Thursday, July 10, 2008

Australia Vs Singapore

သြစတြေးလျနဲ့ စင်္ကာပူ ဘာကွာလဲ သိချင်သူများအတွက်ပါ။ Web Site တစ်ခုကနေ အခြေခံယူပြီး ကိုယ့်အမြင်နည်းနည်းနဲ့ ထည့်ရေးထားပါတယ်။


ၾသစေၾတးလ် စကၤာပူ
Work လစာ ပိုရပါတယ်။ အလုပ်သမားတွေက အခွင့်အရေးတွေ ပိုရှိပါတယ်။ အလုပ်ချိန် ပိုနည်းပါတယ်။ Fresh Grad တွေ အလုပ် ရှာရခက်ပါတယ်။ အဲဒါကြောင့် အင်ဒိုတွေ မလေး တရုတ်တွေက ဒီမှာ ကျောင်းပြီးရင် စင်္ကာပူမှာ ၂ နှစ်လောက် အတွေ့အကြုံ ပြန်ယူပြီးမှ ပြန်လာတတ်ကြပါတယ်။ မြန်မာတွေဆို Professional တွေမှ ပိုအဆင်ပြေနိုင်ပါတယ်။ အလုပ်ရှာရ ပိုလွယ်ပါတယ်။ မြန်မာပြည်ကနေ အလုပ် လာရှာသူတွေ အားလုံး အဆင့်အတန်း မျိုးစုံ အတွက် အင်မတန်မှ သင့်တော်ပါတယ်။
ညနက်အောင် လုပ်ရနိုင်ပါတယ်။ စနေ၊ တနင်္ဂနွေမှာပါ လုပ်ရနိုင်ပါတယ်။ မန်နေဂျာ (ပေါက်စ) ဖြစ်လွယ်ပါတယ်။ ကိုယ်ပိုင် စီးပွားရေ၊ ကုမ္ပဏီ ထောင်လွယ်ပါတယ်။
Housing အိမ်ဈေး ပိုချိုပါတယ်။ အိမ်ထောင်စု တစ်နှစ် ၀င်ငွေ တစ်သိန်း ကျော်နေချိန်မှာ အိမ်ဈေးက ၃သိန်းခွဲကနေ စရှိပါတယ်။ အိမ်ငှားခက အခွန်ဖြတ်ပြီး လစာရဲ့ ၂၀% ကျော် ရှိပါတယ်။ အိမ်ငှားရ ခက်ပါတယ်။ အိမ်ဝယ်တဲ့ အတိုးနှုန်း သက်သာပါတယ်။ ပင်စင်စုငွေထဲကနေ တစိတ်တပိုင်း သုံးလို့ ရပါတယ်။ အိမ်ငှားခက လစာရဲ့ ၂၅%ကျော် ရှိပါတယ်။ အိမ်ငှားရ လွယ်ပါတယ်။ တက်နေစရာ ကပ်နေစရာ အမျိုးတွေ၊ သူငယ်ချင်း အိမ်တွေ အများကြီး ရှိပါတယ်။
Food အသားနဲ့ နို့နဲ့က ပိုလတ်ဆပ်ပြီး ဈေးပိုချိုပါတယ်။ လမ်းဘေးစာတွေက ဈေးပိုကြီးပေမယ့် ပမာဏကလည်း နှစ်ဆလောက် ရပါတယ်။ တရုတ်၊ ကုလားစာ အပြင် အာရပ်၊ ဥရောပနဲ့  အမေရိကန်စာ စစ်စစ်တွေ ရနိုင်ပါတယ်။ ဗမာတွေ အကြိုက် အစားအစာ အကုန်လုံးလိုလို ရနိုင်ပါတယ်။ ဈေးပေါတဲ့ လမ်းဘေးစာတွေ ရနိုင်ပါတယ်။ ကမ္ဘာအရပ်ရပ်က အစားအစာတွေ ရနိုင်ပါတယ်။
