Monday, May 12, 2008

နီရိုး တယောထိုးသလား

မြန်မာ အစိုးရဟာ လေမုန်တိုင်း ဒဏ်ခံလိုက်ရတဲ့ ပြည်သူတွေ အတွက် ကယ်ဆယ်ရေးတွေကို ထိထိရောက်ရောက် မလုပ်ဘဲ ဆန္ဒခံယူပွဲတွေ အရေးတကြီး လုပ်နေတာကို “ရောမမြို့ကြီး မီးလောင်နေတာတောင် နီရိုးဘုရင် တယောထိုး မပြတ်ဘူး” (Nero fiddled while Rome burned) လို့ ပြောလို့ရပါတယ်။ တစ်ဘက်မှာတော့ နီရိုးဘုရင်ဟာ ရောမမြို့ကြီး မီးလောင်နေတာကို တယောထိုးပြီး ကြည့်နေသလား ဆိုတာကတော့ ယုံတမ်း စကားပါ။

အေဒီ ၆၄ ခုနှစ်မှာ ရောမမြို့ကြီးဟာ ခုနှစ်ရက် ခုနှစ်လီ မီးလောင်ပျက်စီးခဲ့ပါတယ်။ မြို့ရဲ့ ၃ပုံ၂ပုံ မီးလောင်ကျွမ်းခဲ့ပါတယ်။ နယ်မြေ ၁၄ခုမှ ၄ခုပဲ မီးဘေးမသင့်ခဲ့တာပါ။ တမြို့လုံး အတိဒုက္ခ ရောက်ကြတော့ ဒါဘယ်သူ့လက်ချက်လဲလို့ အပြစ်ပုံချစရာ ရှာလာပါတယ်။ တချို့က နီရိုးဘုရင်ဟာ ရောမမြို့ကြီးကို မီးတင်ရှို့ပြီးတော့ သူကတော့ ခပ်ဝေးဝေးကနေ တယောထိုးပြီး မြို့မီးလောင်တာကို ကြည့်နေသတဲ့။ တချို့ကတော့ နီးရိုးဟာ မီးလောင်တဲ့ အချိန်မှာ ရောမမှာတောင် မရှိဘဲ ယနေ့ခေတ်မှာ Anzio လို့ ခေါ်တဲ့ ရောမမြို့ တောင်ဘက်က Antium ဆိုတဲ့ နေရာမှာ ရှိနေတာတဲ့။ မီးဘေးဒဏ်ကြီးပြီးတော့ နီရိုးဘုရင်က ရောမကို အကွက်ချပြီး ပြန်လည် ပြုပြင် တည်ဆောက်တော့ ဒီလို မြို့သစ်တည်ချင်လို့ မြို့ဟောင်းကို မီးရှို့တာလို့ သမုတ်ကြပါတယ်။ သူကို ဒီလို စွပ်စွဲကြတော့ သူကလည်း ဘုရင်ပဲ ဘယ်ခံမလဲ။ မီးလောင်ရတာ ခရစ်ယာန်တွေကြောင့် ဆိုပြီး ဖမ်းဆီး နှိပ်စက်ပြီး ကားစင်တင် မီးလောင်တိုက်သွင်းပါလေရော။ ဘယ်သူကြောင့် မီးလောင်လောင် နီးရိုးကရော တကယ် တယောထိုးနေသလား ဆိုတာ စဉ်းစားစရာပါ။

တကယ်တော့ နီရိုး တယောထိုးနေတယ် ဆိုတာ ယုံတမ်း စကား တစ်ခုမျှသာပါ။ ရက်စက်တဲ့ ဘုရင် နီရိုးဟာ တစ်ဘက်မှာလည်း ဂီတကို မြတ်နိုးပြီး ကိုယ်တိုင်လည်း တူရိယာတွေ တီးတတ်တဲ့အတွက် ဒီလို အပြစ်ပုံချတာကို ယုံချင်စရာပါ။ တကယ်ကတော့ နီရိုး တီးတယ်ဆိုတဲ့ တယော (Fiddle) ဟာ ရောမမြို့ကြီး မီးလောင်ပြီး နှစ်ပေါင်း ၁၅၀၀ ကြာမှ တီထွင်ထားတာပါ။ ဒါဆိုရင် “Fiddle” ဆိုတာ တူရိယာ တယောကို ပြောတာမဟုတ်ဘဲ တခြား အဓိပ္ပါယ်ဖြစ်တဲ့ “ယောင်တိယောင်တောင် လုပ်ခြင်း။ ထိထိရောက်ရောက် မလုပ်ခြင်း” ကို ပြောတာများလား။

