Wednesday, November 21, 2007

Feed တွေကို ဘယ်လို ချောင်းကြည့်

ကျွန်တော့်အတွက်တော့ Technical နဲ့ ဆိုင်တဲ့ Post တွေ ရေးရတာ လက်မတွေ့ပါဘူး။ အကြောင်းကတော့ စာဖတ်တဲ့ လူများစုရဲ့ Interest နဲ့ မကိုက်မှာစိုးလို့ရယ်၊ Technical ဆိုရင် တိတိကျကျ ရေးရပြီး ရွှီးဖြန်းလို့ မရတာရယ်၊ အင်္ဂလိပ်လို ရေးထားတာတွေက Google မှာ ရှာလိုက်ရင် ချက်ချင်း တွေ့နိုင်တာရယ်ကြောင့်ပါ။ ပြီးတော့ အလုပ် လုပ်လည်း ဒါ၊ အပျင်းပြေ ဘလောက်လည်း ဒါပဲ ဆိုရင်လည်း မဖြစ်သေးပြန်ဘူး။ ဒီလိုနဲ့ မရေးဖြစ်တာပါ။ ဒီ Postအတွက် ကိုရန်အောင် Request လုပ်ထားတာ ကြာနေပါပြီ။ ကျွန်တော်လည်း ဘယ်လိုမှ မအားတာနဲ့ မရေးဖြစ်တာပါ။ ပြောရမယ်ဆိုရင် Feed Peek ဆိုတာ ကိုယ့်ဘာသာကိုယ် နာမည် ပေးထားတာပါ။ Feed Reader လို Standard Term မဟုတ်ပါဘူး။ သူငယ်ချင်း Blog တွေ ကိုယ်ကြိုက်တဲ့ Blog တွေမှာ ဘာတွေ အသစ်ရေးထားလည်းဆိုတာကို တစ်ထိုင်တည်း ကြည့်ရအောင် လုပ်ရင်းနဲ့ လုပ်ဖြစ်သွားတာပါ။


ဒီနေရာမှာ ကျွန်တော်က Feed Peek နဲ့ ဆိုင်တာတွေပဲ ပြောပါရစေ။ Blogger (Blogspot) အတွက်ပဲ အကျုံးဝင်နိုင်ပါတယ်။

Feed

စာဖတ်သူဟာ RSS တွေ၊ Atom တွေ Feed နဲ့ ရင်းနှီးပြီးသားလို့ ယူဆလိုက်ပါမယ်။ လွယ်လွယ်ပဲ Feed လို့ သုံးလိုက်ပါမယ်။ Feed တွေကို ကျွန်တော် ကြိုက်တဲ့ အချက်ကတော့ Web Page တစ်ခုမှာရှိတဲ့ Content (Data) တွေကို Presentation (Formatting) မပါဘဲနဲ့ ကိုယ်ဆီကနေ (သူ့ Site သွားစရာမလိုဘဲ) ဆွဲထုတ် နိုင်တဲ့ အချက်ပါပဲ။

default နဲ့ full

Blog က Feed တွေကို ကျွန်တော်တို့ Feed Reader တွေနဲ့ ဖတ်ကြပါတယ်။ ဒီ Reader တွေမှာ Site တစ်ခုက Feed ကို Subscribe လုပ်ဖို့ Standard ဖြစ်နေတဲ့ လိမ္မော်ရောင် Icon လေးကို နှိပ်လိုက်ရုံပါပဲ။ ဒါမှမဟုတ် Feed Address (URL) တစ်ခု ရိုက်ထည့်ရပါတယ်။ ဥပမာ

http://wesheme.blogspot.com/feeds/posts/default
ဒါမှမဟုတ်
http://wesheme.blogspot.com/feeds/posts/full
ဒီနေရာမှာ default နဲ့ full မတူတဲ့ အချက်ကတော့ Feed ကို အပြည့်အစုံ ထုတ်ပေးထားတဲ့ Blog ကနေဆိုရင် နှစ်ခုစလုံး ဖတ်လို့ရပါမယ်။ Feed ကို Blogger Settings မှာ Short ပဲ ထုတ်ပေးထားရင်တော့ full ကို ကြည့်လို့ မရပါဘူး။ default ကနေတော့ တပိုင်းတစ ဖတ်လို့ ရပါသေးတယ်။ နောက်တစ်ခါ default နဲ့ဆို Blogger Settings မှာ Feed Redirect လုပ်ထားရင် Redirect လုပ်ထားတဲ့ URL ကို အလိုလို ရောက်သွားပါမယ်။ default ပါတဲ့ URL ကတော့ Subscribe လုပ်လို့ အသင့်တော် ဆုံးပါပဲ။

