Tuesday, August 19, 2008

မဏ္ဍပ်တိုင် တက်ခြင်း

(ဆားချက်ပြီး ကိုယ့်ဂုဏ်ကိုယ် ဖော်တဲ့ Post ပါ။)
ဒီနေ့ ဘလောက်တွေ ဖတ်ကြည့်တော့ ဘလောက် ၂ ခု ဖတ်ပြီး ပျော်သွားတယ်။ ပန်းခရမ်းပြာ ရဲ့ “ကြွားတယ်လို့ ဆိုချင်ဆို” ဆိုတဲ့ ပို့စ် တစ်ခုနဲ့ နောက်တစ်ခုပါ။ သူတို့ ဘလောက်မှာ ဒီရက်ပိုင်း ဟစ်တွေ အတော်လေး တက်နေတာ သတိထားမိလို့ ၀မ်းသာပြီး ရေးထားကြတာပါ။ Technically ပြောရမယ်ဆို Visitor Count က Surge ဖြစ်သွားတာကို သတိထားမိလို့ပေါ့။ ဒါကလည်း ဘလောက်ရေးတဲ့ သူတွေရဲ့ အကျင့် ဒါမှမဟုတ် တာဝန်ပဲ။ ကိုယ့်ဘလောက်မှာ တစ်နေ့ တစ်နေ့ ဘယ်နှယောက် လာကြည့်လဲ ဆိုတာကို ကြည့်ရတာကိုက ပီတိတစ်မျိုးပဲလေ။ သစ်ပင်စိုက်တာ ကြိုက်တဲ့ သူမကတော့ ကျွန်တော့် ဘလောက်လေး ဝေစည်လာတာ သူသစ်ပင်စိုက်ပြီး ကြီးထွားလာတာကို ကြည့်ရတဲ့ ပီတိနဲ့ တူတယ်တဲ့။ မကေရဲ့ အဖေကတော့

အော် ..သမီး တို့..ဘလော့ ရေး တယ် ဆို တာ.. ဖေဖေ တို့ ခေတ် က..နံရံကပ် စာ စောင် တွေ လိုပေါ့... အဲဒီတုန်း ကတော့..ကိုရေး တာ..သူများ ဖတ် မဖတ်..အခန်း နောက် က..ချောင်း ကြည့် ရ တာ..ခု ခေတ် သမီး တို့ကတော့.. ဘယ်သူ..ဘယ်နှယ် ယောက် ဖတ် တယ် ဆို တာ..သိ နေ တာ ပေါ့..
အဲဒီလို Stat တွေကို စောင့်ကြည့်တတ်တဲ့ သူကတော့ ကိုယ့်ဆီကို ဘယ်နှယောက်လာပြီး ဘယ်ကနေ လာတယ် ဆိုတာပါ သိကြပါတယ်။ ပြီးတော့ အဲဒီလို တစ်နေရာရာကနေ လင့်ပေးထားလို လာတယ်ဆိုတာ သိရင် ၉၉%က ၀မ်းသာကြပါတယ်။ ဖော်ပြသည် ဖြစ်စေ မဖြစ်စေ ကျေးဇူး တင်တတ်ကြပါတယ်။

ကျွန်တော်လည်း ခဏခဏ ဖြစ်ဖူးတာပေါ့။ အရင်တုန်းကဆို ဂျစ်တူးရဲ့ တစ်ပတ်တစ်ခါ တင်တဲ့ စာပေအိုးမှာ ရှားရှားပါးပါး ပါရင် ပျော်တယ်။ တစ်ခါလည်း ကိုသင်ကာရဲ့ တစ်လ တစ်လ ဖတ်ညွှန်းလိုမှာ ပါတယ်ဆိုရင် ၀မ်းသာတယ်။ အခုလည်း ကိုယ့် Feed လေးတွေကို Preview လုပ်ပေးထားတာတွေ့ရင် ကျေးဇူးတင်သည်ပေါ့။ Surge လိုမျိုး ဖြစ်ဖူးတာတော့ CNN သတင်းထောက် ပို့စ်မှာပါ။ နိုင်ငံရေး ဘလောက်တစ်ခုက လင့်လိုက်တာ တစ်နေ့တည်းမှာ လာဖတ်သူ ၁၀၀၀ ကျော်ပြီး ပို့စ်တစ်ခုလုံးကို ဖတ်သူပေါင်း ၁၅၀၀ ကျော်သွားတယ်။ ဒါပေမယ့် ကိုယ်က မာနကြီးတဲ့ သူဆိုတော့ (အဟက်..အဟက်) သူတို့လို ရိုးရိုးသားသား ဖွင့်မရေးနေတောဘဲ ကြိတ်ပျော်လိုက်ရပါတယ်။

