Monday, February 04, 2008

Gong Xi Fa Cai

မနု-စံကို အားကျလို့ CNY 2008 အတွက် အမှတ်တရ တင်လိုက်တယ်။ နှစ်ဖက် စလုံးရဲ့ အဖေဘက်က အဘိုးအဘွားတွေကတော့ ပြည်ကြီး တရုတ်တွေပါ။ ဒါပေမယ့် ကျွန်တော်တို့ နှစ်ယောက်စလုံးက နှစ်ကူးချိန်က လွဲရင် ကိုယ့်ကိုကိုယ် တရုတ်လို့ မထင်ဘူး။ ကျွန်တော့်ကိုလည်း ခင်တဲ့ လူတွေက တရုတ် ငချိတ်တဲ့။ (ကောက်ညင်း ငချိတ်က မည်းတယ်လေ)။ အဖိုး တရုတ်ဖြစ်လို့ ကံဆိုးတဲ့ အချက်ကတော့ အင်မတန် တိကျတဲ့ လူဝကြီး (လ၀က - လူဝင်မှုကြီးကြပ်ရေးက ပုဂ္ဂိုလ်)က မှတ်ပုံတင်ထဲမှာ တရုတ်ဗမာ-ဗမာ ဆိုပြီး အတိအကျ မှတ်တမ်းတင် ချလိုက်တယ်။ ကံကောင်းတဲ့ အချက်ကတော့ သူမရဲ့အပါးက ကျွန်တော့်ကို တရုတ်မဟုတ်ဘူးဆိုပြီး ငြင်းဖို့ တစ်ချက် လျော့သွားတယ်.. ငှဲငှဲ ။

ကျွန်တော်တို့ မိဘတွေကတော့ အိမ်မှာ နှစ်ကူးလုပ်ကြပါတယ်။ အဖေတွေက သားကြီးတွေဆိုတော့။ ကျွန်တော်တို့ကတော့ နှစ်ကူးကို အပျော်လုပ်ပါတယ်။ (အဘိုးအဘွားတွေ Ancestor တွေကိုတော့ ကန်တော့တာပေါ့) ပြီးရင် သူငယ်ချင်းတွေ ဖိတ်ပြီး စားကြ သောက်ကြတယ်။ မြန်မာတွေ အတွက်က ပါတီလုပ်သလို သူငယ်ချင်းတွေ အများကြီး ဖိတ်ပြီး စားသောက်ဖို့ အခွင့်အရေး နည်းတယ်လေ။ အလှူလုပ်သလိုလည်း မဟုတ်ဘူးလေ။ အဲဒါကြောင့် တရုတ်နှစ်ကူးရင် နီးစပ်ရာ သူငယ်ချင်းတွေကို ဖိတ်ပြီး သောက်စားတယ်။ ဒီနှစ်တော့ လုပ်ဖြစ်မယ် မထင်ဘူး။

သမီးက တရုတ်နှစ် `၀က်´ နှစ်မှာ ဖွားပါတယ်။ `၀က်´နှစ်တောင် ရိုးရိုး `၀က်´ နှစ် မဟုတ်ပါဘူး။ ဖွံ့ဖြိုးစည်ပင်မည့် `၀က်´နှစ်ပါ။ တရုတ် ၁၂ရာသီခွင် အတွက် အကောင် ၁၂ ကောင်ရှိပြီး တစ်နှစ်ကို တစ်ကောင်စီပါ။ အဲဒီမှာမှ မီး၊ မြေ၊ သတ္တု၊ ရေနဲ့ သစ်သားဆိုပြီး ဒြပ်ကြီး ၅ပါးက တစ်ပါးကို တစ်ခါ တစ်ကောင်စီအတွက် ကျရောက်ပါတယ်။ ဥပမာ မြေ-၀က်နှစ် လာပြီး နောက် ၁၂ နှစ်ကြာမှ သတ္တုဝက်နှစ်လာမည်။ ၀က်နှစ်ဖွားတွေက စီးပွားတက်စေတဲ့ အပြင် နှစ် ၆၀ မှာမှ တစ်ခါ ကျရောက်တဲ့ မီး-၀က်နှစ်က ပိုမိုပြီး စီးပွားတက်စေတယ်လို့ ရုံးက တရုတ်တွေက အားပေး ထောက်ခံကြတယ်။ ဟုတ်မဟုတ်တော့ မသိဘူး အဲဒီနှစ် ကတော့ ကျွန်တော့် တစ်သက်မှာ ပိုက်ဆံ အကုန်ဆုံးနှစ်ပဲ။ သားလေးကတော့ ကြွက်နှစ်မှာ ဖွားမယ်တဲ့။ သူကတော့ မြေ-ကြွက်နှစ်ပါ။

