Sunday, July 06, 2008

So You Think You Can Dance

သမီး မြတ်နိုးက ငယ်ငယ်ကတည်းက ကတာ ၀ါသနာပါတယ်။ အစကတော့ ဘယ်ကဘယ်လို ကတတ်မှန်းမသိပါဘူး။ နောက်တော့မှ သူက TV မှာ ကြည့်ပြီး တတ်မှန်း သိတော့တယ်။ သူကြိုက်တဲ့ ကာတွန်း ရုပ်လေး နာမည် ပြောလိုက်ရင် သူက အဲဒီ အထဲကလို လိုက်ကတယ်။ အခုလည် ကစားစရာလေး ၀ယ်ပေးထားတာ သူကြိုက်တဲ့ တီးလုံးအတွက် နံပါတ်ကို ရွေးနှိပ်ပြီး ကပါလေရော။


သူက ကရင် ကကြိုးကို တစ်မျိုးပြီး တစ်မျိုး ပြောင်းပြီး ကတတ်ပါတယ်။ တီးလုံး ပြောင်းသွားတာနဲ့ ကကြိုး တစ်မျိုး ပြောင်းပြီး ကတယ်။ တီးလုံး မပြောင်းရင်တောင် ဒါမျိုးကနေတာ လေးငါးခါ ရှိသွားပြီ ဆိုပြောင်းပြီး ကပါရော။ သူကနေတဲ့ အချိန်မှာ Mood ၀င်နေတာ သူ့ မျက်နှာလေးမှာ တွေ့နေရတယ်။ ကရင်လည်း သီချင်းဆုံးတဲ့ အထိ စိတ်ရှည်ရှည် ကတယ်။ မိန်းကလေးဆိုတော့လည်း နည်းနည်း ပါးပါးတော့ ကတတ်မှာပေါ့။ ဘယ်အချိန် အထိတော့ စိတ်ဝင်စားမယ် မသိ။ တကယ်တမ်း ပြောရမယ်ဆို ဒါမျိုးတွေ တကယ်သာ စိတ်ဝင်စားရင် သဘောတူပြီး လိုက်လုပ်ပေးနိုင်ဖို့ အတော် စဉ်းစားရဦးမယ်။
ကဲ က ကရင်မ ကရင်က မကရင် မက ကရင် ကရင်က က....

6 comments:

Anonymous - 7/6/08, 6:44 PM

she has sense in music at this age & choose the melody that she likes. wonderful. btw, she gets a little slim than b4.is she? we all r like aunty & uncle to her by reading wesheme posts :)

Anonymous - 7/6/08, 7:11 PM

မြတ်နိုးလေးက ချစ်ဖို့ အလွန်ကောင်း။ စကားပါ စပြောနေပြီဆိုတော့ သူ စကားပြောနေတာလေးတွေပါ ကြည့်ရရင် ကောင်းမယ်။ ဒီကောင် မူကြို မသွားသေးဘူးလား။

sandra - 7/7/08, 10:05 AM

သမီးလေးက က တတ်လိုက်တာနော်၊ အရမ်းချစ်ဖို့ကောင်းတယ်
ကျွန်မ သမီးက မနေ့ကပဲ နှစ်နှစ်ပြည့်တယ် အဲလိုမျိုး မကတတ်ဘူး
ဒီဘလော့ဂ်မှာခြေရာမချန်ခဲ့ပေမယ့် အမြဲဝင်ဖတ်တယ်

Andy Myint - 7/9/08, 10:15 PM
ဟုတ်တယ် စာဖတ်သူ သူကြိုက်တဲ့ တီးလုံးကို မှတ်ထားတယ်။ အရပ်ထွက်လာတော့ နည်းနည် ပိန်သွားတယ်။

စကားကတော့ သိပ်မပြောတတ်သေးပါဘူး။ မူကြိုပို့မလို့ဟာ အဘွားက သနားနေတာနဲ့ မပို့ဖြစ်ဘူး ဖြစ်နေတယ်။

သမီးက အဲဒီလို ကတာပါပဲ မSandra။ တစ်ယောက်နဲ့ တစ်ယောက်တော့ ဘယ်တူမလဲ။ အားပေးတာ ကျေးဇူးတင်ပါတယ်။
Myanmar armydog - 7/30/08, 8:52 PM

ခွီခွီ ကလေးတွေများ ကိုအန်ဒီငယ်ငယ်တုန်းကကောဒီလိုတတ်လား တီဗွီရှားတဲ့ခေတ်မို့လို့ တတ်မယ်မထင်ပါ ကိုအန်ဒီအဖေအမေကို မေးမကြည့်ဘူးလား

Andy Myint - 7/31/08, 8:59 PM
ကျွန်တော်တို့ တုန်းကတော့ ဘယ်တတ်လိမ့်မလဲ ကိုမြန်မာ...

Post a Comment

Many thanks for dropping a comment…

Film