Sunday, March 02, 2008

အမည် ပြောင်းခြင်း

ဆစ်ဒနီရောက်ပြီး ခဏနေတော့ ဘဏ်စားရင်း သွားဖွင့်တယ်။ ဘဏ်စာရေးမက ကျွန်ပြူတာမှာ အချက်အလက်တွေ ထည့်တော့ နိုင်ငံနေရာမှာ “Myanmar” နဲ့ ထည့်မလို့ Drop-down list မှာ ရှာတာ မတွေ့ဘူး ဖြစ်နေတယ်။ ဟင်းဟင်း... ဒါမျိုးတွေ ရိုးနေပြီ။ “Burma” လို့ရှာ ဆိုပြီး စာရေးမကို ခပ်တည်တည်နဲ့ ပြောလိုက်တယ်။ အဲဒါလည်း မတွေ့ဘူး ဖြစ်နေတယ်။ ပြဿနာပဲ ဒီ ကွန်ပြူတာ စနစ်လုပ်တဲ့သူကလည်း ဒီနိုင်ငံလေးတောင် မေ့ရသလား။ ငါ့နိုင်ငံကိုများ Sanction လုပ်ထားလို့ ဒီမှာ ဘဏ်စာရင်းတောင် ဖွင့်လို့ မရဘူးလားလို့တောင် တွေးမိတယ်။ တွေးလည်း တွေးချင်စရာပဲလေ။ နည်းပညာ Web Site တစ်ခု ဖြစ်တဲ့ Oracle မှာ ပရိုဂရမ်တွေ Download လုပ်ချင်ရင် ကျွန်တော်ဟာ မြန်မာပြည်၊ မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံက မဟုတ်ပါဘူးလို့ ကျိန်ရတယ်လေ။ ခပ်တည်တည်ပဲ ငါနေတာ မြန်မာပြည် မဟုတ်လို့ Download လုပ်လို့ရတယ်ဆိုပြီး Download လုပ်နေကျလေ။ အခုတော့ ဘဏ်စာရင်းလေးတောင် ဖွင့်လို့ မရတော့ဘူးလားဆိုပြီး ၀မ်းနည်းမိတယ်။ စိတ်ရှည်တဲ့ စာရေးမက နိုင်ငံစာရင်းကို အပေါ်ကနေ တစ်ခုစီ ကြည့်လာတာ နောက်ဆုံးနားမှာ “Union of Myanmar” ဆိုပြီး သွားတွေ့လို့ နောက်ဆုံး ဘဏ်စာရင်းလေး တစ်ခု ဖွင့်လို့ ရသွားတယ်။ အင်တာနက်နဲ့ ကွန်ပြူတာ စနစ်တွေ ဒီလောက် သုံးလာတာ နိုင်ငံစာရင်းတွေမှာ မြန်မာပြည်ကို “Union of Myanmar” ဆိုပြီးသုံးတာ ဆိုလို့ ဒါ ပထမဆုံး တွေ့ဖူးခြင်းပဲ။ အင်မတန် တိကျတဲ့ စနစ်နဲ့ သွားတွေ့နေသကိုး။ တော်သေးတယ် နိုင်ငံ၏ မြို့တော်ကို မဖြည့်ရလို့။ နေပြည်တော်ကို စာလုံး ဘယ်လို ပေါင်းလဲ အခုထက်ထိ မသိသေးဘူး။ အဆိုးဆုံးကတော့ ကိုယ်စာကို ကိုယ်ဘယ်လို ခေါ်မှန်းလည်း အသေအချာ မသိသေးဘူး။ Burmese လား Myanmarese လား Myanmar ပဲလား။ လူမျိုးဖြည့်တော့လည်း Burmese ပဲ ဖြည့်ရမလား Myanmar ပဲ ဖြည့်ရမလား ဖြည့်တိုင်း စဉ်းစားရတယ်။ ပြောင်းမယ်ဆိုလည်း အကုန်ပြောင်းပြီး အတိအကျ ပြောမှပေါ့။ (တကယ်လို့ တရားဝင် ပြောထားတာ ရှိရင်လည်း ညွှန်းကြပါဦး။) မရှိရင်တော့လည်း အင်္ဂလိပ် သတင်းစာ (News Light of Myanmar) ကသုံးသလိုပဲ လိုက်သုံးရမလားပဲ။