summary

ကျွန်တော့် Feed Peek အတွက်တော့ Post တစ်ခုလုံးက စာတွေ ယူပြီး ပြစရာ မလိုပါဘူး။ နည်းနည်း အမြည်းလောက် ဆိုရင် ရပါပြီ။ အဲဒီ အတွက် နောက်ထပ် Feed URL တစ်ခုကို သုံးပါတယ်။

http://wesheme.blogspot.com/feeds/posts/summary
ဒါဆိုရင် Post ကနေ အရှေ့က စာနည်းနည်းလောက်ပဲ ပါလာပါတော့တယ်။

max-results

ပုံမှန်ဆိုရင် ဒီလို summary feed ကို ဆွဲထုတ်လိုက်ရင် တစ်ခါတည်း Feed ၂၅ ခု ပါလာပါတယ်။ ကျွန်တော်က Site တစ်ခု ဆီကနေ ၂ ခုလောက်ပဲ လိုချင်ပါတယ်။ ၂ ခုဆိုရင် မနည်း မများပါ။ အစကတော့ ၁ ခုတည်း ပြမလို့ပါပဲ။ ၁ခုတည်းဆိုရင် အခုမြင်နေရတာက နောက်ဆုံး Post ဟုတ်လား မဟုတ်လား အလွယ် မသိနိုင်ဘူးလေ။ ၂ ခု ဆိုရင် ဒုတိယ တစ်ခုက ဖတ်ပြီးသားဆို ပထမဟာက နောက်ဆုံး ဆိုတာ သိနိုင်တယ်။ ၂ ခုစလုံး အသစ်ဖြစ်နေရင်တော့ တစ်မျိုးပေါ့။ တစ်ပတ်စာ အတွက်ကတော့ ၂ ခုဆိုရင် လောက်ပါတယ်။ အဲဒီတော့ ULR ကို ဒီလို ထပ်ပြင်လိုက်ပါတယ်။

http://wesheme.blogspot.com/feeds/posts/summary

?max-results=2

orderby

ပုံမှန်ဆိုရင်တော့ နောက်ဆုံး တင်တဲ့ (Publish လုပ်တဲ့) Post တွေက အရင်လာပါတယ်။ ဒါပေမယ့် (ကျွန်တော့် အကျင့်လို) အရင်ရေးထားတဲ့ Post တွေမှာ စာလုံးပေါင်းမှားတာ တွေ့လို့ ပြင်လိုက်ရင် ပြင်လိုက်ရင် Updated ဖြစ်တဲ့ Post တွေက အရင် ဖြစ်သွားတတ်ပါတယ်။ အဲဒါကြောင့် သေချာအောင် Published လုပ်ထားတဲ့ အချိန်နဲ့ စီလိုက်ပါတယ်။

http://wesheme.blogspot.com/feeds/posts/summary?

orderby=published&max-results=2

Yahoo Pipes

Blogspot ရဲ့ Feed URL အကြောင်းသိပြီးတဲ့ အချိန်မှာတော့ Site အများကြီးက Feed တွေကို ရောပေါင်းဖို့ အတွက် Web Site ရှာတော့ Yahoo က Pipes ဟာ အင်မတန် ကောင်းမွန်းပြီး အင်မတန် Powerful ဖြစ်တာကို တွေ့လိုက်ရတော့ ပျော်သွားပါတယ်။ Yahoo Pipes ဟာ RSS တွေ XML feed တွေကို Process လုပ်ဖို့ အကောင်းဆုံးပါပဲ။ User Interface ကလည်း ရိုရှင်းပြီး လွယ်တဲ့ အတွက် အမြန်ပဲ လေ့လာနိုင်ပါတယ်။ အဲဒီမှာ (သူ့အခေါ်နဲ့ဆို) Pipe တစ်ခု စလုပ်ပါတယ်။


