Wednesday, March 19, 2008

ကစားပွဲ



အဖြူတစ်ကွက်
အမည်း ၆၃ ကွက် ဖြစ်နေမှ
ကျားကွက် ထိုးမနေနဲ့တော့
ငါ့ကို ဗဟိုတည်ပြီး
ပစ်မှတ်သာ လုပ်လိုက်ပေတော့။

ဘယ်သူ ပိုနာမလဲဆိုတာကို
မြားပစ်သူရဲ့ တည်ငြိမ်မှုမှာ
လောင်းကြေး ထပ်မယ်။ ။

ND

4 comments:

ပီတိ - 3/19/08, 5:20 PM

အဖြူ ၁ကွက်ပေမယ့် အမည်းကြားထဲက လမ်းကလေးတွေကို သုံးပြီ ကစားလို့ရရင် ရှောင်ထွက်ပြေးလို့ရလောက်ပါရဲ့… ;)

pandora - 3/21/08, 11:28 PM

အဖြူထဲက အမည်းလား အမည်းထဲက အဖြူလား

Andy Myint - 3/25/08, 10:17 AM
ဒီလို ထွက်ပေါက်ရှိရင်လည်း ကောင်းသား ကိုပီတိ

ဘယ်လိုပဲ ဖြစ်ဖြစ် အဖြူနဲ့ အမည်း ဘက်ညီဖို့ အရေးကြီးတယ်လေ မပန်
johnmoeeain - 9/15/12, 12:38 PM

:) really love this post.

Post a Comment

Many thanks for dropping a comment…

Film