Sunday, May 04, 2008

မြန်မာ ဘလော့ဂ် - ၃၉၀၀

Blog Profile Page မှာ ရှိတဲ့ Location ပြထားတဲ့ နေရာမှာ နိုင်ငံတွေကို Click လုပ်ကြည့်မိတဲ့ အခါ အဲဒီ နိုင်ငံမှာ ရှိတဲ့ (Blogspot) Blogger ဘယ်နှယောက် ရှိတယ် ဆိုတာကို ပြထားတာ သတိပြုမိပါသည်။ Link URL ကို ကြည့်လိုက်တော့ နောက်ဆုံးမှာ နိုင်ငံကို ISO Country Code နဲ့ သုံးထားတာမို့ မြန်မာပြည်မှာ ဘယ်နှယောက် ရှိသလဲကို လုပ်ကြည့်လို့ ရပါတယ်။ဥပမာ မြန်မာပြည်အတွက်ဆို
http://www.blogger.com/profile-find.g?t=l&loc0=MM
စင်္ကာပူအတွက်ဆို
http://www.blogger.com/profile-find.g?t=l&loc0=SG
သူ့စာရင်းအရ မြန်မာပြည်မှာ ၃၉၀၀ Blog ရှိတာကို တွေ့ရပါတယ်။ အကြမ်းဖျဉ်းလို့ ထင်ပါတယ်။ တခြားနိုင်ငံတွေနဲ့လည်း ယှဉ်ကြည့်ပါတယ်။ အောက်တွင်ပြထားတဲ့ ဇယားအတိုင်းပါပဲ။


View Google Spreadsheet here

ဒီစာရင်းဟာ Blogspot မှာ Host လုပ်ထားတဲ့ Blog အရေအတွက်ပါပဲ။ တစ်ခြား Blog Hosting Site တွေမပါပါဘူး။ ဥပမာ Wordpress တို့ Typepad တို့လိုမျိုးတွေပါ။ ဒါပေမယ့် တခြား Hosting တွေသုံးတာ မြန်မာပြည်မှာတော့ အတော် နည်းပါမယ်။ နောက်ပြီး တစ်ယောက်တည်းက ဘလော့ဂ်တစ်ခုထက် ပိုရေးတာမျိုးတွေ၊ ဘလော့ဂ် တစ်ခုတည်းမှာ လူအများ ၀ိုင်းရေးတာတွေ ရှိနိုင်ပါတယ်။ ပြီးတော့ Active ဖြစ်တာတွေ မဖြစ်တာတွေလည်း ပါပါတယ်။ တချို့က Blogspot မှာ Account ယူထားပြီး ဘလော့ဂ်မရေးတာလည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး Location ကို Myanmar လို့ ယူထားပေမယ့် တခြားနိုင်ငံ ရောက်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဂျပန်က ဘလော့ဂ် အရေအတွက် နည်းနေတာလည်း သူတို့မှာ ဂျပန် Site တွေ အများကြီး ရှိလို့ပါ။ တရုတ်တွေဆိုရင်လည်း တရုတ် Site တွေပဲ သုံးကြတာ များပါတယ်။ အဲဒီအတွက် ဂျပန်စာရင်းကတော့ အမှန်မယူနိုင်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အကြမ်းဖျဉ်းတော့ သိနိုင်တာပေါ့။

Computer Literacy (ကွန်ပြူတာနှင့် အကျွမ်းတ၀င် ရှိမှု) ကို တိုင်းပြည်တစ်ပြည်မှာ ဘလော့ဂ်ဘယ်နှခု ရှိသလဲနဲ့ တိုင်းမယ်ဆိုရင်တော့ မှန်တယ် မပြောနိုင်ပေမယ့် ဒီအရေအတွက်ဟာ ကွန်ပြူတာသုံးတတ်မှု၊ အင်တာနက် အဆက်အသွယ် ကောင်းမှုကိုတော့ ထင်ဟပ်နေတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ဒီဇယားမှာမြန်မာပြည်က Internet Subscriber ဦးရေ နည်းနေတာကလည်း မြန်မာပြည်မှာက ကိုယ်ပိုင် Subscribe လုပ်တဲ့သူနည်းပြီး ကုမ္ပဏီတွေနဲ့ အင်တာနက်ကဖေးတွေက Subscribe လုပ်ပြီး အဲဒီမှာ သုံးတဲ့သူ များပါတယ်။ မြန်မာပြည်မှာ အင်တာနက်သုံးတဲ့သူကတော့ ၂ သိန်းကနေ ၃သိန်းလောက် ရှိတယ်လို့ ဖတ်ရပါတယ်။ Internet Subscriber ၈၀၀ ပဲရှိတယ် ဆိုတာကတော့ သံသယ ဖြစ်ဖွယ်ကောင်းပါတယ်။ မြန်မာပြည်ထဲကနေ စာရင်း အတိအကျ ထုတ်ပြန်ထားတာကို မတွေ့မိတော့ ရတဲ့နေရာကဟာကို ဖော်ပြလိုက်တာပါ။ (Source: http://www.internetworldstats.com/asia.htm#mm)