Fetch Feed

ဒီ Control ကနေ Feed တွေကို ဆွဲယူပါတယ်။ အပေါ်မှာ ပြထားတဲ့ URL လိုမျိုးကို Blog နာမည်လေးပဲ ပြောင်းပြီး တစ်ခုပြီး တစ်ခု ထည့်ပါတယ်။

Sort

ဟိုလူကို ခင်လို့ သူ့ Blog က Feed တွေကို အပေါ်မှာ ထားလိုက်မယ်ဆိုတာမျိုး မဖြစ်ရအောင် နောက်ဆုံးမှ Published ဖြစ်တဲ့ Post တွေကို အရင် ထားလိုက်ပါတယ်။ ဒီလို လုပ်ဖို့ Sort Control နဲ့ Published Date တွေကို ကြီးစဉ် ငယ်လိုက် စီပါတယ်။ အလုပ်ထဲမှာ Database က Date တွေကို စီရင် များသောအားဖြင့်တော့ ပြောင်းပြန် (ကြီးစဉ် ငယ်လိုက်) စီသလိုမျိုး ပါပဲ။ ကွန်ပြူတာမှာကလည်း စီတာကို Sort ပြောလိုက် Order ပြောလိုက်ပါပဲ။

Loop နဲ့ SubString

Loop က Item တစ်ခုချင်းစီကို Process လုပ်ဖို့ပါ။ ဒီနေရာမှာတော့ Item တစ်ခုစီက Content တွေကို Sub String သုံးပြီး ၁၇၅ လုံး ဖြစ်အောင် ထပ်ဖြတ်ပါတယ်။ Summary ယူထားတာတောင် စာလုံးရေက ၄၀၀ လောက် ဖြစ်နေပြီး အရမ်း ရှည်နေတာနဲ့ ထပ်ဖြတ်ရတာပါ။

Output

နောက်ဆုံးမှာတော့ Output Control ထဲ ထည့်လိုက်ရပါတယ်။ အခု လုပ်ထားတဲ့ Pipe ကိုတော့ ဒီနေရာမှာ သွားကြည့်လို့ ရပါတယ်။ Output ကနေ ထွက်လာတာ RSS XML ပါ။ XML တွေဟာ System တစ်ခုကနေ တခြားတစ်ခုကို Data တွေ အလဲအလှယ်လုပ်ဖို့ ဘုံ ဘာသာ စကားပါ။ အားလုံး နားလည်နိုင်တဲ့ Language ပါ။ ဒါပေမယ့် XML က ကျစ်လစ်မှု မရှိပါဘူး။ ပြီးတော့ Javascript ကနေ XML ကို သုံးမယ်ဆို Parse လုပ်နေရဦးမယ်။ အဲဒီအတွက် JSON Format နဲ့ Output ကို ပြောင်းထုတ်လိုက်ပါတယ်။ ဒီလို JSON ရဖို့ Pipe ရဲ့ URL မှာ _render ဆိုတဲ့ Query string တစ်ခု ထပ်ထည့်ပေးရပါတယ်။

http://pipes.yahoo.com/pipes/pipe.run?_id=DrM0O58u3BGU1K1cJphxuA

&_render=json


နမူနာ XML တစ်ခုပါ
<Person>

    <firstName>Andy</firstName>

    <lastName>Myint</lastName>

    <address>

        <streetAddress>Main Road</streetAddress>

        <city>Sydney</city>

        <state>NSW</state>

        <postalCode>10001</postalCode>

    </address>

    <phoneNumbers>

        <phoneNumber>02 1234 5678</phoneNumber>

        <phoneNumber>04 5678 1234</phoneNumber>

    </phoneNumbers>

</Person>



JSON (Javascript Object Notation)

JSON က Javascript မှာ Object တွေကို Serialize လုပ်တာပါ။ Javascript ကနေ Data တွေကို အလွယ် Load လုပ်နိုင်ပါတယ်။ ဒါ နမူနာ တစ်ခုပါ
{