House Chores လေဘာခ ဈေးကြီးတဲ့ အတွက် အစစ အရာရာ ကိုယ်ဘာကိုယ် လုပ်ရပါမယ်။ ဒါပေမယ့် ပန်းကန်ဈေးစက်လိုမျိုးတွေ အိမ်တွေမှာ ရှိပါတယ်။ အိမ်ပြင်၊ ကိရိယာတွေ ပြင်ဖို့အတွက် စားရိတ် ကြီးပါတယ်။ Maid ခေါ်မလား၊ အမျိုးတွေ ခေါ်ထားမလား အဆင်ပြေပါတယ်။ ပြုပြင် ထိန်းသိမ်းခ အများကြီး မပေးရပါဘူး။
Health care အခြေခံ ကျန်းမာရေးအတွက် အစိုးရက အခမဲ့ အကာအကွယ် ပေးထားပါတယ်။ ဒါပေမယ့် ကိုယ်ပိုင် ကျန်းမာရေး အာမခံတော့ ရှိထားရပါမယ်။ အဲဒီအတွက် တစ်လကို ၁၀၀ ကနေ ၃၀၀ လောက် အထိ ကုန်နိုင်ပါတယ်။ အခမဲ့ ကျန်းမာရေး စနစ် မရှိပါဘူး။ ကုမ္ပဏီတွေမှာ လုပ်ရင်တော့ ကျန်းမာရေး အာမခံ ၀ယ်ပေးတတ်ပါတယ်။ သွားနဲ့ မျက်စိအတွက်က ဈေးအကြီးကြီး မဟုတ်ပါဘူး။ ပင်စင်စုငွေထဲက တစိတ်တပိုင်းကို ဆေးကုဖို့ အတွက် သုံးနိုင်ပါတယ်။
Transport ကိုယ်ပိုင်ကား ၀ယ်နိုင်ပါတယ်။ ကိုယ်ပိုင်ကား ရှိမှလည်း အဆင်ပြေမှာပါ။ Public Transport က အင်မတန် ကောင်းပါတယ်။ တက္ကစီ ဈေးချိုပါတယ်။
Government အစိုးရ စနစ်က အင်မတန် ကောင်းပါတယ်။ အစိုးရရဲ့ Policy တွေက Transparent ဖြစ်တဲ့ အတွက် ရှင်းရှင်းလင်းလင်း သိရပါတယ်။ (သတင်းစာကနေ ဖြစ်ဖြစ်) အစိုးရက ဝေဖန်နိုင်ပါတယ်။ လာဘ်ပေး လာဘ်ယူ ကင်းရှင်းပါတယ်။ Policy တွေ ခဏခဏ ပြောင်းပါတယ်။ များသောအားဖြင့်ကတော့ (စင်္ကာပူနဲ့ သူ့နိုင်ငံသားတွေ) ပိုကောင်းအောင်ပါ။ အစိုးရရုံးတွေ အလုပ်လုပ်တာ စနစ်ကျပြီး မြန်ပါတယ်။
Crime Rate သေနတ်ကိုင်ခွင့် မရှိပါဘူး။ တချို့နေရာတွေက စိတ်မချရပါဘူး။ လုံခြုံ အစိတ်ချရဆုံး တစ်နေရာ ဖြစ်ပါတယ်။ ည ၁၁ နာရီ ကျော်တဲ့ အထိ မိန်းကလေး တစ်ယောက်တည်း အိမ်ကို ပြန်လို့ ရပါတယ်။
Racist အဖြူ လူငယ်တွေက ကားပေါ်ကနေ အော်သွားမယ် ၊ ကံဆိုးရင် ဘီယာပုလင်းနဲ့ ပစ်သွားမယ်။ ရုံးမှာ အလုပ်မှာတော့ ခွဲခြားမှု မရှိပါဘူး။ လူမျိုးနဲ့တောင် တပ်ပြီး မပြောကြပါဘူး။ ဥပမာ  “ဟို Indian ကောင်လေ” တရုတ်ရုပ် မပေါက်ရင်တော့ အနည်းငယ် ခွဲခြားခံရပါမယ်။ Singaporean တွေက သတင်းစာကနေ ဖြစ်ဖြစ် လူမျိုးကြီး ၀ါဒတွေ အော်နေပေမယ့် အပြင်မှာတော့ မသိသာပါဘူး။
