Wednesday, July 11, 2007

တတိယလူ

အိုးစားဖက်.. မဟုတ်သေးပါဘူး.. တစ်ပုလင်းထဲ သောက်ဖက်... အဲလောက်လည်း မဟုတ်သေးပါဘူး.... ထားပါတော့ Blog သူငယ်ချင်း မောင်တိန်... မနိပ်သေးပါဘူး.. ကိုယ့်ဆရာကို `မောင်´တပ်ခေါ်ရတာ။ သူ့ Blog ဖြစ်တဲ့ Imaginary Clouds No.2 ကနေ မိုးတိမ်ဖြစ်.. အဲဒီကမှ... လူတူ.. မဟုတ်သေးပါဘူး... ကလောင်နာမည်တူ.... မဟုတ်သေးပြန်ဘူး.. ကွန်ပြူတာနဲ့ ဘလော့ဂ်တာဆိုတော့... ကီးဘုတ်နာမည်တူ... ရှိနေတော့ မိုးတိမ်ကနေ မိုးတိန်ဖြစ်၊ မိုးတိန်က တဖန် မောင်တိန်ဖြစ်.. ဆန်းကျမ်းနဲ့လည်း ညီတာပေါ့... အဲဒီကနေ Mountain ဖြစ်... ဒါဆို.. ကိုတောင်.. ခေါ်ရမလား .. `ကိုတာ´လိုလို ဘာလိုလိုနဲ့... ဒီနာမည်လည်း မနိပ်သေးပါဘူး... ထားပါလေ... ဒီပုဂ္ဂိုလ်ရဲ့ Blog မှာ `စန်းဦး´ ရေးတဲ့ ဒီ ကဗျာလေးတင်ထားတယ်။

တတိယ ကဗျာ

တစ်လတစ်ကြိမ် ဆုံနေကျ
ငါတို့ ကဗျာ ဝပ်ရှော့က
ကဗျာ တစ်ပုဒ်စီ ရေးယူခဲ့ရမယ်ပြောတယ် ။
ငါက နှစ်ပုဒ်ရေးသွားမိတယ်
သူတို့ကို နှစ်ပုဒ်လုံးသွားပြရင်
ဖတ်နေကြရမှာ အားနာစရာ
ခက်တာက
ကဗျာနှစ်ပုဒ်ကို ခွဲဖတ်လို့လည်းမကောင်းဘူး
ခေါင်းချင်းဆက်ထားသလိုမျိုး အမြွာကဗျာ
ပြီးတော့ လူကြားထဲ
ပေါ်တင်ကြီးဖတ်လို့ မသင့်ဘူးထင်တယ်
ဒါနဲ့ပဲ ဒီတတိယ ကဗျာကို ရေးလိုက်ရတယ် ။

သူကိုတော့ ဘယ်လိုဖတ်ဖတ်
ကျယ်ကျယ်အော်အော်
တိုးတိုးညည်းညည်း
စိတ် နဲ့ ရွတ်ရွတ်
တစ်ခုပဲ
ငါမယူသွားတဲ့ ကဗျာနှစ်ပုဒ်တော့
ဟောဒီ တတိယ ကဗျာထဲ
ဝှက်ထားမိတယ်
Three in One ပေါ့။
ဒါကိုမှ
အခုဖတ်ရင်းတွေ့သွားကြရင်လည်း
ခံစားကြပစေတော့ပေါ့
နင့်နဲကြေကွဲကြဦးပေါ့
ရင်ဘတ်တွေ တုန်သွားအောင် ထိခိုက်ကြစမ်းပေါ့
ငါကတော့
မသိချင်ယောင်ဆောင်ပြီး ဟိုသည်ငေးနေလိုက်ရုံ ။။
ကဗျာတစ်ပုဒ် ဖတ်ရတာ...Program တစ်ပုဒ် Trace လိုက်ရတာထက် အများကြီးပိုခက်တဲ့ ကျွန်တော်က... ဖတ်ကြည့်ပြီး ဘာရယ်မဟုတ် ကိုယ်နားလည်သလို ယူပြီး ကြိုက်သွားတော့ ... Blog ပိုင်ရှင်ကို မဟုတ်ဘူး.. မူရင်း ကဗျာ ဆရာ `စန်းဦး´ ကိုလည်း မဟုတ်ဘူး.. ကဗျာထဲက ကဗျာဆရာကို.. ကြိုက်သွားတော့ ဒီလိုပဲ ညည်းမိပါတယ်။