    "firstName": "Andy",

    "lastName": "Myint",

    "address": {

        "streetAddress": "Main Road",

        "city": "Sydney",

        "state": "NSW",

        "postalCode": 10001

    },

    "phoneNumbers": [

        "02 1234 5678",

        "04 5678 1234"

    ]

}



Javascript

JSON ကနေရလာတဲ့ Data တွေကို Javascript ထဲထည့်ပြီး Process လုပ်လိုက်ပါတယ်။ ကိုယ် လိုချင်တဲ့ Format တွေ ဘာတွေ ထည့်လို့ရသွားပါတယ်။ JSON URL ကနေပဲ Callback Method အနေနဲ့ Javascript ကို လှမ်းခေါ်ထားပါတယ်။

http://pipes.yahoo.com/pipes/pipe.run?_id=DrM0O58u3BGU1K1cJphxuA

&_render=json&_callback=feedPeek
အဲဒီမှာ feedPeek ဆိုတာ Javascript Function တစ်ခုပါ။ Argument တစ်ခု လက်ခံထားပါတယ်။ Caller ကနေ လှမ်းဖြည့်ပေးဖို့ပါ။ အဲဒီ obj ဆိုတဲ့ Parameter ထဲမှာ JSON က Data တွေဟာ Object အနေနဲ့ ၀င်သွားပါတယ်။
function feedPeek(obj) {

  for (var i = 0; i <  obj.count ; i++) {

    if (i == obj.count) break;

    var ent = obj.value.items[i];

    var url = ent.link;

    var pDate = ent.pubDate;

    var author = ent.author.name;   

    var re = /<\S[^>]*>/g;

    var pCnt = ent.summary.content.replace(re, "");

    var title = l(url, ent.title,true);

    var rmLink = l(url,"<img src=\"http://andymyint.googlepages.com/new_windows.JPG\"/>",true);

    var mnth = pDate.substring(5,7);

    var ma = a();

       

    w('<div class="FeedPeek">');  

        d("FeedPeekTitle",title);

        d("FeedPeekAuthor", ma[parseInt(mnth,10)] + ' ' + pDate.substring(8,10) + ' - ' + author);

        d("FeedPeekSummary",pCnt + '...' + rmLink);   

    w('</div>');  

    }

}

Javascript ထဲမှာ မြင်တဲ့ အတိုင်းပဲ dot notation နဲ့ data တွေကို အလွယ် ယူသုံးသွားပါတယ်။ အပေါ်က JavaScript ကို File တစ်ခုထဲမှာ ထည့်ပြီး တစ်နေရာရာမှာ Host လုပ်ပါတယ်။ ပြီးရင် Blog ရဲ့ Edit Template HTML မှာ တစ်နေရာရာမှာ Host လုပ်ထားတဲ့ Script ကို လင့်ပြန်လုပ်ပါတယ်။ HTML Code တွေထဲမှာ </title> ဆိုတဲ့ Code အောက်တစ်လိုင်းမှာ ထည့်ပါတယ်။ External Script တွေကို ထည့်ပုံကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။


ဒီလောက်ဆိုရင်တော့ ကျွန်တော် Feed Peek ကို ဘယ်လို Implement လုပ်ထားသလဲဆိုတာ သိရပါပြီ။ အကျဉ်းသဘောပဲ ရေးထားပေမယ့် တကယ်လုပ်ကြည့်မယ်ဆို မခက်ပါဘူး။ Yahoo Pipes တို့ JSON တို့ကို တခြားနေရာမှာ သုံးမယ်ဆိုလည်း အသုံးတည့်မှာပါ။


ပြီးတော့ Layout-> Page ELements ကို သွားပါတယ်။ "Add a Gadget" လုပ်ပြီး "HTML/JavaScript " Element ကို ထည့်ပါတယ်။ ပြီးတော့ ခုဏက Address ကို သုံးပြီး