ဟာသတစ်ခုထဲကလို ရှရှက မြို့တစ်မြို့မှာ တစ်သက်လုံး နေခဲ့တဲ့ အဘိုးကြီး တစ်ယောက်ကို မေးတော့ ပြန်ဖြေတယ်။
ဘယ်မှာမွေးလဲ - စိန့်ပီတာစဘာ့ဂ်။
ဘယ်မှာ ကျောင်းနေသလဲ - ပီထရိုဂရက်။
အလုပ် ဘယ်မှာ လုပ်လဲ - လီနင်ဂရက်။
အငြိမ်းစားယူပြီး ဘယ်မှာနေလဲ - စိန့်ပီတာစဘာ့ဂ် တဲ့။

တို့တိုင်းပြည်ကြီးမှာမှ ရွှေဉာဏ်တော် စူးရောက်ပြီး နာမည်တွေ ပြောင်းတာ မဟုတ်။ တစ်ကမ္ဘာလုံးမှာ ပြောင်းနေကြတယ်။ တကယ်တော့ နိုင်ငံနာမည်တွေ မြို့နာမည်တွေ ပြောင်းတယ်ဆိုတာ အမျိုးသားရေးကို ဗန်းပြထားတဲ့ နိုင်ငံရေး လှည့်ကွက် တစ်ခုပါပဲ။ နိုင်ငံရေး လှည့်ကွက်မဟုတ်တဲ့ အမည်ပြောင်းမှု သန့်သန့်တွေ နောက်ကွယ်တွေမှာတောင် တခြားသော နိုင်ငံရေး အကြောင်းအရာတွေ ရှိနေနိုင်ပါသေးတယ်။ ဒီလို နာမည်တွေ ပြောင်းတာ ဌာနေတွေတင် မျက်စိလည်တာ မဟုတ် ဧည့်သည်တွေလည်း ပိုပြီးတောင် မျက်စိလည်တာပဲ။ ခရီးသွားတွေက လမ်းညွှန် စာအုပ် အဟောင်းလေးတွေနဲ့ ဆိုလို့ကတော့ ပိုဆိုးမယ်။ မြန်မာပြည်ကို လာလည်တဲ့ အင်္ဂလိပ် အဘိုးကြီး အဘွားကြီးတွေ ဒီလို ဖြစ်တတ်တယ်ဆိုတာ ကိုစောဖုန်းလူရဲ့ ကျွန်ုပ်နှင် စစ်ကြိုခေတ်မှာ ဖတ်လိုက်ရသေးတယ်။ အထူးသဖြင့်တော့ မြေပုံလုပ်တဲ့ သူတွေ၊ ပထ၀ီဝင် လေ့လာသူတွေ၊ စာတိုက်မှ တာဝန်ရှိသူတွေနဲ့ စစ်ရေး စစ်ရာ သက်ဆိုင်တဲ့ သူတွေမှာ ဒီလို ပြောင်းလဲလိုက်တဲ့ အမည်တွေကို အလျဉ်မီနေရပါတယ်။

နိုင်ငံတွေ လွတ်လပ်ရေး ရကြတော့ နာမည်တွေ ပြောင်းကြ၊ နာမည်တွေ ပေးကြ လုပ်လေ့ရှိပါတယ်။ အထူးသဖြင့် အာဖရိကနိုင်ငံတွေမှာ လွတ်လပ်ရေး ရကြတော့ နာမည်အသစ်နဲ့ တိုင်းပြည်တွေ အလျှိုလျှိုပေါ်လာတယ်။ ကိုလိုနီခေတ်မှာ စီဆဲရုဒ်စ် (Cecil Rhodes) ဆိုသူကို အစွဲပြုပြီး ပေးထားတဲ့ ရိုဒေးရှား (Rhodesia)ဆိုတဲ့ အာဖရိကက မိုင်းတွင်း နိုင်ငံက လွတ်လပ်ရေးရတော့ တောင်ဘက် အခြမ်းက ဇင်ဘာဘွေ (Zimbabwe)ဆိုတဲ့ နိုင်ငံဖြစ်၊ မြောက်ဘက်က ဇမ်းဘီယား(Zambia) ဆိုတဲ့နိုင်ငံတွေ ဖြစ်လာတယ်။ ကိုလိုနီ လက်အောက်က လွတ်ပြီးမှ နိုင်ငံ(ဒေသ) နာမည် နောက်မှာ အထူးပြုမှု နည်းနည်းပိုလာတာက ဟောင်ကောင်နဲ့ မကာအိုပါ။ Hong Kong (S.A.R.) နဲ့ Macao (S.A.R.) အသီးသီးပါ။ အင်္ဂလိပ် အုပ်ချုပ်မှု အောက်နေ ထွက်လာပြီး တရုတ်ပြည်မကြီးရဲ့ အထူးအုပ်ချုပ်မှု ဒေသ (SAR - Special Administrative Region) ဖြစ်သွားလို့ပါ။ တိုင်းပြည်တွေ အရှေ့နဲ့ အနောက်၊ တောင်နဲ့ မြောက် ကွဲနေရာကနေ ပြန်ပေါင်းပြီး အထူးပြုမှုတွေ ပြုတ်သွားတဲ့ နိုင်ငံ တချို့အတွက် ဥပမာကတော့ ဂျာမနီ (အရှေ့ - အနောက်)နဲ့ ယီမင် (ပြည်မနဲ့ တောင်ယီမင်) တို့ပါ။

