Sunday, June 29, 2008

Comment Form ထည့်နည်း

Wordpress သမားတွေက စတိုင် ထွားလို့ရတော့ Blogspot သမားတွေက မျက်နှာ ငယ်လှပါတယ်။ Blogspot ကို စွန့်ခွာပြီး Wordpress နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားတဲ့ သူတွေလည်း ရှိပါတယ်။ ကျွန်တော်ကတော့ Blogspot နဲ့ ရွေးချယ်ပြီးပြီ ဆိုတော့ ဒီလိုပဲ ရှိတာလေးကို မွမ်းမံပြီး ပျော်အောင် နေရပါတယ်။ (တခြား ကိစ္စတွေ ဆက်စပ် တွေးခြင်း သည်းခံပါ - အဟဲ) ကျွန်တော်ဆို Wordpress သမားတွေဆီကို သွားကြည့် အားကျပြီး ကိုယ့် ဘလော့ဂ်လေးကို သူတို့နဲ့ တူအောင် မနည်း ပြင်ယူရပါတယ်။



Blog လိုမျိုး Web Page လိုမျိုးက ကိုယ်ဘာကိုယ် Host လုပ်လို့ ကောင်းတာမျိုး မဟုတ်ဘူး။ ဘာဖြစ်လို့ ဒီလို ဆိုလဲဆိုတော့ ဒီလို အလကားရတဲ့ Hosting တွေက (ထားပါတော့) တစ်သက်လုံး ခံပြီး ကိုယ်ဘာကိုယ် Host လုပ်တာတွေက ပိုက်ဆံ မပေးရင် ကုန်ရော။ Backup လုပ်လို့ ရတယ်ဆိုပေမယ့် Backup က ကိုယ့်အိမ်က ကွန်ပြူတာထဲမှာပဲ ရှိမယ်။ ဥပမာ ဟိုး ၁၉၉၉ လောက်က Yahoo Geocities မှာ လုပ်ထားတဲ့ Free Web Page တွေကို ဒီနေ့ အထိ URL မပြောင်းဘဲ တွေ့နိုင်သလိုမျိုး နာမည်ကြီးတွေဆီက Free Hosting တွေက ကြာရှည်ခံတဲ့ သဘော ရှိပါတယ်။ ဒါကြောင့် Flickr လိုမျိုး အလကားနဲ့ ပိုက်ဆံပေးတာ ကွာတဲ့ ဟာမျိုးတွေမှာပဲ ပိုက်ဆံပေးပြီး Blog လိုမျိုးတော့ ပိုပြီး စိတ်ချရတဲ့ Free Hosting ကိုပဲ သုံးပါတယ်။ ဒါကြောင့် Blogspot ကြီးကို မပစ်ကွာပဲ ချစ်စွာတွဲနေတာပါ။



ဘလောက်ကို ပြင်ယူတဲ့ အခါ စိတ်ရှည်ရှည် လုပ်ပေမယ့် တချို့ ကိစ္စတွေမှာတော့ Limitation လေးတွေက ရှိပါတယ်။ Blogspot က API ထုတ်မပေးထားတာတွေဆို ဘယ်လို့မှ လုပ်ယူလို့ မရပြန်ဘူး။ ဥပမာ Post Page မှာ Comment page မှာလို Comment Author ရဲ့ Profile Image ပေါ်အောင် လုပ်ချင်ပေမယ့် Blogspot API က Comment ပေးတဲ့ Author ရဲ့ Photo URL ထုတ်မပေးထားတဲ့ အတွက် လုပ်လို့ မရဘူး ဖြစ်ခဲ့ဖူးတယ်။ အခုတော့ နောက်ထပ် လိုချင်တဲ့ Feature တစ်ခုကို ထုတ်ပေးထားလို့ ပျော်သွားပြီး ချက်ချင်း အကောင်အထည် ဖော်လိုက်ပါတယ်။



Blogspot ရဲ့ Comment Feature ဟာ အင်မတန် စုတ်ချာပါတယ်။ Wordpress မှာဆို Comment ပေးဖို့ တခြား Form/Page ကို သွားစရာ မလိုဘဲ ချက်ချင်း Comment ပေးလို့ရပါတယ်။ အခုမှ ဒီ Feature ကို Blogspot က ထုတ်ပေးထားပါတယ်။ ဒါတောင် http://draft.blogger.com မှာပဲ ရပါသေးတယ်။ အရင်ဆုံး http://draft.blogger.com ကိုသွားပြီး Setting -> Comments အောက်က `Comment Form Placement´ မှာ `´ ကို ရွေးပါတယ်။




ပြီးတော့ ဘလော့ဂ်ရဲ့ Post Page (Home Page မဟုတ်) မှာ သွားကြည့်ပြီး မပေါ်သေးလို့ နည်းနည်း ပြင်ယူပါတယ်။ ဒီလို မပေါ်တာ Template ကို ပြင်ထားလို့ပါ။



<p class='comment-footer'>

 <b:if cond='data:post.allowComments'>

  <a expr:href= 'data:post.addCommentUrl' expr:onclick='data:post.addCommentOnclick'>

    <data:postCommentMsg/>

  </a>

 </b:if>

</p>





ကို ရှာပြီး ဒီလိုမျိုး ပြင်ပါတယ်။



<p class='comment-footer'>

 <b:if cond='data:post.embedCommentForm'>
  <b:include data='post' name='comment-form'/>


  <b:else/>

  <b:if cond='data:post.allowComments'>

   <a expr:href='data:post.addCommentUrl' expr:onclick='data:post.addCommentOnclick'>

    <data:postCommentMsg/>

   </a>

  </b:if>

 </b:if>

</p>





အရောင်နဲ့ ပြထားတာတွေကို သူ့နေရာနဲ့သူ ထည့်ပါတယ်။ အဲဒီအခါမှာတော့ စာဖတ်သူတွေဟာ Comment ကို Post Page မှာတင် တခါတည်း ပေးနိုင်သွားပါပြီ။ ဒါတောင် Wordpress မှာလို Ajax နဲ့ သွားတာ မဟုတ်ဘဲ Page Load တစ်ခေါက် ထပ်လုပ်ပါသေးတယ်။ ဘယ်တတ်နိုင်မလဲလေ ကိုယ်က Blogspot ကို ရွေးမိပြီကိုး.....