ထည့်ပါတယ်။ စာတွေက ဆက်တိုက်ပါ။ လိုင်း တစ်လိုင်း မဆင်းပါဘူး။


တကယ်လို့ ဒါမျိုး လိုက်လုပ်ချင်တယ်ဆိုရင် ကျွန်တော့် JavaScript တွေ ကူးပြီး တစ်နေရာမှာ Host လုပ်ပါ။ ကျွန်တော့်ရဲ့ Yahoo Pipes ကို Clone လုပ်ပြီး ကိုယ်လိုချင်သလို ပြင်ယူပါ။ Script ရဲ့ scr="..." ဆိုတဲ့ Address ကို ပြန်ပြင်ပြီး သုံးလို့ ရပါပြီ။

27 comments:

Yan - 11/22/07, 1:29 PM

ဒီပို့စ်လေးအတွက် ကျေးဇူးအများကြီးတင်ပါတယ် ကို Andy ရေ... bloggerhelpdesk အတွက်ပါ ဖော်ပြခွင့် တောင်းခံပါတယ်. သိပ်ကိုကောင်းမွန်ပြီး ဗဟုသုတရစေတဲ့ ပို့စ်လေးပါပဲံ. ဆက်လက်ပြီး စာကောင်းပေကောင်းတွေ ရေးသားပြုစုနိုင်ပါစေခင်ဗျာ...

ခင်မင်လေးစားလျက်

ရန်အောင်

Andy Myint - 11/22/07, 1:36 PM
Blogger Help Desk မှာ ဖော်ပြမယ်ဆို ၀မ်းသာရပါတယ်။
Myo Kyaw Htun - 11/22/07, 2:48 PM

Yahoo pipe တော့ ဟိုတလောက စမ်းဖူးသေးတယ်။ သေချာတော့ မလုပ်ဖြစ်ဘူး။ အစ်ကို လုပ်ထားတာ မိုက်တယ်။ အဲ့ဒါ့မျိုးလေးလဲ လုပ်ကြည့်ချင်သေးတယ်။

imaginary clouds no 2 - 11/23/07, 3:19 AM

အန်ဒီ ဒီလိုပို့စ်မျိုး ခပ်များများရေးပါလို့တိုက်တွန်းပါတယ် (မီးတိုက်တာပေါ့)။ ကောင်းတယ်။ အားပေးတယ် ။ ဆက်လုပ်ဖြစ်ပါစေလို့လဲ ထပ်တိုက်တွန်းတယ်။

sawphonelu - 11/24/07, 2:45 AM

ဦး အောင်(ကျော်)မြင့် (ME Australia ) ဆိုပြီး စာအုပ်ထုတ်ကွာ ။

Andy Myint - 11/26/07, 9:52 AM
မြှောက်ပေးကြဗျာ။ …… တက်အောင် ကမယ်။ (မိုးပေါ်)
Michael Sync - 1/12/08, 4:30 PM

>>ပြီးတော့ အလုပ် လုပ်လည်း ဒါ၊ အပျင်းပြေ ဘလောက်လည်း ဒါပဲ ဆိုရင်လည်း မဖြစ်သေးပြန်ဘူး။

this is very true for me. :)

အောင်နိုင်ထွန်း - 2/3/08, 5:40 PM

ကို Andy ရေ...
ကျွန်တော် အောင်နိုင်ထွန်းပါ၊ ခုမှ blog စလေ့လာနေတာပါ
ကို andy blog ကနေ ကျွန်တော် ပညာယူနေရပါတယ်
အဲဒီအတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်ဗျာ
တစ်ခုကလေ ကျွန်တော် pipe ကို လုပ်လို့ ရတယ်ဗျ
blog ထဲကို မထည့်တတ်ဘူးဖြစ်နေလို့
နဲနဲလောက် ကူပေးပါဦးဗျာ

Andy Myint - 2/3/08, 10:26 PM
ကျွန်တော်ဆီက Javasrcipt File တွေ Download လုပ်ပြီး Hosting တစ်ခုခုမှာ တင်ပါ။ ပြီးရင် Layout မှာ HTML/Javascript Page Element ထည့်ပြီး ဒီစာလေး ထည့်လိုက်ပါ။
<script src=
"http://pipes.yahoo.com/pipes/pipe.run?_id=DrM0O58u3BGU1K1cJphxuA&_render=json&_callback=feedPeek">
</script>
CSS class တွေ အတွက် လိုအပ်တဲ့ Style တွေ ပေးပါ။
ဒီအတိုင်းဆို လုပ်လို့ ရနိုင်ပါတယ်။ မရသေးရင်လည်း ပြောပါ ခင်ဗျာ။
အောင်နိုင်ထွန်း - 2/4/08, 9:56 PM

