Sunday, June 22, 2008

မောင်လေး

တနှစ်ကျော်ရွယ် သမီးလေးက မွေးကင်းစ သူ့မောင်လေးကို ပြုမူ ဆက်ဆံပုံဟာ အင်မတန် ကြည်နူးဖွယ် ကောင်းပါတယ်။ သမီးက သူ့မောင်လေးကို လူကြီးတွေ ခေါ်သလို `သား.....´လို့ပဲ ခေါ်ပါတယ်။ ဒါဟာ သူပြောတတ်သမျှ ၃ ၄ ခုထဲက တစ်ခုပါ။ ပေါ့ပေါ့လေး ခေါ်တာမဟုတ်ဘဲ သူ့ခေါ်သံလေးက ရင်ထဲကနေ ခေါ်တာပါ။ သူ့မောင်လေးကို အရမ်းကိုင်ချင် ထိချင်ပြီး၊ ထိရရင် အသည်းတုန် အူတုန် ဖြစ်နေတော့တာပဲ။ တခါတလေကျတော့လည်း ထိရုံပဲ ထိပြီး၊ တခါတလေကျတော့လည်း လက်နဲ့ ပုတ်ကြည့်ပါတယ်။ ရိုက်ကြည့်ပါတယ်။ အဲဒီအခါကျရင် သူ့အမေက ဟဲ့ ဆိုပြီး ဟန့်တတ်လို့ သူ့မောင်လေးကို ကိုင်ချင်တယ်ဆို အမေမျက်နှာကို အရင်ကြည့်တယ်။ ပြီးတော့ တွေ့တဲ့နေရာကို အာဘွားပေးတော့တာပဲ။



သားလေးကို သူ့ကုတင်လေးထဲ (Cot ထဲ) ထည့်ထားရင်လည်း သမီးက အောက်ကနေ သွားသွားကြည့်တယ်။ ကုတင်တိုင်တွေ ကြားကနေ လက်နှိုက်ပြီး သူ့မောင်လေး လက်ကို ရအောင် ကိုင်တယ်။ သားလေး ငိုနေရင် သူက မနေတတ်ဘူး။ သူ့အမေကို ကြည့်ပြီး သွားခိုင်းတယ်။ ရောက်စကဆို သားလေး ငိုရင် သူပါ လိုက်ငိုတယ်။ အခုတော့ လက်ညှိုးလေး ထိုးပြီး မျက်နှာလေး မသက်မသာနဲ့ ကြည့်တတ်တယ်။ အရင်တုန်းကလည်း ညဖက်ဆို သမီးအိပ်နေချိန် သားလေးက ငိုရင် သမီးပါ နိုးတတ်တယ်။ အခုတော့ မနိုးတော့ဘူး။ အကျင့်ရသွားပြီ။ တခါတလေကျရင်တော့ `ဟာ....´ ဆိုပြီး စိတ်တို စိတ်ပျက်စွာ အိပ်ရေး ပျက်တယ်ပေါ့လို့ အော်ပြီး ပြန်အိပ်ပါတယ်။



18 comments:

မဇနိ - 6/22/08, 7:47 PM

သမီးလေးတို့ video file လေးကြည့်ရင်း ကြည်နူးမိပါတယ်။ သားလေးရော သမီးလေးပါ ချစ်စရာကောင်းတယ်ဗျ။ သမီးလေးက အခုပိုပိုချစ်စရာကောင်းလာတယ်။ ကျွန်မမှာလည်း အသက် ၂၂ နှစ်နဲ့ ၂၄ နှစ် မောင်ငယ် ၂ ယောက်ရှိတယ်။ သူတို့အသက်တွေ မငယ်တော့မှန်းသိပေမယ့် အခုချိန်ထိ ကလေးတွေလို့ပဲ ခေါ်မိနေတယ်။ အိမ်ဖုန်းဆက်လို့ ကလေးတွေလို့ပြောရင် ကိုဇနိက ပြောင်ချင်တယ်။ သူတို့ကောင်မလေးတွေရနေလားလို့စရင် ကျွန်မစိတ်ဆိုးတတ်ပါတယ်။ ကျွန်မစိတ်ထဲမှာတော့ “မောင်လေး“ ဆိုတာ ကျွန်မသိပ်ချစ်တဲ့ ကလေးလေးတွေပါ။ သမီးလေးလည်း ကျွန်မလိုဖြစ်နေမလား တွေးမိတယ်။

