Monday, January 28, 2008

မြင့်မြတ်နိုး အတွက် လက်ဆောင်

ကျွန်တော် အလယ်တန်း ကျောင်းသားတုန်းက စာခေါ်ပေးရတယ်။ ဆရာမတွေက ကျွန်တော့်ကို မှတ်စု စာအုပ် ထိုးပေးပြီး ကျွန်တော်က ရှေ့ကအော် တစ်တန်းလုံးက လိုက်ရေးနဲ့။ စာခေါ်တဲ့ အခါ စာပိုဒ် တစ်ပိုဒ် ဆင်းသွားရင် `နောက်တစ်ပိုဒ်´ဆိုပြီး အရင် အော်ပေးမှ ရေးတဲ့ သူတွေအတွက် စာကျ မှန်မှာ။ ကျွန်တော်က အဲဒီလို `နောက်... တပိုဒ်´ လို့ အော်လိုက်တာနဲ့ နောက်တတ်တဲ့ သူတွေက `ဟေ့ရောင်.. မြန်လှချည်လား.. နောက်တစ်ဗိုက်´ ဆိုပြီး နောက်ကြတယ်။ အခုတော့ အဲဒီလို နောက်သလို ဖြစ်နေပါပြီ။ သူမမှာ နောက်ထပ် ကိုယ်ဝန် ထပ်လွယ်ထားပါတယ်။ နောက်တတ်တဲ့ အသိ အစ်ကိုကြီး တစ်ယောက်က သူတုန်းက အဲဒီလို နောက် ကလေးရတုန်းက ဒီတစ်ယောက်ကတော့ `Accidentally´ ရတာဆိုပြီး ပြောတတ်တယ်။ မတော်တဆ ရသွားတာပေါ့လေ။ ကျွန်တော်တို့လည်း အဲဒီလို ပြောရမလို ဖြစ်နေပါတယ်။ ကိုယ့်အလှည့်မှာတော့ `Unexpectedly´ ရသွားတယ်လို့ ပြောမယ်။ အပြုသဘော ဆန်အောင်လို့။

တကယ်တော့ အရင်ကတည်းက ကလေး နှစ်ယောက် ယူဖို့ စိတ်ကူး ရှိပါတယ်။ နိုင်ငံရပ်ခြားမှာ ကြီးပြင်းရမယ့် သားသမီးတွေခမျာ ဆွေတွေ မျိုးတွေ များများစားစား အနီးမှာ မရှိနိုင်ပါဘူး။ မြန်မာပြည်က ကလေးတွေဆို အဘိုးအဘွား၊ ဦးလေး အဒေါ်တွေ၊ မောင်နှမ တစ်ဝမ်းကွဲတွေ အပြင် အိမ်နီးနားချင်း ကလေး ချစ်တတ်တဲ့ သူတွေ ၀ိုင်းဝိုင်းလည်နေတာပဲ။ စင်္ကာပူလို နိုင်ငံမှာ ဆိုရင်တောင် တော်သေး။ ဆွေမျိုးတွေ၊ မောင်နှမ ၀မ်းကွဲတွေ ရှိနိုင်သေးတယ်။ ဒါမှမဟုတ် ဗမာ သူငယ်ချင်းတွေ ရနိုင်သေးတယ်။ ဒီလိုနိုင်ငံမှာတော့ အတော့်ကို ရှားပါးနေပါသေးတယ်။ အိမ်မှာ အဖော်ဆိုလို့ မိဘနှစ်ပါးပဲ ရှိမှာဆိုတော့ သူတို့မှာ ငယ်စဉ်မှာလည်း ကစားဖော်၊ ကြီးလာတော့လည်း တိုင်ပင်ဖက် ဖြစ်ဖို့ မလွယ်ပါဘူး။ သူတို့နဲ့ ကစားပေး ပေမယ့်လည်း ကလေး အချင်းချင်း ကစားသလိုတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ တိုင်ပင်စရာရှိ တိုင်ပေနိုင်ပေမယ့် ပွင့်လင်းမှုကတော့ ကွာဦးမှာပဲ။ ညီအစ်ကို မောင်နှမ အချင်းချင်းဆို အရွယ်လည်း တူတော့ သူတို့ အတွက် အဖော်ပိုဖြစ်တာပေါ့။ ဒီအတွက် ကလေး နှစ်ယောက်ယူဖို့ မိဘတွေကလည်း တိုက်တွန်း ကျွန်တော်တို့ကလည်း စဉ်းစားပါတယ်။

