Sunday, January 13, 2008

Pet ကလေး အရွယ် (၈လမှ ၉လ)

ဒီအရွယ် ၈လကျော်ကိုတော့ တခြား မိဘတွေက ကိုယ့်ကလေးကို ဘယ်အရွယ် ပြောမလဲ မသိ၊ ကျွန်တော်တို့ အတွက်တော့ သမီးတုန်က ချစ်စရာ အိမ်မွေး အကောင်လေး အရွယ်ပါပဲ။ သူဘာသာသူ သွားတတ်တယ်။ (ဘာမှန်း မသိ) ပြန်ပြောဖို့ အသံ ထွက်တတ်တယ်။ အစားကျွေးထားရင် သူဘာသူ ကောက်စားပြီး ငြိမ်နေတတ်တယ်။ ကုန်သွားရင် အသံ ထွက်ပြီး ထပ်တောင်းမယ်။ မီးဖိုဆောင်ထဲ မ၀င်ရရင် အော်မယ်။ သားသမီးများ သူဘာသာသူ နည်းနည်း ရပ်တတ်၊ နည်းနည်း နားလည်စ ပြုတာနဲ့ မိဘကို ကလန်ကဆန် လုပ်တော့တာပဲ။ အင်း... တကယ်တော့ ဒီလို နည်းနည်း နာလည်စ ပြုလာတဲ့ အရွယ်ဟာ ချစ်စရာ အရုပ်ကလေး အရွယ် ထက် အများကြီး သာပြီး ချစ်စရာ Pet ကလေး အရွယ် ဖြစ်လာပြီး ကျွန်တော်တို့ အတွက် အချစ်တွေ နှစ်ဆလောက် ပွားပြီး ချစ်နေရတာပါ။ သူ့အမေဆို ဒီအရွယ်ကနေ ကြီးသွားမှာတောင် စိုးနေတယ်။ သူ့အဘိုး အဘွားတွေ များရှိလို့ကတော့ အသည်းတုန်၊ အူတုန်တောင် ဖြစ်နေမယ့် အရွယ်ပါ။

မြင့်မြတ်နိုးလေးဟာ ၈လကျော်တာနဲ့ သူ့ဘာသာသူ ပရိဘောဂတွေကို ကိုင်ပြီးတော့ ရပ်တတ်လာပါတယ်။ မတိုင်ခင်က လူကြီး အကူအညီ ပါရပေမယ့် အခုဆို ချက်ချင်း ဆွဲထူပြီး မတ်တတ် ထတတ်ပါလာပါတယ်။ စ ရပ်ရပ်ချင်းတုန်းကတော့ ရပ်ပြီးရင် မရွှေ့တတ်သေးပါဘူး။ သူရွှေ့ဖို့ ကြိုးစားပေမယ့် ဘယ်လို လုပ်ရမယ်ဆိုတာ မသိဘူး ဖြစ်နေတာပါ။ နောက်တော့မှ ခြေထောက်လေးတွေကို ဂဏန်းသွား သွားတတ်လာတာပါ။ လက်ကိုလည်း ဖြေးဖြေးချင်း ရွှေ့၊ ခြေထောက်ကိုလည်း ရွှေ့ရွှေ့ပြီး သွားတာပါ။