ရသေးဘူးဗျ
အဟီး
ကျွန်တော့်လို လူပိန်းနားလည်အောင် ရှင်းပြပေးပါဗျာ
အလုပ်ရှုပ်နေရင်လဲ အားမှရှင်းပေးပါဗျာ

Andy Myint - 2/5/08, 11:06 PM
ကျွန်တော် အားတာနဲ့ Email အသေအချာ ပို့လိုက်ပါမယ်။
shwedarling.com - 8/18/08, 10:59 PM

Hi Ko Andy,

Very handy implementation of yahoo pipe. Could we please have your permission to use FeedPeek.js source code for Myanmar Blogs section on shwedarling.com blog? We will host the js file on our own server and credit the usage.

Thanks,
shwedarling.com

Andy Myint - 8/19/08, 9:24 AM
I appreciate your request. Please feel free to use JS locally. You might also need
Library.JS for some functions. Let me know if I can be of any help.
shwedarling.com - 8/19/08, 11:08 PM

Thank you, Ko Andy. We have implemented it on our blog.

Just one question, would you have any idea why only 4 entries are being displayed? Is there any setting we need to change in Yahoo Pipe?

Andy Myint - 8/20/08, 8:56 AM
That’s due to ainchannmyay blog feed which has “pubDate” entity instead of “published” and script got error. I have changed FeedPeek.js to suit this. Pls download the new one or change the line to “var pDate=ent.pubDate;”
shwedarling.com - 8/20/08, 8:16 PM

Thank you. It's perfect now. :)

ပီကေ - 11/19/08, 3:04 AM

အဆင်ပြေရင် တစ်ချက်လောက် ကြည့်ပေးပါဦး။ ကျနော် လုပ်ထားတာ summary က ဘာမှ မပေါ်ဘူး ဖြစ်နေတယ်။ ဘာများ လိုလို့ပါလိမ့်။

My LINK

ကျေးဇူးတင်ပါတယ်။

ပီကေ - 11/19/08, 3:41 AM

အနှောက်အယှက် ပေးမိတာ ဆောရီးပါဗျာ။ အဆင်ပြေသွားပြီဗျ။

http://pikay.myanmarbloggers.org/feeds/posts/summary?orderby=published&max-results=2

နဲ့ လုပ်ထားတာ နဂိုက။

အခု summary ကနေ full ပြောင်းလိုက်တာ post body တွေပါ ပေါ်လာပြီ။

ဒီပို့စ်လေးနဲ့ ဝေမျှပေးတဲ့အတွက် ကျေးဇူးပါ။

မျက်လုံး ညွှန်းလိုက်လို့ အခုမှ လာဖတ်မိတာပါ။

MrDBA - 1/16/09, 3:21 AM

ခုနောက်ဆုံးလုပ်ထားတဲ့ Tag ရယ် comment ရယ်ပါအောင် Feed peek ဘယ်လိုလုပ်ထားသလဲဗျာ ကိုအန်ဒီ။

mtj - 2/10/09, 12:35 PM

ကိုအင်ဒီ ခင်ဗျာ
pipe တစ်ခုတော့ လုပ်ပြီးသွားပါပြီ ဒါပေမယ့် ကိုအန်ဒီဆီမှာလို date နဲ့ author နာမည်တွေ မပေါ်ဘူးဗျ။ ကျွန်တော်က badge ကနေ ကုဒ်ယူပြီး blog widget ကို ဆွဲထည့်လိုက်ပါတယ်။ ဘယ်လိုလုပ်မှ အဆင်ပြေနိုင်မယ် ဆိုတာ နည်းနည်းရှင်းပြပေးပါလား။ pipe source မှာ မှားနေတာ ရှိရင်လဲ ထောက်ပြပေးပါခင်ဗျာ။

http://pipes.yahoo.com/pipes/pipe.info?_id=tAqo_8H23RGxTB7sBBNMsA

kwnaing@gmail.com

Andy Myint - 2/10/09, 1:52 PM
Mr DBA -> အခု Blogspot ရဲ့ XML မှာ Comment တွေ Tag တွေ ပါလာတော့ Javascript ကိုပြင်လိုက်ရင် ပေါ်လာတာပါ။ ကျွန်တော့် Javascript ကို Download လုပ်ကြည့်ပါ ခင်ဗျာ။