ဆိုဗီယက် ပြည်ထောင်စုကြီး (Soviet Union) က ကွဲထွက်သွားပြီး သူဘာသူ နိုင်ငံ အဖြစ် ရပ်တည်နေတဲ့ နိုင်ငံအသစ်တွေကတော့ အတော် များပါတယ်။ လူသိများတာတွေကတော့ ဂျော်ဂျီယာ (Georgia)၊ ယူကရိန်း (Ukraine) ၊ Harrison Ford ရဲ့ Air Force One ရုပ်ရှင်ထဲက လေယာဉ်ပြန်ပေးသမားတွေ အပေးအယူလုပ်ပြီး ပြန်လွှတ်ခိုင်းတဲ့ နိုင်ငံရေးခေါင်းဆောင်ရဲ့ ကာဇက်စတန် (Kazakhstan)၊ ဥဇ်ဘက်ကင်စတန် (Uzbekistan )၊ အဇာဘိုင်ဂျန် (Azerbaijan)၊ အီစတိုးနီးယား (Estonia)၊ လစ်သူရေးနီးယား (Lithuania) တို့နဲ့ ရုရှပြည်ထောင်စုကြီး (Russian Federation) ကိုယ်တိုင်ပါပဲ။ ယူဂိုစလဗ်ကနေ ခွဲထွက်လာတဲ့ပြီး နိုင်ငံ ဖြစ်လာတာ တချို့က ခရိုအေးရှား (Croatia )၊ ဘောစနီးယား-ဟာဇီဂိုးဗီးနား (Bosnia and Herzegovina) နဲ့၊ ဆားဗီးယား (Serbia)တို့ပါ။ ကိုဆိုဗို (Kosovo) က အခုတလောကမှ ဆားဗီးယားကနေ ခွဲထွက်လိုက်ပြန်တယ်။ ဒီလိုဆိုရင် နောက်နောင်မှာ ရှမ်းတို့ ကရင်တို့ဆိုပြီး နိုင်ငံငယ်တွေရော ပေါ်လာနိုင်မလားပဲ။

ပြင်သစ်လို (Cambodge) ကမ်ဘာဂ်ျာ ကို ဒေသသံနဲ့ ခေါ်တဲ့ ကမ်ပူချီးယား (Kampuchea)ကနေ ပြောင်းလိုက်တာက အင်္ဂလိပ် အသံထွက် ကမ္ဘောဒီးယား (Cambodia)။ ပြင်သစ်တွေ သူတို့လက်အောက်မှာတုန်းက နာမည် ပေးထားတဲ့ နောက်တစ်မြို့ကတော့ ဗီယက်နမ်က ဆိုင်ဂုံ (Saigon) မြို့ပဲ။ နောက်ပိုင်း စစ်တွေ ဖြစ်ပြီးနောက် ခေါင်းဆောင်ကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ ဟိုချီမင်းစီးတီး (Ho Chi Minh City) ဆိုပြီး ပြောင်းလိုက်တယ်။ ဒါပေမယ့် ဆိုင်ဂုံဆိုတဲ့ နာမည်က ပိုလှတယ်။ ခရီးသွားလုပ်ငန်းတွေက ဘိုတွေကို Saigon နဲ့ပြောရင် ပိုကြိုက်ကြတယ်။ မြန်မာပြည်မှာလည်း ရန်ကုန်ကို အခုအချိန်အထိ “ဒဂုံ”ခေါ်နေတာ ခရီးသည် ပို့ဆောင်ရေး ကားတချို့လေ။ ဒဂုံ-မန်းတို့ ဘာတို့ လိုမျိုး။ အိန္ဒိယမှာတော့ မြို့နာမည်တွေကို ဘာပြောင်းသလဲ မမေးနဲ့။ ကျွန်တော် ချနိုင်း (Chennai) ကို အလုပ်ကိစ္စနဲ့ ရောက်သာသွားတယ် အဲ့ဒါ အရင်တုန်းက မဒရက်စ် (Madras) မှန်း မသိဘူး။ သိခဲ့ရင် မဒရက်စ်နဲ့ ရတနာဂီရိ (Ratnagiri) နဲ့ ဘယ်လောက်ဝေးလဲလို့ ဒေသခံတွေကို မေးမိဦးမယ်။ ဘုံဘေ (Bombay) ကို မမ်ဘိုင်း (Mumbai) ပြောင်းလိုက်တယ်။ နောက်တခြား မြို့တော်တော်များများကို နာမည်တွေ ပြောင်းလိုက်တယ်။ အိန္ဒိယ သွားမယ်ဆို ကိုယ်သွားမယ့်မြို့ကို အရင်တုန်းက ဘယ်လို ခေါ်သလဲပါ လေ့လာသွားမှ ဖြစ်မယ်။