ကျွန်တော့်အနေနဲ့လည်း ကိုယ့်ဘလောက်ကို ဘယ်ကနေ လာကြည့်ပြီး ကိုယ့်ဘလေက်ကနေ ဘယ်ကို သွားတယ် ဆိုတာ သိအောင် လုပ်ထားပါတယ်။ MyBlogLog ကို သုံးပြီး ကိုယ့်ဘလောက်မှာ ဒီနေ့ ပေါ်ပြူလာ အဖြစ်ဆုံး သူများရဲ့ ပို့စ်ဟာ ဘယ်သူဟာလည်း သိအောင် လုပ်ထားပါတယ်။ အောက်က ပုံဟာ ၁၇ ရက်နေ့က လူကြိုက် အများဆုံး ပို့စ်တွေကို MyBlogLog မှာ တွေ့ရတာပါ။ တခြား ပို့စ်တွေဆီလည်း တနေ့တနေ့ ဟစ် ၅၀ ကနေ ၂၀ လောက် သွားတတ်ပါတယ်။

ဒီ Feed Roll ဟာ ကျွန်တော့် အတွက်တော့ ကိုင်း ကျွန်းမှီ။ ကျွန်း ကိုင်းမှီ ပါပဲ။ မဆလ ခေတ်က လူကြီးတစ်ယောက် ပြောသလိုဆို ကိုင်းပင်ကြီးကလည်း ကျွန်းပင်ကြီးကို မှီ။ ကျွန်းပင်ကြီးကလည်း ကိုင်းပင်ကြီးကို မှီတဲ့။ ဒီစကားပုံးဟာ ရေလည် ကျွန်းတွေမှာ စိုက်တဲ့ ကိုင်းတွေကြောင့် ကျွန်းတွေ ရေတိုက်မစားခံရသလို၊ ကျွန်းတွေ ရှိလို့ ကိုင်းတွေလည်း စိုက်လို့ ရတယ်ဆိုတာ ကြားဖူးတာပဲ။ စကား ထပ်စပ်ရမယ်ဆို ကိုင်းတွေမှာ စိုက်တဲ့ ခရမ်းချဉ်သီးကိုတော့ အရမ်း ကြိုက်တယ်။ အနှစ်များပြီး အရောင်ရဲလို့။ ဘယ်တောင် ရောက်ကုန်ပြီလဲ မသိဘူး။ အဲ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပါပဲ။ ကျွန်တော့် စာတွေ မတင်နိုင်တဲ့ အချိန် Feed Roll က စာတွေကို ဖတ်လို့ ရတော့ စာဖတ်သူတွေက နေ့တိုင်းလာလည်ရတာ မပျင်းတော့ဘူး။ ကျွန်တော့်ဆီလာလည်တဲ့ သူတွေကိုလည်း အဲဒီ ဘလောက်တွေဆီ လမ်းညွန်နိုင်တာပေါ့။ ကျွန်တော့်လို စီဗုံးတွေမှာ လိုက်မအော်တဲ့ လူမှုရေး ခေါင်းပါးတဲ့ သူအဖို့တော့ ဒီလိုနည်းနဲ့ မိတ်ဆွေ သစ်တွေ ရှာရတယ်လေ။