စစ်ကိုင်းသူ - 6/23/08, 1:25 AM

ပုံလေးတွေ ကြည့်ရတာ ပျော်စရာ ကောင်းတယ်။ သမီးလေး ကြည့်ရတာ သူ့မောင်လေးကို အတော် အသည်းယားနေပုံပဲ။ သတိတော့ ထားဦး ကိုအန်ဒီရေ တစ်ခါက အမေ့ဆေးခန်းကို သားလေးအရွယ်ကလေးတစ်ယောက် ရောက်လာတယ်။ ပါးမှာ ညိုမည်းလို့ အကွင်းလိုက်ပဲ။ ဘာဖြစ်တာလဲ ဆိုတော့ သမီးအရွယ် သူ့အစ်ကိုက ကြည့်နေရင်း အူယားလာလို့ ကိုက်ပစ်လိုက်တာတဲ့။ ကျွန်တော်တောင် အခုအချိန်ထိ ကလေးတွေကို အသည်းယားရင် ကိုက်ပစ်ချင်တယ်လို့ အမြဲပြောတယ်။ :)

Anonymous - 6/23/08, 2:47 AM

I love Myat Noe so much. She is lovely to give a helpful hand to her little bro. So nice :) And also wonderful she is willing to share her place at her mom's arms with her little bro. Always enjoy for your posts about food & the warmth of having a family life. It is like an oasis to rest at weekends :))

nu-san - 6/23/08, 1:29 PM

အပေါ်က ဓာတ်ပုံလေးက တအားချစ်ဖို့ကောင်းတာပဲ။ မြတ်နိုးက မောင်လေးကို အတော်ချစ်ပုံရတယ်နော်။ ငုံ့ပြီးနမ်းနေတာ။ ဒီဓာတ်ပုံလေးကတော့ အတော်ကို အသက်ပါတယ်။ တချို့ကလေးတွေဆိုရင် အငယ်ကို မချစ်တတ်ကြဘူး။ ကြီးလာမှသာ ချစ်တတ်လာတာ။ ဒီကြားထဲ တချို့ကလေးတွေဆိုရင် လူကြီးတွေ သူ့ကို ဂရုမစိုက်မှာစိုးလို့ အငယ်အပေါ် အူတိုတတ်သေးတယ်။ မြတ်နိုးလေးကတော့ လိမ္မာတယ်.. :)

War War - 6/23/08, 2:44 PM

It's so touching to see two kids pic. By seeing your blog and can feel your happy family life.
Kalay 2 yaut pic lay tway kyi ya tar chit sa yar pe` ko Andy yae. Parent tway ye` feeling ko tot guess loat kyi tar ne tin taw taw pyaw sa yar phyit nay p. :)

thinker - 6/23/08, 8:04 PM

ကြည်နူးဖွယ်ကောင်းသည်။

khin oo may - 6/23/08, 9:01 PM

she is so nice. that means sweet and kind heart.

ဂျစ်တူး - gyit_tu - 6/24/08, 12:42 AM

ကိုအန်ဒီ နဲ့ အမရေ .. သားလေးနဲ့ သမီးလေးကို ကြည့်ပြီး ဂျစ်ငယ်၂က မောင်လေး မွေးခါစအချိန်ကို သွားသတိရတယ် ။ အဲဒီတုန်းက ဂျစ်က ၃နှစ်ပြည့်ခါနီးပြီ ။ မောင်လေးက နီတာရဲလေး ဆိုတာပဲ သတိရတော့တယ် ။

