Tuesday, January 22, 2008

အသွင်မတူတဲ့ ကျွန်တော်တို့ နှစ်ယောက်

သူများတွေက သူတို့ အတွဲ သူတို့ လင်မယား နှစ်ယောက် ဘယ်လို အကြိုက်တူတာ ဘယ်လို အတွေး အခေါ် တူတာ ပြောနေကြချိန်မှာ ကျွန်တော်တို့ နှစ်ယောက်ကတော့ ပြောင်းပြန်ပါ။ တချို့ လင်မယားတွေ အတွဲတွေဆို ရုပ်ချင်းတောင် ဆင်ပါတယ်။ ဒီလို ဆင်ရင်လည်း ပိုကြိုက်မိတယ်လို့ ပြောကြတယ်။ The Other Half မို့လိုလေ။ကျွန်တော်တို့ နှစ်ယောက်ကတော့ အစားအသောက်ကနေ အတွေးအခေါ်အထိ မတူခဲ့ပါဘူး။



အစက ကျွန်တော်က ကြာဆံချက်တို့၊ ရခိုင်မုန့်တီတို့လို့ ကြေးအိုးတို့လိုမျိုး အရည်ကျဲနဲ့ သောက်ရတာတွေဆို လုံးဝ မစားတတ်ပါဘူး။ သူမကတော့ ဟင်းရည်ပူပူကို တရွှတ်ရွှတ် သောက်ရတာကို အလွန်အမင်း ကြိုက်တာပါ။ သူမနဲ့ ပေါင်းမှ ဒီလို အစာတွေ စားတတ်လာပြီး အခုဆိုရင်တော့ မစားရတာ ကြာရင်တောင် စားချင်စိတ်က ပေါ်လာပါသေးတယ်။ အုန်းနို့ခေါက်ဆွဲလိုမျိုး နှစ်ယောက်သား စားကြတာ ခဏကြာရင် ကျွန်တော့် ပန်းကန်ထဲမှာ အရည်တွေချည်းပဲ ကျန်ခဲ့ပြီး သူ့ပန်းကန်ထဲမှာတော့ ခေါက်ဆွဲဖတ်တွေပဲ ကျန်ခဲ့ပါတယ်။ ဒီလို အချိန်ကျရင် နှစ်ယောက်သား ပန်းကန် လဲစားလိုက်ခြင်းဖြင့် ဒီပြဿနာကို ပြေလည်စေပါတယ်။ ထမင်း စားတဲ့ အခါလည်း ကျွန်တော်က အသားဟင်းလိုမျိုး ဟင်းကြီး တစ်ခွက် မပါရင် ထမင်းစား မမြိန်ပေမယ့် သူမကတော့ ဟင်းသီး ဟင်းရွက် တစ်ခွက်နဲ့ဆို စားတတ်ပါတယ်။ သူမက အသားဆိုလည်း အသားချည်းပဲ မစားချင်ပါဘူး။ ပုံဖျက်ထားမှ စားပါတယ်။ ဥပမာ ကြက်သားသုပ်တို့၊ အသားလုံးကြော်တို့လိုမျိုး။ အသား အတစ်လိုက်ကြီးလည်း မကြိုက် ဆီပြန်ဟင်းနဲ့လည်း မစားချင်ပေမယ့် ကျွန်တော့်ကို ချက်ပေးရင်းနဲ့ စားလာပါပြီ။ သူမက ဟင်းသီဟင်းရွက်နဲ့ပဲ ထမင်းစားရတာ ပိုကြိုက်ပေမယ့် အရင်တုန်းက သူမကြော်တဲ့ ဟင်းသီးဟင်းရွက်တွေကို ကျွန်တော် မကြိုက်ပါဘူး။ ကျွန်တော်က ဟင်းရွက်ကြော်ဆို စိမ်းစိမ်းလေး မနွမ်းအောင် ကြော်ထားမှ ကြိုက်တာပါ။ သူမကတော့ အဲဒီလို ကြော်ထားရင် အစာမကြေ ဖြစ်တတ်လို့တဲ့။ အခုတော့လည်း ဟင်းရွက်ကြော်ရင် ကျွန်တော့် အကြိုက် မနွမ်းအောင်ဘဲ ကြော်ပါတော့တယ်။ ဒါတောင် ကန်ဇွန်းရွက်ကြော်ရင် သူမက အရွက်ကို စားပြီး ကျွန်တော်က အရိုးကို စားပါတယ်။ ထမင်း စားရင်လည်း သူမက ပန်းကန်လုံးနဲ့ စောက်ပန်းကန်နဲ့ စားရတာကို ပိုပျော်ပါတယ်။ ကိုရီးယား စတိုင်တဲ့။ ကျွန်တော်ကတော့ ထမင်းစား ပန်းကန်ဆို ပြန့်နေမှ စားတတ်ပါတယ်။ သူမက မိန်းကလေးဆိုတော့ လက်ဘက်ရည်တို့၊ ကော်ဖီတို့ကို အရသာခံ မသောက်တတ်ပါဘူး။ ကျွန်တော်အတွက်တော့ တစ်ခွက်လောက် သောက်လိုက်ရမှာ လန်းဆန်းပြီး နေသာ ထိုင်သာ ရှိသွားတာပါ။ ကျွန်တော်နဲ့ ပေါင်းမှပဲ နှစ်ယောက် ထိုင်ပြီး လက်ဘက်ရည်၊ ကော်ဖီ သောက်ဖြစ်တော့ သူမလည်း ဒါတွေ သောက်တတ် သွားပါပြီ။ နှစ်ယောက်သား ထိုင်သောက်ပြီး ဟိုပြော၊ ဒီပြောပေါ့။ ဒါမှလည်း ကျွန်တော့်အတွက် လက်ဘက်ရည် သောက်ဖော် ရမှာလေ။ ကျွန်တော်က မလိုင်၊ ရေခဲမုန့်လို အချိုတွေကို ကြိုက်ပြီး သူမကတော့ ချဉ်ငန်စပ်တွေကို ကြိုက်ပါတယ်။