Migrant Treatment PR တွေက နိုင်ငံသားနဲ့ မခြား အခွင့်အလမ်း တော်တော်များများ ရနိုင်ပါတယ်။ အစိုးရ ထောက်ပံ့ကြေးတွေ ရနိုင်ပါတယ်။ PR တွေက အိမ်ဝယ်ဖို့ အခွင့်အလမ်းတော့ ရပါတယ်။ အသစ်တော့ ၀ယ်လို့ မရဘဲ တဆင့်ခံ ဈေးကွက်မှာပဲ ၀ယ်နိုင်ပါတယ်။
Taxes အခွန်ကို နင့်နေအောင် ပေးရပါတယ်။ GST က ၁၀% ပါ။ စားသောက်ကုန်တွေ အတွက်တော့ မပေးရပါဘူး။ Income Tax က နည်းပေမယ့် Property Tax နဲ့ Vehicle Tax ကတော့ များပါတယ်။ GST က ၇% ဖြစ်ပါတယ်။
Travel ဘယ်နေရာနဲ့ မဆို အလှမ်းဝေးပါတယ်။ ပြည်ပ လေယာဉ်ခက ၁၀၀၀ အနည်းဆုံးပါ။ ပြည်တွင်းမှာတော့ သွားစရာတွေ အများကြီး ရှိပါတယ်။ အနီအပါးက နိုင်ငံတွေကို စားရိတ် နည်းနည်းနဲ့ လည်ပတ်နိုင်ပါတယ်။
Weather ရာသီဥတု အပြောင်းအလဲ ရှိပါတယ်။ ၄ ရာသီ ရှိပါတယ်။ အအေး မလွန်ပါဘူး။ ရာသီဥတု ကြည်လင်ပြီး တခါတလေ မိုးများပါတယ်။
တစ်နှစ်ပါတ်လုံး ဒီရာသီပါပဲ။
National Service သားမွေးထားရင်တော့ ၂ နှစ်လောက် စစ်တပ် ပို့ထားရပါမယ်။
Childcare ကလေး မူကြိုတွေ ဈေးကြီးပါတယ်။ ၁၀၀၀ ကျော် ၁၅၀၀ ပေးရပါတယ်။ တ၀က် Rebate အစိုးရဆီက ပြန်ရနိုင်ပါတယ်။ မွေးပြီး ၂ လ လောက် နေတာနဲ့ ကလေးထိန်းကျောင်း ပို့လို ရပါပြီ။ ကလေးကြီးတွေ အတွက်ပဲ မူကြိုတွေ ပေါပါတယ်။ ဈေးမများပါဘူး။ ၅၀၀ အောက်နဲ့ ရနိုင်ပါတယ်။
Leisure အခမဲ့ TV လိုင်းက အစီအစဉ်တွေ ပိုကောင်းပါတယ်။ ညနေ ၅ နာရီ ကျော်ရင် ဆိုင်တွေ ပိတ်ပါပြီ။ ကြာသပတေးနေ့ တစ်နေ့တည်း ည ၉ နာရီ အထိ ဆိုင်တွေ ဖွင့်ပါတယ်။ စာဖတ်သူ တစ်ယောက်က ဒီလို မှတ်ချက်ပေးသွားပါတယ် - Restaurants and clubs open till 9:30pm or 10pm. And in the cities, many shops open till 9 or 10pm. People here normally work till 5:30 or 6pm and do not work as late as in Asian countries. That is one of the main reasons why many businesses close. တရုတ် အစီအစဉ်တွေ မကြည့်ရင်တော့ အခမဲ့ TV လိုင်းက ကြည့်စရာ ရှားပါတယ်။ ည ၉ နာရီလောက်အထိ Shopping ထွက်နိုင်ပါတယ်။ Mustafa လို ဆိုင်ဆို ၂၄ နာရီ ပတ်လုံး ဖွင့်ပါတယ်။
