Thursday, February 14, 2008

အမျိုးသမီး စကားဝိုင်း

ပထမ အမျိုးသမီး ။ ။ အိမ်ကဟာကြီးကလေ တချိန်လုံး ဘလောက်ရေးလိုက် ဘလောက်ဖတ်လိုက်နဲ့ ကျွန်မနားတောင် မကပ်တော့ဘူး။
ဒုတိယ အမျိုးသမီး ။ ။ တို့ကတော့ ကိုယ့်ယောက်ျားကို ဘလောက် ခိုင်းထားတယ်။ သတင်းနဲ့ ပြန်ကြားရေး ၀န်ကြီး ခန့်ထားတယ်လေ။
တတိယ အမျိုသမီး။ ။ ကျွန်မလည်း သူ့ကို ဘလောက်ပါစေဆိုပြီး လွှတ်ပေးထားတယ်။ ဘာ ဘလောက် ဘလောက်။ မျက်စိရှေ့မှာ မြင်နေရ တော်သေးတယ်။
ဒုတိယ အမျိုးသမီး ။ ။ ဟုတ်တယ် ပိုက်ဆံလည်း မကုန်ဘူးလေ။
စတုတ္ထ အမျိုးသမီးငယ်။ ။ အို မျက်စိရှေ့မှာ ဆိုပေမယ့် ဟိုကောင်မလေးက ကော့မန့်ပွတ်လိုက် ဒီကောင်မလေးက ကော့မန့်ပွတ်လိုက်နဲ့ သူ့အီးမေးတွေကို စောင့်ကြည့်နေရတယ်။
ပထမ အမျိုးသမီး ။ ။ ဟုတ်တယ်... ဟုတ်တယ် အိမ်က လူကိုလည်း သူများ ဘလောက်တွေမှာ သွားပြီး အငြင်းမပွားအောင် ဆွဲထားရတယ်။
ပဉ္စမ အမျိုးသမီး။ ။ ကျွန်မ ယောက်ျားကျတော့လည်း ကျွန်မအကြောင်းလေး ဘာလေး ဘလောက်ပါဆိုတာကို ပြောလို့ကို မရဘူး..ဟွန့်။
ဒုတိယ အမျိုးသမီး ။ ။ ချော့ခိုင်းပေါ့ဟယ်
ဆဌမ အမျိုးသမီး။ ။ ကျွန်မကတော့ သူ့ကို ပေးမဘလောက်ဘူး။ အချိန်ကုန်ပြီး အလကားပဲ။ ဘလောက်မယ့် အချိန်မှာ ပိုက်ဆံရှာမှ တော်ကာကျမှာ။
သတ္တမ အမျိုးသမီး။ ။ ကျွန်မကတော့ ကိုယ်တိုင် ဘလောက်တယ်။ ဒီအချိန်လေးပဲ ကိုယ်ပိုင် အချိန်ရတာလေ။ တနေကုန် သူတို့ အတွက် လုပ်ပေးနေရတာ။
အဌမ အမျိုးသမီးငယ်။ ။ အခုတော့ ကိုယ်ပိုင် ဘလောက်လေး ရှိပါတယ်။ အိမ်ထောင်ကျရင်တော့ ဘလောက်နိုင်ပါတော့ မလား မသိဘူး။
န၀မ အမျိုးသမီးလတ်။ ။ ကျွန်မကတော့ အိမ်ထောင်မပြုတော့ဘူး.. ဘလောက်ပဲ ရေးတော့မယ်။
xxxx xxxxxx။ ။ ............. ဘလောက်....... .............. ......
xxxx xxxxxx။ ။ ...................... ................. .... အိမ်ထောင်ကျ....... ..............
xxxx xxxxxx။ ။ အမျိုးသား... ............. ............

8 comments:

စိုးထက် - Soe Htet ! - 2/15/08, 12:24 AM

အမျိုးသမီး စကားဝိုင်းမို့ ၀င်မပါတော့ပါဘူး :P

ဂျစ်တူး - gyit_tu - 2/15/08, 1:26 AM

အဟား .. နောက်ဆုံး သုံးယောက်ထဲက တယောက်ယောက်တော့ ဂျစ်တူးဖြစ်တော့မယ် ထင်တယ်း)

Andy Myint - 2/15/08, 11:12 AM
ဖွဟဲ့.. လွဲပါစေ ဂျစ်တူးရေ။ အိမ်ထောင်တွေ ဘာတွေကျ အပျင်းပြေ ဘလောက်ဆိုတာပဲ ကြားချင်တယ်။

အဟီး... ကိုစိုးထက်ကို မရည်ရွယ်ဘူးနော် အဟီး။
အောင်နိုင်ထွန်း - 2/15/08, 10:27 PM

ကိုယ်တွေ့လားဗျ

ဂျေ - 2/18/08, 8:20 AM

ကျန်သေးတယ် ဘလောက်ကျေးဇူးကြောင့် ချစ်သူစုံတွဲ၂တွဲမက ထွက်လာတယ်လေ။။။

နောက်ဆက်တွဲ

- ဘလောက်ကြောင့် ဘ၀လေးစိုပြေလာတယ် နစ်ယောက်ထဲကမ္ဘာ ဘလောက်ရွာမှာ....

- ရွေးမယ် ရွေးမယ် ဘလောက်ကြင်ယာရွေးပွဲ

ဒန့်  ဒန့်  ဒန့် 

Andy Myint - 2/19/08, 11:42 AM
လေးဒီစ်ပါဆိုတော့ ကိုယ်တွေ့တော့ မဟုတ်ဘူးပေါ့ ကိုအောင်နိုင်ထွန်း။ ဟုတ်သလား J ။ အခုဟာက အိမ်ထောင်ရေးနဲ့ ဆိုင်တာတွေလေ။ J တို့ Agency က ကြော်ငြာပေးလေ။
Ko Paw - 9/22/08, 8:30 PM

အောင်မလေး…. ရုံးဆင်းချိန်မှာ မဒမ့်ကိုစောင့်ရင်း ကိုအင်ဒီပို့စ်အဟောင်းတွေကို အလုံးစုံ ပြန်ဖတ်ပြီး အူနှိပ်နေရတယ်။ အဟီး…မဒမ်ကိုတောင် ဖုန်းခေါ်ပြီး ဖတ်ပြလိုက်ရသေးတယ်။ သူနဲ့တူတာလေးတွေလဲ ပါလို့…ခွိခွိခွိ။

အင်း…..သွားမှ… သွားမှ….တော်ကြာ ဘွန်းလေးဘူတာကို သူအရင်ရောက်ပြီး ကျနော့်ကို စောင့်နေရရင် “ဒို့အိမ်ကလူကတော့ ဘလော့ဂ်ရှေ့က မခွာဘူး” ပြောနေဦးမယ်။ ဘိုင့်ဘိုင်….

Andy Myint - 9/22/08, 10:04 PM
တိုက်ဆိုင်မှု ရှိရင် ခွေးလွှတ်ပါ အစ်ကိုပေါ ဟားဟားဟား....

Post a Comment

Many thanks for dropping a comment…

Film