သူ့အတွက် နောက်ထပ် အခက်အခဲ တစ်ခုကတော့ မတ်တတ်ရပ်တတ်ပေမယ့် ပြန် မထိုင်တတ်တာပါ။ မတ်တတ်ရပ်ပြီး အောက်ပြန်ဆင်းချင်ရင် လူကြီးကို အော်အော်ခေါ်ပါတယ်။ တစ်ခါတစ်လေကျရင် သူ့ဘာသာသူပဲ နောက်ကို လှန်ချလိုက်ပါတယ်။ အစတုန်းက ၃-၄ ခါလောက်တော့ ပက်လက် လန်ကျပါတယ်။ တော်သေးတာပေါ့ ကော်ဇောခင်းထားလို့။ သံမံတလင်းဆိုရင်တော့ မစားသာဘူး။ ဒါတောင် ခေါင်းနဲ့ကျမှာ စိုးလို့ မနည်း လိုက်ကြည့်နေရတယ်။ နောက်တော့မှ ဒူးကလေးကို ကွေးပြီး လက်က အနိမ့်ပိုင်းကို ရွှေ့ပြီး ထိုင်တတ်တာပါ။ တကယ်တော့ ထိုင်တာ မဟုတ်သေးပါဘူး။ မတ်တတ်ရပ်နေရကနေ လေးဘက်ထောက်သလို ဖြစ်အောင် လုပ်လိုက်တာပါ။ အဲဒီကနေ နောက်ထပ် Advance ဖြစ်လာတာကတော့ ပစ္စည်း တစ်ခုကို ကိုင်ပြီး မတ်တတ်ရပ် နေရာကနေ နည်းနည်း ခြားတဲ့ တခြား တစ်ခုကို ပြောင်းကိုင်ပြီး ရွှေ့သွားဖို့ပါပဲ။ ဥပမာ ထမင်းစား စာပွဲအောက်မှာ ထိုင်ခုံတွေ တစ်လုံးကနေ တစ်လုံ ပြောင်းပြီး လျောက်သွားတာမျိုးပါ။ အဲဒါမျိုး ၈လခွဲ ကျော်ကျော် အရွယ်မှ စလုပ်တတ်တာပါ။ တစ်နေ့က အပြင်သွားတော့ ရုံးတစ်ခုက Lounge ထဲမှာ ထိုင်ခုံတွေ ကိုင်ပြီး သူဘာသူ လျှောက်သွားနေတော့ တခြား အမျိုးသမီးတွေကြီးတွေက ဘယ်အရွယ်လဲ မေးတော့ ၉ လလို့ ပြန်ဖြေတာ ၉လမှာ ဒီလို လျှောက်သွားတတ်တာ တော်တော် တတ်တာပဲလို့ တော်တော်များများက ပြောကြမှာ သူ့ကလေး နောက်ကျကျန်နေမှာ စိုးတဲ့ အမေလည်း စိတ်အေးပြီး ပီတိတွေ ဖြာနေတယ်။ ဟုတ်တယ် အဲဒီမှာပဲ တွေ့တဲ့ တခြား ၁နှစ် နီပါး ကလေးဟာ ကောင်းကောင်း ထိုင်တတ်နေပေမယ့် လမ်းလျှောက်တတ်ပုံကတော့ သူနဲ့ မကွာပါဘူး။ ကလေးတွေရဲ့ စွမ်းဆောင်ရည်ကို တစ်သမတ်တည်း မှတ်ထားလို့ မရပါဘူး။ သူတို့ လုပ်တတ်တာ နည်းနည်း စောမယ်၊ နည်းနည်း နောက်ကျနိုင်ပါတယ်။

မတ်တတ်လည်း ရပ်တတ်ရော တစ်အိမ်လုံး သွားပြီး ဆော့တော့ ဖွတော့တာပါပဲ။ သူ အ၀တ်ပုံးကို နှိုက်လို့ လွယ်အောင် အိမ်ရှေ့မှာ ထားတာ သူ့အတွက် အကြိုက်ပါပဲ။ ရိုးရိုး ပလတ်စတစ်ပုံးကို အပေါ်မှာ အဖုံးနဲ့ပါ။ ပထမတော့ အ၀တ်ပုံးပေါ် လက်ထောက်ထားလို့ သူ မဖွင့်တတ်ဘူး ဖြစ်နေပါတယ်။ နောက်တော့ သဘော ပေါက်သွားပြီး ထောက်ထားတဲ့ လက်ကို ဖယ်ပြီးမှ ဆွဲဖွင့်ချပါတယ်။ ပြီးရင်တော့ အ၀တ်တွေကို တစ်ခုပြီး တစ်ခု ဆွဲထုတ်ပြီး ဖွတော့ တာပဲ။