သမိုင်းပြုစုသူ Tacitus ရဲ့ အဆိုအရတော့ ရောမမြို့ကြီး မီးလောင်တယ် ကြားတာနဲ့ နီးရိုးဟာ Antium ကနေ အမြန် ပြန်လာပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေ၊ ပြန်လည် ထူထောင်ရေးတွေအတွက် ကိုယ်ပိုင်ငွေတွေကို သုံးပြီး လုပ်ဆောင်စေပါတယ်။ အိုးမဲ့ အိမ်မဲ့တွေအတွက်သူ့ရဲ့ နန်းတော်ဆောင်တွေကို ဖွင့်ပေးပြီး နားခိုစေပါတယ်။ အနီးအပါး မြို့တွေက ကောက်နှံတွေ တင်သွင်းပြီး ပြည်သူတွေကို အစာရေစာ ဝေငှပါတယ်။ မီးလောင်ပြီး ပြာပုံကျသွားတဲ့ နေရာတွေမှာ မြို့သစ်တွေ တည်ပါတယ်။ အရင်က သစ်နဲ့ ဆောက်လို့ မီးလောင်လွယ်တာမို့ အုတ်နဲ့ပဲ ဆောက်စေပါတယ်။ ဒီလိုမျိုး အစစ အရာရာ ဘုရင် တစ်ယောက်အနေနဲ့ လုပ်ဆောင် ခဲ့ပါတယ်။

နီးရိုးဘုရင်ဟာ တယော မထိုးပေမဲ့ Cithara လို့ခေါ်တဲ့ တခြား ကြိုးတပ် တူရိယာ တီးနေတာလည်း ဖြစ်နိုင်တယ် ဆိုလာကြပါတယ်။ ရောမ သမိုင်း ပညာရှင်တွေကလည်း နီရိုးဘုရင်ဟာ ဒီတူရိယာကို စွဲစွဲလန်းလန်း တီးတယ်လို့ ဆိုကြပါတယ်။ နယ်မြေတွေ သိမ်းပိုက်ပြီး အောင်ပွဲခံတဲ့ အခါ ပွဲလန်းသဘင်တွေ ကျင်းပပြီး ဂီတ ပြိုင်ပွဲတွေ ကျင်းပစေပါတယ်။ ဒီလို ပြိုင်ပွဲတွေမှာ နီရိုးဟာ အားတက်သရော ပါဝင်ခဲ့ပါတယ်။ နီရိုး ဒီလို တေးဂီတ ပြိုင်ပွဲတွေ ကျင်းပတာကို လွှတ်တော်က ပြိုင်ဘက်တွေက သဘောမကျပါဘူး။ အဲဒီအတွက်ကြောင့်လည်း ဒီလို သတင်းလွှင့်တာ ဖြစ်နိုင်ပါတယ်။

ဒီလို မဟုတ်မမှန် စွပ်စွဲခံရပေမယ့် ရက်စက်တဲ့ နီရိုးဘုရင်အတွက်တော့ သနားစရာမလိုပါဘူး။ သူ့အမေက သူနန်းတက်ဖြစ်အောင် ဦးရီးတော်ကို လုပ်ကြံပေးတယ်။ သူနန်းတက်တော့ သူ့အမေကို သူက ပြန်သတ်လိုက်တယ်။ သမိုင်းစဉ် တစ်လျှောက်မှာလည်း သူ့ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေက များပါတယ်။ မီစလောင်တာ ခရစ်ယာန်တွေကြောင့်ဆိုပြီး ရက်စက်စွာပဲ ခွေးစာကျွေးတယ်၊ အရှင်လတ်လတ် မီးလောင်တိုက်သွင်းတယ်။ နောက်ဆုံး လွှတ်တော်က သူ့ကို ပြည်သူ့ရန်သူ ဆိုပြီး ကြေညာလိုက်တယ်။ သူလည်း သူဘာသာသူ သတ်သေသွားတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ပြောပြောနေကြ “ရောမမြို့ကြီး မီးလောင်နေတာတောင် နီရိုးဘုရင်က တယောထိုးနေတယ်” ဆိုတာ မမှန်နိုင်ပါဘူး။ တို့တိုင်းရွှေပြည်မှာတော့ လူသောင်းနဲ့ချီပြီးသေ၊ လူတစ်သန်းလောက် ဒုက္ခရောက်နေတာတောင် မင်းတရားကြီးက ထွက်တော်မူမလာဘဲ ဆန္ဒခံယူပွဲမှာတော့ ကိုယ်ထင် ပြတော်မူပါတယ်။ဒီစကားပုံကို ဘယ်လိုများ ပြန်ပြင်ရင် ကောင်းမလဲ စဉ်းစားကြည့်ပါတယ်။

10 comments:

War War - 5/12/08, 10:27 PM

Ko Andy yae.. a hman sone ne` direct a kya sone pyan yin tot "Myanmar pyi kyee yay kyee pee lu tway thay nay taung min nga nwar couple ka tot me` pay ma pyat bue" loet thar pyaung lite par tot. :(

Anonymous - 5/13/08, 1:50 AM

The thing I wonder most is how parents of all members of army group and whoever listen to their inhuman command raised them. This is not only current problems but also parental issues. They also should bite their parents' ears.