အနုပညာ ခံစားမှုနဲ့ ပတ်သက်ရင်လည်း ကျွန်တော်က ရုပ်ရှင်ကို ကြိုက်ပြီး သူမက သီချင်းတွေကို ကြိုက်ပါတယ်။ ရုပ်ရှင်တစ်ကားကို ထိုင်ကြည့်ဖို့ သူမက အချိန်မပေးချင်သလို၊ ရုပ်ရှင်ကား ကြည့်ပြီးရင် အရမ်း ခံစားလွယ်လို့ မကြည့်ပါဘူး။ ရုပ်ရှင်ကြည့်ပြီး ကြောက်မယ်၊ ၀မ်းနည်းမယ်၊ လူယုတ်မာတွေကို အရမ်း မုန်းမယ်။ ပြီးတော့ ကျွန်တော်က ဘလောက်ရေးပေမယ့် စာဖတ် နည်းပါတယ်။ သူမကတော့ မဂ္ဂဇင်း တစ်အုပ်ဆို ဟိုးအစ (မာတိကာက ထုတ်ဝေသူ ဘယ်သူ - ဂရပ်ဖစ် ဒီဇိုင်နာ ဘယ်သူ) ကနေ စပြီး တစ်အုပ်လုံး ကုန်အောင် ဖတ်ရမှ ကျေနပ်ပေမယ့် ကျွန်တော်ကတော့ ဟိုလှန် ဒီလှန်ပါ။ များသော အားဖြင့်တော့ သူမ ညွှန်းတာတွေပဲ ဖတ်ပါတယ်။ ကျွန်တော်က စာတစ်မျက်နှာ ကို အမြန်ဖတ်နိုင်ပေမယ့် သူမကတော့ နားမလည်တာ တစ်ကြောင်းလောက် ပါရင် အဲဒီကနေ မတတ်တော့ဘဲ နားလည်အောင် လုပ်နေပါတယ်။ ကျွန်တော်ကတော့ ကျော် ဖတ်သွားတတ်ပါတယ်။ ကျွန်တော်က ဘလောက်ပေမယ့် တခြား ဘလောက်တွေကို နှံ့အောင် လိုက်မဖတ်နိုင်ပါဘူး။ သူမကတော့ တော်တော် လိုက်ဖတ်နိုင်ပါတယ်။ ဘလောက်ရေးရင်လည်း စာလုံးပေါင်းတွေ ဘာတွေ သူက စစ်ပေးရပါတယ်။ တချို့ စာလုံးပေါင်းတွေ မသေချာရင်လည်း သူမကို မေးရပါတယ်။