အတိတ်ဆိုး အရိပ်မိုးတွေကနေ လွတ်ချင်လို့ နာမည်တွေ ပြောင်းကြတာ မဆန်းပါဘူး။ ဖီလစ်ပိုင် (ဖလစ်ပင်း - Phillipines) ကျတော့လည်း ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကတည်းက ဖီးလစ်ဆိုတဲ့ စပိန်ဘုရင်ကို အစွဲပြုပြီး ပေးထားတဲ့ နာမည်ကို အခုထက်ထိ သုံးနေတုန်းပဲ။ ဟုတ်သလားတော့ မသိဘူး။ ဖီလစ်ပိုင်က “မလေးရှား” ဆိုပြီး ပြောင်းမလို့ လုပ်နေတာ အခု မလေးရှားဆိုတဲ့ နိုင်ငံက ဦးသွားလို့တဲ့။ လီကွမ်းယူကြီးကိုလည်း သူ့မိတ်ဆွေက အကြံပေးလို့ ဘိုနာမည်တွေကို ဒီအတိုင်းထားပြီး မပြောင်းလို့ စင်္ကာပူမှာ ရဖဲလ်စ် (Raffles)တို့ ၀ိတိုရိယလမ်း (Victoria Street) တို့ ဟက်ဗလော့ခ် (Havelock) တို့ ရှိနေသေးတာတဲ့။ ဟောင်ကောင်မှာလည်း ၀ိတိုရိယ ပန်းခြံလမ်း (Victoria Park Road)တို့၊ အဘာဒင်း (Aberdeen Tunnel)တို့ဘာတို့ အခုထိ ရှိနေသေးတာပဲ။ နာမည်မပြောင်းတဲ့ နိုင်ငံတွေက နာမည်မပြောင်းလောက်အားအောင် အလုပ်ရှုပ်နေလို့ တနည်းအားဖြင် မယောင်ရာ ဆီလူးတဲ့ အလုပ် မလုပ်လို့ တိုးတက်နေတာများလား။

တချို့က နာမည်မပြောင်းပေမယ့် (Nick Name) နာမည်ဝှက် နာမည်ပြောင်တွေ၊ ချစ်စနိုးနဲ့ ခေါ်တာတွေကလည်း ရှိသေးတယ်။ ဥပမာ သြစတြေးလျ (နယူးဇီလန် အပါအ၀င်)ကို Down Under လို့ ခေါ်တာမျိုး။ တကယ်တော့ ပထ၀ီဝင် မြေပုံ အနေအထားအရ သြစတြေးလျတိုက်က အာရှတိုက်တို့ အာဖရိကတိုက်တို့ အောက်ဖက်ကို ရောက်နေလို့ Down Under ဆိုပြီး တွင်သွားတယ်။ မြန်မာပြည်မှာ အထက်ပိုင်းဒေသကို `အညာ´လိုမျိုး ခေါ်သလိုပေါ့။ သြော်ဇီတွေကတော့ သူတို့ကို Down Under ကလို့ (အောက်သားတွေလို့) ခေါ်တာ မကြိုက်ဘူးတဲ့။ နှိမ်တယ်ဆိုပြီးတော့။ နောက်တစ်ခုက NYC - New York City ကို The Big Apple လို့ ခေါ်သလိုမျိုးတွေပါ။ စင်္ကာပူကလည်း Lion City ဆိုပြီး Tourism တွေမှာ Promote လုပ်တယ်။ မြန်မာပြည်က The Golden Land လို့ပြောသလိုမျိုးပေါ့။