MyMetro - 5/13/08, 2:08 AM

Change with this proverb
"Than Shwe votes while people starve."

nu-san - 5/13/08, 1:41 PM

Andy ရေ.. မတတ်တခေါက်နဲ့ ၀င်ရေးလိုက်ဦးမယ်.. အမကတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရော လို့ ပြောချင်တော့တာပဲ။ တချို့လည်း တာတေ လို့သုံးသလိုပဲ။ အမ ပတ်ဝန်းကျင်မှာ ကြားနေတာတောဲ့ဒီလိုပဲ။ အခုဟာက မြန်မာပြည်သူတွေ ဘယ်လိုပဲ သေသေ ဒုက္ခရောက်ရောက် ငါတို့ရဲ့ ထိုင်ခုံမြဲဖို့ အရေးကြီးတယ်လို့ တွေးနေတဲ့ တကိုယ်ကောင်းသမားကြီး ငတေတွေပေါ့

မုတ်သုန် - 5/13/08, 9:41 PM

တစ်သိန်းသေရမှာ ငါးသိန်းသေအောင်လုပ်ကြတယ်..
တော်တော်ကို လူမဆန်တဲ့စိတ်ဓာတ်တွေပါပဲ...
ဒီလူတွေက လူ့ပတ်ဝန်းကျင်မှာ
လုံးဝကိုမရှိသင့်တော့တဲ့သူတွေပါ..
သေခဲ့ရတဲ့သူုတွေ.. သေကြရအုန်းမယ့်သူတွေ..
သူတို့တွေအားလုံးဟာ..
လူစိတ်လုံးဝမရှိတော့တဲ့သူတွေကြောင့်ပါ...
ကျနောတို့ပြောကြတဲ့စကားတစ်ခွန်းရှိတယ်...
လာမယ့်ဘေးပြေးတွေ့ဆိုတာ..
လာခေါ်တာနဲ့ပြေးတွေ့လိုက်တာမှာ..
တချို့ဖြစ်ရပ်တွေက ပြေးတွေ့လိုက်တာက ပိုကောင်းတယ်ဗျ..
မရှိသင့်တော့တဲ့သူတွေ..
မရှိရတော့မယ်သူတွေကို..မရှိအောင်ကိုတော့...

Anonymous - 5/14/08, 5:18 AM

While we would like to demonize Nero for being in-different to the suffering of the people. If you visited home today, some local tour guides will say the other side of the story, he was in fact planning the new city, a fire proof one, a new Rome, less suffering for Romans. The rise of Christianity, to contrast their new religion, to sell it, they had to demonize Nero. I am not defending Nero, but I think if some Rome tour guides were right, our little Nero is better than Ma Aye Loe Than Shwe in back home who is Minn Yue as the King of La Dus in their Nay Pyi Daw. Sorry man, too emotional. Cannot help it these days. Have to work hard for life, to survive, tired with chores for comittments and then log in to catch up with news in the motherland. I wonder do those who rule the country really love country as much as us, ordinary citizens, struggling to make ends meet. So sad and sorry for poor folks who did not have a chance to live and die with decency.

su - 5/14/08, 4:35 PM

Ko Andy,

can't eat properly.
can't sleep at night, nights are pesterd by nightmare.
dont they have any conscience at all?
i have some army men as acquaintance.
their brains are really, totally washed.
i wonder what kind of hypnosis can do such thing.
if i kill myself and it would do some good, i would.

Nyo - 5/14/08, 4:55 PM

ဒါနဲ့ ...စားစရာပေါင်မုန့်မရှိလို့လူတွေအော်ကြတာကို ပေါင်မုန့်မရှိရင်ကိတ်မုန့်စားပါလား ပြောတာသူ့မိဖုရားလား။

Ko Paw - 5/15/08, 6:52 PM

ဘယ်သူသေသေ ငရွှေ မဲခိုးမပျက်………..ဆိုရင် မကောင်းဘူးလားဗျာ။

Anonymous - 5/16/08, 5:15 AM

That was Mary Antoinet whose head was servered on the Gaullistone during the French revolution.

Post a Comment

Many thanks for dropping a comment…

Film


Files