MTJ -> Yahoo pipe badge မှာ Author တို့ဘာတို့ မပါဘူး။ ကျွန်တော်က Javascript နဲ့ လုပ်ထားလို့။ TZA ရဲ့ Pipe ကို သွားကြည့်ပါလား။ သူက Author မပါ ပါအောင် လုပ်ထားတယ်
mtj - 2/10/09, 2:18 PM

ကျေးဇူးကြီးကြီးပါ ကိုအင်ဒီရေ
စမ်းကြည့်လိုက်မယ် :)

ကိုအောင်(ပျူနိုင်ငံ) - 3/15/10, 10:31 PM

အကို ရေးထားတာ ကျနော် ထပ်ခါတလဲလဲ ဖတ်တယ်၊ သဘောမပေါက်ဘူး
ဖြစ်နေတယ်၊ ဘယ်လို စလုပ်ရမလဲ ဆိုတာကို မျက်စိလည်နေ ကိုအင်ဒီ။

Andy Myint - 3/19/10, 11:07 AM
ကိုအောင် << ကျွန်တော် ပြန်ဖတ်ကြည့်ပြီး နည်းနည်း ပြင်ထားတယ်။ ဘယ်နားမှာ တစ် နေသလဲ နားလည်ရခက်နေသလဲကို ပြောပြပေးပါ။ ကျွန်တော် လိုက်လုပ်လို့ ရအောင် နားလည်တဲ့ အထိ အသေးစိတ် ပြင်ရေးပေးပါမည်။
ကိုအောင်(ပျူနိုင်ငံ) - 3/19/10, 9:48 PM
This comment has been removed by the author.
ကိုအောင်(ပျူနိုင်ငံ) - 3/19/10, 9:55 PM

အကိုရေ အကို့ yahoo pipes ကို ကျနော် clone လုပ်တာတောင်
ကျနော့် Address မှာ ၂၂ လုံးမကဘူး၊ ၃၂ လောက် လာပေါ်နေတယ်၊
အဲဒီအပြင် layout က head အပေါ်မှာ
ဘယ်လို ထပ်ဖြည့်ရမလဲ ဆိုတာလဲ ကျနော်ကောင်းကောင်း
မသိဘူး၊ ကိုအင်ဒီ အားရင် ကျနော့်မေးလ် ko.aungdk@gmail.com ကို စာနဲ့ ရှင်းပြလို့ရမလားဗျာ၊ ကျွန်တော့်လို လူပိန်း နားလည်
အောင် ရှင်းပြပေးပါဗျာ၊ ကျနော်တကယ်ကို ရွာလည်နေလို့၊
ခင်မင်လျက်
ကိုအောင်

ကိုအောင်(ပျူနိုင်ငံ) - 3/19/10, 10:00 PM

အကိုရေ အကို့ yahoo pipes ကို ကျနော် clone လုပ်တာတောင်
ကျနော့် Address မှာ ၂၂ လုံးမကဘူး၊ ၃၂ လောက် လာပေါ်နေတယ်၊
အဲဒီအပြင် layout က head အပေါ်မှာ
ဘယ်လို ထပ်ဖြည့်ရမလဲ ဆိုတာလဲ ကျနော်ကောင်းကောင်း
မသိဘူး၊ ကိုအင်ဒီ အားရင် ကျနော့်မေးလ် ko.aungdk@gmail.com ကို စာနဲ့ ရှင်းပြလို့ရမလားဗျာ၊ ကျွန်တော့်လို လူပိန်း နားလည်
အောင် ရှင်းပြပေးပါဗျာ၊ ကျနော်တကယ်ကို ရွာလည်နေလို့၊
ခင်မင်လျက်
ကိုအောင်

Post a Comment

Many thanks for dropping a comment…

Film