Feed Roll မှာ ခေါင်းစဉ်နဲ့ စာလုံးရေ ၂၀၀-၃၀၀ ပဲ Preview လုပ်နိုင်တော့ အဲဒီမှာ ခေါင်းစဉ် ရွေးချယ်ပုံနဲ့ အရေးအသားက စာဖတ်သူတွေကို ဘယ်လောက် ဆွဲဆောင်နိုင်သလဲဆိုတာ အတော်လေး အရေးပါလာပါပြီ။ ဒီမှာ ကိုယ်နဲ့ အရမ်း မခင်ပေမယ့် စိတ်မဆိုးလောက်မယ့် ညီမ သဉ္ဇာရဲ့ ပို့စ်တစ်ခုကို ဥပမာ ပေးပါရစေ။ သူရဲ့ ပို့စ်တစ်ခု ဖြစ်တဲ့ “နေ့ကလေးထိန်းကျောင်း ပြဿနာ” ပို့စ်က တကယ် ကြိုက်တာပါ။ Manager ဖြစ်ချင်တဲ့ သူတွေ အဖို့တောင် တွေးစရာလေးတွေ ပေးနိုင်တယ် ဆိုရင် ပိုမယ် ထင်တယ်။ သို့ပေမယ့် ခေါင်းစဉ်က နေ့ကလေးထိန်းကျောင်း ပါနေတော့ ကလေးမရှိသူတွေက ဖတ်ဖြစ်ချင်မှ ဖတ်ဖြစ်မှာပါ။ အဲဒီနေ့က ဟစ် ၃၀-၄၀ လောက် သွားပေးမယ့် ထိပ်ဆုံး မရောက်လိုက်လို့ ကျွန်တော်တို့ လင်မယားမှာ မချင့်မဲရ ဖြစ်ခဲ့ရပါတယ်။ အခုတော့ ဘလောက်တော်တော်များများက Feed Preview တွေ လုပ်ထားတော့ ကိုယ်လည်း ကြည့်ရေးမှ ဖြစ်မယ်။ သူများ ဘလောက်မှာ ပေါ်သာပေါ် ကလစ်လုပ်လောက်အောင် မဆွဲဆောင်နိုင်ရင် အခွင့်အရေး ဆုံးရှုံးသွားနိုင်တယ်လေ။

နောက်တစ်ခု သတိထားမိတာကလည်း ကျွန်တော့် ဘလောက်ရဲ့ Feed Roll မှာ ပုံလေးတွေပါ ပြထားတော့ လူတွေက ဘာရယ်မဟုတ် ပုံပါတဲ့ ပို့စ်ဆို ပိုပြီး ကလစ် လုပ်ကြတာ သတိထားမိပါတယ်။ ပုံမပါတဲ့ ပို့စ် ဆိုရင်တောင် Feed Roll မှာ ကြည့်ရတာ နည်းနည်းပေါ့နေသလိုပဲ။ စီးပွားဖြစ် Web Site ထောင်တဲ့ သူတွေရဲ့ အဆိုအရဆို လူမျက်နှာပုံ ပါတဲ့ Web Page က ပိုပြီး ဆွဲဆောင်နိုင်တယ်တဲ့။ သူတို့မှာ Web Page တစ်ခုလုံးရဲ့ ကလစ်လုပ်တဲ့ နေရာတွေကို Track လုပ်နိုင်တာတွေ့ ရှိပြီး လူတွေရဲ့ Interesting Point ကို စောင့်ကြည့်ကြပါတယ်။

အဲဒီနေရာမှာ အကုန်လုံး အတွက်တော့ မမှန်ဘူးပေါ့။ တချို့ကတော့ နာမည်နဲ့ စားတာ ရှိတယ်။ ဥပမာ မမိုးချိုသင်းပို့စ်တွေဆိုရင်တော့ နှစ်ခါပြန် စဉ်းစားစရာ မလိုပါဘူး အကုန် ဖတ်လို့ ကြိုက်တယ်။

