Thursday, July 24, 2008

Eee PC ကြော်ငြာ

(အခုတလော ရေပန်းစားနေတဲ့ Eee PC ကြော်ငြာ ဇာတ်လမ်းတိုလေးပါ။ E သုံးလုံးက ဘာအဓိပ္ပါယ်လည်း ဆိုတာတော့ ဆက်လက် ရှုစားပါ။) သမီးက လူကြီးတွေ ကီးဘုတ်နှိပ်တာကို ကြည့်ထားပြီး သူလည်း လိုက်ကိုင်တယ်။ လက်ငါးချောင်းလုံးကို ကီးဘုတ်ပေါ် တင်ထားပြီး လက်ချောင်းလေးတွေ နှိပ်သလိုကို သူက ကုတ်နေတယ်။ ရယ်ရတယ်။ သမီးက ဖုန်းဆိုလည်း စင်္ကာပူက လူတွေ SMS နှိပ်သလို ကိုင်တယ်။ TV Remote ဆိုလည်း လက်တစ်ဘက်တည်းနဲ့ TV ကို ချိန်ပြီး ကိုင်တယ်။ ခဲတံ၊ ဘောပင်ဆိုလည်း စာရေးတော့မလို လက်ချောင်းလေးတွေနဲ့ ကိုင်တတ်တယ်။ အဲဒီ အကြောင်းတွေကို ဒီမှာ တစ်ခေါက် ရေးဖူးတယ်။ ငယ်ငယ်ကတည်းက လူကြီးတွေ လုပ်တာကို လိုက်ကြည့်ပြီး သူ့ဘာသူ တတ်နေတာပဲ။ ကိုစောရေ ခင်ဗျား သမီးနဲ့ အပြိုင် Post လိုက်တင်တယ်ဗျာ။




တခြားဖတ်ရန် - သွားငုတ်တို လူငုတ်တုတ် (၁၀လ - ၁၁လ)

5 comments:

Anonymous - 7/25/08, 6:59 AM

သမီး အရမ်းသွက်ပြီး အရမ်းလဲ ချစ်ဖို့ကောင်းတယ်။ နောက် လနည်းနည်းနေရင် သူ့ကို ကွန်ပျူတာ စသင်ပေးလို့ ရပြီထင်တယ် ကိုအန်ဒီရေ။

sawphonelu - 7/25/08, 11:09 AM

သူတို့ တွေ ဟာ အရမ်း သင် ယူ ချင် တဲ့ အရွယ် ကို ရောက် နေပြီ ။ ဘာ လေး သိ သိ သူ တို့ ပြန် သုံး ချင် နေ တယ် ။ စကား လုံးလေး တစ် လုံး က အစ လူ ကြီး တွေ က အမှုမဲ့ အမှတ် မဲ့ သုံး လိုက် ရင် တောင် သူတို့ က မှတ် ထား ပြီး တစ်ချိန်ချိန် မှာ ပြန် သုံး တယ် ။ အရမ်း ချစ် ဖို့ ကောင်း တဲ့ အရွယ် ပဲ ။
ဟိုနေ့ က ဆို ရင် မိန်းမ က ပြော ပြ တယ် ။ သမီး က ညှမု ညှမု ဆို ပြီး remote ကို လှမ်းတောင်း တယ် တဲ့ ။ သူ့ ကို မသင် ဘူး ဘူး ။ ကိုယ်တို့ က တောင် ရယ် နေ ကြ သေး တယ် ။ သူ့ အဒေါ် တစ် ယောက် ငယ်ငယ် တုန်း က “ဒွယ်မု” လို့ ခေါ် တာ ကို ပြန် ပြော ပြ ရင်း သမီး က ပို နီး စပ် တယ် လို့ ပြော နေ ရ တယ် ။

Andy Myint - 7/25/08, 4:36 PM
ကွန်ပြူတာ အဖျက်သင်တန်းဆိုရင်တော့ အခုပေးရင်တောင် ရနေပြီ။

ညူမု ညူမုဆိုတာ ပြင်သစ်လိုများ ပြောတာလား ကိုစော.. :)
nu-san - 7/26/08, 5:29 PM

မြတ်နိုးရဲ့ Video လေး ကြည့်ရတာ ကွန်ပျူတာ ကြည့်ပြီး သူ အသည်းယားနေသလိုပဲနော်.. တဗြန်းဗြန်းနဲ့ keyboard ကို ရိုက်နေတော့တာပဲ.. ပါးစပ်ကလည်းသူ့မှာ အော်နေရသေးတယ်.. :D

ဘာလိုလိုနဲ့ မြတ်နိုးလေးတောင် ၁၆ လ ဖြစ်သွားပြီနော်..

Andy Myint - 7/27/08, 9:02 PM
မြတ်နိုးက စိတ်ကြီးတယ်... စိတ်မြန်တယ် မနုစံရေ

Post a Comment

Many thanks for dropping a comment…

Film