Tuesday, May 20, 2008

အင်္ဂုလိမာလသုတ်

အင်္ဂုလိမာလသုတ် ရွတ်ဖတ်ရခြင်း အကျိုး
မီးအဖွားရ ခက်နေသော ကိုယ်ဝန်ဆောင် မိခင်လောင်းတို့အား သားဖွားရ လွယ်ကူစေသည်။ ဤပရိတ်ရေကို တိုက်ပေးနိုင်သည်။ ဖွားခါနီးမှ ရွတ်သည်ထက် နေ့စေ့ လစေ့ ဖွားခါနီးလာလျှင် မပြတ် ရွတ်ပေးသင့်သည်။ တိရစ္ဆာန်မများ မွေးဖွားရလွယ်အောင်လည်း ဤပရိတ်ဖြင့်ပင် ကူညီနိုင်ပေသည်။

အင်္ဂုလိမာလသုတ် မြန်မာပြန်
၁။ ဤအင်္ဂုလိမာလသုတ် ပရိတ်တော်ကို ရွတ်ဖတ်သော မထေရ်မြတ်တို့၏ ထိုင်သည့် နေရာကို ဆေးကြောသည့် ရေသည်ပင်လျှင် ဘေးရန် ဟူသမျှကို ပျောက်ကင်းစေတတ်၏။

၂။ အင်္ဂုလိမာလ ပရိတ်တော်သည် ကိုယ်ဝန်သားကို ချမ်းသာ လွယ်ကူစွာ ချက်ချင်း မွေးဖွားစေနိုင်သော အစွမ်းရှိ၏။ အင်္ဂုလိမာလ အမည်ရှိသော မထေရ်အတွက် မြတ်စွာဘုရား ဟောကြားသော ပရိတ်တော် ဖြစ်၏။ အာယုကပ်ပတ်လုံးလည်း တည်၏။ တန်းခိုးလည်း အလွန်ကြီး၏။ ထိုပရိတ်ကို ယခုအခါ ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါစို့။

၃။ `အို နှမ ငါသည် အရိယာဇာတ် ရဟန်းမြတ် ဖြစ်သော အခါမှ စ၍ သေစေလိုသော စေတနာဖြင့် သတ္တ၀ါ တစ်ကောင်ကောင်ကို သတ်ဖူးသည်ဟု ငါမသိပေ။´ ထိုသို့ မှန်သော သစ္စာ စကားကြောင့် သင့်အား ချမ်းသာပါစေ၊ ကိုယ်ဝန်သားလည်း ချမ်းသာပါစေ။

အင်္ဂုလိမာလသုတ် ပါဠိတော်
၁။ ပရိတ္တံ ယံ ဘဏန္တဿ၊ နိသိန္နဋ္ဌာနဓောဝနံ။
ဥဒကမ္ပိ ၀ိနာသေတိ၊ သဗ္ဗမေ၀ ပရိဿယံ။

၂။ သောတ္တိနာ ဂဗ္ဘ၀ုဋ္ဌာနံ၊ ယဉ္စ သာဓေတိ တင်္ခင်္ဏေ။
ထေရဿ´ ဂုင်္လိမာလဿ၊ လောကနာထေန ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၃။ ယတော´ ဟံ ဘဂိနိ အရိယာယ ဇာတိယာ ဇာတော။
နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ။
တေန သစ္စေန သောတ္တိ တေ ဟောတု သောတ္တိ ဂဗ္ဘဿ။
အဂုၤလိမာလသုတၱံ နိ႒ိတံ။

စာ ၂၉၉-၃၀၀။
ဗုဒ္ဓဘာသာကောင်း တစ်ယောက်။
သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန။

Print လုပ်ရန် PDF
အသံထွက်နာရန် MP3

4 comments:

War War - 5/21/08, 3:07 AM

Ko Andy yae. a ma due date ka nee p ma lar? When is it? Please update Thar Thar photos as well when you got it.

စစ်ကိုင်းသူ - 5/21/08, 3:51 AM

Ko Andy တို့တော့ သားလေး မွေးခါနီးလို့ အင်္ဂုလိမာသုတ် ပြန်နွှေးနေပြီ ထင်တယ်။ ချောချောမောမောမွေးနိုင်အောင် ကူပြီးဆုတောင်းပေးတယ်နော။

Andy Myint - 5/21/08, 10:04 PM
Due Date က မေလကုန်တဲ့ ၀ါဝါရေ။ အင်း အဲဒီ အချိန်ကျရင် ဘလောက်တောင် ရေးနိုင်ပါ့ မလားမသိဘူး။

ဆုတောင်းပေးတာ ကျေးဇူးပဲ မစစ်ကိုင်းသူ။ ဟုတ်တယ် ပြန်နွှေးနေရတယ် ဟဲဟဲ။
အေး - 11/21/10, 4:35 PM

အင်္ဂုလိမာလသုတ် ၁ ခုထဲ mp3 file ရှာနေတာ တွေ.တာနဲ. ကူးသွားပြီ။ အခုလိုတင်ထားပေးတာ ကျေးဇူးပါ။

Post a Comment

Many thanks for dropping a comment…

Film


Files