Wednesday, July 02, 2008

Software Development ဝေါဟာရများ - Virtualization

ကွန်ပြူတာလောကမှာ စကားလုံးတွေက အဓိပ္ပါယ်ကြွယ်ဝပြီး နားလည်သယောင် ရှိပါတယ်။ ဆေးပညာ စာအုပ်တွေမှာလို ခက်ခက်ခဲခဲ လက်တင်စကားလုံးတွေ၊ ဂရိစကားလုံးတွေ မဟုတ်ဘဲ ရိုးရှင်းတဲ့ အင်္ဂလိပ်စာ ဖြစ်တဲ့ အတွက် စကားလုံးတွေရဲ့ ဘာသာပြန်ကို သိနိုင်ပေမယ့် အဓိပ္ပါယ်နဲ့ အသုံးချပုံကို သိမလွယ်ပါဘူး။

ဥပမာ Virtualization ဆိုတာကို `အစစ်ယောင်ပြုလုပ်ခြင်း´ ဆိုရင် တချိ့နေရာတွေမှာ ဘာသာပြန်နိုင်ပေမယ့် အတော်များများမှာတော့ တခြား အဓိပ္ပါယ် သက်ရောက်ပါတယ်။ Virtualization ဆိုတာကို ပြောရမယ်ဆိုရင် ကွန်ပြူတာ အရင်းအမြစ်တွေ (Resource) ကို ခြားနာစွာ စိတ်ကူး သိမြင်ခံယူခြင်း (Abstraction) ဖြစ်ပါတယ်။ Wikipedia က Virtualization ကို ဒီလို ဆိုပါတယ်။

Virtualization hides the physical characteristics of computing resources from their users, be they applications, or end users.
ယေဘုယျအားဖြင့် Virtualization အုပ်စု နှစ်မျိုး ရှိပါတယ်။
  • Physical Resource တစ်ခုထဲကို Virtual Resource အများကြီး လုပ်ခြင်းနဲ့
  • Physical Resource အများကြီးကို Virtual Resource တစ်ခုတည်း လုပ်ခြင်းတို့ ဖြစ်ပါတယ်။
Resource လို့ ဆိုရာမှာ ကိုင်တွယ်လို့ ရတဲ့ Server တွေ၊ Storage Device တွေဖြစ်နိုင်သလို ကိုင်တွယ်လို့ မရတဲ့ Operating System တွေ၊ Application တွေလည်း ဖြစ်နိုင်ပါတယ်။ Network တွေနဲ့ အင်တာနက်ကြီး တစ်ခုလုံးဟာလည်း Resource တွေပါပဲ။