ကလေးတစ်ယောက်ရှိတာ မရှိခင်တုန်းကနဲ့ ဘာမှမဆိုင်လောက်အောင် အလုပ်များ တာဝန်ကြီးပေမယ့် ဘယ် လင်မယားအတွက်မျှ ၀န်ထုပ် ၀န်ပိုးကြီး တစ်ခု အထူးတလည် မဖြစ်စေပါဘူး။ အမေက ကလေးထိန်းရင် အဖေက တခြားအလုပ် လုပ်နိုင်တယ်လေ။ သူဘာသူ အလိုအလျှောက် ကလေးကလည်း ကြီးလာပြီး ပုံမှန် စောင့်ရှောက် ပြုစု သွားရုံပါပဲ။ ကလေးရဲ့ တိုးတက်မှုတွေကို ပီတိဖြာပြီး အချိန်တွေကို ပျော်ရွှင်ကြည်နူးဖွယ် မသိမသာ ဖြတ်သန်းသွားတယ်ဆိုတာ ကလေး အရွယ်ရောက်မှ နောက်ပြန်ကြည့်မှ သတိထားမိကြတာပါ။ ကလေး နှစ်ယောက်ဆိုရင်တော့ သိသာလာပါပြီ။ အမေ တစ်ယောက်တည်းလည်း ကလေးနှစ်ယောက်စလုံးကို မထိန်းနိုင်၊ မချီနိုင်။ ဟိုကလေးကို ဆွဲနေချိန်မှာ ဒီကလေးက လွတ်သွားပြန်ရော။ အဲဒီလိုမျိုးတွေ ဖြစ်လာနိုင်တယ်။ နောက်ပြီး အရေးထား စဉ်းစားရမယ့် အချက်က Financially တတ်နိုင်မလား၊ ထောက်ပံ့နိုင်မလား ဆိုတာပဲ။ ငယ်စဉ်မှာတော့ သိပ်မသိသာပေမယ့် ကြီးလာလို့ ကျောင်းတတ်တဲ့ အခါ ကလေးတွေ အားလုံးကို လုံလောက်တဲ့ အထောက်အပံ့ ပေးနိုင်မှ ကလေးတွေမယ် မကြောင့်မကြ ကိုယ့်အိပ်မက်ကို ကိုယ် အကောင်အထည် ဖော်နိုင်ကြမှာ။ ဒီလို အချက်တွေကြောင့် ကျွန်တော်တို့ အပါအ၀င် လင်မယားတွေက ကလေးတစ်ယောက် ယူဖို့ ၀န်မလေး မတွက်ချက်ကြပေမယ့် ကလေးနှစ်ယောက်ဆိုရင်တော့ အတော်ကလေး စဉ်းစားရပါပြီ။ ကလေးတစ်ယောက်အတွက် တာဝန်က တစ်ဆဆို ကလေးနှစ်ယောက်ဆို နှစ်ဆပဲ မဟုတ်နိုင်ဘူး။ လေးဆ ဖြစ်သွားနိုင်တယ်။ သူ့ Distribution က Exponentially သွားတတ်တာမျိုးကို။ တချို့ ကိစ္စတွေမှာတော့ ကလေးနှစ်ယောက်ဆိုပေမယ့် ကုန်ကျစားရိတ်က နှစ်ဆ မဟုတ်ဘဲ တစ်ဆခွဲပဲလည်း ဖြစ်နိုင်သေးတယ်။

