Monday, July 14, 2008

World Trade Towers အမှတ်တရ

ပန်းချီဆရာ ပေါ်ဦးသက်ရဲ့ လက်ရာတွေ အများကြီး တစ်နေရာတည်းမှာ ကျွန်တော် စတွေ့ဖူးတာ ကျွန်တော် အိမ်က ဗီဒိုထဲမှာပါ။ မူရင်း ပန်းချီကားတွေတော့ မဟုတ်ပါဘူး။ အဖေက အမေကို့ ပေးထားတဲ့ ပို့စကဒ်တွေပါ။ ကလေးလေးယောက် ရတဲ့ အထိ အဲဒီ ပို့စကဒ်တွေက ရှိပါသေးတယ်။ အဲဒီတုန်းကတော့ အဖေနဲ့ အမေကို ၀ိုင်းစဖူးကြပါတယ်။ အခုတော့လည်း သူမက ကျွန်တော်တို့နဲ့ သက်ဆိုင်တာလေးတွေ တချို့ကို သိမ်းထားတတ်ပါတယ်။ ဟိုနိုင်ငံကူး ဒီနိုင်ငံကူး လုပ်ရင် ရည်းစားစာတွေ ပို့စကဒ်တွေပုံးက တစ်ပုံး အမြဲတမ်း နေရာယူတတ်ပါတယ်။ ပျောက်သွားမှာ စိုးလို့ စာတိုက်ကနေလည်း မပို့၊ လေယာဉ်ပေါ်မှာတောင် Hand Carry အနေနဲ့ပဲ ယူလာတာ။ (ကျွန်တော်လည်း အခုနေ ပြန်ရေးခိုင်းရင် ပြန်မရေးတတ်တော့ဘူးလေ)။ အဲဒီထဲက တစ်ခုက ကျွန်တော်တို့ နယူးယောက် World Trade Center ကို တက်တုန်းက ၀ယ်ထားတဲ့ လက်မှတ်ကလေးပါ။

လွန်ခဲ့တဲ့ ၇ နှစ် (၁၄၊ ဇူလိုင်လ၊ ၂၀၀၁) တုန်းက ကျွန်တော်တို့ သွားကြတာပါ။ မတွေးဝံ့လောက်အောင်ပဲ World Trade Towers ကြီး နှစ်ခုလုံး မြေပေါ် ပြားပြားဝပ်သွားတာ ကျွန်တော်တို့ သွားပြီး ၂ လနီးပါးလောက်မှာဆိုတော့ ကျွန်တော်တို့ သွားဖြစ်လိုက်တာ ကံကောင်းပါတယ်။ အမှတ်ရ ဆုံးကတော့ ကျွန်တော် သူမကို ချစ်တယ် စပြောတဲ့ နေရာပါပဲ။ မြေပြင်ညီပေါ်ကနေ ပေ ၁၀၀၀ ကျော်ကို ချက်ချင်းတက်သွားလို့ နားတွေ အူ စိတ်တွေ လှုပ်ရှားနေရတဲ့ ကြားကနေ ဟိုးအပေါ်ဆုံးထပ်ကို ရောက်မှ သူမနားကို ကပ်ပြီး မရဲတရဲနဲ့ ပြောတာလေ။ ဒီလို ကိစ္စမှာ ရှော်တဲ့ ကျွန်တော် ပြောပုံကလည်း ကြည့်ဦး။`မလေးကို ချစ်တယ်လို့´ တဲ့။ ဘယ်ကနေ ဘယ်လို `လို့´က ပါသွားလည်း မသိဘူး။ သူမကတော့ ဘာမှ ပြန်မပြောပါဘူး။ ခပ်တည်တည်လိုလို ရယ်ကျဲကျဲ လိုလိုနဲ့။ ကျွန်တော် သိပါတယ်။ သူမလည်း ရင်ခုန်နေမယ် ဆိုတာ။