Tax to Myanmar Embassy
၆၀ AUD (၇၅ စင်းဒေါ်လာ ) ပုံသေ ဖြစ်ပါတယ်။ သြစတြေးလျ အစိုးရ အတွက် အခွန်နှုတ်ပြီးသားမှ ပျမ်းမျှ (Average) လစာ ၄၀၀၀ ရတဲ့ သူအတွက် ၁.၅% ဖြစ်ပါတယ်)
ဗီဇာ အဆင့်အတန်းလိုက် ပေးရပါတယ်။ Work Permit ဆို ၄၀ စင်းဒေါ်လာ- (လခ ၈၀၀ ရတဲ့သူဆို ၅% ဖြစ်ပါတယ်) S-Pass ဆို ၈၀ (လခ ၁၈၀၀ ရတဲ့သူဆို
၎.၅%) - Employment Permit နဲ့ PR ဆို ၁၂၀ (လခ ၃၀၀၀ ရတဲ့ သူဆို ၄%) ဖြစ်ပါတယ်။
PR Application PR လျှောက်ဖို့ တိုင်းပြည်အတွင်းမှာ ဘယ်လောက် နေထားသလဲနဲ့ (အများကြီး) မဆိုင်ပါဘူး။ (ဒီမှာ ကျောင်းတက်ထားရင်တော့ ပိုကောင်းတာပေါ့) လုပ်သက်များလား အသက်ငယ်လား ဒီမှာ လိုအပ်တဲ့ ပညာတတ်လားနဲ့ပဲ ဆိုင်ပါတယ်။ PR လျှောက်ဖို့ ရနိုင် မရနိုင်ကို လျှောက်မယ် စိတ်ကူးတာနဲ့ ကိုယ့်ဘာကိုယ် တွက်ကြည့်လို့ အဖြေ ထွက်ပါတယ်။ အစိုးရရဲ့ Policy က Transparent ဖြစ်ပြီး Web Site တွေမှာ အလွယ် ကြည့်နိုင်ပါတယ်။ PR လျှောက်ဖို့ ဗီဇာ အဆင့်အတန်း ပေါ်မူတည်ပြီး ဘယ်လောက် ကြာကြာ စင်္ကာပူမှာ နေထားသလဲ ပေါ် မူတည်ပါတယ်။ (အစိုးရ Web Site မှာတော့ စင်္ကာပူမှာ မနေလည်း ရတယ် ဆိုပေမယ့် ဒါက ဟောင်ကောင် `ပျက်´ မလို ဖြစ်တုန်းက ဘော်ချက်တာပါ) PR ရနိုင် မရနိုင်က ကံပေါ်  မူတည်သလိုလို၊ ဟိုဟာ ကြောင့် သူက Reject ဖြစ်တာ၊ သူကတော့ ဒီဟာ ကြောင့် ရတာလို့ ပြောရလောက်အောင် ဘာကြောင့် ရနိုင် မရနိုင်ကို ရှင်းရှင်းလင်းလင်း ပေးမသိထားပါဘူး။ အစိုးရမှာ ဖော်မြူလာတွေ ထုတ်နိုင်တဲ့ PE (Political Economy) သမားတွေ ရှိပြီး သူတို့တွေက ကိန်းရှင်တွေကို အမြဲတမ်း Update လုပ်နေလို့လည်း ပါပါတယ်။

