Wednesday, July 09, 2008

သြော်ဇီအကြောင်း GTalk မှာ

ကောင်လေး တစ်ယောက်က ကျွန်တော့် Gmail ဘယ်လို ရသွားလဲ မသိပါဘူး။ GTalk မှာ Invite လုပ်ထားလို့ ဘယ်သူမှန်းမသိပေမယ့် သိတဲ့သူများ ဖြစ်မလားလို့ ပြန်ပြီး Accept လုပ်လိုက်တယ်။ သူက တစ်ခါတစ်လေ ကျွန်တော့်ကို လှမ်း Chat ပြီး Australia က အခြေအနေတို့ ဘယ်လို လာသလဲတို့ မေးပါတယ်။ တစ်ခါတစ်လေလည်း ကျွန်တော့် အကြောင်းကို တည့်ကြီး မေးတယ်။ ကျွန်တော် နားလည်ပါတယ်။ သူက ဒီကို လာချင်လို့ ကျွန်တော့်ကို လှမ်းလှမ်း မေးနေတာကို။ တစ်ခါတစ်လေတော့ ပြန်ဖြေလိုက်ပါတယ်။ တစ်ခါတစ်လေတော့လည်း တစ်မျိုးပဲပေါ့။ ကျွန်တော် GTalk Account က အမြဲ Online ဖြစ်နေတော့ သူ ညက မေးသွားတာတွေကို ပြန်ဖြေထားတာပါ။

hi bro why do you wanna stay in New Zealand ?
ကျွန်တော် သြော်ဇီမှာ နေတာပါ။ နယူးဇီလန် မဟုတ်ပါ။

what is different with Au and NZ ?
မသိပါဘူး။ နယူးဇီလန်ကတော့ ကျွန်တော် နေချင်တဲ့ နိုင်ငံပါ။

Currently au is my dream from sg I will do visit before i migrate and how about job nature in au ?
တကယ် တတ်ကျွမ်းတဲ့ သူတွေအတွက် အဆင်ပြေပါတယ်။ အလုပ်က ဒီမှာ စနစ်ပိုကျပြီး သက်သာပါတယ်။  ရုံးတွင်း Politics ကတော့ ဒီမှာ များပါတယ်။ကျွန်တော် တွေကြုံရတာကို ပြောတာပါ။

what is different from sg ?
ပြောရရင် အများကြီးပါ။ စင်္ကာပူ (အရှေ့တိုင်း) နဲ့ မပြောနဲ့ အမေရိကားနဲ့တောင်  (ဘိုနိုင်ငံခြင်းတောင်) အတော်ကွာပါတယ်။ Post တစ်ခု ရေးလိုက်ပါမယ်။

and I also heard Sun is still shining in au at 9 PM ? is it really ?
နယူးဆောက်ဝေးပြည်နယ်မှာ နွေရာသီ တချို့ရက်တွေမှာတော့ ည ၈ နာရီ ကျော်မှ မှောင်ပါတယ်။ ဆောင်းရာသီမှာတော့ ညနေ ၅ နာရီဆို မှောင်အတိကျနေပါပြီ။

plz also mention my question in yr blog so that everybody can read

I think job nature is totally different between au & sg and how about pay scale ?
လစာတွေကို Internet မှာ ကြည့်နိုင်ပါတယ်။ အလုပ်ရှာတဲ့ Web Site တွေမှာလည်း ကြည့်နိုင်ပါတယ်။ ဥပမာ Seek.com.au မှာ ကြည့်ပါ။

how about expenses bet sg & au especially plz compare everything between sg & au
အစစ အရာရာ အနည်းဆုံး တစ်ဆခွဲကနေ နှစ်ဆ ဈေးကြီးပါတယ်။ စင်္ကာပူ အမေရိကားထက် ဈေးပိုကြီးပါတယ်။

how to feel between these 2 ?
နှစ်ခုလုံး ကြိုက်ပါတယ်။ စင်္ကာပူမှာ အမျိုးတွေနဲ့ နေရတာ ပျော်ပါတယ်။ ဒီမှာ အဆင့်တန်း မြင့်မြင့်နေရတာ ကြိုက်ပါတယ်။

which one is better . for all these
ဘယ်နေရာ ဖြစ်ဖြစ် လက်ရှိ နေတာနေရာက လက်ရှိအချိန်မှာ အကောင်းဆုံးပါ။ (ဒါဟာ တက်ကျမ်း စာအုပ်တွေထဲကလို ကြားကောင်းအောင် ပြောတာမဟုတ်ပါ။ ကျွန်တော်တို့ နေခဲ့တဲ နေရာတွေမှာ ကျွန်တော်တို့ ပျော်ပျော်ကြီး နေခဲ့တာပါ။)

thanks for your Australia posts

ကျွန်တော် သြော်ဇီ အကြောင်းတွေ ရေးချင်ပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် မရေးဖြစ်ပါဘူး။ ကြုံရင်တော့ ကြုံသလို ရေးပါတယ်။ ဒါပေမယ့် ကျွန်တော့် ဘလော့ဂ်က သြော်ဇီလမ်းညွှန် မဟုတ်ပါဘူး။ ကဏ္ဍတစ်ခု အနေနဲ့တော့ ပါမှာပါ။ ကျွန်တော် ဘာရေးရေး အမြဲ အားပေးတဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

7 comments:

Anonymous - 7/10/08, 12:09 AM

I am also waiting my AU PR application result. Thanks for this post.My favourite posts are about ur family & food because it makes warm for abroad peoples:)

Anonymous - 7/10/08, 1:02 PM

Ko Andy,
In your post, there are more politics in au than sg. May i know what kind of mostly because of beteen native and asian? is it within the acceptable limit? for me i want the peaceful lifestyle and do what i admire on time being.
thank..