ဒီလို မတ်တတ်ရပ်တတ်လာတော့ ရပ်ပြီး ကိုင်တွန်းရတဲ့ ကစားစရာ ကားလေး တစ်ခု ၀ယ်ပေးထားတယ်။ ကားလေးမှာ ခလုတ်လေးတွေ ပါပြီး နှိပ်လိုက်ရင် အသံထွက်တော့ ကြိုက်ပါတယ်။ ၀ယ်ပေးပြီး တစ်ရက်နှစ်ရက် နေတာနဲ့ ခလုတ်နှိပ်ရင် အသံထွက်မှန်း သိပြီး ဆော့တတ်သွားပါတယ်။ နောက်တော့ ဘယ်ကနေ ဘယ်လို တတ်သွားလည်း မသိ။ တီးလုံးသံ ကြားတာနဲ့ ကတတ်လာပါတယ်။ ကိုယ်ကို ဘယ်ညာ ယိမ်းမယ်။ ခဏနေရင် ရပ်ပြီး ဖင်လေးကို ရှေ့ပစ်နောက်ပစ်နဲ့ ပုံစံ ပြောင်း ကမယ်။ သူ့ ကစားစရာ ကားလေးက အသံ ကြားမှ မဟုတ်။ တီဗွီက တီးလုံးသံ ကြားရင်လည်း ကတော့တပဲ။ သင်ပေးရင်တော့ တတ်မှာ မဟုတ်တဲ့ အရွယ်မှာ တီးလုံးသံ ကြားတာနဲ့ ကတတ်တာ အင်မတန် ဆန်းကြယ်ပါတယ်။ ကျွန်တော်တို့ နှစ်ယောက်မှာ သူ့ကိုကြည့်ပြီး `က´တာမျိုးဟာ သင်ပေးစရာ မလို Instinct ပဲလို့တောင် ပြောရမလို ဖြစ်နေတယ်။ ပြီးတော့ စင်္ကာက သူ့အဒေါ်များ On-line တက်လာလို့ Speaker ကနေ အသံ ကြားလို့ ရှိရင် ကားလေးမှာ သွားကပြလိုက် ကွန်ပြူတာရှေ့လာပြီး ကြည့်လိုက်နဲ့ သူ့ခမျာ ဗျာများနေတော့တာပဲ။


တကယ်ဆို အခု အရွယ်မှာ နည်းနည်းတော့ ထိုင်တတ်ရမှပါ။ သမီးကတော့ အခု ထက်ထိ မထိုင်သေးပါဘူး။ သူက ထိုင်ဆော့ ချင်တာမျိုးမဟုတ်ပဲ တအိမ်လုံး လျှောက်သွားပြီး ဆော့ချင်နေလို့လည်း ဖြစ်မှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့က ထမင်းစားပွဲမှာ ထိုင်စားတဲ့ ခုံလေး ၀ယ်ပေးထားတော့ နည်းနည်း ထိုင်လာပါပြီ။ သူက အဲဒီလို ခုံမျိုးတွေ၊ Car Seat တို့၊ Stroller တို့၊ Rocking Chair တို့မှာ ခါးပတ်ပတ်ပြီး ထိုင်ရတာ သိပ်မကြိုက်လှပါဘူး။ မထိုင် တတ်ပါဘူး။ အခုတော့ အဲဒီ ခုံမှာ ထိုင်ရင်တော့ အစားစားရမှန်း သိတော့ ထိုင်လာပါပြီ။ အဲဒီခုံလေးက သူငယ်ချင်းရဲ့ ကလေးအတွက် ၀ယ်သုံးနေတာ ကလေး အတော် ကြီးတဲ့ အထိသုံးလို့ ရနေပါသေးတယ်။ စားသောက်ဆိုင်တွေ ဘာတွေ သွားရင်လည်း ယူသွားပြီး ကြိုက်တဲ့ ခုံမှာ အလွယ် တွဲချည်လို့ ရပါတယ်။ သယ်သွားလို့လည်း လွယ်ပါတယ်။ ဆေးလို့ ပြုလို့ လည်းလွယ် ရပါတယ်။ ၀ယ်မယ်ဆို Fisher-Price က Booster Seat ကို ၀ယ်ဖို့ ညွန်းလိုပါတယ်။