အစက သြော်ဇီရောက်ပြီး မြတ်နိုးလေး တစ်နှစ်လောက်ဆို သူ့အမေက အလုပ်ပြန်ဝင်ပြီး ပိုက်ဆံစုဖို့ စိတ်ကူးထားပါတယ်။ နှစ်နှစ်လောက် အလုပ်လုပ်ပြီးမှ ကလေး ထပ်ယူမယ်ပေါ့။ ဒီလို စိတ်ကူးပါတယ်။ အခုလို ဆိုရင်တော့ ဒီအကြံကို တစ်နှစ်လောက် နောက်နည်းနည်း ဆုတ်ရတော့မယ်။ ဒီနိုင်ငံမှာတော့ တစ်ယောက် လုပ်စာနဲ့ပဲလည်း တစ်မိသားစုလုံး ကောင်းကောင်း ရပ်တည်နိုင်တော့ မဆိုးပါဘူး။ ဒီမှာ အမြတ် ထွက်သွားတာကတော့ တုန်တုန်ပါပဲ။ နို့မဟုတ်ရင် သူက တစ်နှစ်လောက် အရွယ်မှာ မူကြိုသွားရတော့မှာ။ အခုတော့ အိမ်မှာ အဖေအမေတွေကို ဆိုးပေဦးတော့။ တုန်တုန်က စင်္ကာပူမှာ ကိုယ်ဝန်ဆောင် စင်္ကာပူမှာမွေး သြော်ဇီမှာ ကြီးမယ့် မြန်မာ နိုင်ငံသား(သူ)ပါ။ နောက်တစ်ယောက်ကတော့ စင်္ကာပူမှာ ကိုယ်ဝန်ရ၊ သြော်ဇီမှာ မွေးပြီး မွေးလာတာနဲ့ ဒီနိုင်ငံသား (ခံယူချင်တယ်ဆို) ဖြစ်မယ့် တစ်ယောက်ပါပဲ။ ဟုတ်ပါတယ်၊ နောက်တစ်ယောက်က စင်္ကာပူမှာ သန္ဓေတည်ခဲ့တာပါ။ တုန်တုန် ၅လသားလောက်မှာ ကတည်းက သန္ဓေ စတည်လာတာပါ။ ဒီအတိုင်းဆို တုန်တုန် ၁၄လလောက်မှာ ဖွားမှာပါ။ Due Date က မေလ ကုန်ခါနီးပါ။

သန္ဓေတည်ပြီး ပထမလမှာ သတိထားမိလို့ Test လုပ်ကြည့်တော့ မပီမသ ဖြစ်နေတာရယ်၊ သြော်ဇီ ပြောင်းဖို့ အလုပ်ရှုပ်နေတာနဲ့ အသေအချာ အတည် မယူလိုက်ပါဘူး။ ၂လနေတော့ ထပ်စမ်းတော့လည်း Positive ဆိုမှ ဆရာဝန်နဲ့ စမ်းသပ်ပြီး သေချာသွားတာပါ။ အခု စာရေးနေချိန်မှာတော့ ကိုယ်ဝန်ကလည်း ၅လ ရှိနေပါပြီ။ ရုပ်ရှင်တွေထဲမှာလိုဆိုရင် မဖုံးနိုင် မပြုနိုင်တော့တဲ့ အချိန်ပေါ့။ အမေရေ.. သမီးတော့ ကိုယ်ဝန် ရှိနေပြီဆိုပြီး ဖွင့်ပြောရတော့မယ့် အချိန်ပဲ။ ဘလောက် ပရိတ်သတ်ကြီးကိုလည်း သတင်းကောင်းပေးဖို့ အချိန်တန်ပြီပေါ့။ တုန်တုန်လေး ကိုယ်ဝန်ဆောင်တုန်းက ဘလောက် မရေးသေးလို့ မွေးမှ စရေးပေမယ့် နောက်တစ်ယောက်အတွက်တော့ စရေးလို့ ရနေပြီ။ စင်္ကာပူမှာ ဗိုက်ကြီးရတာနဲ့ သြော်ဇီမှာ ဗိုက်ကြီးရတာ ဘယ်လို ဆိုတာ ရေးဖြစ်ဦးမှာပါ။