31 comments:

Anonymous - 7/10/08, 3:03 PM

Thank you for your valuable information.

မဇနိ - 7/10/08, 4:10 PM

ဗဟုသုတအဖြစ် ဖတ်မှတ်သွားပါတယ်။ သေချာရေးပြတာ ကျေးဇူးပါဗျာ။

ရက်ရာဇာ - 7/10/08, 4:32 PM

ကျေးဇူးတင်တယ်ဗျို့
ဗဟုသုတ တိုးတယ်ဗျာ

Ko Boyz - 7/10/08, 4:42 PM

အဖိုးတန်တဲ့ အချက်အလက်တွေပါ...။ ကျေးဇူးတင်ပါတယ်..။

ကိုပေါက်ကျိုင်း - 7/10/08, 5:32 PM

ကျေးဇူးပဲဗျာ
တော်တော်လေးကောင်းတဲ့အချက်အလက်တွေ

Anonymous - 7/10/08, 6:48 PM

Kyay Zu par Mr.WeSheMe.Mhat thar thwar par tel. Naut lal htet Read par oo mel.

Htoo Tay Zar - 7/10/08, 7:16 PM

ကျေးဇူးပါ အကို အန်ဒီ ဗဟုသုတ ရပါတယ်။ ကျွန်တော်လည်း ဘယ်သွားရမှန်း ခုထိမသိသေးဘူး။ ကျွန်တော် အခုပို့စ် reader မှာ share ထားလိုက်တယ် ကျေးဇူးအကို

ဝေတိုး - 7/11/08, 12:17 AM

ရုံးကဘိုတွေကနယူးယောက်က အလုပ်ခွင်မှာ aggressiveအဖြစ်ဆုံးတဲ့။စင်္ကာပူကပြောင်းလာတဲ့ကျမတို့အတွက်ကသက်တောင့်သက်သာပဲ။ California ကပြောင်းလာတဲ့ ကိုရီးယား သူငယ်ချင်းကတော့ နယူးယောက်က aggressive ဖြစ်လွန်းတယ်တဲ့။ ဒီပို့စ်အတွက်ကျေးဇူး။ နောက် အား ရင် အဲဒီက retirement policyအကြောင်းလေးရေးဖို့တေင်းဆိုပါရစေ။

တားမြစ် ထားသော... - 7/11/08, 12:18 AM

စိတ်ဝင်စားစရာတွေပါပဲ။ လေ့လာနေသူတွေအတွက် တန်ဖိုးရှိတဲ့ သတင်းတွေပေါ့။

တောင်ငူသား - 7/11/08, 12:22 AM

မှောင်တိမှောင်မွှားထဲက အလင်းတစ်ပြပါပဲ အကိုအန်ဒီရေ

Anonymous - 7/11/08, 1:01 AM

Ko andy,
In your other post , within there office there are a lot of politics. May i know within the limit? Worse than sg?

with rgrds

Sai Tun - 7/11/08, 1:40 AM

ဝေမျှ ပေးတာ ကျေးဇူးနော်

War War - 7/15/08, 10:46 PM

Kyay zue pe` ko andy yae.. thi chin tar lay tway thi lite ya lo :)

မြမြမိုး - 7/16/08, 5:49 PM

ကိုအင်ဒီ
အမြဲဖတ်ဖြစ်ပါတယ်။ ကွန်မန့် မချန်ဖြစ်တာပါ။ ဒီပို့စ်လေး က တော်တော် ဗဟုသုတ ရပါတယ်။ မြန်မာပြည်က သူငယ်ချင်းတွေအတွက် ပရင့်ထုတ်ပြီး ပေးချင်ပါတယ်။ ခွင့်ပြုပါနော်။
နောက်ပြီး သြဇီမှာ အိုင်တီအလုပ် ဈေးကွက်ဘယ်လိုရှိလဲ၊ဘာတွေလေ့လာ ပြင်ဆင်ထားသင့်လဲ၊ဘယ်လိုင်း(ဒေါ့နက် ၊ဂျာဗား) တွေက အလုပ်ပိုကောင်းတယ် စတဲ့ အလုပ်ခွင် ကိစွ သိမှတ်ဖွယ်လေးတွေလည်း ရေးပေးပါဦးနော်။
ကျေးဇူးတင်လျက်

Pan Nwe - 7/18/08, 7:10 AM

ကိုအန်ဒီတို့ဆီက ကျမတို့ဆီနဲ့ တစ်ချို့ဟာတွေ တော်တော်တူပါတယ်။ အခမဲ့ဗိုက်ကြီးတာတို့ ဘာတို့ရောပေါ့။ ဒါပေမယ့် ဒီဘက်မှာတော့ အတော်အေးတယ်။

Andy Myint - 7/20/08, 5:45 PM
အားလုံးပဲ Welcome ပါ။

New Yorker တွေအကြောင်းလည်း ရေးပါဦး မဝေတိုး။ Retirement planning အကြောင်းကတော့ အလျဉ်းသင့်ရင် ရေးသွားမှာပါ။ ကျွန်တော်လည်း ရေရေရာရာတော့ မသိသေးဘူး။

အလုပ်အကြောင်း ကြုံရင် ရေးသွားပါမယ် မမြမြမိုး။

အဲဒီကို လာဖို့ စဉ်းစားသေးတယ် မပန်းနွယ်။ ရာသီဥတု အရမ်း အေးတာနဲ့။
Anonymous - 7/30/08, 1:00 AM

ko andy,
for me i think ausi is living like as more enjoyable and comfortable than sg. More meaningful than sg. I think only should be problem is colours. How do you think?