အဲဒီ ခုံပေါ် တင်ပေးထားပြီး အစားအစာ ပေးထားရင် ငြိမ်နေတာပဲ။ စားစရာ အဖတ် လေးတွေကိုလည်း လက်နဲ့ ကောက်တတ် လာပါပြီ။ စပျစ်သီးလိုမျိုး ပန်းသီးလိုမျိုးကို လှီးပေးထားရင် လက်မနဲ့ လက်ညှိုးကြား ညှပ်ပြီး ကောက်တတ်ပါတယ်။ ပါးစပ်ထဲက အစာဖတ်တွေကိုလည်း အဲဒီလို နှိုက်ထုတ် တတ်နေတော့ တစ်ခါ တစ်လေတော့ စိတ်တိုရပါတယ်။ Juice တွေ ဘာတွေဆိုရင်တော့ ပိုက်(Straw) နဲ့ တိုက်ပါတယ်။ သူဘာသာ သူတော့ မစုပ်တတ်သေးပါဘူး။ ပိုက်ထဲကို စုတ်ပြီး ထိပ်ကို လက်ချောင်းနဲ့ ပိတ်ပေးထားပြီး သူ့ ပါးစပ်ထဲရောက်မှ ဖွင့်ပေးလိုက်တာမျိုးပေါ့။ အစားကျွေးလို့ ကုန်သွားရင်လည်း ထပ်လိုချင်ရင် အော်တောင်းပါတယ်။

အခုဆို Command တစ်ခု နှစ်ခုကိုလည်း နားလည်နေပါပြီ။ `လာဟေ့၊ လာဟေ့´ဆိုရင် ရောက်ရာကနေ ပြန်လာပါတယ်။ သူကိုင်ထားတာကို လက်ဝါးဖြန့် တောင်းရင် လူကြီး လက်ထဲ ထည့်ပေးပါတယ်။ `No .. No´ ဆိုပြီး တစ်ခုခုက မလုပ်ဖို့ ပြောရင်လည်း နည်းနည်းတော့ နားလည်ပါတယ်။ တစ်ခါတစ်လေကျရင် သူကလည်း လုပ်ချင်နေတာဆိုရင် လူကြီးကိုတောင် ပြန်အော်လိုက်သေးတယ်။ ချိုမိုင်မိုင်လိုမျိုး လက်ကလေးကို ဆန့်ပြီး လက်ချောင်းလေးတွေကို ဆုတ်လိုက် ဖြန့်လိုက်လည်း လုပ်တတ်နေပါပြီ။ အစတုန်းက သူဆော့ဖို့ အောက်ချပေးထားတဲ့ ၄လက်မလောက် မြင့်တဲ့ ထိုင်ခုံ Cushion ကို ဆင်းလိုက် တက်လိုက် လုပ်နေရကနေ ၇-၈ လက်မလောက် မြင့်တဲ့ မွေ့ယာပေါ်ကနေ ဆင်းတတ် တက်တတ်လာပါပြီ။ ကျွန်တော်တို့က ကလေး ကျတာတွေ ဘာတွေ ဖြစ်မှာ စိုးလို့ ကုတင်နဲ့ မအိပ်ဘဲ မွေ့ယာကို ကြမ်းပြင်ပေါ်ချပြီး အိပ်ပါတယ်။ မနက်မိုးလင်းပြီးဆို လူကြီးတွေ မနိုးသေးဘူး သူက နိုးပြီး လျှောက်သွား လျှောက်ဆော့ နေပါပြီ။

သူဘာသာသူ တောက်တောက်သွားလိုက် ဆော့လိုက်၊ တွေ့ကရာ ကောက်စားလိုက်၊ လူကြီးတွေကို ခေါင်းတိုးပြီး ချွဲလိုက်နဲ့ တကယ့်ကို Pet ကလေး အတိုင်းပါပဲ။

