Sunday, July 20, 2008

မိန်းမကြိုက်

မိန်းမနဲ့ ယောက်ျား ဘယ်နေရာမှ မတူ။ အကုန် ကွဲပြားလေသည်။ ဤသို့ ကွဲပြား ခြားနားပုံတွေ ရေးလျင် ကုန်မည် မထင်ပါ။ ရေးထားတာတွေကလည်း မနည်းပါ။ ကျွန်တော် ကိုယ်တိုင်က မိန်းမတွေ ဘာကြိုက်လည်း ဘယ်တုန်းကမှ မသိခဲ့ နောင်လည်း သိနိုင်မည် မဟုတ်သော်လည်း ကျွန်တော် တွေ့မြင်နေရတာကို မပြည့်စုံနိုင်သော ထိုစာရင်းထဲသို့ ထည့်သွင်းလိုက်ပါတယ်။

`ကိုယ့်လူ ဘလောက်က ဣတ္ထိရ ပရိသတ်တွေ များလှချည်လား´လို့ တစ်ယောက်က မှတ်ချက် ပေးဘူးတယ်။ အမှန်တိုင်း ပြောရရင် ကျွန်တော် ရှက်သွားတယ်။ ငါရေးတာတွေက အမျိုးသမီး အကြိုက် ဖြစ်နေပါလား။ ငါများ မိန်းမဆန်နေပြီလားလို့။ သိပ်ပြီး စဉ်းစားစရာ မလိုပါဘူး။ Comment ရေးသွားတာလည်း အမျိုးသမီးထုက များတယ်။ ရေးထားတာတွေ ကြည့်လိုက်တော့ ဟင်းချက်နည်းနဲ့ ကလေးအကြောင်းတွေ ခပ်များများ ဖြစ်နေတယ်။ ဒါတွေဟာ မိန်းမတွေရဲ့ အလုပ်ဆိုရင် ကျွန်တော့်ရဲ့ အတွင်းစိတ် တစ်ပိုင်းတစ်စကတော့ မိန်းမဆန်နေပြီလား။ အဲဒါနဲ့ သူမကို ငါတော့ ဘလောက်ရေးတာ မိန်းမလျာ ဖြစ်တော့မှာပဲ လို့ဆိုတော့ သူမက နည်းနည်းပါးပါး မိန်းမဆန်တာ ကိစ္စမရှိပါဘူးတဲ့။

၁%နှုန်းလောက် မိန်းမဆန်တဲ့ ယောက်ျားတွေကို ကြိုက်တဲ့ မိန်းမအုပ်စုထဲမှာ သူမ ပါပါတယ်တဲ့။
ရှူးရှူးဒိုင်းဒိုင်း ယောက်ျားကိုလည်း မလိုက်နိုင်။ မူးမူးရိုင်းရိုင်း ယောက်ျားကိုလည်း မကြိုက်နိုင်ပါတဲ့။ မိန်းမတွေက ယောက်ျား ပီသတာကိုတော့ ကြိုက်တယ် မဟုတ်လား။ အခုခေတ်မှာ ယောက်ျား ပီသတာကို ဘာနဲ့ တိုင်းတာသလည်း။ ထားပါတော့ အိမ်ထောင် တစ်ခုကို တည့်မတ်အောင် ဦးဆောင်နိုင်သလား။ မိန်းမရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးနိုင်သလား။

တလောက ရုပ်ရှင် တစ်ခု ကြည့်လိုက်ရမှ အဲဒီလိုမျိုး ပြောတာကို ပြန်သတိရတယ်။ ရုပ်ရှင်ကတော့ စာတစ်ပုဒ် လုပ်ရေးချင်လောက်မည့် ကားမျိုး မဟုတ်ပေမယ့် ကြည့်လို့ကောင်းပါတယ်။ Kinky Boots ဆိုတဲ့ ရုပ်ရှင်ပါ။ မိန်းမစီး ဖိနပ်တွေ ထုတ်လုပ်တဲ့ ယောက်ျားတစ်ယောက် အကြောင်းပါ။ အဲဒီထဲမှာ ပြောတာ တစ်ခုကို ကြားမှ သူမ ပြောဖူးတာကို အမှတ်ပြန်ရတယ်။ အဲဒီ ရုပ်ရှင်ထဲက မိန်းမလျာကြီး ပြောတာက
Perhaps what women secretly desire is a man who is fundamentally a woman.
ကျောင်းတက်တုန်း အလုပ်လုပ်တုန်းက သူငယ်ချင်း တစ်ယောက် ရှိဘူးတယ်။ သူက ကျွန်တော်တို့ အရက် သောက်ရင် အစာအိမ် အကြောင်းပြပြီး ရှောင်နေမယ်။ ဖဲရိုက်ရင် မပါဘူး။ မိန်းကလေးတွေနဲ့ ဆိုရင်တော့ တရုန်းရုန်း။ ကျွန်တော်တို့ကိုဆိုလျင် ဝေါင်ဝေါင်းရှေးတဲ့ မိန်းကလေးတွေကလည်း သူ့ကိုဆိုလျင် ယုံကြည်စွာ ပေါင်းတယ်။ သူက အမူအရာတွေ အပြောအဆိုတွေကတော့ မိန်းမလျာလို မဟုတ်ပါဘူး။ ဒါပေမယ့် မိန်းကလေးတွေနဲ့ ပေါင်းတတ်တယ်။