ဒီနေရာမှာ ကျွန်တော့် Feed Roll မှာ ပေါ်တဲ့ ပို့စ်တွေဟာ ကောင်း၏။ မကောင်း၏ ပြောလိုခြင်း အလျဉ်းမရှိပါ။ ကျွန်တော် ကြိုက်လို့ ရှဲချင်လို့ ရှဲလိုက်တာပဲ ရှိပါတယ်။ မခင်ဦးမေတို့က “ဝထုတို ပြိုင့်ပွဲ မှာ ဆုရသလိုဘဲ ခံစားပျော်သွားပါတယ်။” ဆိုလို့ ကျွန်တော် ဦးဝင်းငြိမ်း မဟုတ်ကြောင်း ရှင်းရသေးတယ် ဟဲဟဲ။

တခြားဖတ်ရန် - ရင်မှခံစားမှုများ ဘလောက်ရှင်ထံသို့

26 comments:

nu-san - 8/19/08, 1:27 PM

Andy ရေ.. မျက်နှာငယ်ရပါ့နော်. အဟိ.. Top 10 ၀င်အောင် ကြိုးစားရမယ်နဲ့တူတယ်။ :D Andy က စာရင်းနဲ့ စနစ်တကျ လုပ်ထားတော့ ကိုယ့် blog ကို ဘယ်သူလာတယ်။ ဘယ်က လာတယ်ပါ အတိအကျပြောနိုင်တယ်နော်.. statistic ကျွမ်းတယ်။ အမ blogကိုလည်း အများဆုံးလာကြတာ Andy ဆီကပဲ။ အခုနောက်ပိုင်းဆို အမ စာသိပ် မရေးနိုင်တော့ဘူး။ နောက်လတွေဆို blog တောင် ဆက် blog ဖြစ်ပါ့မလား မသိဘူး။ :)

မဇနိ - 8/19/08, 2:38 PM

ညီမတို့ဘလော့ဂ်ကို အများဆုံးလာတာလဲ အစ်ကိုအန်ဒီ ဆီကပဲ။ ညီမကလည်း တနေ့တနေ့ ဘယ်ကလာလဲ၊ ဘယ်သူတွေလဲဆိုတာ ကြည့်ပြီး အလည်လာတဲ့သူများရင် ပျော်တာပေါ့နော်။ အစ်မနုစံမလာတာကြာရင် သူမအားဘူးလားမသိဘူး။ တရက်ကနှစ်ရက်မလာတာတွေ့ရင် မနေနိုင်ပါဘူး။ သူ့ဘလော့ဂ်မှာ သွားမေးမိတာ။ ဒီ wesheme ကိုလည်း တနေ့မလာရရင် မနေနိုင်ပါဘူး။ “အစ်ကိုအန်ဒီ့ပို့စ်တွေ အသစ်တက်လားချောင်းချင်တဲ့အခါ“၊ “ကလေးပုံလေးတွေလာကြည့်မိတဲ့အခါ“၊
“ကွန်းမန့်တွေဖတ်ချင်တဲ့အခါ“၊
“အစ်ကိုအန်ဒီနဲ့အစ်မတို့ရဲ့ ပြန်ရေးတဲ့ကွန်းမန့်တွေကိုဖတ်ချင်တဲ့အခါ“၊ “သူများပို့စ်တွေသွားချင်တဲ့အခါ“၊ “ကိုယ်ရေးလိုက်တဲ့ပို့စ်တက်နေပြီလားသိချင်တဲ့အခါ“၊ “ပုံလေးဘယ်လိုပေါ်လဲသိချင်တဲ့အခါ“ စတဲ့ စိတ်ဝင်စားမှုတွေများစွာအတွက် မလာရမနေနိုင်ပါဘူး။