သမီးရဲ့ အစားအစာနဲ့ တိုးတက်မှု ( ၅လမှ ၈လ အထိ)
လေးလကျော်ရွယ် ချစ်စဖွယ်
၃လပြည့်
အမြင်အာရုံ တိုးတက်မှု (၂ လခွဲ အရွယ် အထိ)
တစ်လပြည့်အလှူ
သမီးလေးရဲ့ တိုးတက်မှု

12 comments:

imaginary clouds no 2 - 1/13/08, 4:41 PM

သမီးမြတ်နိုးလေးက ချစ်စရာ အတော်ကောင်းတယ် ။ ဗီဒီယို ကလစ်တွေထဲ က အမူအရာတွေကော ။ ( နောက်ဆို လက်တောပ့် ကို ရေနဲ့လောင်းတာတို့ ။ တီဗီကို ဆွဲချတာတို့ လုပ်လာမယ်လို့ အန်ဒီ မျှော်လင့်ထားပြီးပြီလို့ ကျနော်ယုံတယ် ။) ကျနော် ဝမ်းခွဲညီတစ်ယောက်ဆို ခပ်ငယ်ငယ်က တီဗီကို တုတ်နဲ့ရိုက်တာ။ ဘာကို မကျေနပ်နေလဲ မသိဘူး ။ နောက် အိမ်နားက ကလေးမလေးတစ်ယောက်ဆို စိတ်ဆိုးလို့သူလိုချင်တာမရရင် နံရံတို့ ။ သံမံတလင်းတို့ကို ခေါင်းနဲ့တိုက်တာ ။ တကယ်ကိုတိုက်တာ ။

nu-san - 1/14/08, 4:00 AM

တုန်တုန်ပုံလေးက တော်တော်ချစ်ဖို့ကောင်းနေပြီ။ အမဆို အပြင်မှာတခါမှ မမြင်ဖူးပေမယ့် သူ့ကို Andy ရဲ့ blog ကနေ ကြည့်ရင်း မျက်စိအောက်မှာကိုပဲ ၈ လကျော်လာပြီ။ တီတီတာတာပြောတတ်ရင်ပိုပြီး ချစ်ဖို့ကောင်းအုံးမယ်နော်.. သူ့ပါးနှစ်ဘက်က ဖောင်းနေတာပဲ.. :)

Andy Myint - 1/14/08, 9:51 AM
ဟုတ်တယ်.. ကိုတိန်ရေ.. ကလေးတွေက ဒါမျိုးဆို သိပ်ကြိုက်တာ။ သူလည်း ဘယ်လို အစွမ်း ပြမလဲ ဆိုတာ စောင့်ကြည့်ရမယ်။

ကျေးဇူးပါ မနုစံ။ လူကြီးတွေ အတွက် တစ်လ တစ်လ မသိသာပေမယ့် ကလေးကတော့ တော်တော် တိုးတက်လာတယ်။ စကားပြောတတ်ရင် လူကြီးတွေကို ဘယ်လို ညာချွဲဦးမလဲ မသိဘူး။
j - 1/14/08, 10:20 AM

အ၀တ်ပုံးထဲက အ၀တ်တွေ ထုတ်တဲ့ ဗီဒီယိုကို youtube မှာ housekeeping ခေါင်းစဉ်နဲ့ တင်ပါလား။ ရီစရာချစ်စရာကောင်းတယ်

Phyo Wai Kyaw - 1/14/08, 12:59 PM

AKM ရေ... ဟုတ်တယ်ဗျ။ သမီးလေး က တဖြည်းဖြည်း တဖြည်းဖြည်း နဲ့ တိုးတက်လာတာ စိတ်ဝင်စား စရာပါပဲဗျာ။ ဘေး ကနေ ဘလော့ ကနေပဲ ကြည့်ကြည့်နေရတဲ့ သူတွေတောင် LIVE လိုဖြစ်ဖြစ်လာတယ်ဗျ။