မိန်းမတွေ (တချို့ဆိုလည်း တချို့ပေါ့) က ဘာလို့ သူမပြောဖူးသလို ၁% မိန်းမဆန်တဲ့ ယောက်ျားကို ကြိုက်ရတာလည်း။ လက်ခံနိုင်ရတာလဲ။ မိန်းမတွေရဲ့ သဘာဝက မလုံခြုံ ကြောက်တတ်တော့ အသစ်ကို အသွင်မတူတာကို ချက်ချင်း လက်မခံနိုင်ဘူး။ ယောက်ျားတွေနဲ့ ပြောင်းပြန်။ ယောက်ျားတွေကတော့ အသစ်ဆို ဘာအသစ်ဖြစ်ဖြစ် လာထား ဆိုတာမျိုးကိုး။ အဲဒီတော့ မိန်းမတွေက သူတို့နဲ့ အသွင် နည်းနည်း တူပြီး မိန်းမနည်းနည်း ဆန်တဲ့ ယောက်ျားဆိုရင် ယုံကြည်မှု အနည်းငယ် ပိုရှိတယ်။ အဲဒါကြောင့် မိန်းမနည်းနည်း ဆန်တဲ့ ယောက်ျားဆိုရင် အလွယ် လက်ခံနိုင်တယ်။ အလှပြင်တဲ့ ယောက်ျားကြီးတွေက မိန်းမလျာလို ဖြစ်နေတာ အဲဒါကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါတယ်။

နောက်ပြီး မိန်းမတွေရဲ့ အတွင်းစိတ်က နားလည်ရ ခက်တယ်။ အထူးသဖြင့် ကျွန်တော့်လို ညီအစ်ကိုတွေနဲ့ ကြီးပြင်းခဲ့တဲ့ သူက မိန်းကလေးတွေ အကြောင်း ပိုမသိနိုင်ဘူး။ အဲဒီလို နားလည်ရခက်တဲ့ စိတ်ကို မိန်းမဆန်တဲ့ ယောက်ျားတွေက (အချင်းချင်းမို့) ပိုနားလည်နိုင်တယ် ထင်လို့ မိန်းမတွေက ဒီလို ယောက်ျားတွေကို ပိုပြီး လက်ခံနိုင်ရတာလို့ ယူဆတယ်။

ကျွန်တော် ၁% မိန်းမဆန်နေတယ် ဆိုရင် သူမကရော ဘာကြောင့် လက်ခံနိုင်ရသလဲ။ ရှင်းပါတယ်တဲ့။ ကျွန်တော် မီးဖိုချောင်ထဲ ၀င်လုပ်တာ သူမ သက်သာလို့ပါတဲ့။ တိန်...


မျှော် - ယောက်ျားကြိုက်

19 comments:

ဇနိ - 7/20/08, 9:43 PM

ဒီလိုလဲ ဖြစ်နိုင်တယ် ကိုအန်ဒီ..
မိန်းမတွေက ကွန်မန့်ရေးတော့ ယောက်ကျားတွေက လက်ရှောင်နေတာဖြစ်မယ်..
တကယ်က ခင်ဗျား ရေးတာတွေကို ယောက်ကျားတွေလဲ ကြိုက်ကြပါတယ်..
ပုဆိုးခြုံထဲက မထွက်ကြတာပါ..
ဟီးဟီး
ထင်တာတခုပြောကြည့်တာ။

imaginary-clouds-no2 - 7/20/08, 11:56 PM

ကျနော့် အမြင်ကတော့ ခင်ဗျားရေးတဲ့ အကြောင်းအရာတွေက လက်တွေ့ဆန်တယ် ။ အချက်အလက်အတွေ့အကြုံစသဖြင့် လက်တွေ့ဘဝထဲကအကြောင်းအရာတွေ ဖြစ်တယ်လို့မြင်တယ် ။ ထမင်းဟင်းချက်တာ နဲ့ ၁ ရာခိုင်နူန်းနဲ့ မသက်ဆိုင်လောက်ပါ ။ ကျနော်လဲ ချက်တာပဲ ။ (((တိန်))))

khin oo may - 7/21/08, 12:17 AM

မိန်းကလေးတွေက အပြင်မထွက်ရလို. ဘလော.ထဲ အချိန်ကုန်များတဲ.သဘောပါ. ယောက်ကျားလေးများက တော. ဘလော.ထက် စိတ်ဝင်စားစရာတွေ များတယ်လေ။ (တိန်)

Anonymous - 7/21/08, 12:31 AM

:P hee hee... I think.. the sayings of miss aundy is right... သက်သာလ

Anonymous - 7/21/08, 12:32 AM

ယောက်ျားကြိုက်
really hope to read.. myan myan byo

pandora - 7/21/08, 1:34 AM

တွေးတတ်ပါပေ့ ကိုယ့်ဆရာ ကိုယ်တို့ကိုရော ဘယ်သူပိုကြိုက်ပါလိမ့်

ဝေတိုး - 7/21/08, 3:02 AM

မိန်းမဆန်တယ်လို့ကျမကမထင်ဘူး။မိသားစုကိုသံယောဇဉ်ကြီးပြီးနွေးထွေးတတ်တဲ့စိတ်ရှိ တဲ့အမျိုးသားကိုတဖက်အမျိုးသမီးတွေအတွက်ခင်မင်စိတ်ဝင်လွယ်တာပေါ့။ရုပ်ရှင်ထဲက မိန်းမလျာကြီး ပြောတာမှန်တယ်ပြောလို့ ရပေမဲ့ တကယ်ကယောက်ကျားမိန်းမသတ်မှတ်ချက်တွေကြောင့်သာနွေးထွေးတတ်တဲ့လူကိုမိန်းမဆန်တယ်ဆိုတာကိးု။ ဒါဆိုအေးစက်ပြီး ဘာကိုမှသံယောဇဉ်မထားတတ်တဲ့ကျမသူငယ်ချင်းတယောက်ကိုယောက်ကျားဆန်တယ်ပြောမလား။ ဒီBlog ကမိသားစုအကြောင်းတွေများပေမယ့် ကျမအတွက်တော့ တကယ့် Reality show ကောင်းလို ပညာလဲရ၊ entertainment လဲဟုတ် ဖြစ်စေတာ ကိုAndy ရဲ့ အရေးအသားရော တင်ပြပုံညက်တာရော လွယ်ကူရှင်းလင်းတဲ့စကားပြေ အပြင် နောက်တချက်က ကိုAndyရဲ့ response တွေမှာ professionalism အပြင် warmthပါတွေ့ရတာ။ ကျမယောက်ကျားကဒီBlogကိုနေ့တိုင်းလာတာ။ဖတ်သူသက်သက်ပဲလေ။comment မပေးဖြစ်တဲ့သူလိုလူတွေအများကြီးရှိမှာသေချာပါတယ်။မျှော် ကို မျှော်နေ တယ်ဗျို့။

Ko Paw - 7/21/08, 3:51 AM

ဟာဗျာ....ကွန်မင့်ရေးရတာ လက်တွန့်အောင် လုပ်နေပြန်ပါပြီ။

အခြား - 7/21/08, 12:09 PM

ဟဟ... ကိုဇနိ o-way မှာ ညွှန်းထားတာတွေ့လို့ လာဖတ်တယ်။ Title ကိုလည်း စိတ်ဝင်စားလို့။ ဟီး... အမြင်သစ်တွေရလိုက်တယ်။ နောက်တင်မယ့် Post တွေကိုလည်း လာအားပေးဦးမယ်။ အခြားက... ယောက်ကျား .... :P
ver-bo-ten.blogspot.com