ဘာလိုလိုနဲ့ သားလေး နဲ့ သမီးလေးလည်း ဘလောဂ့်ပေါ်မှာ အန်တီတွေ ဦးဦးတွေအများကြီးကြား ကြီးလာသလိုပဲနော် ။ နောင် နှစ် ၂၀ ကျ ဒီ ဦးဦးတွေ အန်တီတွေနဲ့ အပြင်မှာ တွေ့ နိုင်ရင် သိပ်ကောင်းမယ်း)

မွန် - 6/24/08, 7:47 AM

မြတ်နိုးလေးက ချစ်နေရှာတာ မွန်တော့ကြည့်ရင်း သနားတာပဲ မွန်ကမောင်နှမမရှိလို့ သမီးလေးနေရာမှာဆို အငယ်လေးကိုမနာလိုနေမှာ ခုတော့သမီးလေးကတအားလိမ္မာတာပဲ ကိုယ့်ကိုယ်ကိုယ်တောင်ရှက်လာပီ ကြည်နူးစရာလေးပေမယ့် မွန်ကသမီးမြတ်နိုးကိုတအားချစ်တဲ့လူဆိုတော့ သမီးကိုသနားတာပိုနေတယ်

unknown_rebel - 6/25/08, 4:35 AM
This comment has been removed by the author.
Andy Myint - 6/25/08, 9:29 AM
ဟုတ်တယ်လေ မဇနိ။ ကိုယ့်ထက်ငယ်တဲ့ ညီတွေ ညီအစ်မတွေကိုတော့ အသက် ဘယ်လောက်ရှိရှိ ကိုယ့်အတွက်တော့ ကလေးတွေပဲ။ အထူးသဖြင့် အစ်မတွေက ပိုချစ်တတ်ပါတယ်။ အစ်ကိုတွေကျတော့ ချစ်တော့ ချစ်တယ်။ ဒါပေမယ့် ညီမတွေကို မိန်ကလေးတွေ ဆိုပြီး နည်းနည်း ရှောင်ချင်တယ်လေ။

သတိထားရမယ် မစစ်ကိုင်းသူ။ မြတ်နိုးက လူကြီးတွေကို နမ်းရင်တော့ အသည်းယားလာရင် ကိုက်တတ်တယ်။ အနာကြီးတော့ မဟုတ်ပေမဲ့ ကလေးငယ်လေးဆိုရင်တော့ မလွယ်ဘူး။

အခုလို အိုအေစစ်လို့ ခံစားရတဲ့ အတွက် ပီတိဖြစ်ပါတယ် စာဖတ်သူ။ သမီးက သူ့မောင်လေးကို (သူစိတ်ထဲမှာ မြင်တာကို ကျွန်တော်တို့ ထင်တာ) သေးသေးလေး ချစ်စရာ အသည်းယားစရာလေးလို့ သဘောထားပြီး ချစ်တတ်တယ်။ သမီးက အမေကို အူမတိုပေမယ့် အဖေက ချီထားရင်တော့ နည်းနည်း အူတိုပါတယ်။ ဒါကလည်း အမေက အရင်တုန်းက ဗိုက်ကြီးနေတော့ ချီတာ အကျင့်မလုပ်ဘဲ ကျွန်တော်ကပဲ ချီလို့ပါ။

မြတ်နိုးက သူ့မောင်လေးကို နမ်းလိုက်ရလို့ကတော့ အရမ်းကို ပျော်နေတော့တာပဲ မနုစံရေ။ ဟုတ်တယ် ကျွန်တော်တို့လည်း အဲဒါပဲ အံ့သြနေတာ။ သူ ကလေးကို ချစ်တတ်တာကိုလေ။ ကြီးလာရင်တော့ ဘယ်လိုလာမလဲ မသိသေးပါဘူး။ နောင်ချိန်ပလေးကြမှာ မြင်ယောင်သေးတယ်။

ကျေးဇူးပဲ ၀ါဝါရေ။ မိဘတွေကလည်း အမှန်တကယ် ကြည်နူးရပါတယ်။ နှစ်ယောက်ဆိုတော့ မနိုင်ဖြစ်မှာ စိုးလို့ ကလေးတွေ နောင်ရေးအတွက် နည်းနည်း စိုးရိမ်ပြီ တွေးမိတာကလွဲရင်ပေါ့။ ဒါကလည်း ဖြစ်အောင် လုပ်ရမှာပေါ့လေ။ ကိုယ့် သားသမီးတွေဆိုတော့။

