Thursday, April 24, 2008

ဘလော့ဂ် မိတ်ဆက်

ဘလော့ဂ်လေး နှစ်ခု မိတ်ဆက်ပေးချင်ပါတယ်။
My Niche
Pro Programmers

My Niche က အေးမိစံဆိုတဲ့ တစ်ယောက်ရေးတာပါ။ အမျိုးသမီး ပရိသတ်တွေကို ရည်ရွယ်ပါတယ်။ ကိုအန်ဒီရယ် ကျွန်မ ဘလောက်လေး ကြော်ငြာပေးပါဆိုလို့သာ ကြော်ငြာရတာ ကျွန်တော့် မိန်းမ သိလို့ မဖြစ်ဘူး။ အခုမှ ဘလော့ရေးခါစလေးပေါ့။ မှန်မှန် တင်မလား မတင်ဘူးလားတော့ စောင့်ကြည့်ရမယ်။

Pro Programmers ကတော့ Programmer တွေ နေ့စဉ် ကြုံတွေ့နေရတဲ့ ပြဿနာတွေနဲ့ ဘယ်လို ဖြေရှင်းသွားတယ်ဆိုတာကို မှတ်တမ်းတင်ထားတာပါ။ Software Development က ပရိသတ်အတွက်ပါ။ Pro ဆိုတာ Problem ကို ပြောတာပါ။ Professional မဟုတ်ပါ။ အတိုအကျဉ်းပဲ ရေးပါတယ်။ အခုတော့ ကျွန်တော် တစ်ယောက်တည်း စ ရေးနေတာပါ။ ပါဝင်ရေးသားမယ်ဆို ဖိတ်ခေါ်ပါတယ်။

အဲဒီ ဘလော့ဂ်တွေကို We She Me Blog ရဲ့ Feed-Peek (Blog Roll) မှာလည်း စောင့်ကြည့်နိုင်ပါတယ်။

3 comments:

pmmw - 4/24/08, 11:36 AM

အစ်ကို ဆိုက် ကို အမြဲ တမ်း ကြည့် ဖြစ် ပါတယ။် အခုကြည့်စရာဆိုက်တိုးပြန်ပြီ ။ အားပေးနေပါတယ်။

imaginary clouds no 2 - 4/25/08, 12:57 AM

အန်ဒီရဲ့ ဘလော့အသစ်ကို အားပေးနေပါတယ် ။ ခုလို အတွေ့ အကြုံတွေကို ရေးတာ တကယ့်ကို တန်ဖိုးရှိပါတယ် ။ များများရေးပါဗျာ ။

Andy Myint - 4/27/08, 11:34 PM
အားပေးတော့ အားတက်တယ် PMMW နဲ့ ဆြာတိန်။

Post a Comment

Many thanks for dropping a comment…

Film