Andy Myint - 1/14/08, 10:10 PM
ဟုတ်လား.. ကိုဖြိုး။ အဲဒီလို အမြဲတမ်း ပုံမှန် Update လုပ်ဖို့ Micro-Blogging နဲ့ စမ်းကြည့်သေးတယ်။ သိပ်မကြိုက်တာနဲ့ ဆက်မလုပ်ဖြစ်တာ။

နာမည်လေး ကောင်းတယ်... J ။ ပြောင်းလိုက်မယ်။ Google Video မှာ တော့ တင်ထားတယ်။ Listed တော့ မလုပ်ထားဘူး။ YouTube ကို သုံးဦးမှ။ ပြောရင် ယုံမှာ မဟုတ်ဘူး။ YouTube မသုံးဖူးသေးဘူး။
Joyful Agency - 1/16/08, 2:18 PM

ဆားဗစ်အသစ် အေဂျင်ဆီအသစ် ကို အလုပ်အပ်လိုပါက ကြွခဲ့ပါ။ http://joyful4all.blogspot.com/2008/01/housekeeping-from-joyful-agency.html

လုလု - 1/16/08, 5:31 PM

ကိုအင်န်ဒီရေ့  သမီးလေးပုံလေးတွေကို ကြည့်ပြီး ကြည်နူးလိုက်ရတာ။ အစ်ကို့ မိသားစုဆိုရင်တော့ ပီတိတွေအပြည့်နဲ့ ပျော်နေမှာပဲနော်။ သမီးလေးရဲ့ လစဉ်မှတ်တမ်းလေးလို လုပ်ထားတဲ့အတွက် သမီးလေးကြီးလာရင်လည်း အမှတ်တရ ဖြစ်နေစေမယ့်မှတ်တမ်းလေးပေါ့။ ဒီကနေတော့ ဗီဒီယိုကို ကြည့်လို့မရဘူး။ နောက်အခွင့်ကြုံမှ ကြည့်လိုက်မယ်နော်

Andy Myint - 1/17/08, 9:09 AM
မလုလုရေ.. ကလေးရှိတဲ့ မိသားစုတိုင်း ဒီလိုပါပဲ။ အိမ့် ဆည်းလည်းလေးတွေလေ။ အင်း.. ကလေးကြီးလာလို့ ဖတ်နိုင်အောင် မြန်မာစာတော့ အရင် သင်ပေးရဦးမယ်။ ဒါမှ ဘုရားစာလည်း ဖတ်နိုင်မှာလေ။

Joy ရေ.. ကလေးထိန်းတဲ့ အေဂျင်စီရော မလုပ်ဘူးလား။
Anonymous - 1/20/08, 2:00 PM

She can dance without learning, so cute:-) Btw, her hair is just a little .It is better to shave her hair frequently b4 she gets shy for her bald head coz of shaving. Just imaging for her to get a thick silky hair when she gets older.

Andy Myint - 1/21/08, 3:37 PM
အဲဒါ အဖေနဲ့ အမေနဲ့ အငြင်းပွားနေတဲ့ ကိစ္စလေ။ ကတုံး တုံးသင့် မတုံးသင့် ဆိုတာကို။ သူ့ဆံပင်လေးတွေက ပါးတာရယ်၊ ဒီပါးပါးလေးနဲ့ပဲ သူက အိုက်နေတာရယ်၊ ဒီက ကလေး မလေးတွေက ဆံပင် ရှည်ရှည်နဲ့ ဖြစ်တာရယ်နဲ့ တုံးမယ် မတုံးဘူ ကြာနေတာ.. Comment အတွက် ကျေးဇူးပါ။
pan nwe - 10/1/08, 3:48 AM

ဒီနေ့ သားကို မြတ်နိုးရဲ့ ပုံတွေနဲ့ ဗီဒီယိုတွေ ပြတော့ သေချာကြည့်နေတယ်..ကိုအန်ဒီရေ..:)။

Post a Comment

Many thanks for dropping a comment…

Film