``ကောင်းတယ်ဗျာ... ကိုယ်တင်လည်း အဲလို (ကဗျာ မဟုတ်တောင် Blog) ရေးတတ်ရင် ကောင်းမယ်။´´

အဲဒီမှာ မပန်ဒိုရာက
ကိုအန်ဒီမြင့်ရယ် ဘာလို့မရေးတတ်ရမလဲ.. ပထမလူ ဒုတိယလူသာမက တတိယနောက်ပေါက်ကလေး အတွက်ပါ ခင်ဗျား ရေးနေတာပဲ.. အဲဒီတတိယ ပုဂ္ဂိုလ်လေး အကြောင်းဖတ်လိုက်ရင် ရှေ့က နှစ်ယောက် အကြောင်း ပါပြီးသား.. ကိုအန်ဒီ အသာလေးသာ ဟိုဘက်လှည့် ငေးရင်း ပြုံးနေလိုက်..ဟဲဟဲ
``ဒီလိုဆိုတော့လည်း ဟုတ်သားပဲ…. မတွေးမိပါဘူး….. ပိုင်တယ်ဗျာ….အဟဲ…´´

အနုလုံပဋိလုံ ပြန်တွေးလိုက်တော့လည်း... မဟုတ်သေးပြန်ဘူး။ မဟုတ်ဘူးဆိုတာ .. မပန်ဒိုရာ ပြောတာမဟုတ်တာ မဟုတ်ဘူး... ကျွန်တော် ပြန်ပြောတာ မဟုတ်တာ.. ကျွန်တော် ပြောတာ မဟုတ်တာလည်း မဟုတ်ပြန်ဘူး.. တ၀က်တော့ မှန်ပါတယ်။ တကယ်လည်း အဲလို မတွေးမိပါဘူး... ဒါပေမယ့် အဲဂလိုတော့ လုပ်ပြီးသွားပြီ။ မပန်ဒိုရာ ပြောသလို အရင်ထဲက Unconsciously လုပ်နေမိတာပဲ။ တကယ်တော့ ဒီ Blog စလုပ်တော့ သမီးလေးအတွက် လုပ်မယ်ဆိုပြီး လုပ်တာ... နောက်တော့ .. ကိုယ့်အကြောင်းရော.. သူ့အကြောင်းရောပါလာတယ်။ ဒီ ဂျလည် ကဗျာဆရာလိုတော့ သိသိကြီးနဲ့ ညှပ်ထည့်တာ မဟုတ်ဘူးပေါ့။ ကလေးအကြောင်းကြီးပဲဆိုရင်လည်း ကျွန်တော့်ကို ကလေးအဖေဆိုပြီး စိတ်ဝင်စားမှာ မဟုတ်... အဲ.. မဟုတ်သေးပါဘူး... ဒီ Blog ကို လူငယ်တွေ၊ လူပျိုတွေ၊ အပျိုတွေက အများစုက စိတ်ဝင်စားမှာ မဟုတ်ပြန်ဘူး.. Blog ဖတ်တဲ့ Demographic ကလည်း (မြန်မာတွေဆို) အိမ်ထောင်သည်က နည်းတယ်မဟုတ်လား.. အိမ်ထောင်သည်ဆိုရင်တောင် ကလေးရှိပြီးသားဆို.. ``ဟင်းဟင်း..ပျင်းတယ် ´´ ဖြစ်နိုင်တယ်.. ကိုယ့်ထက် စီနီယာတွေ ကြီးပဲလေ။ ပြီးတော့ ကိုယ်ပြောလိုက်ချင်တာတွေ ဖွင့်ပြောလိုက်ဖို့ကလည်း စင်္ကာပူမှာ စဥ့်အိုးကြီးကြီးကလည်း ၀ယ်လို့ မရ၊ ရေတွင်းဆိုတာမျိုးလည်း မရှိတော့ ဒီ Blog မှာပဲ ပထမလူနဲ့ ဒုတိယလူ အကြောင်းတွေကို တတိယ မျိုးဆက်လေး အကြောင်းပြုပြီး ရေးလိုက်မယ်.. ပြီး .. ဟိုဘက်လှည့်ပြီး ငေးနေ ပြုံးနေလိုက်မယ်.. အုပ်စ် …ဘိုလိုယောင်တာ.. အဟဲ….အဲ... ဒီ Blog ရဲ့ ထိပ်တန်း ဆေးလိပ်တွေကို သိသွားပြီ။