Virtualization ကို အသုံးချနေတာတွေကတော့
  1. Server Virtualization
  2. Client / Desktop / Application Virtualization
  3. Network Virtualization
  4. Storage Virtualization
  5. Service / Application Infrastructure Virtualization တို့ ဖြစ်ပါတယ်။
1. Server Virtualization
Server Virtualization ဆိုတာ တကယ်ရှိတဲ့ Server တစ်လုံးတည်းကို Virtual Server တွေ ခွဲသုံးခြင်းပါ။ ဒီလို သုံးလို့ ရအောင် Hypervisor က လုပ်ပေးပါတယ်။ Hypervisor ဆိုတာ Virtual Server (Guest) နဲ့ Hardware (Host) ကြားက Software layer တစ်ဆင့်ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ Hypervisor က Hardware လည်း ဖြစ်နိုင်ပါတယ်။ Hypervisor နှစ်မျိုးရှိပါတယ်။
  • တစ်မျိုးက Guest တွေက ပင်ရင်း Hardware ပေါ်မှာ တိုက်ရိုက် Run တာဖြစ်ပြီး (ဥပမာ Citrix Xenserver)
  • နောက်တစ်မျိုးက Guest တွေက Third Level ကနေ Run တာပါ။ (ဥပမာ Apple ကွန်ပြူတာမှာ Windows သုံးချင်ရင် Parallel Desktop နဲ့ သုံးသလိုမျိုးပါ။ Hardware နဲ့ တကယ် ထိတွေ့နေတာက Mac OS ပါ။)
Server Virtualization ကြောင့် ကောင်းတဲ့ အချက်တွေကတော့
  • ကိုယ့်မှာ ရှိတဲ့ Hardware တွေကို အပြည့်အ၀ အသုံးချလို့ရတယ်။ ဝေမျှသုံးစွဲလို့ ရတယ်။ အဲဒီအတွက် စားရိတ်တွေ၊ စွမ်းအင် (မီတာခ)တွေ သက်သာမယ်။
  • Isolation (ထီးတည်းခြားထားခြင်း) ကြောင့် Security ပိုကောင်းပါတယ်။
  • Software Developer တွေက မတူညီတဲ့ Environment တွေ သူ့စက် တစ်လုံးတည်းမှာ Install လုပ်လို့ ရလာတယ်။
မကောင်းတာတွေကတော့
  • ဆာဗာ အလုံးအရေအတွက် နည်းသွားလို့ Administration က ပိုမလွယ်သွားနိုင်ပါဘူး။ ဒီလို Virtualize လုပ်ဖို့အတွက် ပိုကျွမ်းကျင်တဲ့ သူတွေ လိုလာပါမယ်။
  • Software လိုင်စင်တွေကလည်း Virtualization သော ဘာသော မသိပါဘူး။ နှစ်ခါ Install လုပ်ရင် နှစ်ခါစာ ပေးရပါမယ်။
  • CPU တို့ RAM တို့ကို မျှဝေသုံးစွဲရတဲ့ အတွက် Performance ကျသွားမှာပါ။
2. Application / Desktop Virtualization
ဆာဗာတွေမှာတင် မဟုတ် Desktop နဲ့ Application တွေမှာပါ Virtualize လုပ်လို့ ရပါတယ်။ Application နဲ့ Desktop ကို Virtualize လုပ်တဲ့ အခါ Local နဲ့ Hosted ဆိုပြီး နှစ်မျိုး ထပ်ခွဲပြန်တယ်။
  • Hosted Application Virtualization ကတော့ Google Documents လိုမျိုးဖြစ်ပြီး
  • Local Application Virtualization ကတော့ သုံးချင်တဲ့ အခါကျမှ Streaming လုပ်ပြီး သုံးတာမျိုးပါ။ ဒီလို Streaming လုပ်ဖို့ ကိုယ့်စီမှာတော့ Starter Application သေးသေးတစ်ခု ရှိထားရပါတယ်။ ဥပမာ VMware Player လိုမျိုးပါ။
Application တွေ Virtualize လုပ်တဲ့ အတွက် ကောင်းတာတွေကတော့
  • ပြင်တာတို့ ထပ်တိုးတာတို့ကို ဗဟိုကနေ ထိန်းချုပ်လို့ ရပါတယ်။
  • ကြိုက်တဲ့ နေရာကနေ Access လုပ်လို့ (သုံးလို့) ရလာပါတယ်။ ဥပမာ Google Documents ကို အိမ်မှ၊ ရုံးမှ သုံးသလိုပါ။
မကောင်းတဲ့ အချက်တွေကတော့
  • (Local) Virtual Application တွေ သုံးရင် CPU တို့ RAM တို့ အစရှိတဲ့ Resource တွေ ပိုစားပါတယ်။
  • Application တိုင်းကို Virtualize လုပ်လို့ မရနိုင်ပါဘူး။
Desktop Virtualization ကတော့ Server-centric Computing Model ကနေ ဆင်းသက်လာတဲ့ Thin-client Model မျိုးဖြစ်ပါတယ်။
  • Hosted Desktop Virtualization ကတော့ Microsoft Terminal Service လိုမျိုးပါ။ အခုနောက်ပိုင်းမှာ Web OS တွေ စမ်းသပ်လာပါပြီ။
  • Local Desktop Virtualization ကတော့ အထက်မှာ ပြောဖူးတဲ့ Parallel Desktop လိုမျိုးပါ။
3. Network Virtualization
Application တွေ Server တွေကိုသာမက Network ကြီးတစ်ခုလုံးကိုလည်း Virtualize လုပ်ပါတယ်။ Wikipedia က ဒီလိုဆိုပါတယ်။
In computing, network virtualization is the process of combining hardware and software network resources and network functionality into a single, software-based administrative entity, a virtual network.
Network Virtualization မှာPlatform Virtualization နဲ့ Resource Virtualization ဆိုပြီး ရှိပါသေးတယ်။ VPN (Virtual Private Network) ကတော့ System Administrator တွေကြား ခေတ်အစားဆုံးဖြစ်ပြီး မသိမဖြစ်လို ဖြစ်လာပါတယ်။ အင်တာနက် ကွန်ယက်ထဲက ကိုယ့်ရဲ့ Resource လေးတွေကိုပဲ Virtualize လုပ်ထားတဲ့ အတွက် Isolate ဖြစ်ပြီး Security ပိုကောင်းလာပါတယ်။ Network တွေကို ပေါင်းပြီး (Consolidate) လုပ်ပြီး Network ကြီးတစ်ခုအဖြစ် ဖန်တီးထားနိုင်တဲ့ အတွက် Manage လုပ်ရတာ ပိုလွယ်လာပါတယ်။