ပြီးတော့ ကျွန်တော်တို့ ၁ပြားစေ့ ကြိတ်ကြတယ်။ US မှာ Tourist Attraction နေရာတွေ အတော်များများမှာ တပြားစေ့ ထည့်ကြိတ်လို့ ရတာတွေ ရှိတတ်တယ်။ ကြိတ်ခတော့ ၁ ကျပ် ၂ ကျပ် ပေးရတာပေါ့။ Tower ပေါ်က စားသောက်ဆိုင်မှာ အီတလီ ခေါက်ဆွဲကို အသားလုံးနဲ့ စားကြပြီး ဓါတ်ပုံတွေ ရိုက်ကြတယ်။ အမှတ်တရပါပဲ။ WTC သွားပြီး နောက်တစ်ပါတ်ထဲမှာ အဲဒီက ၀ယ်လာတဲ့ ပို့စကဒ်လေး နောက်မှာ စာရေးပြီး သူမဆီ ပို့လိုက်ပါတယ်။


Ma Lay,
When I was atop this building, 
I felt highest. 
Soon I realized that 
It was because.... 
You're there with me. 
Forever & a Day 
A


တခြားဖတ်ရန် - မင်္ဂလာရက်မြတ်

16 comments:

Htoo Tay Zar - 7/14/08, 12:32 AM

အကို ရေ အမှတ်တရတွေ အားလုံးသိမ်းထားတာပဲလား အားကျတယ် ကျွန်တော့်မှာ သိမ်းစာရာ ၃ ခုလောက်တောင် အိမ်ကမတွေ့အောင် ဘယ်နားသိမ်းရမှန်းမသိလို့ အပြင်သွားတိုင်း အိတ်ထဲထည့်သွားနေရတယ် =)

ဇနိ - 7/14/08, 12:40 AM

ဘယ်ကနေ ဘယ်လို `လို့´ - ဆိုလို့ ပြောရဦးမယ်
ကျနော့်သူငယ်ချင်းတစ်ယောက်က “လို့”နောက်က“တဲ့” တောင်ပါသေးတယ်
သူက အကျင့်ပါနေတာ...
- ကျနော်တို့လည်း အမှတ်တရ စာထုပ်ကြီးက နောက်ဆုံး ဘယ်ထားရမှန်းမသိလို့ အမေရေ သိမ်းထားပေးပါဦးဆိုပြီး အမေ့ဆီပဲ အပ်ထားခဲ့ရတာ။
အမေဖတ်ရင်တော့ ငါ့သားက အတော် စာရေးတတ်တာပဲ ချီးကျူးမလားမသိဗျ။
း)

May Moe - 7/14/08, 12:54 AM

ဟဲဟဲ ကိုယ်တစ်ယောက်ထဲထင်နေတာ ။ ဒါတွေက တကယ်.အမှတ်တယ တွေပဲ လေ ။ ဟိုးအရင် အိမ်ကမသိခင် က တေဇာ လိုပဲသွားလေရာ ယူသွားရတယ် ။ :P

Anonymous - 7/14/08, 1:24 AM

a hi..mr.we tot ka tot paing tha kwar..mrs.we ko di lo poe khae tar koe :P it is nice...

imaginary clouds no 2 - 7/14/08, 1:40 AM

ဟေ့လူ အန်ဒီ ။ ဘယ်က ရှော်ရမှာလဲ ။ မလေးကို ချစ်တယ်လို့ ။။ ကျနော်နောက်ပိုစ်တွေဘာတွေမှာ ခေါင်းစဉ်ပေးခြင်ရင် ပေးလို့ရအောင်တခါတည်းခွင့်ပါတောင်းသွားတယ်။ ပိုင်ပါ့ ကိုယ့်ဆရာ

Kay - 7/14/08, 3:11 AM

very romantic ...
:)

ThuHninSee - 7/14/08, 10:23 AM

မိုက်တယ်ဗျို့။

sawphonelu - 7/14/08, 11:29 AM

မိုက် တယ် ကွာ ။ ရည်းစားစကား ပြော တဲ့ အခန်း ။ ကိုယ့် လို ပါ ပဲ လား အန်ဒီ ရေ ။ ပြော မ ပြ ဘူး ။

nu-san - 7/14/08, 11:32 PM

ပို့စ်စကဒ်လေးတွေ အမှတ်တရလေးတွေကို ကလေးလေးတွေ ကြီးလာရင် ပြန်ပြလို့ရတာပေါ့နော်.. အဟီး.. ဖတ်ရတာ ပျော်စရာကြီး.. ၇ နှစ်ကလည်း ခဏလေးလိုပဲလို့ မထင်ဘူးလားဟင်... အမဆီမှာတော့ ဘာမှ မရှိဘူး Andy တို့ရေ.. ။ ကို?? က စာရေးသိပ်ပျင်းတာ... :D