Anonymous - 7/30/08, 12:48 PM

Restaurants and clubs open till 9:30pm or 10pm. And in the cities, many shops open till 9 or 10pm. People here normally work till 5:30 or 6pm and do not work as late as in Asian countries. That is one of the main reasons why many businesses close.

Andy Myint - 7/30/08, 1:31 PM
Dear Reader(1), that depends on individual i reckon. Racism is not that bad here.

Thanks for your comment Reader (from AU?). I will put it in my post.
wwk - 7/31/08, 1:05 AM

Thanks for your information. i am planning to go to AU. thanks Ko Andy

တန်ခူး - 7/31/08, 2:40 PM

ဗဟုသုတဖြစ်ပြီး လက်တွေ့  အသုံးဝင်တဲ့ နှိုင်းယှဉ်ဇယားလေး အတွက် ကျေးဇူးပါ ကိုအန်ဒီ…

Andy Myint - 7/31/08, 9:02 PM
ံHope it's useful for you WWK. See you soon.

အသုံးဝင်တယ်ဆိုလို့ ရေးရတာ တန်တာပေါ့ မတန်ခူး
JulyDream - 8/3/08, 7:36 PM

နှိုင်းယှဉ် ဖော်ပြချက်တွေအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ လက်ရှိ စကာင်္ပူ ရောက်တာတောင် ၁ နှစ်ကျော်ပဲ ရှိသေးတော့ လူရည် မလည်သေးပါဘူး။ အခုလို နှိုင်းယှဉ်ပြတာမျိုးကို ဖတ်မိတော့မှ ဒါမျိုးတွေ ရှိပါလား ဆိုတာကို သိရတဲ့သူပါ။ ဒီက MRT နဲ့ Bus ကတော့ အတော် အဆင်ပြေပါတယ်။ သြဇီမှာတော့ မြေကျယ်တော့ ကိုယ်ပိုင်ကား ရှိမှ အဆင်ပြေမယ့် ပုံပဲ။

MELODYMAUNG - 8/4/08, 2:25 PM

ဖတ်မှတ်သွားခွင့်ရလို့ သိုင်းခရုဗျာ နောက် update တင်မှာတွေလဲ စောင့်ဖတ်ပါမယ်

ကျော်မင်းနိုင် - 8/25/08, 2:42 AM

သြစတြေးလျ နဲ့ စင်္ကာပူ နဲ့ ဘေး မှာ မြန်မာ ဆိုတဲ့
ကော်လံလေး ပါ တိုးလိုက်ရင် အရမ်း ကို ပြည့် စုံတဲ့
ပို့စ် လေး ဖြစ်သွားမှာပဲ ဗျာ.....(အချွန်နဲ့ မသွားတယ်ဗျို့..ဟဲဟဲ)

Soe - 9/18/08, 11:50 AM

တန်ဖိုးရှိတဲ့ ပို့စ် လေးဗျာ..

Andy Myint - 9/18/08, 8:52 PM
Thanks, Soe, Melody Maung, JulyDream & Kyaw Min Naing... :)
Dr. Nyan - 10/17/08, 7:07 PM

ရှင်းရှင်းလင်းလင်းနဲ့ဗဟုသုတရတယ်ဗျို့။ ကျေးဇူးတင်ပါတယ်။

sunny - 3/27/09, 6:20 AM

thanks for ur information..I appreciate that..

Evy - 7/30/10, 12:58 PM

သေချာ compare လုပ်ြပထားလို့ကျေးဇူးပါ ကို Andy.

Thwe Thwe - 1/27/12, 12:47 AM

thank you so much

Post a Comment

Many thanks for dropping a comment…

Film