May Moe - 7/21/08, 7:53 PM

ကျွန်တော် မီးဖိုချောင်ထဲ ၀င်လုပ်တာ သူမ သက်သာလို့ပါတဲ့။ တိန်...
ဟီး အဲဒါ အမှန်ဆုံးပဲ :P

Anonymous - 7/22/08, 8:12 AM

ကိုအင်ဒီ

ဟင်းချက်နည်းတွေအတွက် ကျေးဇူးတင်ပါတယ်။ ကွန်မင့်မရေးဖြစ်တဲ့ ယောက်ကျားကြိုက်အုပ်စုထဲက တစ်ယောက်ပါခင်ဗျ၊ gentleman ဆန်တာကို ယဉ်ကျေးတယ်ဆိုမလား၊ သိမ်မွေ့တယ်ပြောမလား၊ ဒါမှမဟုတ် ယောက်ကျားဆန်တယ်လို့ ယူဆရမလား၊ ကိုအင်ဒီကို ယောက်ကျားအချင်းချင်း ဒီထက် မချီးကျူးပါရစေနဲ့ဗျို့။

ယောက်ကျားတစ်ယောက်

sawphonelu - 7/22/08, 10:51 AM

ယောက်ျားလေး တွေ ဘာ ကြိုက် ......
(တိန်)

မဇနိ - 7/22/08, 11:48 AM

မိန်းမဆန်တဲ့ ယောက်ျားတော့ ဟုတ်ဟန်မတူပါဘူးနော်။ စိတ်ထားနူးညံ့တဲ့သူ၊ စာနာမှုရှိတဲ့သူလို့ ထင်မိတာပါ။ ချစ်ခင်စာနာတတ်တော့ မီးဖိုမှာ ၀င်ကူတာတွေ ရှိလာတယ်။ နွေးထွေးတဲ့ မိသားစုဖြစ်လာတာ ပိုကောင်းပါတယ်။ မိန်းမဆန်တယ်ပြောပြော အဲလိုလူမျိုးပဲ လက်တွဲချင်ပါတယ်။ တိန်!

Andy Myint - 7/24/08, 2:10 PM
ယောက်ျား စာဖတ် ပရိတ်သတ်က ကျွန်တော်လိုပဲ နေမှာပေါ့ ကိုဇနိ။ ကျွန်တော်လည်း တော်ရုံတန်ရုံ ကောမန့် ရေးခဲတယ်။

ဒီလို နားလည်ပေးတာ ကျေးဇူးပဲ မောင်တိန်

ဟုတ်တယ် မခင်ဦးမေ။ ယောက်ျားတွေက ဘလောက် ဖတ်ဖို့ စိတ်မရှည်ဘူး။ ကျွန်တော် အပါအ၀င်ပဲ။

မပန်ကတော့ သိပြီးရောပေါ့

မဝေတိုးရေ.. ကျွန်တော်တော့ မြောက်သွားပြီ။ Reality Show လိုမျိုး ဆိုတာကို သဘောကျတယ် ဟီးဟီး .. ပါးစပ်တောင် မပိတ်နိုင်တော့ဘူး။ ကျွန်တော်လည်း စေတနာထားရေးပါတယ်။

ဒီလောက်ရေးရင် ကျေးဇူးတင်နေပြီ ကိုပေါ

အခြား နောက်လည်း အခြားပို့စ်တွေ လာဖတ်ပါဦး။

ဟုတ်တယ် မမေမိုးရေ..

ဟုတ်တယ် စာဖတ်သူ.. ယောက်ျားတွေက ချီးမွမ်းခဲတယ်။ အထူးသဖြင့် ယောက်ျားချင်းဆို ပိုခဲတယ်။

ကိုစောရော ဘာကြိုက် ..

မဇနိ ဘာကြောင် ကိုဇနိကို့ ကြိုက်…. တိန်
စိုးထက် - Soe Htet ! - 7/31/08, 11:39 PM

တိန် က ကို အန်ဒီ ရဲ့ မူပိုင် ဖြစ်မယ် ... သိပ်မကွာဘူး ဗျ ဟိ :P

Andy Myint - 8/4/08, 9:39 PM
`တိန်´ က ကာတွန်း ဇော်မောင်လား အော်ပီကျယ်လား မသိဘူး... တစ်ယောက်ယောက်ရဲ့ စကားပါ ကိုစိုးထက်
Anonymous - 11/26/10, 12:47 AM