ပန်းခရမ်းပြာ - 8/19/08, 4:00 PM

မKOM ပြောသလို ပြိုင်ပွဲမှာ ဆုရသလိုပါပဲ။
အရမ်းအရမ်း ဝမ်းသာတာကိုတော့ အောင့်မထားနှိုင်တော့ဘူး။
ကျေးဇူးတင်ကြောင်းလည်း ပြောချင်၊ မှတ်တမ်းတင်ရင်း နဲ့လည်း ကြွားချင် ...
ဒါနဲ့ပဲ ပို့စ်တစ်ပုဒ် ရေးလိုက်မိတာ။

ရှဲရှဲနီပါ ကိုအန်ဒီရေ ....။

ဝါ၀ါခိုင်မင်း - 8/19/08, 5:01 PM

ဟီးဟီးဟီး ကိုအန်ဒီ ရေ..
နောက်တစ်ယောက်ဆိုတာက ကျမ ကိုပြောတာများလားမသိဘူးနော်။
ကျမ ကိုလည်း ကိုအန်ဒီ ရဲ့ မိတ်ဆွေတွေလိုပဲ ခင်ခင်မင်မင် ဆက်ဆံ
နိုင်ပါတယ်ရှင်။ ကျမ ကကျမအမျိုးသားမြှောက်ပေးလို့ဘာမှန်မသိပဲ
ဘလော့ဂါ လိုက်ရင်း ဘလော့ဂ်လောကထဲရောက်လာတာပါရှင်။
သိလွန်း တတ်လွန်းနေလို့ မဟုတ်ပါဘူး။အားတဲ့ အချိန်တွေမှာ ပို့စ်
လေးတွေရေးရင်း မထင်မှတ်ပဲ အားပေးတဲ့သူတွေ ရှိလာလို့ ၀မ်းသာ
ပြီး ပို့စ်လေး ရေးဖြစ်သွားတာပါရှင်။ :D ပထမတော့ ရေးပြီးမတင်တော့
ပဲ draft ထဲမှာပဲ save လုပ်ထားမလို့ပါပဲ။ဒါပေမယ့် ရေးပြီးနေတော့
တစ်ရက်လောက်ဖြစ်ဖြစ် တင်လိုက်ဦးမယ်ဆို ပြီးတင်လိုက်တာ..ဒါပေ
မယ့် ကိုအန်ဒီ က comment လာရေးသွားပေးလို့ draftထဲ မ saveဖြစ်
တော့ပဲ ဒီအတိုင်းပဲ တင်ထားလိုက်တော့မယ်။ ဟဟား ကိုယ်ကိုယ် ကိုယ်
ကြွားသလိုတော့ဖြစ်နေလို့ ရှက်တော့ရှက်ချင်သလိုပဲ..ဒါပေမယ့် မရှက်
တော့ပါဘူး..တကယ်ပဲ ပျော်လွန်းသွားလို့ပါ.. :D အားလုံး နားလည်ပေး
နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကိုအန်ဒီ နဲ့ မိသားစု မိတ်ဆွေများအားလုံး ကျန်းမာ ပျော်ရွှင်ကြပါစေရှင်။

Andy Myint - 8/19/08, 8:00 PM
မနုစံက Top 10 ထဲ ၀င်ပါတယ်။ အဲဒီနေ့က ပို့စ် အသစ် မတက်လာသေးလို့ ဖြစ်မယ်။ အခြေအနေ ပေးသလောက်ပေါ့ အစ်မရယ်။ ကျွန်တော်တို့လည်း ဒီအတိုင်းပါပဲ။ ထူးခြား ဖြစ်စဉ်ဆိုရင် သံချောင်းခေါက်လိုက်ဦးတဲ့ ကလေးအမေက လှမ်းပြောနေတယ်။

ဟုတ်တယ် မဇနိရေ... အဲဒါတွေ ကြည့်ရတာကိုက တစ်လုပ်။ ဘာကြောင့်လာလာ လာသာလာဗျို့။ ကြိုဆိုပါတယ်။