အခု ကိုယ်ဝန်က ၅လ ရှိနေပြီ ဆိုတော့ ကလေးက ယောက်ျားလေးလား၊ မိန်းကလေးလား သိနေပါပြီ။ သူတို့က သိချင်လား မေးပြီး ကိုယ်က သိချင်တယ်ဆိုမှ ပြောပြတာ။ ကျွန်တော်တို့က အရင်က ယောက်ျားလေးလိုချင်လို့ ကြိုးစားပေမယ့် မိန်းကလေး အရင် ရလာပါတယ်။ ပထမ ကလေး အတွက်ကတော့ ဘာလေးပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်။ နောက်တစ်ယောက် ဆိုရင်တော့ ပထမကလေးပေါ်မှာ မူတည်သွားပြီပေါ့။ ကျွန်တော်တို့က မိန်းကလေး ရပြီးသားဆိုတော့ ယောက်ျားလေး ပိုလိုချင်တယ်။ ကိုယ်ဝန်ရပြီဆိုတော့ ယောက်ျားလေးပဲ ဖြစ်ပါတော့ ဆိုပြီး ဆုတောင်းရပြန်တယ်။ သမီးတစ်ယောက်၊ သားတစ်ယောက်ဆို ဘ၀က ပိုပြီး ပြည့်စုံသွားမှာ။

ယောက်ျားလေးဆိုပြန်ရင်လည်း ငယ်တုန်းကတော့ အဆင်ပြေတယ်။ ကြီးလာရင် နှစ်ယောက်သားက ငယ်တုန်းကလို သိပ် အစေးကပ်တော့မှာ မဟုတ်ပြန်။ အရွယ်ရောက်လာရင် နှစ်ယောက်က တည့်ဦးမှ။ ညီအစ်မ နှစ်ယောက်ဆိုရင်တော့ အိမ်ထောင်မကျခင်အထိ လုံးလားထွေးလာ နေကြဦးမှာ။ တီးတိုးဖော် တိုင်ပင်ဖက် ဖြစ်ဖို့များတယ်။ တချို့ ညီအစ်မတွေဆို အိမ်ထောင်ကျပြီးလည်း အိမ်ထောင်ရေး တိုင်ပင်လို့ ရသေးတယ်။ ဥပမာ ယောက်ျားကို ဘယ်လို နိုင်ရမယ်ဆိုတာမျိုးတွေပေါ့။ အမေတို့ ညီအစ်မတွေဆို အခုထိတိုင် အဖွားအိမ်မှာ တစ်လ နှစ်ခါလောက် ဆုံကြ၊ တွေ့ကြ ချက်စားကြနဲ့ပါ။ မောင်နှမ နှစ်ယောက်ဆိုရင်တော့ ဒီလောက်တော့ နီးနီး ကပ်ကပ်၊ ပူးပူး ကပ်ကပ် ဖြစ်ချင်မှ ဖြစ်မှာ။ နှစ်ယောက်စလုံးအတွက်တော့ တစ်ယောက် တစ်မျိုး ကောင်းပြန်ရော။ မောင်က အစ်မကို တစ်မျိုး အကူအညီတောင်းလို့ ရသလို၊ အစ်မကလည်း မောင်တစ်ယောက် ရှိလို့ အကာအကွယ် ဖြစ်နိုင်တယ်။ ဒါပေမယ့် မောင်နှမ နှစ်ယောက် ကြီးလာရင် တစ်ယောက် တစ်ခန်းထားရမှာဆိုတော့ မိဘတွေက အိမ်ကြီးကြီး ၀ယ်ဖို့ ပိုက်ဆံ ပိုရှာရဦးမယ်။ သမီးရှင်ဆိုရင် သူငယ်ချင်းတွေက သားမွေးထားရင် အားကျရတယ်။ သားမွေးထားပြီး နောက်တတ်တဲ့ သူငယ်ချင်းနဲ့ လူကြားသူကြားမှာတွေ့လို့ကတော့ ခံပေဦးတော့။

အခုကလေးက ကံကောင်း ထောက်မစွာပဲ ယောက်ျားကလေးပါ။ ဒီလိုပဲ ကြိုးစားတုန်းကတော့ မရပေမယ့် ထိုက်တဲ့ အချိန်မှာတော့ ရလာနိုင်ပါတယ်။ ကျွန်တော်တို့လည်း တော်တော် ပျော်သွားတယ်။ သားလေး တစ်ယောက်၊ သမီးလေး တစ်ယောက်ဆိုတော့။ Ultrasound က သိရတာတွေက မိန်းကလေး ဆိုရင် မမှားနိုင်ပေမယ့် ယောက်ျားလေး ဆိုရင်တော့ လွဲတတ်တယ်လို့တော့ ကြားဖူးတယ်။