5 comments:

imaginary clouds no2 - 7/11/07, 9:49 PM

ကျနော် နည်းနည်းရေးသွားတယ် ။ ပိုပြီးထောင့်စုံ သွားအောင် ။ မကြိုက်တာတွေ့ရင် ဒလိ လုပ်ပစ်လိုက် ဘိုးတော်


ဒီတိုင်းပြည်မှာ ခေတ်ပေါ်ကဗျာဆိုတာ ကဗျာဖွဲ့နည်းကျမ်းမရှိခဲ့ဘဲ နိုင်ငံခြားကဗျာ စာကြောင်းလိုက် ၊ အတန်းလိုက် ဘာသာပြန် ကဗျာပုံသဏ္ဌာန်ကို ခံတွင်းတွေခဲ့ရာမှ ၁၀ နှစ်စီ လူငယ်များ တစ်ဦးကဗျာ တစ်ဦးလှမ်းကြည့်ကာ အလွတ်သဘော စာပေ အနုပညာဝိုင်းများမှာ ဖလှယ်နှီးနောကြကာ ကမ္ဘာပေါ်က လွတ်လပ်တဲ့ အနုပညာ လူပ်ရှား တင်ဆက်မူများကို အမြင်အကြားဖြင့် မှီးယူအတုခိုးကာ ရေးသားရှင်သန်တဲ့ အနုပညာဖြစ်ပါတယ် ။
အောင်ချိမ့်၏ အမှာမှ
လူနှစ်ယောက်နဲ့ ကဗျာ ( မောင်ပြည့်မင်း ။ ခင်အောင်အေး )

ကိုယ့်လူ ဘလော့ ဆေးလိပ်ရရင်လည်းထပ်ရှယ်ဦးလေ။ ဟဲ ဟဲ မီးညှိပေးမယ် ။ ( ကက် မောင်တိန် မောင်တိန်) ဆိုတာ ကျုပ်တို့ ငယ်ငယ်က တယောက်ကို တယောက် ခေါ်ကြပြောကြတယ် ။ (မောင်တိန်)

pandora - 7/12/07, 2:47 AM

ပန်ဒိုရာရဲ့ ကွန်မန့်ကြောင့် ရွှေဥာဏ်တော် စူးရောက် အဲ.. ပွင့်လင်းသွားတာ ၀မ်းသာပါ၏။

စကားမစပ်.. တန်းပလိတ်ပြင်ထားလား.. ဘလော့ဂ်ထဲ ၀င်ဝင်ချင်းမှာ နောက်ဆုံးပို့စ်တွေရဲ့ text ကိုတန်းမမြင်ရဘဲ ကလစ်တစ်ချက်နှိပ်ဖို့လိုရင် စိတ်ဝင်စားမှု လျော့စေသလိုပဲ.. ထင်တာပြောတာ..

ကလေးရော အိပ်ပြီလားဗျို့။း)

Andy Myint - 7/12/07, 2:26 PM
Post နဲ့ ပြန်ထားတယ်။ အခုလို ဘီးတပ်ပေးတာ ကျေးဇူး။
sawphonelu - 7/13/07, 12:25 AM

ကိုရင် တို့ နှစ်ယောက် ပေါင်း ပြီး လောင်း ကျော်နေကြ ပြီ ဆို။

Andy Myint - 7/13/07, 1:09 AM
အေးဗျာ... လမိုင်း ကပ်နေကြတယ်။

Post a Comment

Many thanks for dropping a comment…

Film


Files