Wednesday, June 18, 2008

မိမိ Comment ကို Highlight လုပ်နည်း

ကျွန်တော် ဘလော့ဂ်ကို ခဏခဏ ပြင်လေ့ရှိပါတယ်။ ပြင်တယ် ဆိုပေမယ့် အစအဆုံး ပြင်တာ မဟုတ်ပါဘူး။ နည်းနည်း နည်းနည်း၊ ဖြည်းဖြည်း ဖြည်းဖြည်း ပြင်လာတာပါ။ ဒီဘလော့ဂ်ကို ဟိုးအစကတည်းက လာလည်တဲ့ သူတွေတောင် သတိထားမိချင်မှ ထားမိတာပါ။ တစ်ခုခု ပြင်ချင်ပြီဆို ဒီလိုပဲ Google မှာ လိုက်ရှာပြီး ပြင်လိုက်တာပါပဲ။ ကွန်ပြူတာအလုပ်နဲ့ ထမင်းစားနေတဲ့ သူဆိုတော့ ဘလော့ဂ်ပြင်တာဟာ သိပ်မခက်ခဲတော့ ဒီလိုပဲ နေလိုက်တာပဲ။ တလောက ညီငယ်တစ်ယောက်က ဘလော့ဂ်ရဲ့ ဘယ်နားကို ဘယ်လို ပြင်ထားလည်း မေးလာတော့ အီးမေးနဲ့ ရှင်းပြရတာ မလွယ်ပါဘူး။ အစကတည်းက ဘလော့ဂ်ပြင်ရင် ဘယ်လို ပြင်လိုက်တယ်ဆိုတာ ရေးမလို့ပါပဲ။ ဒီလိုပဲ (အင်္ဂလိပ်လိုရော) ရေးထားတာတွေ ရှိတော့ မရေးဖြစ်ဘူး။ အခုတော့ တစ်ခါပြင်လိုက်တိုင်း ဘယ်လိုပြင်လိုက်တယ်ဆိုတာ ရေးမယ် စိတ်ကူးတယ်။ ကိုယ်ဘယ်နေ့မှာ ဘာပြင်လိုက်လည်း သိရတာပေါ့။

ဒီနေ့ ပြင်တာက Comment မှာ ကိုယ့် Comment ဆို Highlight ဖြစ်အောင် လုပ်တာပါ။ Comment section မှာ Comment တွေ အများကြီး ရှိတဲ့ အထဲက ကိုယ့်(စာရေးသူရဲ့) Comment ဆိုရင် သိသာနေအောင် လုပ်တာပါ။ Programming ဆိုတာ ကဗျာရေးသလိုပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ရေးတာ မတူနိုင်ပါဘူး။ ရလဒ်တစ်ခု ရအောင် နည်းမျိုးစုံ လုပ်လို့ ရပါတယ်။ အခု ဝေမျှလိုက်တဲ့နည်းက အလွယ်ဆုံး ဖြစ်မယ် ထင်တဲ့ Drop in replacement ပါ။

(၁) CSS တွေ ရှိတဲ့ နေရာမှာ ထည့်ပါတယ်
.myCommentBlock {
  background:$bgcolor;
  border:1px double $bordercolor;
}


(၂) <data:comment.body /> တိုင်းအတွက် အောက်ပါ Code နဲ့ အစားထိုးပါတယ်။
<b:if cond='data:comment.author == data:post.author'>
 <div class="myCommentBlock">
  <data:comment.body />
 </div>
 <b:else/>
 <data:comment.body />
</b:if>

ဒါဆိုရင် ကိုယ့် Comment ဆိုရင် တစ်မျိုး မြင်နေရမှာပါ။ Style တွေ ပြောင်းချင်တယ်ဆိုရင် .comment-body blockquote မှာ ပြောင်းလို့ ရပါတယ်။ လောလောဆယ်တော့ နောက်ခံအရောင်နဲ့ Border ကိုပဲ ပြောင်းထားပါတယ်။ တခြား Style တွေ ထည့်လည်း ရပါတယ်။

ဘာမှ မလုပ်ခင် Template ကို Back up လုပ်ဖို့ မမေ့ပါနဲ့ဦး။ “Expand Widget Templates” ကို Select လုပ်ထားမှ အဆင့် (၂) ကို လုပ်လို့ ရပါတယ်။ Blog တိုင်းအတွက် ရမရတော့ မသိပါ။

တခြားဖတ်ရန် - Feed တွေကို ဘယ်လို ချောင်းကြည့်

5 comments:

Andy Myint - 6/18/08, 4:15 PM
ကျွန်တော့် Comment ပါ။
ဂျစ်တူး - gyit_tu - 6/21/08, 3:13 PM

ကိုအန်ဒီ ကိုယ့်မြန်မာဘလောဂါ့ထဲက ခုလို ကိုယ်ပိုင် ကုဒ်ဒင်းရေးပြီး ထွင် တာလေးတွေ အားပေးပါတယ် ။ နောက်လည်း ဆက်လုပ်ပါဦး ။ ဂျစ် ဘလောဂ့်မှာ ကိုအန်ဒီရဲ့ technical post တွေကို နေရာသပ်၂ပေးပြီး ဝေမျှထားပါတယ် ။

Andy Myint - 6/21/08, 11:06 PM
အခုတော့ မြှောက်ပေးရုံတင်မကတော့ဘူး ဆက်လုပ်အောက်ပါ ချည်လိုက်ပြီ ဟားဟား။ နောက်တာပါ။ အခုလို နေရာ သပ်သပ်ပေးထားတာ ကျေးဇူးပါပဲ။ တခြားသူတွေ ရေးထားတာလည်း ထည့်ပေါ့။
ရက်ရာဇာ - 7/10/08, 5:03 PM

မိုက်တယ်ဗျာ
လိုက်လုပ်ဦးမယ်

စံပယ်ပန်း - 10/16/11, 12:06 PM

template ချဲ့တဲ့ ကုဒ် ကိုအန်ဒီဆီကတွေ့တာလားလို့...ပြန်ပြန်ရှာနေတာ ရှာလို့မတွေ့ဘူး..။ ကိုရန်အောင့်ဆီကလား မသိဘူး..။ ရောနေပြီ..။

Post a Comment

Many thanks for dropping a comment…

Film