နာမည်တွေ ပြောင်းလိုက်လို့ တိုင်းပြည်တွေ၊ မြို့တွေက ပိုတိုးတက်သွားသလား ဆိုတာကိုတော့ စောင့်ကြည့်စရာ အထွေအထူး မလိုပါဘူး။ အုပ်ချုပ်နေတဲ့ သူကို ကြည့်ပြီး ပြောနိုင်ပါတယ်။


References : (All web pages accessed on 2-Mar-08)
၁။ ကိုစောဖုန်းလူရဲ့ ကျွန်ုပ်နှင့် စစ်ကြိုခေတ်
၂။ Country and City Name Changes since 1990
၃။ RD (AU Ed) Mar' 08

11 comments:

Kay - 3/3/08, 12:26 AM

တခါတည်းကို စုံသွားတာပဲ.. ဗဟုသုတ..ရတယ်ဗျို့..
း)
ကျ မ သူငယ်ချင်းတယောက်ဆို..ပြင်သစ်လေဆိပ်မှာ.. လူဝင်မူ အရာရှိက.. မြန်မာ ရှာမရ ဖြစ်နေလို့.. သခင်မျိုးဟေ့..ဆိုတဲ့စိတ်က..ဖွတ်ကနဲထွက်သွားလိုက်တာ.. `မင်းတို့ပြင်သစ်တဲ့ ၂ဆ ကြီးတယ် ´ဆိုလို့.. လေဆိပ်မှာ တည အိပ်လိုက်ရတယ်။

sawphonelu - 3/3/08, 12:42 AM

အောင်ကျော်မြင့် ရေ ၊ကောင်းလိုက် တာ ၊ အဲဒီ လို လေး တွေ ရေး ပါ ဦး ။
အပေါ် က ပြင်သစ် ဆိုလို့ ကိုယ် ပြည် လမ်း က MK ဆိုင် ကို လွန့် ခဲ့ တဲ့ ၁၀ နှစ် လောက် က သွား ငှေး တုန်း က ဝန်ထမ်း ကောင်မလေး က နိုင်ငံခြား သား တစ် ယောက် ကို မိကျောင်း တံဆိပ် အင်္ကျီ ကို ပြ ပြီး“ Made in ပြင်သစ်” လို့ ပြော တာ မှတ်မိ နေ တယ် ။ ရယ် စရာ လေး တစ်ခု ပါ ။

may - 3/3/08, 3:07 AM

တော်တော်ဗဟုသုတရပါတယ် ... ကျေးဇူးပါ

ပီတိ - 3/3/08, 1:08 PM

ထုံးစံအတိုင်း ဗဟုသုတရတဲ့ ပို့စ်လေးပါပဲ။
ကိုအန်ဒီရေ… The Golden Land ကို နာမည်ပြောင်းလိုက်ပြန်ပြီလား…
အဟဲ.. စတာနော်.. The Golder Land လို့ စာလုံးပေါင်းမှာနေတာလေးကို :P

Anonymous - 3/3/08, 1:47 PM

နေပြည်တော်မြို့တော်ကို Nay Pyi Taw လို့ပေါင်းတယ်ဗျာ။ တခါတလေ Tay Pyi Taw လို့လည်း ပေါင်းသဗျာ။

အဝေး
http://www.moemaka.blogspot.com/

lwinmoe - 3/3/08, 5:40 PM

I like this line of thoughts. :)
"နာမည်မပြောင်းတဲ့ နိုင်ငံတွေက နာမည်မပြောင်းလောက်အားအောင် အလုပ်ရှုပ်နေလို့ တနည်းအားဖြင် မယောင်ရာ ဆီလူးတဲ့ အလုပ် မလုပ်လို့ တိုးတက်နေတာများလား။"

Actually, it has some truth in it. These countries are -- correct me if I am wrong -- generally free from prejudice and nationalism, which make a country crippled both in terms of cultures, human resources and economy.