ဒီနှစ်တော့ ဘာမှ မလုပ်ဖြစ်တာနဲ့ မိသားစုတွေ အိမ်မှာပဲ ဓါတ်ပုံ အပျော် ရိုက်ကြတယ်။ အဲဒါကိုပဲ အမှတ်တရအဖြစ် တင်လိုက်တယ်။ စာဖတ်သူအပေါင်းလည်း ပျော်ရွှင်ဖွယ် နှစ်သစ်မှာ စီးပွား လာဘ်လာဘ တိုးပွားကြပါစေ။ ။




6 comments:

nu-san - 2/5/08, 1:42 AM

တုန်တုန်က တရုတ်မ အင်္ကျီနဲ့ ဓာတ်ပုံရိုက်ထားတာ ၀တုတ်ပြီး ချစ်ဖို့ကောင်းတယ်.. အဖိုးအဖွားတွေ မြင်ရင်တော့အတော်သဘောကျမှာပဲ.. အမတို့ ဒီမှာ သူ့ပုံကြည့်ပြီး သဘောကျနေကြတာ... ကတုံးကလည်း တုံးပေးထားလိုက်သေးတယ်..ပါး နှစ်ဖက်ကလည်း ဖောင်းနေတာပဲ.. :D

တုန်တုန်တို့ မိသားစုလည်း နှစ်သစ်မှာ ပျော်ရွှင်ပြီး စီးပွားလာဘ်လာဘတွေ တိုးပါစေ.... :)

ဂျေ - 2/5/08, 7:20 AM

တုန်တုန်လေးကို အားရပါးရဖက် ချင်လာတယ်။ သားလေးက မွေးတော့မယ်ပေါ့ ကောင်းတယ်ကောင်းတယ်

Myo Kyaw Htun - 2/5/08, 3:33 PM

恭喜发财 (Gong Xi Fa Cai)

(p.s: copy ကူးလာတာ :P)

Andy Myint - 2/5/08, 10:52 PM
ဒီအချိန်က ချစ်စရာ အကောင်းဆုံး အချိန်ပဲ ဆိုတော့ အဘိုးအဘွားတွေ အနားမှာ ရှိစေချင်တယ်။ ဟုတ်တယ် J.. မေလနှောင်းမှာ မွေးမယ်။
အားလုံးပဲ
Have a Prosperous Happy New Year!!!
:-)
dilobear - 2/13/08, 12:55 PM

stil can wishe hoat?
so ya..happy mickey year!!..
xin nian kui le..ang pao yi ge lai! :P

imaginary clouds no 2 - 2/16/08, 1:43 AM

အန်ဒီရေ ကြားနေရတဲ့ အသံတွေထဲက တစ်ခုက ( ကြွက်နှစ်မှာ သတင်းစာတွေ ။ မီဒီယာတွေထဲက ကြွက်တွေက မစ်ကီးမောက်စ် ကြွက်တွေဖြစ်နေတယ်) ဆိုကြတယ် ။ ပါးစပ်သတင်း ။ ပါးစပ်သတင်း ။ ကျနော်ကြားတာ ။

Post a Comment

Many thanks for dropping a comment…

Film