4. Storage Virtualization
Storage Virtualization ကတော့ တစ်မျိုးပါ။
Storage virtualization refers to the process of abstracting logical storage from physical storage.
Hard Disk Array တွေနဲ့ RAID တွေ လုပ်ခြင်းဟာ Virtualize လုပ်ခြင်း အခြေခံပါပဲ။ Data Migration တို့ Caching တို့ကလည်း Storage Virtualization ထဲမှာ  ပါပါတယ်။ Storage Virtualization ကြောင့် Data တွေကို သုံးနေချိန်မှာ System ကို Interrupt မဖြစ်စေဘဲ Migrate လုပ်နိုင်တယ်။ Storage ကို ထပ်ချဲ့နိုင်တယ်။ Storage Device တွေကို Over Utilize မဖြစ်အောင် Under Utilize မဖြစ်အောင် ကောင်းစွာ အသုံးချနိုင်တယ်။ Storage Virtualization မှာ အရေးကြီးဆုံးကတော့ Metadata (Mapping) တွေပါပဲ။ Mapping တွေက Physical Storage နဲ့ Logical Storage ကို တွဲပေးပါတယ်။  ဥပမာ Windows က FAT (File Allocation Table) လိုမျိုးပါ။

5. Service / Application Infrastructure Virtualization
ဒီနေရာမှာတော့ Service တွေ Application တွေကို Infrastructure ကနေ Virtualize လုပ်ထားတာပါ။ အဲဒီအတွက် Service Appplication တွေ Develop လုပ်တဲ့ သူတွေက Infrastructure အကြောင်း သိစရာမလိုဘဲ Develop လုပ်နိုင်လာပါတယ်။ ဒီလို Infrastructure တွေဖြစ်တဲ့ O/S တွေ Hardware တွေနဲ့ Application တွေကို ခြားနားပေးတဲ့ Layer တွေကို Application Fabrics တွေလို့လည်း ပြောပါတယ်။ Application Developer က အဲဒီ Layer အတွက်ပဲ စဉ်းစားပြီး Develop လုပ်ရုံပဲ။ အဲဒီ Layer က Infrastructure နဲ့ ဆက်သွယ် အလုပ်လုပ်သွားမယ်။ အဲဒီ Layer တွေကလည်း မတူညီတဲ့ Infrastructure တွေမှာ အလုပ်လုပ်နိုင်အောင် စွမ်းဆောင်ရည် ရှိရမယ်။