Comment Form ကို အောက်က Comment Section မှာ နမူနာ ကြည့်နိုင်ပါတယ်။ တကယ်လို့ ပြင်မယ် ဆိုရင်လည်း အရင်ဆုံး Templage ကို Backup လုပ်ဖို့ မမေ့ပါနဲ့ဦး။



တခြားဖတ်ရန် - ဒီ Blog ကို စိတ်ဝင်စားရဲ့လား

16 comments:

ဇနိ - 6/29/08, 10:34 PM

ကိုအန်ဒီပြောသလို လိုက်လုပ်ကြည့်တာ အဆင်ပြေတယ်..
ကျေးဇူးပါ။

MyMetro - 6/29/08, 11:28 PM

ကျွန်တော်လည်း လုပ်ကြည့်ပီးသွားပီ။ အဆင်ပြေပါတယ်။ အသိပညာ မျှဝေပေးတဲ့ ကိုအန်ဒီကို ကျေးဇူးတင်ပါတယ် ခင်ဗျာ...။

nu-san - 6/30/08, 12:15 AM

စမ်းလုပ်ကြည့်ရမယ်.. အမက blog ကို သိပ်မပြင်ဖြစ်ဘူး။ ပျင်းတာရော.. ရှိပြီးသားလေး ပျက်သွားမှာစိုးတာရော.. မထိရက် မတို့ရက်နဲ့ ပုံတုံးဖြစ်နေတာသာကြည့်.. :D

TZA - 6/30/08, 1:16 PM

ရှယ်ပဲ..
စမ်းလုပ်ကြည့်ရမယ်..
ကျေးဇူးကိုအန်ဒီ..

ရက်ရာဇာ - 6/30/08, 2:36 PM

ကျေးဇူးပဲဗျာ လည်လည် လည်လည် နဲ့ ရသွားပြီ
ကျေးဇူးနော်

စပ်မိစပ်ရာ - 6/30/08, 3:02 PM

WordPress သမားတွေကတော့ အေးဆေး :P

အညာသား - 6/30/08, 8:43 PM

ကျေးဇူးပါဗျာ...။ စမ်းသပ်ကြည့်အုံးမယ်။ :)

ဘလူးဖီးနစ် - 6/30/08, 11:09 PM

ကျွန်တော့် တန်းပလိတ်က (p class='comment-footer') အဲဒါလေး မပါဘူးဗျ ဒုက္ခဘဲ လုပ်မရဘူး အီး

kom - 7/1/08, 1:32 AM

ဟီဟီ. တို.လဲ nu san လိုဘဲ. သိတ်မတတ် တို.စာရှိုက် လို.ရရင်ပြီးရော. မပြင်ရဲဘူး။ ရှိတာလေးပါ ပျောက်သွား မှာစိုး လို.။ သူ.အဆင်.နဲသူပေါ.ကျေးဇူးတ၈်တယ်။ပေးသူ ကပေးပေမဲ. ဥဏ်ရည် မျွှိ လို.

ကိုရဲ - 7/1/08, 1:18 PM

စမ်းကြည့်ဦးမယ်..

ဂျစ်တူး - gyit_tu - 7/1/08, 11:27 PM

ပိတ်ရက်မှ စမ်းကြည့်ဦးမယ် ။ ဂျစ် ဘလောဂ့်က tech link list မှာ ဒါ ထည့်လိုက်တယ်း)

Htoo Tay Zar - 7/3/08, 1:20 AM

မနေ့က ကွန်မန့်ရေးတာ မတက်လာလို့ ထပ်ရေးလိုက်တာ အခု ထည့်ထားတာလေး တော်တော်မိုက်တယ် အကို ကွန်မန့်ရေးရတာ အဆင်ပြေတယ်။ အခြား blogger အတွက် ကွန်မန့်ဆိုရင် Intense Debate လည်း ကောင်းတယ် အကို Gravatar, Open ID လည်းရတယ် နောက် recent comment widget, top commentators widget တွေလည်း အကုန်ရှိတယ် အကို...

TZA - 7/20/08, 7:25 AM

ဒါတော့ရသွားပြီ၊ Y! pipes ကတော့ ခုထိမရသေးဘူး၊ ကြိုးစားတုန်းပဲ။ ဟဲဟဲ..

Andy Myint - 7/20/08, 6:34 PM
ကျွန်တော်ရေးထားတာကလည်း မပြည့်မစုံ ဖြစ်နေတယ်။ လိုအပ်ရင် ပြောလေ အားမနာပါနဲ့။
Anonymous - 2/3/10, 10:43 PM

Hi Andy

First time visit to your blog and very impress for your contents.
Unable to find your contact email address.
The reason for this is I want to add your blog link in my website, if you are Ok.

Many thanks.

Myanmardotcom
http://www.myanmardotcom.com

Andy Myint - 2/5/10, 10:12 PM
Please feel free to link.. I'd be thankful.

Post a Comment

Many thanks for dropping a comment…

Film