ကျေးဇူးပါ ကိုသင်ကာ

ဟုတ်တယ် မခင်ဦးမေ။ သမီးလေးက ချစ်တတ်တယ်။

အေး ဂျစ်တို့လိုပဲ နော်။ ဂျစ်တို့က ၃ နှစ်ကွာတာကိုး။ ဒါဆို မောင်လေးက အစ်မကြီးဆိုပြီး နည်းနည်းတော့ ရှိန်မှာပေါ့။ ဒီက နှစ်ကောင်ကတော့ ရွယ်တူဆိုတော့ နှစ်ယောက်ပေါင်းပြီး လောင်းကျော်မှာ မြင်ယောင်သေးတယ်။ နောင်နှစ်ဆယ် မဟုတ်ပါဘူး။ အခုတောင် ဒီဦးဦးတွေ ဒေါ်ဒေါ်တွေကို အပ်ချင်နေတာ။ မြန်မာပြည်မှာလို ၀ိုင်းချစ်ကြ။ ၀ိုင်းထိန်းကြဆို ဘယ်လောက် ကောင်းမလဲ။

သမီးကတော့ ငယ်သေးတော့ မနာလို ဖြစ်ရကောင်းမှန်း မသိတာ (Sense of Ownership မရှိတာ) လည်း ဖြစ်မှာပေါ့ မွန်။ မြတ်နိုးက သူမောင်လေးကို ကလေး သေးသေးလို ဆိုပြီး ချစ်တတ်တာတော့ အသေချာပဲ။

ကျေးဇူပဲ Unknow Rebel။ နှစ်ယောက်စလုံးကိုတော့ နှစ်ယောက်စလုံးက ချစ်ပါတယ်။ သမီးကို အဖေက ပိုချစ်ပြီး သားကို အမေက ပိုချစ်မှာပေါ့။ ဒါ ထုံးစံပဲလေ။ ဟုတ်တယ် သမီးက ချစ်တတ်တယ်။
su - 6/25/08, 4:03 PM

HOW ADORABLE THEY ARE!

Andy Myint - 6/28/08, 5:57 PM
Thanks, Su
little moon - 6/30/08, 6:54 PM

ဖတ်ရတာ စိတ်ကြည်နူးလိုက်တာ။ ဓါတ်ပုံကလေးကလည်း ချစ်စရာလေး။ ကိုယ်လည်း မကြာခင်မှာ သာဦးလေးရတော့မယ်ဆိုတော့ ဒီလိုအပျော်လေးတွေ ရတော့မှာပေါ့နော် ...

may - 7/6/08, 12:26 AM

ချစ်ဖို့ကောင်းတဲ့ ကလေးလေးတွေနဲ့ ပျော်စရာကောင်းတဲ့ မိသားစုလေးအကြောင်း ဖတ်ရတိုင်း ကြည်နူးမိပါတယ်။

Andy Myint - 7/6/08, 11:48 AM
သားဦးလေးနဲ့ ပျော်ရွှင်မှာပါ little moon...

ကျေးဇူးပါ မေ...
PP - 7/15/08, 8:02 PM

ဒီပိုစ့်ကိုဖတ်ရတာဖခင်မေတ္တာ ကိုတော်တော်သိလာပါတယ်။ ပိုစ့်တွေအတွက်ကျေးဇူးပါ။
ကလေးရဲ့အဘွားအသံကြားရတာ တိုင်းရင်းသားထင်တယ်။
အင်းသား ၊ဓနု တစ်ခုခုထင်ပါတယ်။
ကျန်းမာပါစေကလေးလေးတွေ။

Andy Myint - 7/20/08, 5:32 PM
အဘွားက အင်းသူပါ PP

Post a Comment

Many thanks for dropping a comment…

Film