သူမက အသေးစိတ်ပေမယ့် ကျွန်တော်ကတော့ အပေါ်ယံပါပဲ။ ကျွန်တော့် ကိစ္စတော်တော် များများကို သူမက လိုက်စစ်ဆေးပေးရ သတိပေးရပြီး သူမကိုတော့ အရှည်၊ အကျယ် မြင်အောင် ကျွန်တော်က ပြောပြရပါတယ်။ ကျွန်တော်က ပျင်းပြီး အေးဆေးသလောက် သူမကတော့ စိတ်မြန်ပါတယ်။ ကျွန်တော့်ကို သူမက တွန်း၊ သူမကို ကျွန်တော်က လိုက်ဆွဲမှပဲ နည်းနည်း တော်ကာ ကျပါတယ်။ သူမက တစ်စုံတစ်ရာ၊ တစ်စုံတစ်ယောက်ပေါ် ခံစားချက်တွေ များပေမယ့် ကျွန်တော်ကတော့ တုံဏိဘာဝေ ပါပဲ။ သူမက အမှတ်သညာ ကြီးသလောက် ကျွန်တော်ကတော့ မေ့မေ့ ပျောက်ပျောက် ပါပဲ။ ကျွန်တော် အသိတွေ နာမည်တွေတောင် သူမကို ပြန်မေး ယူရတဲ့ အထိပါပဲ။ ကျွန်တော်က ပိုက်ဆံကို သေချာ မသုံးပေမယ့် သူမကတော့ စေ့စေ့စီစီ ရှိပါတယ်။ အခုတော့ ကျွန်တော်က သူမကို ဟိုဟာ၊ ဒီဟာ လျှောက်ပြောပြီး ညာသုံးလွန်းလို့ သူမလည်း သုံးလာပါပြီ။ ဥပမာ ပစ္စည်း တစ်ခုဝယ်မယ်ဆို ကျွန်တော်က ဈေးပိုကြီးတာကို လိုချင်ရင် ဟိုဟာက မခိုင်ဘူး၊ ခဏနေရင် ပျက်သွားမှာတို့၊ ဒီဟာက နည်းနည်းလေး ပိုပေးလိုက်ပေမယ့် ကွာလတီက အများကြီး ကွာသွားတာမျိုးတို့ လျှောက်ပြောတာပေါ့။



ပြောရမယ် ဆိုရင်တော့ အများကြီးပေါ့။ အသွင်မတူ အိမ်သူ မဖြစ် ဆိုရင်တော့ သူမက ကျွန်တော့် အိမ်သူ ဖြစ်တော့မှာ မဟုတ်ဘူး။ (ဒီစကားပုံကို အဓိပ္ပါယ် ယူ လွဲနေရင် ပြင်ပေးပါဦး) ပြောချင်တာကတော့ ကျွန်တော်တို့ နှစ်ယောက်ဟာ ကွဲပေမယ့် မလွဲပါဘူး။ ဒီလို ဖြစ်နေတာကလည်း Yin-Yang သဘောအရ ဆိုရင်တော့ မှန်နေ ပါတယ်။ မတူတဲ့ အားနှစ်ခုက အပြန် အလှန် ချိတ်ဆက်ပြီး ဘက်မျှအောင် လုပ်ပေးထားသလိုပါပဲ။ မတူညီတာ နှစ်ခုက ပိုမို ခိုင်မြဲအောင် ပေါင်းစည်းပေးထားတာပါ။ အညမည ပေါင်းစည်းမှုပါ။ အနက်ရောင် ယင်(Yin) က ညကာလ၊ ဆောင်းဥတု၊ လမင်း၊ မိန်းမကို ကိုယ်စားပြုပြီး အလင်း ယန်(Yan) က နေ့ကာလ၊ နွေရာသီ။ နေမင်း၊ ယောက်ျား လို့ဆိုပေမယ့် ကျွန်တော်တို့ နှစ်ယောက်မှာ တစ်ယောက်က ယင်ဖြစ်လိုက် တစ်ယောက်က ယန်ဖြစ်လိုက်ပါပဲ။ တစ်ယောက်က ယင်ဖြစ်ရင် တစ်ယောက်ကယန် ဖြစ်တယ်။ တစ်ယောက်ယန်ဖြစ်ရင် တစ်ယောက်က ယင်ဖြစ်အောင် လုပ်ပေးတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ နှစ်ယောက်မှာ အရမ်းလည် မယင်တော့ အရမ်းလည်း မယန်တော့ဘဲ ဟောဒီလို ဖြစ်သွားပါတယ်။ ဒီဘက်က အလုံးလေးကတော့ မြတ်နိုးလေးပါ။