Andy Myint - 7/15/08, 12:08 PM
ကိုယ်နဲ့ မကွာ ဆောင်သွားတယ်ပေါ့ ထူးတေဇာ

ဟားဟား ကျွန်တော်က ကိုယ့်ကိုယ်ကို ကြောင်လှပြီ ထင်နေတာ.. “တဲ့” ထည့်ပြောတဲ့သူ ရှိသေးတယ်ဆိုတော့ မဆိုးလှပါဘူး ကိုဇနိရာ

မေမိုးကလည်း ကိုယ်နဲ့ မကွာ ဆောင်သွားတာကိုး

ဒါအကင်းပဲ ရှိသေးတယ် စာဖတ်သူ။ တခြား အဖြစ်တွေလည်း ရှိသေးတယ်။

ရေးဗျာ မောင်တိန်။ ခင်ဗျား တယောသံလောက်တော့ မချွဲသေးပါဘူး

Thanks, Kay.

မိုက်ရမယ်လေ သုနှင်းဆီ

ဒီလိုတော့ ဘယ်တရားမလဲ ကိုစောရဲ့။ စာရေးဆရာမ မဒမ်စောကို ကိုစောက ဘယ်လိုများ ရည်းစားစကားပြောခဲ့လဲ ဆိုတာကိုတော့ စိတ်ဝင်စားစရာပဲ

ဟုတ်တယ် မနုစံ။ လွန်ခဲ့တဲ့ ၇နှစ်က တကယ်ကို မနှစ်တနှစ်ကလိုပဲ။ ကို-- ကြီးက စာမရေးပင်မယ့် ချစ်တတ်တာပဲ
War War - 7/15/08, 10:38 PM

Very romantic pe` kwar.. mite tal :)

ဂျစ်တူး - gyit_tu - 7/16/08, 12:12 AM

ဒီလိုအမှတ်တရတွေ ရေးထားတာ ဖတ်ရင်း ကြည်နူးမိ ။

ရည်းစားစကားပြောတာလဲ မရဲတရဲ ဆိုပါလား ခွိခွိ ။

pandora - 7/16/08, 1:54 AM

မခံချင်အောင် လုပ်နေကြပြန်ပြီ။ တို့လည်း အားကျမခံ ရေးလိုက်ရ .. ဟင်း။

သက်ဝေ - 7/16/08, 3:27 PM

ကိုAndy..

အမြဲရောက်ပြီး ပိုစ့်တွေ အကုန်ဖတ်ဖြစ်ပါတယ်။
Comment တွေသာ အမြဲမရေးဖြစ်တာပါ။

မရဲတရဲနဲ့  ပြောဖြစ်ကြသော စကားလေးတစ်ခွန်း အကြောင်းကို အားကျမခံ ရေးချင်နေသူများအား တွန်းအားလေး များများပေးစေလိုပါတယ်...

Andy Myint - 7/20/08, 5:37 PM
Thanks War War. BTW your wedding photos are fantastic and romantic too.

ဟုတ်တယ် ဂျစ်ရယ်။ ဒီလိုပဲ ကြောက်ဒူးတွေတုန် အသံတွေတုန်။ ကျက်ထားတာတွေ မေ့နဲ့။ ဟားဟား

အကျောမပေးနဲ့ မပန် ပြန်ရေး...ဟီးဟီး

မသက်ဝေတို့လည်း သွားတိုက်တွန်းကြလေ။
စိုးထက် - Soe Htet ! - 7/22/08, 9:13 AM

ဟိ ... မိုက်တယ် ရင်ခုန်စရာလေးတွေ ... :P

Post a Comment

Many thanks for dropping a comment…

Film