နှစ်ယောက် ယူမယ့် အတူတူ တစ်ခါတည်း ဆက်ယူလိုက်တော့လည်း တစ်မျိုး ကောင်းသွားတာပါပဲ။ နောက် တစ်ယောက် ထပ်ရတယ်လို့ ပြောလိုက်ရင် ကြားတဲ့ သူအပေါင်းက `တုန်တုန်လေးတော့ သနားပါတယ်´ လို့ ပြောကြတာပဲ။ ကလေး နှစ်ယောက် ကပ်သွားရင် အကြီးကို သနားကြတော့ ဒီလိုပဲ ပြောနေကြကိုး။ အထူးသဖြင့်တော့ အဘိုးအဘွားတွေ။ ကလေး ထပ်ယူဖို့ သူတို့ပဲ မြှောက်ပေးတုန်းကတော့ မြှောက်ပေးကြပြီး။ နှစ်ယောက် ဆက်တိုက် ကိုယ်ဝန်လွယ်ပြီး ပင်ပင်ပန်းပန်း မွေးရတဲ့ ကလေးအမေကိုတော့ မသနားကြဘူး။ ကလေး နှစ်ယောက်အတွက် အလုပ် ပိုလုပ်ရမယ့် ကလေးအဖေကိုတော့ မသနားကြဘူး။ အင်း သူတို့ ပြောတာလည်း မှန်တာပါပဲ။ တုန်တုန်လေး တစ်ယောက်တော့ ပုံအောပြီး ချစ်ခံရတော့မှာ၊ အလိုလိုက် ခံရတော့မှာ မဟုတ်ဘူး။ အခုတောင် သူ့မောင်လေး အတွက် သူက ဆေးခန်းလိုက်ပို့ နေရပြီ။ နောက်ဆို ဘယ်လောက်တောင် အနွံအတာ ခံရဦးမယ် မသိ။ Sharing ဆိုတာကို တော့ သင်ပေးစရာ မလိုဘဲ ကောင်းကောင်း တတ်သွားမှာပါ။ ပြီးတော့ တစ်ဦးတည်းသော သားသမီးတွေလို ရှယ်တွေမှ သုံးရ၊ စားရအောင် တစ်ယောက်တည်းမှာပဲ အကုန် ပုံအောပြီး ထားဖို့ တတ်နိုင် ချင်မှ တတ်နိုင်မယ်။ တုန်တုန့်အတွက်တော့ မောင်လေးက ကစားဖော် သေချာပေါက် ဖြစ်မှာပါ။ အိမ်မှာ သူ့အတွက် ဆော့စရာ Corner လေးတွေ ရှိပါတယ်။ သူတစ်ယောက်တည်း ဟိုနားမှာ ဆော့လိုက်၊ ပျင်းလာရင် ဒီနားလာ ဆော့လိုက်နဲ့ သူဘာသူတော့ ပျော်အောင် ဆော့ရှာပါတယ်။ နောက်ဆုံး အရမ်း ပျင်းလာမှ လူကြီးတွေဆီ လာချွဲ လာကပ်တော့တာပါ။ အဲဒီလို အခါမှာတော့ သူ့အတွက် မောင်လေး တစ်ယောက် ရှိနေပြီမို့ စိတ်အေးရပါတယ်။ သမီးရေ ခဏစောင့်နော် အဖော် ရတော့မယ်ဆိုပြီး ပြောပြရတယ်။

မျှော်မှန်းထားတာထက် ပိုမြန်သွားပေမယ့် ကမောက်ကမလည်း မဖြစ်။ သားကလေးလည်း ဖြစ်ဦးမယ် ဆိုတော့ ပျော်စရာပါ။ ကျွန်တော်တို့ နှစ်ယောက် အတွက်တော့ ပိုကြီးလာမယ့် တာဝန်တွေထက် ပိုမို စည်ကား ဝေဆာလာမယ့် မိသားစုကလေးကိုပဲ မြင်ယောင်နေပါတော့တယ်။

19 comments:

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း - 1/28/08, 6:25 PM

Congrats to the we-she-me family!! သတင်းကောင်းလေးကို ဖတ်ရလို့ ၀မ်းသာ မိပါတယ်။

imaginary clouds no 2 - 1/28/08, 9:23 PM

ဒီစာကို ဖတ်စတုန်းက အက်ဆေးလို့ ထင်နေတာ ။ နောက်ပိုင်းကျတော့ ဝမ်းသာမိတယ် အန်ဒီ။ ကောင်းတယ် ။ တကယ့်ကို ဝမ်းသာတယ် ။ ယောက်ျားလေးဆိုတော့ ကြီးလာရင် မျက်နှာပွင့်မယ် ပုဂ္ဂိုလ်လေးပဲ။ ဘလော့မှာ သားရေးသမီးရေး အောက်မှာ ထည့်ထားလိုက်မယ် ။ ဝမ်းသာတယ် ။ သားလေးနဲ့ ပတ်သက်ပြီး တခြားသူများအတွက် (ပွဲတွေ့ အတွေ့ အကြုံများ) ဆက်ရေးနိုင်ပါစေလို့ တဆက်တည်းတိုက်တွန်းလိုက်ပါတယ် ။

nu-san - 1/28/08, 10:09 PM

Andy နဲ့ တုန်တုန်တို့ မေမေရေ.. ပျော်စရာကြီးနော်.. အိမ်နားနီးလို့ကတော့ တုန်တုန်ကို ခေါ်ထားတယ်.. အားကျလိုက်တာ.. မနာလိုတော့ဘူးနော်.. ဟား..ဟား..

Andy တို့အတွက် တကယ်ဝမ်းသာတာပါ.. အခုမှ ကြွားရတယ်လို့.. စောစောကတည်းက ကြွားရင် စောစော သိရပြီး ၀မ်းသာလို့ရတာပေါ့.. ယောင်္ကျားလေး ၁ ယောက်၊ မိန်းခလေး ၁ ယောက်ဆိုတော့ အဆင်ပြေတယ်.. အဟက်. တုန်တုန်တုန်းကလို ပန်းပန်ပြီး တရုတ်ကျောင်းသွားစရာ မလိုတော့ဘူးပေါ့နော်.. အင်း.... ဒီကလေးလေးလည်း blog ပေါ်ကနေပဲ ချစ်ရဦးမယ်...

Anonymous - 1/28/08, 11:48 PM

congratulations.... very glad to hear

War War - 1/28/08, 11:49 PM

Wahh.. Congratulation Ko Andy and a ma.
Very glad to read this post. Naut ta yaut ka thar lay so tot po good thwar tar pot. Thar kaw tha mee kaw ta myo si chit ya tar pot. :)

Kay - 1/29/08, 12:50 AM

ဝမ်းသာစရာ သတင်း ပါလား။ အရမ်း ကို ၀မ်းသာ ..အားကျ ပါတယ် ကိုအန်ဒီရေ.. ပျော်ရွှင်ပါစေ။ သူမ ကိုလည်း နှုတ်ဆက်ပါတယ်။း)

အိမ်းတို့အိမ် - 1/29/08, 4:22 PM

heartfully congratulation....ko andy and sis ...and တုံတုံ.. aswell.

Andy Myint - 1/29/08, 9:04 PM
ရွှေဂျမ်းရေ..... ကျေးဇူးပါ။ ဖတ်ပြီး ၀မ်းသာတယ် ဆိုလို့ ၀မ်းသာပါတယ်။

မောင်တိန်.... အေးဗျာ.. ကျွန်တော်ကလည်း အတည်ကြီးနဲ့။ ဒီလို သတင်းကို။ ရေးဗျာ.. ကျွန်တော်လည်း ပွဲတွေ့တွေ ရေးလိုက်မယ်။

မနု-စံ..... ပြောမလို့ပဲ။ အိမ်ကိုတောင် ၃လလောက်မှ ပြောဖြစ်တယ်။ သေချာအောင် စောင့်တာနဲ့... ပြီးတော့ Detailed Scan လုပ်မယ်ဆိုတော့ ဘာလေးလဲ သိအောင်စောင့်တာရယ်၊ သိပြီးတော့ ရေးဖို့ ကြာနေတာရယ် ကြောင့်ပါ.. အဟဲ။ အနားမှာ ရှိလို့ကတော့ ကလေး ၀ိုင်းထိန်းလို့ ရတာပေါ့.. အဟီး။

Dear Reader (Anonymous), thank you for your words.