ထူးဆန်းတာကတော့ စင်္ကာပူက Blogspot Blog အရေအတွက်က သိသိသာသာ များနေတာပါပဲ။ စင်္ကာပူ လူဦးရေရဲ့ ၁၀၀ မှာ ၁၈ယောက်က Broadband ကို Subscribe လုပ်ပြီး အဲဒီအထဲက ၅ ယောက်က ဘလော့ဂ် ရှိနိုင်တဲ့ အနေအထားပါပဲ။ အိမ်ထောင်စုအနေနဲဆို ၄၅%က Broadband ရှိတယ်လို့လည်း ဆိုပါတယ်။ တစ်နိုင်ငံလုံးကိုတောင် Wireless လုပ်ပစ်မယ်လို့ ကြွားလုံးထုတ်ထားတာလည်း တစ်နေ့နေ့တော့ ဖြစ်လာနိုင်ပါတယ်။

မြန်မာပြည်က သူတွေ အတွက်တော့ အင်တာနက်ဆိုတာ ကိုယ်ပိုင်ပစ္စည်း တစ်ခုမဟုတ်ပါဘူး။ အများနဲ့ ရောသုံးရတဲ့ နေရာမှာ ဆိုင်တွေမှာ သုံးရပြီး အဖြတ်အတောက်ကလည်း စိတ်ညစ်ဖို့ အင်မတန် ကောင်းလှပါတယ်။ ၂၀၀၇ နှစ်ဆန်းက မြန်မာပြည် ပြန်သွားတော့ သူငယ်ချင်း အင်တာနက် ကဖေးမှာ ခဏသွားလည်ပါတယ်။ အဲဒီမှာ အင်တာနက်သုံးနေသူတွေကို ကြည့်မိပါတယ်။ သူတို့ကတော့ ပျော်ပျော်ပါပဲ။ ဆိုင်ကို ရောက်လာလို့ ခုံမှာထိုင်ပြီး ကွန်ပြူတာ စကရင်ကို မျက်နာမူမိပြီဆိုတာနဲ့ တလောကလုံးကို မေ့သွားတဲ့ပုံပါပဲ။ Headset တွေနဲ့ စကားပြောတဲ့ အခါမှာလည်း Privacy တွေပါလည်း ပြောရတာပါပဲ။ ဘေးကလူကလည်း သူ့ဟာနဲ့သူ အလုပ်ရှုပ်နေတာဆိုတော့ ကိစ္စတော့ မရှိပါဘူး။ ကွန်ပြူတာအကြောင်း နည်းနည်းလောက် တတ်ပြီး လက်ဆော့တတ်တဲ့ သူတွေကလည်း သူတပါး Password တွေ ခိုးယူတာတွေ၊ မေ့ပြီး မှားပြီး Password ကျန်ခဲ့သူတွေလည်း အများကြီးပါပဲ။ ဒါပေမယ့် အပျော်သုံးကြတဲ့ သူတွေကတော့ ကိစ္စမရှိပါဘူး။ အဲဒီတုန်းက မှတ်မှတ်ရရ (တိုင်းပြည်မှ) ထွက်ခွာခွင့် D Form ကို Online ဆိုပြီး လျှောက်ရပါတယ်။ ဘာရယ်တော့ မဟုတ်ပါဘူး။ အချက်အလက်တွေကို Online Form နဲ့ ဖြည့်ပြီး Approval ကို Email နဲ့ ပြန်ပို့လိုက်တာပါ။ Service က အတော်အတန် ညံ့ဖျင်းပေမယ့် ဒီလိုမျိုးလေးတွေတော့ လိုအပ်ပါတယ်။