ကျွန်တော်လည်း...ကိုအင်ဒီရဲ့..ပရိသတ်တစ်ယောက်ပါ..အစ်ကိုတင်တဲ့ post တွေကိုကြိုက်ပါတယ်...ဒါပေမယ့်..comment တော့မပေးဖြစ်လောက်အောင်ကိုပေးခဲပါတယ်..
ယောက်ကျားလေးမီးဖိုချောင်ထဲဝင်တယ်ဆိုတာကတော့..ဟင်းကောင်းကောင်းကိုယ်တိုင်ချက်စားရတာဝါသနာပါလို့ဖြစ်ပါလိမ့်မယ်..မိန်းမစိတ်ရှိတာတော့မဖြစ်နိုင်ပါဘူး...ကိုယ်ချစ်တဲ့သူကို..ကိုယ်တက်နိုင်တဲ့ဖက်က..ကူညီရာလည်းရောက်ပါတယ်။ ဘယ်လိုပဲပြောပြော..မီးဖိုချောင်ထဲယောက်ကျားလေးတစ်ယောက်ဝင်တာနဲ့..မိန်းမစိတ်နည်းနည်းဝင်နေတယ်ဆိုတာကတော့..ကျွန်တော့်တွေ့ရှိချက်အရ..လုံးဝလုံးဝ မဆိုင်ပါဘူ။ ကျွန်တော်တွေ့ဖူးပါတယ်.ယောက်ကျားရင့်မာကြီးတွေ..ရင့်လိုက်တာမှ..တော်ရုံယောက်ျား..သူတို့လောက်မရင့်နိုင်ပါဘူး..ဒါပေမယ့်..မီးဖိုးချောင်ဝင်ချက်နေတာကိုတွေ့ဖူးပါတယ်။ တစ်ချို့ကျတော့..မီးဖိုချောင်တော့မ၀င်ဘူး..ဒါပေမယ့်.အတွင်းစိတ်က မိန်းမလိုပဲကောက်လိုက်တာမှလွန်ရော..အဲ့လိုမျိုးလေးတွေနဲ့ကျွန်တော်ပေါင်းဖူးလို့သိတာပါ။
အစ်ကိုရေးတဲ့စာတွေနဲ့ပါတ်သတ်ပြီးနည်းနည်းပြောပါရစေ...
စာရေးတယ်ဆိုတာ..အနုပညာတစ်ခုပါ...အနုပညာကို defination ဖွင့်မယ်ဆိုရင်...အရင့်ပညာမဟုတ်လို့ပဲလို့ကျွန်တော်သိတယ်.။ အစ်ကိုစာရေးတယ်...အရေးအသားတွေက ဖတ်မိတဲ့သူ ဆက်ဖတ်ချင်အောင်ဆွဲဆောင်မှူရှိတယ်..အဲ့ဒါကိုက အစ်ကိုမှာအနုပညာမြောက်သွားပြီလေ..။ အဲ့တော့.အတွင်းစိတ်သဘောက လည်း.နုညံ့တာမစမ်းပါဘူး.....အဲ့ဒါကို..မိန်းမဆန်တယ်လို့ပြောရင်တော့....ကမာပေါ်မှာရှိတဲ့အနုပညာသည်တွေအားလုံးက မိန်မဆန်ကြတယ်ပေါ့......

စုစု - 9/25/12, 7:41 PM

ဟုတ်တယ်နော်။ သူ ဟင်းကောင်းကောင်းချက်တက်တယ် ဆိုရင် 2 % ၊ 3% မိန်းမဆန်နေလည်း လက်ခံလိုက်မယ်။ လက်လည်းလက်ခံလိုက်တယ်။။


စုစု

Anonymous - 10/28/13, 1:27 AM

မီးဖိုချောင် ၀င်တာနဲ့ မိန်းမဆန်တယ်ပြောမရပါဘူး
ကိုယ်တိုင် ချက်စားရတဲ့ ယောက်ျား များလဲ ရှိတာပဲ
နောက်ပြီး ကမ္ဘာ ပေါ်မှာ အတော်ဆုံး စားဖို မှူး တွေက ယောက်ျား တွေပဲလေ
ကျနော်ကတော့ ကိုယ်တိုင် ချက်စားနေရလို့ပါဗျာ မိန်းမ ဆန်တာ မဟုတ်ပါဘူး
တိန် ( သူများတွေလဲ တိန် သွားကြလို့ ကျနော်လဲ တိန် ခဲ့တယ် )

Post a Comment

Many thanks for dropping a comment…

Film