အထက်ပါ အချက်တွေ လေ့လာပြီးရင်တော့ Virtualization ဆိုတာကို အဓိပ္ပါယ် သိနိုင်ပါပြီင်္။ အတိုဆုံး ပြောရမယ်ဆိုရင်
Virtualization is abstracting resource.
မြန်မာလို ဆိုရင်တော့
ကွန်ပြူတာ အရင်းအမြစ်များကို ခြားနာစွာ ခံယူ အသုံးချနိုင်အောင် ပြုလုပ်ခြင်းဖြစ်သည်။

9 comments:

သဉ္ဇာ - Thinzar - 7/3/08, 11:47 AM

Virtualization ဆိုရင် VMWare နဲ့ VPN လောက်ဘဲ သိခဲ့တာ။ အခုမှ ဒီလောက် အများကြီး ရှိတယ်ဆိုတာ သိလိုက်ရတယ်။ Google Docs က Hosted Application Virtualization တစ်မျိုးကိုး။ Service / Application Infrastructure Virtualization ဆိုတာ စိတ်ဝင်စားစရာဘဲ။ တကယ်ကို ကောင်းတဲ့ ပို့စ်လေး တစ်ပုဒ်ပါဘဲ။ :)

Andy Myint - 7/6/08, 10:53 PM
IT Post ကို စိတ်ဝင်စားမယ့်သူ့ ရှိပါ့မလား ထင်နေတာ.. အားပေးတဲ့ သူရှိလို့ တော်သေးတယ်။ ကျေးဇူပါ ညီမသဉ္ဇာ။
သဉ္ဇာ - Thinzar - 7/8/08, 6:53 PM

comment ထပ်ရေးဦးမယ်။ ကိုAndy ရေးတဲ့ IT ပို့စ်တွေက အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်။ အရင်တစ်ခါ SQL post ကိုလည်း အရမ်းကြိုက်တယ်။ စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြလေ့ရှိတာကြောင့် ဖတ်ပြီးရင် မှတ်မိနေတယ်။

Anonymous - 8/8/08, 11:20 PM

Hello! I wanna read more about IT. Thanks.

Andy Myint - 8/10/08, 6:12 PM
အားပေးတဲ့သူ များရင် ရေးမယ်လေ... အဲ..နောက်တာ။ အချိန်ရရင် ရသလို အာရုံရရင် ရသလို ရေးသွားပါမယ် စာဖတ်သူ။
စံပယ်ပန်း - 6/28/11, 1:27 PM

အစ်ကိုခင်ဗျား

အိုင်တီပို့စ်များများတင်ပေးပါဦးခင်ဗျား..။ အစ်ကို့ရဲ့ ဒီအိုင်တီပို့စ်တွေကို myanmarengineer.org မှာပြန်တင်ချင်ပါတယ်ခင်ဗျာ..။ Credit ကို အစ်ကိုဆိုဒ်လိပ်စာထည့်ပေးပါမယ်..။ တင်လို့ရမရ အစ်ကိုအကြောင်းပြန်ပေးပါခင်ဗျာ..။ အစ်ကိုခွင့်ပြုတယ်ဆိုမှ တင်မှာပါ..။


ခင်မင်စွာဖြင့်

မစံပယ်

Andy Myint - 6/28/11, 2:07 PM
Yes, I'd be glad to. Please feel free to use it.
Anonymous - 5/22/14, 3:53 PM

ကျေးဇူးတင်ပါတယ်

Stringlive - 4/6/15, 10:22 PM

Asp.Net Programming Wiki Facebook Page မှာ ဒီပို့စ်လေးကို Credit ပေးပြီး ပြန်လည်ဝေမျှ ထားပါတယ်။

Post a Comment

Many thanks for dropping a comment…

Film