ဟုတ်တယ် အပျော်ပေါ့ ပန်းခရမ်းပြာ။ ကျွန်တော်လည်း အဲဒါကြောင့် ရေးလိုက်တာ။

ဟီးဟီး ဟုတ်တယ် မ၀ါဝါခိုင်မင်း။ ကျွန်တော် ဖတ်လိုက်ကတည်းက သဘောပေါက်သွားတယ်။ ကျေးဇူးပါ။ ဒီနေ့တော့ အပျော်တွေ ကူးစက်သွားတယ်ပေါ့။
မြရွက်ဝေ - 8/19/08, 10:11 PM

ဘလော့ကို Google Analytics ထဲ ထည့်ကြည့်တာ မကြာသေးဘူး။ ဟိုတပတ်က စစ်ကြည့်မှဘဲ weshemeရယ် o-wayရယ် မနုစံ ဆီကနေ အလာများမှန်း သိရတော့တယ်။ ကမျောက်ကချောက်ရေးနေတော့ လူသိပ်လာဖတ်တယ် မထင်တာလဲပါတယ်။ ခုလို ဒီဘလော့တွေက လာမှန်းသိတော့မှ စာရေးတာလည်း သတိထား ကြိုးစားချင်စိတ်လေး ဖြစ်လာတာ အမှန်ဘဲ။ မဇနိ ပြောသလိုဘဲ အကြောင်းအမျိုးမျိုးနဲ့ လာဖတ်တယ်။ ပို့စ်အသစ်မရှိလည်း ဘေးကနေ ဘာလေးတွေ တက်နေပြီလဲ လာချောင်းတာ တခါတလေ တနေ့ ဘယ်နှခါမှန်းမသိဘူး။ အရင်က ဒီကပို့စ်တွေဖတ်ရင် အထာမသိတော့ အပြည်အစုံဆက်ဖတ်ရန်နှိပ်လိုက်ရင် ကျန်ပို့စ်တွေ ပိတ်သွားလို့ နောက်ဆိုနပ်သွားတယ်။ right click နဲ့ open link in new tab နဲ့ဖတ်တော့ အဆင်ပြေသွားတယ်။ ဘာပြောပြော ကိုAndy တို့ကို ကျေးဇူးတင်ပါတယ်။ ဘလော့လောကက ရွှေအမြုတေလို့ ပြောလို့ရတယ်နော။:D

bOASTER - 8/20/08, 12:17 AM

I do appreciate ur boasting technique

Andy Myint - 8/20/08, 10:12 PM
ကျွန်တော်က ကိုယ့်ဘလော့ဂ်က လင့်ဆိုရင် နောက်ထပ် ၀င်းဒိုး တစ်ခု ထပ်မဖွင့်ဘူးဆိုပြီး တွေးထားလို့ မမြရွက်ဝေ။ ကြည့်ရတာ အဆင်မပြေရင် ပြောင်းလိုက်မယ်လေ။ အခုလို့ အကြံပေးတာလည်း ကျေးဇူးပါ။

Beat me boasting, bOASTER :)
ပီတိ - 8/21/08, 2:38 AM

ကျွန်တော့်ဘလော့ကိုညွှန်းတဲ့အထဲမှာလည်း wesheme နဲ့ ပန်ဒိုရာက အများဆုံးပဲ... ကိုအန်ဒီ ကြိုးစားပြီး blog roll လုပ်ထားတာကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဆို template ပြင်ရမှာပျင်းတာ နဲ့ မလုပ်ဖြစ်ဘူး... နေ့တိုင်းရောက်ဖြစ်ပါတယ်...

sandar - 8/21/08, 6:50 AM

်ကိုအန်ဒီရဲ့ feed roll က အရမ်းအဆင်ပြေတယ်။
အရင်တုန်းက feed roll တွေရဲ့ ခေါင်းစဉ်ကို မောက်စ်နဲ့ ထောက်လိုက်ရင် xx click hourly ဆိုပြီးပေါ်တယ်။ click အများကြီးရှိတာဆို ဘာများလဲဆိုပြီး သွားကြည့်တယ်။ ခုနောက်ပိုင်း အဲလို မပြတော့ဘူးနော်။
စကားမစပ် ဟင်းလေးဘာလေး ချက်ပါဦး