မြန်မာ ဘလော့ဂ် ၃၉၀၀ ကို နည်းနည်း (၁၀၀၀ လောက်အထိ) လျှောက်ကြည့်မိတော့ ကဗျာလေး စာလေး ရေးချင်သူရယ်၊ စိတ်ကူးယဉ် ဆယ်ကျော်သက်လေးတွေရယ်၊ စတိုင်ထွားတဲ့ လူငယ်လေးတွေကို ခပ်များများ တွေ့ရပါတယ်။ တလောက မြန်မာပြည်က ဘလော့ဂ် အသိုင်းအ၀ိုင်းမှာ စည်စည်ကားကား တက်တက်ကြွကြွ တွေတွေ့နေရပြီး အခုနောက်ပိုင်းတော့ သိပ်မကြားရတော့ပြန်ဘူး။ ပုံမှန်ရေးတဲ့ မြန်မာဘလော့ဂါ တော်တော်များများကလည်း ပြည်ပက များပါတယ်။ ပြည်တွင်းကတော့ အရင် နာမည်ကြီးတွေတောင် အင်တာနက် မကောင်းလို့ ရေးတာ ကျဲတာနဲ့၊ လုံးဝ မရေးတော့တာတွေတောင် ရှိပါတယ်။ ပြည်တွင်း သတင်းတွေ ရေးတဲ့ မြန်မာ ဘလော့ဂ်တွေဟာလည်း ပြည်ပမှာ အခြေချပြီး ပြည်တွင်း အဆက်အသွယ်နဲ့ ရေးနေကြတာများပါတယ်။ ပြည်တွင်းကသူတွေ ပုံမှန် သတင်းတွေ၊ သက်ဆိုင်ရာ နယ်အလိုက် သတင်းတွေ ဈေးနှုန်းတွေ ရာသီဥတု အခြေအနေတွေ ရေးမယ့် ဘလော့ဂ်တွေလည်း ပေါ်လာရင် ကောင်းမှာပါပဲ။ ခက်တာက ရေးဖို့ နေနေသာသာ ဖတ်ဖို့တောင် ဟိုကျော်ဒီခွ လုပ်နေရတော့လည်း ဘယ်လို့မှ မတတ်နိုင်ပါဘူး။

မြန်မာ(ပြည်က) ဘလော့ဂ်တွေရဲ့ အရည်အသွေးကို ရေးမယ်ဆို အခင်းများဖွယ် ဖြစ်နိုင်တာရယ်၊ ကိုယ်ကိုယ်တိုင်က ရေးလောက်အောင် မစွမ်းတာရယ်ကြောင့် မြန်မာ ဘလော့ဂ် အရေအတွက်ကိုပဲ ရေးလိုက်ပါတယ်။


Reference:
http://www.internetworldstats.com/dsl.htm
http://www.fsa.ulaval.ca/personnel/vernag/eh/f/cause/lectures/Singapore.htm

13 comments:

Myo Kyaw Htun - 5/5/08, 2:27 AM

Thank for your information.

--
ပြည်တွင်းကသူတွေ ပုံမှန် သတင်းတွေ၊ သက်ဆိုင်ရာ နယ်အလိုက် သတင်းတွေ ဈေးနှုန်းတွေ ရာသီဥတု အခြေအနေတွေ ရေးမယ့် ဘလော့ဂ်တွေလည်း ပေါ်လာရင် ကောင်းမှာပါပဲ။
---

ဟုတ်တယ် အစ်ကို။ အဲ့ဒိလို ဘလော့ဂ်တွေရှိရင် သိပ်ကောင်းမယ်။

--
မြန်မာ(ပြည်က) ဘလော့ဂ်တွေရဲ့ အရည်အသွေးကို ရေးမယ်ဆို အခင်းများဖွယ် ဖြစ်နိုင်တာရယ်၊ ကိုယ်ကိုယ်တိုင်က ရေးလောက်အောင် မစွမ်းတာရယ်ကြောင့် မြန်မာ ဘလော့ဂ် အရေအတွက်ကိုပဲ ရေးလိုက်ပါတယ်။
--

အရေအသွေးကို ပြောတာထက် လိုအပ်ချက်လေးတွေကို ထောက်ပြပေးနိုင်တဲ့ ပို့စ်ဆိုရင် ပိုကောင်းမယ်ထင်ပါတယ်။ ဒါကကျွန်တော့်အမြင်ပါ

Andy Myint - 5/5/08, 9:16 AM
အခုဟာက စိတ်ဝင်စားလို့ စာရင်းပြုကြည့်တဲ့ သဘောပါ။ ကြုံရင်ကြုံသလိုတော့ ရေးသွားမှာပါ။
ဂျစ်တူး - gyit_tu - 5/19/08, 7:53 PM

ဒီ statistic လေးက စိတ်ဝင်စားဖွယ်း)

Mhaw Sayar - 5/23/08, 5:38 PM

ကို Andy ရေ. ဒီပို့စ် လေးကို ကျွန်တော့် ဆောင်းပါး တစ်ပုဒ်မှာ အညွှန်းစာစု အဖြစ် သုံးခွင့်ပြု ပါခင်ဗျား။

