို့ကလည်း ခက်ပါတယ်။ ဒီလိုနဲ့ပဲ ဂျစ်တူး... အဲ... ဂျာအေး သူ့အမေရိုက် ဖြစ်နေတာပါ။ တကယ်လုပ်မယ်ဆိုရင်တော့ ဖြစ်နိုင်တာပေါ့။
ဒီ Blog က Blogger မှာပါတဲ့ Minima Template ကိုပဲ ဟို Blog သွားကြည့်ပြီး နည်းနည်းပြင်လိုက် ဒီ Blog သွားကြည့်ပြီး နည်းနည်းပြင်လိုက်နဲ့ ပြင်လွန်းတော့ ဖင်ချွန်းသွားတာပါ။ အဟဲ။
Thiha Kyaw Zaw - 7/11/07, 4:38 AM

Thanks for posting it, Ko Andy. Btw, I saw The' Nu's photo in ur flicker. Do you know with her? She is my cousin.

Andy Myint - 7/11/07, 10:48 AM
What a small world! She is my bro's friend... sort of ... ဟဲဟဲ

Post a Comment

Many thanks for dropping a comment…

Film


Files