Andy Myint - 3/3/08, 11:06 PM
ဟားဟား... လူဝကြီး (လ၀က - လူဝင်မှုကြီးကြပ်ရေး) တွေက အဲဒီလိုပဲ သူတို့ ရစ်ချင်ရင် ကောက်ရစ်တာပဲ။ ကျွန်တော် သွားတုန်းကတော့ အဆင်ပြေတယ် .. မကေ

ဟုတ်တယ် ကိုစော။ သူမပြောနဲ့ ကျွန်တော်လည်း မှားချင်တယ်။ French နဲ့ ပြင်သစ်နဲ့ ဘာမှ ဆိုင်တာ။ ကျွန်တော်က ညွန့်ဝင်းကြီး ကမ္ဘာ့ဖလားမှာလား Euro မှာလား ပြောတာကို သွားသတိရ။ နောက်ပြီး ဆရာ မြသန်းတင့်က ပါရီကျဆုံးခန်းဆိုပြီး Paris ကို ပါရီ ခေါ်တာ အဲဒီကို သွားခါနီးမှ ပြင်သစ်တွေက သူတို့မြို့ကို ပဲရစ်လို့ အင်္ဂလိပ်လို အသံထွက်တာထက် ပါရိစ်လို့ ပြင်သစ်လို အသံထွက်တာကို ကြိုက်မှန်း သိတယ်။

ကျေးဇူးပဲ..မေ။ မေလည်း ရေးဦးလေ။

ဟားဟား.. ပြင်ပေးတာ ကျေးဇူးပါ ကိုပီတိ။ အဲဒီနေရာရောက်တော့ မျက်စိကလည်း အတော် လျှမ်းနေပြီ ညကလည်းနက် ပိုစ်ကလည်း တင်ချင်နေ ပြီးတော့ Typing ရိုက်တာလည်း er ကို ရိုက်တာ ဆွဲပြီး ပါသွားတယ်။ (ဆင်ခြေကို ခြေလေးချောင်း ပြည့်အောင် ပေးလိုက်ဘီ.. ဟက်ဟက်)

အဲဂလို တစ်လုံးစီ နေ.. ပြည်..တော်လို့ ပေါင်းတာကိုး။ တေပြည်တော်လည်း ကောင်းတာပဲ.. ဟင်း။

တနည်းအားဖြင့်လည်း ဟုတ်တာပဲ ကိုလွင်မိုး။ သေချာတာကတော့ Tourism မှာ ကောင်းတယ်။ ကျန်တာတွေကတော့ အသေအချာ မသိနိုင် မတိုင်းတာနိုင်ဘူးပေါ့။
TZA - 3/6/08, 3:24 PM

ကိုအန်ဒီပို့စ်တွေက ဗဟုသုတရပါတယ်။

Economist Intelligence Unit ရဲ့ The world in 2026 ခန့်မှန်းချက်မှာတော့ နောက်အနှစ် ၆၀ ကျရင်ပေါ်လာမယ့်နိုင်ငံသစ်တွေက..
Abkhazia, Catalonia, Chechnya, Corsica, Euskadi, Flanders, Guangdong, Kosovo, Kurdistan, Padania, Palestine, Puntland, Quebec, Sardinia, Scotland, Siberia, Somaliland, South Ossetia, Tibet, Transdniestr, Wales, Wallonia, Western Sahara, Xinjiang…
စတာတွေ ဖြစ်နိုင်တယ်တဲ့။ ကိုဆိုဗိုကတော့ စောစောစီးစီးကျွတ်သွားတယ်။ မြန်မာကပြည်နယ်တွေတော့မတွေ့မိဘူး၊ ထူးခြားတာက တရုတ်ပြည်ကွန်တုန်(ကန်တုန်)လည်း စာရင်းထဲပါနေတယ်၊ ဟောင်ကောင်အားကျပြီး ခွဲထွက်ရေးလုပ်မယ်လို့ ခန့်မှန်းတာထင်တယ်။

Andy Myint - 3/7/08, 8:04 PM
အခုလို ဖြည့်စွက်ပေးတာ ပိုလို.တောင် ကျေးဇူးတင်တယ် ကိုသန့်စင်အောင်။ အဲဒီ စာရင်းကိုတော့ အခုမှ တွေ့ဖူး သိရတာပါ။ ဟုတ်ပါတယ်။ မြန်မာက မပါနိုင်ပါဘူး။ အဖြစ် ရေးလိုက်တာပါ။
Ko Paw - 3/7/08, 8:54 PM