(မြန်မာ ဘလော့ဂ်တွေ အကြောင်းချည်း သီးသန့်တော့ မဟုတ်ပါဘူး။ ဘလော့ဂ် နဲ့ပတ်သက်တဲ့ ဆောင်းပါး တစ်ပုဒ်မှာ သုံးချင်တာပါ။)

ကျေးဇူးတင်ပါတယ်. :)

Andy Myint - 5/23/08, 11:53 PM
သုံးပါဗျာ။ မှော်ဆရာ ရေးမယ့် ဆောင်းပါးကိုလည်း စိတ်ဝင်တစား စောင့်နေပါမယ်။

ဂျစ်ရေ အားပေးတာ ကျေးဇူးပဲ။
မျိုးဝင်းဇော် - 8/4/08, 4:09 PM

ကျေးဇူးဘဲဗျာ ကျွန်တော်ကလူကိုယ်တိုင်လိုက်ရှာနေရတာ တခြားဘလော့မှာလင့်တစ်ခုတွေ့မှတ်လိုက် နောက်တစ်ခုဆီသွားလိုက်နဲ့ ပင်ပန်းလိုက်တာ ကိုအန်ဒီပိုစ့်ထဲမှာတွေ့တော့ အကြမ်းဖျင်းပြောတယ် မှတ်တာ တောင်ငူသားတောင်းတာမြင်ရော တကယ်ဆိုတာသိရတယ် ကျေးဇူးဘဲဗျာ တောင်ငူသားပါကျေးဇူးတင်ပါတယ်

Anonymous - 10/12/08, 2:41 AM

ပြတ်သနာက ကိုယ်ရဲ့ ခံစားတာတွေေ၇းချင်တယ်။ how to write a blog i do not know so kindly i want help.
where to find ( teaching blog) please let me know
dean@mail4u.com.mm

Anonymous - 10/12/08, 6:49 PM

မေးလိုသည်မှာ-ဘာသာရေးကိုအင်မတန်လုပ်.အလူကိုရက်ရောစွာပေးကမ်း.ဆရာရင်းဖြစ်သောအရှင်ဆန်ဒါဓိကကိုကိုးကွယ်သောတက်လမ်းဆောက်လုပ်ရေး ပိုင်ရှင်ဦးရှိန်ဝင်းသည်တဖက်တွင်သူ့ ဆောက်လုပ်ရေးလုပ်ငန်းကြောင့်လူများစွာထိခိုက်ရပါသည်။ဒါကြောင့်ဘာသာရေးတဘက်။အကုသိုလ်တဘက်လုပ်ဆောင်လို့ရပါသလားသိခြင်ပါသည်။ဦးရှိန်ဝင်းphone သည်-281663။099921198

Anonymous - 5/2/09, 6:55 PM

JOIN THE CAMPAIGN

There are over 2,100 political prisoners languishing in prisons all over Burma. Free Burma’s Political Prisoners Now aims to collect 888,888 signatures before 24 May 2009, the legal date that Daw Aung San Suu Kyi should be released from house arrest. This is a united global campaign working with over a hundred groups from around the globe. The petition calls on UN Secretary General Ban Ki-moon to make it his personal priority to secure the release of all political prisoners in Burma, as the essential first step towards democracy in the country.
http://www.fbppn.net

တေဇာ - 1/11/10, 8:26 AM

အင်တာနက်သုံးစွဲနိုင်မှုမှာ စင်းက သိသိသာကြီး သာနေတယ်နော်။ မြန်မာကတော့ အတော်နည်းပါသေးတယ်။ နည်းရတဲ့အကြောင်းရင်းတွေကလည်း အများကြီးကိုး...။

ပို့စ် တချို့ ဖတ်သွားပါတယ်။ စာရေးဟန်က ရှင်းလွန်းလှတယ်။ နားနားကပ်ပြီး ပြောနေသလိုပါပဲ။

Andy Myint - 1/11/10, 11:53 PM
ဟုတ်တယ်ဗျာ ကိုတေဇာ.. ကျွန်တော်လည်း သတိထားမိတယ်။ (စာရေးပုံကို ပြောပါတယ်)။ ကိုယ့်ကိုယ်ကို အားမရဘူး။ စကားပြောရင် ဒီထက်ပိုဆိုးသေးတယ်။ တည့်ပဲ။
တေဇာ (လရောင်လမ်း) - 7/11/10, 7:16 PM

No Ko Andy! I meant it in positive sense.
Your explicit style of writing's elegant.

Andy Myint - 7/11/10, 11:39 PM
I got it. No worries, Ko Tazar. I anyway welcome advice and response. I kinda like your writing, BTW.

Post a Comment

Many thanks for dropping a comment…

Film


Files