Andy Myint - 8/21/08, 10:03 PM
ဟုတ်ပါ့မလား ကိုပီတိ... ကျွန်တော် ကိုပီတိ Feed တွေ Subscribe မလုပ်မိဘဲ လွတ်သွားတာ အတော် ရှိတယ်နော့်

ဟုတ်တယ် မစန္ဒာ ကျွန်တော်လည်း သတိထားမိတယ်။ ဘယ်လို ပြင်ရမလဲ မသိလို့။
Kay - 8/24/08, 6:53 PM

ကိုအန်ဒီရေ..ခရီး ထွက် နေလို့..ခုမှ..အတိုးချ လာဖတ် တယ်။ ကိုယ့်နံမယ် တွေ့ တာနဲ့.. ဟ- သွားပွားအုံး မှ ဆို ပြီး..ဘလော့ပေါ် ဆင်း လာတာ။း)
ကျ မ က တော့.. stat count နေ့တိုင်း မကြည့် ဖြစ်ပေမဲ့.. ကြည့် တိုင်း ကိုအန်ဒီ ဆီက လာတာ များ လို့.. ကျေးဇူး တင် ကြောင်း ခု ပြော ပါရစေ။

ဟုတ်ပါ့နော်..ကျမ တို့တွေ..နောက်မို့ဆို..ဘယ်သူ လာ ဖတ် မှန်း..ဘယ်ကလာ မှန်း..မသိ..ဘယ်က ချောင်းကြည့်ရ မှန်း မသိဖြစ်နေမှာ..။

ဒါနဲ့.. ကျမ ခရီး ထွက် နေတုန်း..အပြင် စက်တခု ကနေ..တက်ကြည့်တော့..ကိုအန်ဒီ ရဲ့..ဒီလောက် လူကြိုက် များ တဲ့..ဘလော့ ကို.. တိုက်ရိုက် ဇော်ဂျီ ဖွန့် မမြင် နေ ရ လို့..အံ့ သြ နေတယ်.. EOT တို့ ဘာ တို့..လုပ်မထားဘူးလား..( နားလည်လို့တော့မဟုတ်..ကြားဖူး တာ ပြောတာ..ကျမ ဟာ တော့..ရန်အောင်ပေးတဲ့ နည်း အတိုင်း လုပ် ထားတော့..ဘယ်စက်က..ဖတ်ဖတ် ရ နေတယ်..) နည်းပညာ ဒီလောက် ဆန်းသစ် ရေးသား နိင်တဲ့ ..ဘလော့ ကာ ရဲ့ ဘလော့ မို့.. ပါ။ just wondering.. :P

Moe Cho Thinn - 8/25/08, 8:35 AM

ကိုအန်ဒီရေ
ကိုအန်ဒီတို့ကတော့ အဲဒီလို ဘယ်ကလာလဲ၊ ဘယ်သူလဲ ကြည့်တတ်တော့ အရမ်းဟန်ကျပါတယ်။ ကျမကတော့ ဒါမျိုးတွေ မကျွမ်းကျင်ဘူး။ ဘယ်လိုကြည့်ရလဲ လဲ မသိဘူး။ မိတ်ဆွေတယောက်က ကောင်တာ တပ်ပေးထားလို့ သိရတာ။ အဲဒါလဲ ဘယ်လိုမျိုး ရေတွက်နေသလဲ မသိသေးဘူး။ ငတုံးတွေထဲမှာသာ စာရင်းတို့လိုက်ပါတော့။ ကျမက လင့်ခ်ထားတာ နှိပ်ရင်တောင် တုန်တုန် တုန်တုန် ဖြစ်နေတာပါ :P

ကျမစာတွေ ဖတ်ညွှန်းလေး လုပ်ထားလို့ ကျေးဇူးတင်မိပါတယ်။ ကျမဆီကိုလဲ ကိုအန်ဒီ့ဆီက လာကြတာပဲ ဖြစ်မှာပဲ။
အမြဲလာဖတ်မယ်လေ။
ခင်မင်စွာ
မိုးချိုသင်း