ကျေးဇူးပါ။ ၀ါဝါတို့ အလှည့်ရော... ဟဲဟဲ။ အချိန်တွေ အများကြီး ရှိပါသေးတယ်။ လွတ်လွတ်လပ်လပ် ပျော်ပါးလိုက်ပါဦး။

ဟုတ်တယ် မကေသွယ်။ ပျော်ရပါတယ်။ သူမကလည်း မကေရဲ့ စာတွေကို ကြိုက်တယ်တဲ့။

Thanks... အိမ်း။ အိမ်းတို့ အိမ်လေးကို ဆက်ဆောက်ဦးလေ။ ဓါတ်ပုံလေးတွေ အမှတ်တရလေးတွေနဲ့ အပျော်တွေ ဝေမျှပါဦး။ အမှတ်တရလည်း ဖြစ်တာပေါ့။ ဆက်လုပ်ပါဦး။ အားပေးမှာပါ။
မွန် - 1/29/08, 10:22 PM

ဒါပေမယ့် တုံတုံးတုံလေးကိုပဲ တီတီကတော့ ပိုချစ်မယ် တိလား

စိုးထက် - Soe Htet ! - 1/29/08, 11:57 PM

ကျွန်တော်က ထပ်ယူဖို့ ညှိနှိုင်းဆဲဗျ ... ၃ ယောက် လောက် မွေး မလားလို့ ... :D

pandora - 1/30/08, 4:33 AM

wow! Congrats, ko Andy.
Go ahead. hee.

Soe - 1/30/08, 2:06 PM

ကိုအန်ဒီရေ

သားသား၊မီးမီးနဲ့မိသားစုပျော်ပျော်ပါးပါးစည်စည်ကားကားပေါ့

ဒါနဲ့ ၃ယောက်မြောက်ကလေးကိုယောက်ျားလေးလိုချင်လား၊မိန်းကလေးလိုချင်လား? :)

Andy Myint - 1/30/08, 10:44 PM
ကောင်းတာပေါ့ မွန်ရယ်.... တုံတုံးတုံလေးကို တီတီ ထိန်းပေါ့။

ကျွန်တော်တော့ ကိုစိုးထက်ကို ကျော်တက်သွားပြီ။ ကိုစိုးထက် ယူဦးမယ်ဆို အားပေးတယ်။

ကျေးဇူး ပန်ဒိုရာ.. အမြန်သာ လိုက်ခဲ့ဗျာ။ ဒါမျိုးဆိုတာ စောလေ ကောင်းလေပဲ။

ထီပေါက်တာတို့ ဘာတို့ဆိုရင်တော့ ၃ ယောက် ယူမယ်ဗျာ။ အမြွာဆိုရင် ပိုကောင်းတယ်။ ဟားဟား။ အခုတော့ ၂ ယောက်နဲ့ လုံလောက်ပါပြီဗျာ။
Anonymous - 1/31/08, 12:23 AM

Bravo Ko Andy :P You 2 are so lucky with one daughter and one son. Your blog audience wishing for Thu Ma's birthday with thinking of future kids. It became true at that time. I believe you 2 will adjust attention to both son & daughter :)

Anonymous - 1/31/08, 12:32 AM

Ko Andy..if due date is in late May, is it in sign of Gemini or Taurus? Pls view this link to know about Rat year born child
http://www.usbridalguide.com/special/chinesehoroscopes/Rat.htm

TZA - 1/31/08, 3:34 AM

ကျွန်ုပ်အားကျရုံမှတပါး ဘာများတတ်နိုင်ပါသေးသနည်း။
--
အာ.. အားကျတယ်ဗျာ၊ တကယ်ပါ။

Andy Myint - 1/31/08, 11:34 PM
Dear Reader, we thought it was known :-) Yeah, wishes turn out to be realise. Thanks for the link. I reckon his sign will be gemini.

အားကျရင် ကောက်တင်ဗျာ.. ဒါမှမဟုတ် တော်ကောက်ဗျာ။ ကျေးဇူပဲ ကိုသန့်ဇင်အောင်
ဂျစ်တူး - gyit_tu - 2/11/08, 3:07 AM

ko andy & A Ma,

congrats to u guys! :)

Andy Myint - 2/11/08, 10:07 PM
ကျေးဇူးပါ.. ဂျစ် :)

Post a Comment

Many thanks for dropping a comment…

Film