Saturday, August 11, 2007

မိမိ နှင့် မောင်တိန်

အသေအချာ သိရဖူးသည်ကတော့ ကိုမောင်တိန်သည် မိမိ၏ ဘလော့ဂ်ကို အရေမရ အဖတ်မရ သို့မဟုတ် ဘယ်ဟာကို ကြိုက်ရမယ်မှန်းတောင် မသိဟု ဆိုပါသည်။ သို့သော် ရက်ပေါင်း ၁၀၀ ကျော်မျှ အတူသောက်၊ အတူ ဘလော့ဂ်ခဲ့ကြသည် ကာလ တလျောက်တွင်ကား သူသည် မိမိ၏ ဘလော့ဂ်တွင် ကော့မန့်ရေးခြင်းသော် လည်းကောင်း၊ ဆီဗုံးတွင် အော်ခြင်း သော်လည်းကောင်းများ ပြုသော်လည်း တစ်ကြိမ်တစ်ခါမျှ ကောင်းကောင်း ဆိုးဆိုး Post များကို ဖတ်ခြင်း မရှိပါ။

ဟား..ဟား ကိုယ့်ဆရာရဲ့ (အောက်က) Post ကို ဖတ်တာ ကြိုက်သွားပြီး ရေးလိုက်တယ်။

တဆင့် စကားကြားရဖူးသည်ကတော့ ကို မြသန်းသည် မိမိ၏ အရေးအသား သို့မဟုတ် ရေးဟန်ကို မနှစ်သက်ဟု ဆိုပါသည် ။ သို့သော် အနှစ်သုံးဆယ်ကျော်မျှ အတူသွား ၊ အတူလာ ပေါင်းသင်းခဲ့ကြ ကာလတစ်လျောက်တွင်ကား သူသည် မိမိ၏ စာ ကို သော်လည်းကောင်း ၊ မိမိ ၏ အရေးအသားကို သော်လည်းကောင်း ၊ မိမိ၏ ဘာသာပြန်များကို သော်လည်းကောင်း၊ တစ်ကြိမ် တစ်ခါမျှ ကောင်းသည် ဆိုးသည် ဝေဖန်ပြောကြားဖူးခြင်း မရှိပါ ။ ( ချယ်ရီ ။ ဇန်နဝါရီ ။ ၁၉၈၆)

မိမိ နှင့် မြသန်းတင့်

နတ်နွယ် ( မိမိ နှင့် စာရေးဆရာ များ)



၁ - ``ကွမ်းစကား စာစုများကဲ့သို့ သော အရသာကို ပေးပါတယ် ။´´.....
၂ - ``ဘယ်ဟာ ကို အကြိုက်ဆုံးလဲဆိုတာ ပြောရခက်တယ် ။´´.....

3 comments:

imaginary clouds no2 - 8/11/07, 12:32 PM

[ :D ] ,,\o/ \o/ ဖတ်ပြီး ရီနေ တယ်ဗျို့  ။ “တစ်ကြိမ်တစ်ခါမျှ ကောင်းကောင်း ဆိုးဆိုး Post များကို ဖတ်ခြင်း မရှိပါ။ ” ကတော့  မဟုတ်လောက် ။ ဟား --ဟား ။ ကျနော် အဲဒိ ပို့စ်ကို တင်လိုက်တာ စိတ်ဝင်စားစရာ ကောင်းလို့ပါ ။ ဆရာ နတ်က အဲဒိ အပိုဒ်ကို အဲဒိ ဆောင်းပါးရဲ့နောက်ဆုံးပိတ် အပိုဒ် အနေနဲ့ ရေးတာ ။ အဲဒိ စာအုပ်ကို ကျနော် တော်တော်သဘောကျတယ် ။ ဦး ဝင်းဦး နဲ့ ဆရာ နတ်နွယ် ။ ဆရာ မြ ။ ဆရာ မောင်နေဝင်း ၊ ဆရာ ကျော်အောင် တို့ရဲ့ ချစ်ခင်မူ တွေ ။ ဆရာ မိုးဝေ အကြောင်း ( ”သူက အင်္ဂလိပ် ဘာသာနဲ့ ဝတ္ထု ရေးဖို့ မကြာခဏ ကြုံးဝါးခဲ့သည်”တဲ့) ။ ဆရာ မင်းကျော် အကြောင်းရေးတဲ့ဆောင်းပါးမှာ ဆရာ ဒဂုန်တာရာ အိမ်ကို ညကြီး သုံးဘီးငှားပြီး ဂုန်နီကြိုးသွားတောင်းတာတို့ ။ မဂ္ဂဇင်းပြီးသွားလို့ ချည်စရာ ကြိုးမရှိလို့ဆိုပြီးပြောတာတွေ ။ မိုးမိုး (အင်းလျား)။ ဦးကျော်ဟိန်း ရဲ့ ဓါးတောင်ကိုကျော်-- ရုပ်ရှင် ရိုက်ပြီး အစမ်းပြချိန်မှာ ဆရာနတ် နဲ့ ဆရာမြ။ ဦးကျော်ဟိန်းတို့ဆက်ဆံရေး ။ ---အန်ဒီရေ ကြိုက်လို့ ပိုစ့်တင်ရင် တအုပ်လုံးပြန်ရိုက်ရမယ့်ပုံ ရှိတယ် ။ ဒဂုန်တာရာ ရဲ့ ရုပ်ပုံလွာ ပြီးရင် ကျနော်ရဲ့ ဒုတိယ အကြိုက်ဆုံးစာအုပ်ပဲ ။

Andy Myint - 8/11/07, 3:00 PM
သိပါတယ်ဗျာ... Post တွေကို ခင်ဗျားလောက် အခေါက်ခေါက် အခါခါ ဖတ်တာ ဘယ်ရှိပါ့မလဲ.. ဇာတ်နာအောင် ပိတ်ထားတာ... ဟားဟား။
pandora - 5/21/10, 5:35 PM

ဒီပို့စ်လေးကို ပြန်ဖတ်ပြီး ရယ်သွားတယ်။ ဘာရယ်မဟုတ် အရင်က ပေါ့ပါးခဲ့တဲ့ အချိန်တွေကို သတိရသွားတယ်။

Post a Comment

Many thanks for dropping a comment…

Film