၂၂ ရက်နေ့မှာ ကျရောက်တဲ့ သူမ မွေးနေ့ အမှတ်တရ အဖြစ် ဒီ Post ကို ရေးလိုက်တယ်။ ခါတိုင်း ဆိုရင်တော့ တစ်ခုခု လက်ဆောင်ပေး၊ တစ်နေရာရာကို အလည်သွားပေမယ့် ဘလောက်ခေတ်မှာ Post တစ်ခု လက်ဆောင် ရေးပေးတာလည်း မနည်းပါဘူး ခင်ဗျာ။  ။   



တခြားဖတ်ရန် - သူမတို့ နှစ်ယောက်

15 comments:

nu-san - 1/22/08, 1:42 AM

တကယ်ဖတ်လို့ကောင်းတယ် Andy ရေ.. ရေးတတ်လိုက်တာနော်.. :D

Happy Birthday ပါ တုန်တုန်တို့ မေမေရေ... မွေးနေ့မှာ မိသားစုတွေ ပျော်ရွှင်ပါစေ... :)

may - 1/22/08, 1:52 AM

အစ်မရေ .... Happy Birthday ပါ ....
ဘယ်နှနှစ်မြောက်လဲလို့ မေးတော့ဘူးနော့် .... :P

imaginary clouds no 2 - 1/22/08, 2:23 AM

ပျော်ရွင်ဖွယ် မွေးနေ့ကနေ နောင်ဆန္ဒရှိသလောက် နှစ်ပေါင်းမျာစွာကို ပျော်ရွင်စွာနဲ့ဖြတ်သန်းနိုင်ပါစေ ။ ( စကားမစပ် အန်ဒီရေ--သူက (ယင်) ဆိုရင်တော့ ကိုယ်က ( ခြင်) ပဲ ဗျ ။ ဒါမှ ကာရန်မိမှာမဟုတ်လား )

ဇနိ - 1/22/08, 6:56 AM

အားကျတဲ့အထဲမှာ ဒီစုံတွဲလည်းပါတယ်။
အမကြီး - ပျော်ရွှင်ဖွယ်မွေးနေ့တွေကို အကိုကြီးနဲ့တင်မဟုတ်ပဲ သမီးလေးနဲ့ပါ နှစ်ပေါင်းများစွာ ပိုင်ဆိုင်ပါစေ။

War War - 1/22/08, 12:29 PM

Happy Birthday par a ma yae.