ဒါကြောင့်ဘဲ ဖြစ်ရမယ်။ ပြီးခဲ့တဲ့ နှစ်ကုန်လောက်က မဲလ်ဘုန်းကို လာတော့ လေဆိပ်က အင်မီဂရေးရှင်းမှာ နိုင်ငံနာမည်ကို နှစ်ခါပြောယူရတယ်။ ပြီးတော့လည်း မပြီးသေးဘူး။ အရာရှိတယောက်က ကျနော့် ပတ်စ်ပို့ကို အခန်းထဲယူပြီး စစ်ဆေးသေးတယ်။
အပြင်ဘက်နားက ထိုင်ခုံလေးမှာ ငါးမိနစ်လောက် ထိုင်စောင့်လိုက်ရတယ်။

ကျွန်တော်တို့တိုင်းပြည် နာမည်ပြောင်းတာနဲ့ ပတ်သက်လို့ အောက်က ဆောင်းပါးလေးက အင်မတန် ဖတ်လို့ကောင်းတယ်။ ရယ်လည်း ရယ်ရတယ်။

"http://www.voicesforburma.org/tourism/The%20Press/2001/burma-a-land-where-nonsense-holds-sway"

Burma -- a Land Where Nonsense Holds Sway

Call the country what you will, it's no place for a visit. By Dominic Faulder, in Asiaweek published on August 13, 2001.
A combat-ready infantryman fixed me with an unfriendly gaze, his assault rifle pointed in my direction. Before I could pass, he flicked open the flap on my bag and rummaged through my cameras, lenses and tape recorder. Presumably satisfied that I was not an off-duty ninja, he pushed open the door into a gloomy chamber I knew all too well. Right beside the Sule Pagoda in the center of Rangoon, I was once again in the reception room of the Ministry of Hotels and Tourism. In fact, I was there to meet Burma's 'Mr. Hospitality' himself.

The gentleman concerned rose from his chair. He wasted little time on pleasantries before sounding off on one of his pet peeves: foreign journalists. Lt.-Gen. Kyaw Ba was a powerfully built man who bristled in his crisp, dark-green uniform. He brought rare experience to Burma's embryonic hospitality industry. Previously, he had held one of the northern commands, a job that involved shooting Kachin insurgents when they popped up from their jade mines. One of the greatest disappointments of his career was failing to capture a Swedish journalist who had taken an extended walking tour across northern Burma with his wife and daughter but without, shall we say, "official permission."

Kyaw Ba was still vexed by this incident from nearly a decade before, and an aide had to remind him gently that I was actually a different journalist. With that cleared up, we got down to talking serious hospitality. We discussed hotel developments, airline capacity, visas, and promoting winter sports (that's another story). I have to say this was one of the stranger interviews in my career. Kyaw Ba spoke good English but was a big-picture man who didn't trouble himself much with detail. Whenever I asked a specific question, he would nod in the direction of a large pot plant. A junior officer would pop up from behind this camouflage, stand to attention and bark out the correct answer. "Can you tell me how many visitors came here last year?" Pot plant rustles. "Sixty-one thousand, sir."

That odd encounter came flooding back to me as I read the latest issue of Holiday Asia, which devotes many pages to the charms of Burma, unquestionably one of the most enticing and photogenic countries in Asia. Some things never change. Amid glorious scenes from the Irrawaddy, Pagan and Inle Lake was an announcement from Burma's Ministry of Transport concerning a new aviation tie-up with Singapore's Region Air. And what Burmese delight is showcased in the accompanying photograph? A welcoming inflight crew? A golden pagoda? No. It is a mug shot of the transport minister, Maj. Gen. Hla Myint Swe, in full uniform with all his campaign medals on display. Nice gongs.

Clearly, it still has not dawned on the powers that be in Burma that the last thing prospective visitors want to see is generals flaunting their battle honors. Holidaymakers and soldiers just aren't a natural mix. But it's very hard to explain this kind of thing to soldiers. Take just one example: Burma's delegation to the Beijing Women's Conference in 1995 was led by a man, the social welfare minister, Maj. Gen. Soe Myin. Keep that in mind next time you read some overly optimistic prediction of an early political settlement with Burma's most famous lady, Aung San Suu Kyi. In November 1996, Kyaw Ba launched a massive charm offensive on all fronts. Visit Myanmar Year was slated to attract 500,000 foreign tourists, never mind the problems of accommodation and airline capacity. "Negative publicity will not dampen the success of Visit Myanmar Year," boomed Kyaw Ba. The target was hopelessly missed -- even after Visit Myanmar Year had been extended for another year. Did foreigners stay away because they perceived Burma to be unsafe or because of the boycott campaign endorsed by Suu Kyi? Hard to say. But however safe Burma actually was and is, there is no question that most foreigners do not want to visit a country where the military may be prowling around on the streets living up to its well-earned reputation for treating the locals badly. That's a bit of a non-starter, boycott or not. Perception is everything.

