Sunday, February 03, 2008

ပုစွန်ခွက်ကြော်သုတ်

အကြော်သည်တိုင်းမှာ မရနိုင်တဲ့ အကြော်တစ်မျိုးက ပုစွန်ခွက်ကြော်ပါ။ ပုစွန်က ဈေးကြီးတော့ အသည်တိုင်း မရောင်းနိုင်ကြဘူးလေ။ တချို့ ဆိုင်တွေမှာတော့ ရနိုင်ပေမဲ့ ပုစွန် မလတ်တာတွေနဲ့ ကြုံနိုင်တယ်။ အဲဒါကြောင့် ပုစွန်ခွက်ကြော်က ရန်ကုန်က လူတွေတောင် အခါအခွင့် သင့်မှ စားရတာမျိုး။ ကျောက်မြောင်း ဓမ္မစိန္တာလမ်းထောင့်မှာ ပုစွန်ကွက်ကြော်သုတ်ကို အထူးပြု ရောင်းတဲ့ ဆိုင်တစ်ဆိုင် ရှိတော့ ကြုံရင် ကြုံသလို စားဖြစ်တယ်။ ပုစွန်ခွက်ကြော်ဆိုတာကလည်း တခြား အကြော်တွေလို သူချည်းပဲ စားလို့ သိပ်မကောင်းလှဘူး။ ထိုးထိုး ထောင်းထောင် နဲ့ဆိုတော့။ ချေပြီး သုတ်စားရင်တော့ ကောင်းတယ်။ ပုစွန်ခွက်ကြော်ဖို့ အမယ် များများစားစား မလိုပါဘူး။ ကျွန်တော်တို့က ပုစွန် ကီလိုဝက်ရယ်၊ ပဲပင်ပေါက် ၆၅၀-၇၀၀ ဂရမ်လောက်ရယ်၊ တင်ပူရာ အကြော်မှုန့် တစ်ထုပ်ရယ်ဆို ရပြီ။ ကျွန်တော်တို့က အကြော်မှုန့်ထုပ် အိမ်မှာ အဆင့်သင့် မရှိလို့ ကိုယ်ဘာကိုယ် (ဦးကြီးပုရဲ့ နည်းအတိုင်း) စပ်ယူလိုက်ရတယ်။ အကြော်မှုန့် ၄ပုံမှာ ၃ပုံက ပဲမှုန့်၊ ကျန်တဲ့ တစ်ပုံအတွက် ဆန်မှုန့် ၃ဆ၊ ကောက်ညှင်း ၁ဆ ရောလိုက်တယ်။ ရေနည်းနည်းနဲ့ ဆားနည်းနည်းထည့်ပြီး ပြစ်ပြစ် ဖျော်ထားလိုက်တယ်။

ပဲပင်ပေါက်တွေကို ရေစင်အောင် ဆေးပြီး သေချာ ရေစစ်ထားလိုက်တယ်။ တကယ်ဆို အကြော်သည်တွေ သုံးတဲ့ ပဲပင်ပေါက်က အညှောင့်ရော အမြစ်ပါ ရှည်ပြီး သေးသွယ်ပါတယ်။ ကြော်လိုက်ရင် ကြွတ်ကြွတ်လေး ဖြစ်သွားပါတယ်။ အခုဝယ်လို့ ရတာကတော့ တိုတို တုတ်တုတ်ပါ။ ကြက်သွန်နီတစ်ဥကိုလည်း ခပ်ပါးပါး လှီးထားပါတယ်။ ကြက်သွန်နီ ထည့်တော့ ချိုပြီး မွှေးပါတယ်။ ပုစွန်တွေကို ခေါင်းဖြတ် အမြှီးညှပ်၊ နှာမောင်းတွေ၊ လက်တံတွေ ဖြတ်ပြီး ရေဆေးပြီး စစ်ထားပါတယ်။ ပုစွန်ကတော့ Cooked ပဲဝယ်လိုက်ပါတယ်။ အစိမ်းဆိုလည်း ရပါတယ်။ မြန်မာပြည်တို့ စင်္ကာပူတို့က ပုစွန်တွေက ရေချိုတွေမို့ အခွံက ပိုပြီး နူးညံ့ပါတယ်။ ကြော်တော့မယ်ဆို ဆီဒယ်အိုးကို ပူအောင်ထားထားတယ်။ ကြော်တဲ့အခါ ဆိုင်တွေမှာဆို လက်ကိုင်တပ်ထားတဲ့ သံယောင်းမ ခွက်ခွက်နဲ့ ကြော်တာပါ။ ကျွန်တော်တို့ကတော့ ကော်ဖီ ပန်းကန်းပြားထဲကို ပဲပင်ပေါက် လက်တစ်ဆုပ်နဲ့ ကြက်သွန်နီ နှစ်ဖတ် သုံးဖတ်ကို မုန့်နှစ် နည်းနည်းနဲ့ နယ်လိုက်ပါတယ်။ အလယ်မှာ ပုစွန် တစ်ကောင် နှစ်ကောင် မြှုပ်လိုက်ပြီး ဆီဒယ်အိုးထဲကို အသာ လျှောချလိုက်ပါတယ်။ တခြား အကြော်တွေလို မှုန့်နှစ်နဲ့ အစာတွေကို ကြိုမနယ်ထားပါဘူး။ ရေထွက်လာပြီး မုန့်နှစ်က ကျဲသွားတတ်လို့ပါ။ စကြော်တုန်းက မနိုင်မှာ စိုးလို့ ဒယ်အိုးထဲမှာ တစ်ခုစီပဲ ကြော်တာ အချိန်လည်း အရမ်းကြာပြီး အနားသားတွေက မီးတူးလွယ်ပါတယ်။ နောက်တော့ ဒယ်အိုးထဲကို ဆီများများ ထည့်ပြီး ၄ ခုစီ ကြော်တာ မြန်လည်း မြန်ပြီး အပူလည်း မျှတော့ အကျက်ညီသွားတယ်။ တစ်ဖက်မှာ အညိုရောင်သမ်းလာရင် နောက်တစ်ဖက် လှန်ပြီး၊ နှစ်ဖက်လုံး ကျက်ရင် ဆယ်ပြီး ဆီစစ်ထားရုံပါပဲ။