Andy Myint - 7/12/08, 7:48 PM
Dear Reader(1), glad to know that family and recipe post make you warm. You comment also make us warm :)

စာဖတ်သူ (၂) ကျွန်တော် ကြုံတာတွေပဲ ပြောပါမယ်။ ယေဘုယျ မဟုတ်နိုင်ပါ။ Politics ဆိုတာကတော့ စင်္ကာပူက တရုတ်မတွေလို မနာလို စောင်းမြောင်း အခြောက်တိုက် ဘ၀င်မြင့်တာမျိုး မဟုတ်ပါဘူး။ အဓိကတော့ Culture မတူတာပါ။ ဘိုတွေက သိတဲ့ အတိုင်းပဲ ကိုယ့်စည်း သူ့စည်းနဲ့ပဲ။ ကိုယ်ချင်းစာတာ အားနာတာ မရှိဘူး။ ကိုယ်မှန်ရင် ဘယ်သူ့မှ ဂရုမစိုက်ဘူး ဆိုတာမျိုးတွေပါ။ ပြီးတော့ Client တွေကို Charge လုပ်တာက သိန်းဂဏန်းကနေ စပြီး Charge လုပ်တာဆိုတော့ အမှားမခံတာတွေ ရှိလို့ ကိုယ်ကိုယ်ကို လုံအောင် နေရတာမျိုးပါ။ နောက်ကျောကို ဓါးနဲ့ ထိုးတဲ့ Politics လောက် မဟုတ်ပေမယ့် ကိုယ်မှား ကိုယ်ခံ ဘယ်သူမှ လက်ဝင်မလျှိုတဲ့ Politics ကို ဆိုတာပါ။ သိပ်လည်း ကြောက်စရာ မလိုပါဘူး။
စိုးထက် - Soe Htet ! - 7/13/08, 7:35 PM

:)

min - 2/11/09, 8:20 PM

Dear Brother
May I know some of information ,
I would like to stay in Australia,
I am working in Singapore with my wife.
We have one child.
We are Singapore PR and engineers, can we work in there?


Which part of Australia should we apply for PR and stay?

After we got Australia PR,
If we don't get job in Australia, will support the money by Australia Gov.?


If my wife job location and my job location is not same what should we do?

If you possible please give me you contact email,I would like to ask more information.
Thanks
min

Andy Myint - 2/12/09, 12:49 PM
We are Singapore PR and engineers, can we work in there?
Career should be OK for engineers here in AU. Better mechanical or mechatronics. SG PR status doesn’t matter.

Which part of Australia should we apply for PR and stay?
It’s up to you. For mechanical engineer, mining industry is booming in west (near Perth) and can get a job more easily.

After we got Australia PR, If we don't get job in Australia, will support the money by Australia Gov.?
No. Not after 2 or few years but I’m not sure. But you may get family assistance which is not enough for a family like yours.

If my wife job location and my job location is not same what should we do?
I cannot imagine. I’d recommend to take time to find jobs in same location.

andymyint@gmail.com
Anonymous - 10/14/09, 3:22 PM

မေးတဲ့သူများကလဲ ခက်တော့ခက်နေပြန်ပါပြီ၊ ဒီblog ပိုင်ရှင်က စင်ကာပူမှာလဲ နေဖူးသူဖြစ်မှာပါ၊ အဆိုးအကောင်းယေဘုယျ အားဖြင့်စင်ကာပူက ပိုကောင်းရင် သူ စင်ကာပူမှာပဲနေမှာပေါ့၊ စင်ကာပူကအလုပ်ရှာရတာပိုတောင်လွယ်ဦးမယ်၊ သူလိုလူတစ်ယောက်အတွက်စင်ကာပူပြန်လာချင်ရင်အလွယ်လေးဖြစ်မှာပါ။ အဲ အခုထိ အော်စီ မှာနေနေတာ ကိုကြည့်ရင် politics ပဲများများ အစိုးရကိုအခွန်ဆောင်ရတာပဲများတယ်ပြောပြော အော်စီကသာလို့ပေါ့၊ အော်စီအစိုးရက ကိုအန်ဒီ ရယ် ကျနော်တို့ဆီမှာ နေပေးပါဗျာလို့ တောင်းပန်ရင်တောင် မသာရင်ဘယ်နေပါ့မလဲ..လူသဘောလေ၊ စင်ကာပူမှာနေလို့ရရဲ့သားနဲ့ အော်စီကိုပြောင်းအခြေချနေတဲ့လူတစ်ယောက်ကို အော်စီနဲ့စင်ကာပူ ဘယ်ဟာပိုကြိုက်လဲ မေးစရာမလိုဘူးထင်ပါတယ်။ သူ့အမြင်နဲ့သူ ဆိုပေမဲ့ မြန်မာမှန်ရင်အမြင်ချင်းကသိပ်မကွာပါဘူး၊ ကောင်းတယ်သာတယ်ဆိုတာ ဘယ်မြန်မာမဆိုကြိုက်ပါတယ်။

Post a Comment

Many thanks for dropping a comment…

Film