The generals can't understand this sort of argument because for them uniforms, gongs and guns are the stuff of normal life, just like ordering people around. The bizarre highlight of the Visit Myanmar Year opening ceremony was a vast parade, mostly of young women dressed in ethnic costumes. They looked superb, but the effect was totally ruined by a senior army officer standing ramrod straight out front barking instructions at them over the PA system. To Kyaw Ba and the other generals beaming from the grandstand, this was just a march past in fancy dress with everybody following orders. Situation normal.

Of course, in most other places army officers marching ethnic maidens around stadiums would be considered distinctly abnormal. But if you want clearer evidence of the huge gulf between the way the generals think and the way most others think, look no further than the country's name problem. In 1989, it was changed officially from Burma to Myanmar by the de facto military government, the State Law and Order Restoration Council (SLORC). In fact, the country went from Union of the Socialist Republic of Burma, to the Union of Burma to the Union of Myanmar in about six months. A lot of people were very upset, and have carried on calling the country Burma to register their disgust with an illegitimate regime that rose up out of a sea of blood. Twelve years on, most English-speakers still call it Burma. If that is not a ringing, inexpensive, international, vox pop rebuke, what is?

Some argued that it should have been Myanma, and others plunged into obscure and pedantic debate about whether Burma or Myanmar was more etymologically correct. In fact, if the generals had renamed the country Slorcland, the issue would have been the same. "Although in Burmese 'Bama' and 'Myanma' are used interchangeably for the name of the country, the choice of names in English has political connotations," explains Cristina Fink in Living Silence, a recent study of the country under military rule. "The military unilaterally changed the English name of the country without consulting the country's citizens."

To be even more contrary, the generals changed a lot of place names too. Rangoon became Yangon, Pagan became Bagan, Pegu became Bago, and so on. For a country supposedly promoting tourism, this was asking for trouble. The confusion continues to this day. There is also a muddle over the correct related adjectives and nouns. For example, are the good people of Myanmar (the Burmese as most people still call them) Myanmars, Myanmarish, Myanmaries, Myanmies, Myanmaies, Myanmaese, Myanmese, Myanmarese, or what? Got a headache? Join the club. I fear the militarily correct, but linguistically sad, answer is that the Burmese are now, officially, Myanmars.

The good news is that this battle will be fought not in Myanmar, but in the English-speaking world, and it will be common usage that dictates whether the people of Myanmar are referred to as Burmese or Myanmars, not the junta. I hope it's Burmese because at the end of the day it is simply a much more beautiful word in English. Saying that, of course, invites immediate official condemnation for being a sentimental colonialist stooge, so I'll go a step further: Burma is one of the most evocative and enchanting place names in the world -- a name to conjure up unforgettable holidays.

The more clipped Myanma would be an improvement on Myanmar, but I fear that irritating 'r' will be rolling around for years to come. But I shall of course be calling the country Myanmar in print except when referring to it when it was still known as Burma. Like it or not, this is the official name of the country accepted by the United Nations, ASEAN, etc., and tacitly by any country that accredits an ambassador there.

It does not matter whether I approve of that state of affairs or not. The world is chaotic enough already without having journalists running around making gratuitous political statements. Perish the thought.

Andy Myint - 3/11/08, 9:52 AM
ဟုတ်လိမ့်မယ် အစ်ကိုပေါ်။ နောက်ပြီး ဖြစ်နိုင်တာက TZA ပြောသလို တစ်နေရာရာမှာ စာလုံးပေါင်း မှားနေတာလည်း ဖြစ်နိုင်တာပဲ။ မြန်မာ ပတ်စ်ပို့ကတော့ ဒီလိုပါပဲ နည်းနည်းတော့ အာရုံစိုက်ခံရတယ်။ ဆောင်းပါး ပြန်ညွန်းတာ ကျေးဇူးပါ။

Post a Comment

Many thanks for dropping a comment…

Film