Birthday treat loat own naw. Blog paw hmar ta khu khu cook te` post ne` lay :)

MMS - 1/22/08, 9:28 PM

မနုစံရယ် မေရယ် ၀ါဝါရယ်... မွေးနေ့ ဆုတောင်းအတွက် ကျေးဇူးပဲနော်။ ဆုံတုန်းကလို ဆိုရင်တော့ တစ်ခုခု ကျွေးမှာပေါ့။
ကိုမောင်တိန်နဲ့ ကိုဇနိကိုလည်း ကျေးဇူးပါရှင်။

လုလု - 1/22/08, 9:30 PM

ပျော်ရွှင်ဖွယ်မွေးနေ့ပေါင်းများစွာကို ချစ်ခင်ပွန်း ကိုအင်ဒီ၊ ချစ်သမီးလေး တုန်တုန်တို့နဲ့အတူ ချစ်ချစ်ခင်ခင်နဲ့ သာယာစိုပြေလှသော မိသားစုဘ၀လေးထာဝရ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ခြွေလိုက်ပါတယ်နော်။

MMS - 1/22/08, 9:41 PM

မလုလုရဲ့ မွေးနေ့ ဆုတောင်းလေးကလည်း မလုလုရဲ့ လက်ရာတွေလိုပဲ ပြည့်စုံ အရသာ ရှိလှပါတယ်.. ကျေးဇူးပါရှင်။

PeTi - 1/23/08, 4:13 AM

ကျွန်တော်က အဖော်ဆိုတာ အသွင်တူမှ ထင်နေတာ။ ကိုအန်ဒီပြောတော့မှ အသွင်မတူတာ ရှာချင်သွားပြီ။ ပိုကောင်းနေသလိုပဲ။ ဟားဟား…
ရေးတာလေးကသွက်ပြီး ဖတ်လို့ကောင်းပါတယ်။

Happy birthday to Mrs. Andy. You guys are fortunate enough to have found each other. I wish you two+1 (+many in future) have many happy days together.... :)

Andy Myint - 1/23/08, 9:29 PM
ပီတိက ဒိုင်လျှိုလေးနဲ့ ပိုင်ရှင်မရှိပါ ကြော်ငြာ ၀င်သွားတာကိုး.. ဟဲဟဲ။ Birthday Wish အတွက်လည်း ကျေးဇူးပါ။
Anonymous - 1/24/08, 1:01 AM

Happy Birthday Nyi Ma Lay. Wishing you+Ko Andy+Tone2 Lay+your future kids to be always peaceful & successful with this love & understanding each other:). This post gives your audience something nice. Bravoooooooooo.

MMS - 1/25/08, 11:51 AM

Many thanks for your wish… :)

Su - 1/27/08, 12:34 AM

happy belated birthday , tonetone's mom.

very nice to read , ko andy.

Mrs. Andy - 1/28/08, 10:42 AM

Thanks, Su... for your wish and appreciation..

DD - 1/10/10, 2:05 AM

I read this post a couple of weeks ago, and didn't leave a comment. Today I listened to this song entitled This is us by Keshia Cole. The concept of the song reminds me of this post. So couldn't help dropping a comment.


I'm like a sunday morning, you're like friday night
And when we kiss, the perfect weekend -no rain in sight
When i'm feeling incomplete, you're my missing piece
And when you need your breathe taken away i'll be your thief

From the start to the end
We don't need to pretend
That we're perfect all the time
'cause we know what we have
Thru the good the bad
It's a strength that you can't deny...

I don't need to find a million reasons why
This is us, this is us, this is how we love
Some ways we're different
But together we're so right
This is us, this is us
And this is how we love

And even if we fall apart, we'll never feel alone
Just like the moon starts rising, our hearts bring us home
We can always find each other like the northern star
Doesn't matter where we are, i'm looking, going far

From the start to the end
We don't need to pretend
That we're perfect all the time
'cause we know what we have
Thru the good the bad
It's a strength that you can't deny...

I don't need to find a million reasons why
This is us, this is us, this is how we love
Some ways we're different
But together we're so right
This is us, this is us
And that's the way we love

We don't always see eye to eye
You must see a million colours
I just see it black and white
(ain't no way we could get much higher)
'cause when we touch it feels like fire
We both know how good this feels
Yes we do... baby... because...

This is you
This is me
This is us

I don't need to find a million reasons why
This is us, this is us, this is how we love
Some ways we're different
But together we're so right
This is us, this is us
And this is how we love

Post a Comment

Many thanks for dropping a comment…

Film