သူမကြော်နေချိန်မှာ ကျွန်တော်က အချဉ်ရေ စပ်ပါတယ်။ မကျည်းသီး လက်တစ်ဆုပ်ကို ရေနွေးနဲ့ ဆေးပြီး Microwave ထဲ စက္ကန့် ၃၀လောက် ထည့်လိုက်ပါတယ်။ ပြီးရင် ရေကျက်အေး ရောပြီး အနှစ်တိုက်ပြီး အဖတ်တွေကို ဖယ်လိုက်ပါတယ်။ ငရုတ်ဆီ အတွက် Garlic Chili ကို သုံးပြီး မကျည်းရည်ရဲ့ ၃ပုံ၁ပုံစာလောက် ရောလိုက်ပါတယ်။ ကြက်သွန်ဖြူကို သေးသေး လှီးပြီး ထည့်လိုက်ပါတယ်။ နံနံပင် နည်းနည်း ထည့်လည်းရပါတယ်။ သကြားနည်းနည်းနဲ့ ငံပြာရည် နှစ်ဇွန်းလောက် ထည့်ပြီး မွှေလိုက် ရုံပါပဲ။

အသုတ်လုပ်စားတဲ့ အခါ ဆိုင်မှာ စားနေကြဆိုတော့ ဆိုင်က ပွားအောင်လုပ်တဲ့ အထာတွေကို စွဲနေပြီး အသုတ်ထဲ ရောဖို့ ကြာဆံကို ပြင်ပါတယ်။ ဆန်ကြာဆံကို ပြုတ်ပြီး အအေးခံထားပါတယ်။ အေးပြီဆို ပဲငံပြာရည် အပြစ်ရည်ကို နည်းနည်း ဆမ်းပြီး ဆီနည်းနည်းနဲ့ နည်ထားပါတယ်။ အသုတ်အတွက် မပါမဖြစ် လိုတာ သခွားသီးပါ။ သခွားသီးကို အကွင်းလိုက် လှီးပြီး အချောင်းလေးတွေ ပြန်လှီးလိုက်ပါတယ်။ စားတဲ့ အချိန်ကျမှ ကြာဆံထည့်၊ သခွားသီးထည့်ပြီး ပုစွန်ခွက်ကြော်တွေကို ကတ်ကြေးနဲ့ ညှပ်ပြီး အချဉ်ရေ ရွှဲရွှဲ ဆမ်းပြီး သုတ်စား နယ်စားလိုက်ပါတယ်။ စာဖတ်သူတွေ သွားရည်ယိုနိုင်ဖို့ ပုံလေးတွေနဲ့ ဧည့်ခံလိုက်ပါတယ်။

9 comments:

Anonymous - 2/3/08, 8:39 PM

ga lu..ga lu..if u 2 make ur blog audience salivary, it is successful.Btw, Tone Tone's head is round and pretty. She is younger & more cute without hair:D

david santos - 2/4/08, 1:05 AM

Hello,
Happy Chenese New Year 2008.
Peace for people of Myanmar.

Until always.

David Santos

nu-san - 2/4/08, 3:07 PM

ကြာဇံနဲ့ ပုဇွန်ခွက်ကြော်သုပ်မြင်ရတာ မြန်မာပြည်မှာ ဆိုင်က ရောင်းတဲ့အတိုင်းပဲ.. မုန့်နှစ်ဖျော်တော့ ပဲမှုန့်က ပဲအစိမ်းမှုန့်ပေါ့နော်.. အမတခါမှ အဲဒီလို မလုပ်စားဖြစ်ဘူး.. ဆီထမင်းလည်း စမ်းချက်ကြည့်မယ်ဆိုတာ စိတ်ကူးထဲပဲ ရှိနေသေးတယ်.. လက်တွေ့အကောင်အထည် မဖော်ရသေးဘူး.. :P ကြာဇံသုပ်ပုံကို ကြည့်ပြီးသွားရည်တွေ မြိုချပြီး ပြန်သွားပြီ.. :(

War War - 2/4/08, 4:36 PM

Kyar Zan thote kyi ya tar attractive phyit lite tar :D

Andy Myint - 2/4/08, 5:22 PM
ဓါတ်ပုံတွေကြောင့် သွားရည် ယိုသွားသလား စာဖတ်သူများ ? ကြာဆံသုပ်ပုံက ကျွန်တော်တို့ သူငယ်ချင်း ဧည့်သည်က ရိုက်ပေးထားတာပါ။ ပဲမှုန့်က အစိမ်းပါ မနု-စံ။ အားမှ လုပ်စားလေ။
AMH - 2/4/08, 8:11 PM

To make the blog audience jealous, I was the one who got to eat with real mouth and tongue. Ha ha.

War War - 2/4/08, 10:05 PM

I envy you ..............
Wanna try your pat thai as well :D

myo - 6/21/08, 10:05 PM

It is mouth watering when I see your "Ah Thote" Try writing some Myanmar recipes on your blog in this way. How about conbination ? main, side and soup dishes, and Nga Pe Yay with Tot sa yar.

hellaD - 12/17/09, 10:59 AM

Yum! i wish I could read burmese your photos look soooo yummy!

Post a Comment

Many thanks for dropping a comment…

Film