Andy Myint - 8/25/08, 8:40 PM
ရပါတယ် မကေရယ် This man နဲ့ this man ကျေးဇူးတင်ကြောင်း ပြောစရာ မလိုပါဘူး။ ဟုတ်တယ် ကျွန်တော့် ဘလော့က လေးတာနဲ့ EOT တော့ မထည့်တော့ဘူး။

အစ်မ လာလည်လို့ ၀မ်းသာတယ် မမိုးချိုသင်း။ အစ်မစာတွေကတော့ ကြိုက်ပြီးသားပဲ။ ကျွန်တော့် မိန်းမကလည်း အရမ်းကြိုက်တာ။ ဘလော့ ဖတ်သူတွေ အားလုံးရော ကြိုက်ကြမှာ။
little moon - 8/26/08, 3:59 PM

ကျွန်တော့်ရဲ့ ဘလော့ကို မနေ့ကနဲ့ ဒီနေ့မှာ hit rate တွေ အဆ မတန် တက်လာတာကို တွေ့ရပါတယ်။ အရင်က ပုံမှန် အများဆုံးမှ 100 ကျော်လောက်ပါပဲ။ ဒါပေမဲ့ ဒီ နှစ်ရက်မှာ ရှစ်ရာကျော်ဖြစ်ပြီး shinstat counter ကလည်း များလို့တဲ့ ဆက် count မလုပ်ပေးတော့ဘူး။

ဒါနဲ့ သုံးလက်စ tinycounter ကများမှားနေလားလို့ Sitemeter ကိုတင်ထားတော့လည်း hit တွေ ဆက်တက်နေတာကို တွေ့ပါတယ်။ ဆရာသော်တာဆွေပြောသလို ဘိုဘိုးအောင် ဗိုလ်ချုပ်ဈေးကိုလာပြီး ဘရာစီယာနှစ်ထယ် ၀ယ်သွားတယ် ဆိုတဲ့ အံ့ဘွယ်ဘနန်း ပို့စ်မျိုးလဲ မရေးမိပါဘူး :D

ဘယ်လိုကြောင့်များဖြစ်နိုင်ပါသလဲ ....

သဉ္ဇာ - Thinzar - 8/26/08, 5:14 PM

သဉ္ဖာ့ရဲ့ပိုစ့်တွေ wesheme ရဲ့ feed roll မှာ ပါလာတော့ အရမ်းကို ၀မ်းသာတာ။ အမြဲကလည်း မရေးဖြစ်တော့ သူများတွေ refer လုပ်မှဘဲ visitor တွေ ရောက်ရောက်လာတာ။ "တကယ်ကြိုက်တယ်" ဆိုတာလေး ဖတ်လိုက်ရတော့ ဘယ်လို ၀မ်းသာသွားမှန်း မသိဘူး။ ဘလော့ဂ်က ရေးသာရေးနေတာ။ မှန်မှန်လည်း သိပ်မရေးဖြစ်တော့ ဖတ်တဲ့သူမှ သိပ်ရှိပါ့မလားလို့။ တစ်ခါတစ်လေ စာရေးပြီး ခေါင်းစဉ်ရောက်ရင် တစ်တစ်သွားတယ်။ စိတ်ထင်တာ ပေးလိုက်တယ်။ ခုတော့ ခေါင်းစဉ်ရဲ့ အရေး ပါပုံကို သိပါပြီ။ :-) သဉ္ဖာလည်း ဘလော့ဂ်သာ မှန်မှန် မရေးတာ hit တော့ မှန်မှန် ကြည့်တတ်တယ်။ ပြီးတော့ တစ်ယောက်တည်း ကြိတ်ကြိတ်ပျော်နေတာ။

Andy Myint - 8/27/08, 1:11 PM
တားလည်း အတိဝူးလေ ကိုကြီး ထွန်းခိုင်ရဲ့။

ဒါတော့ ဘလောဂါ တော်တော်များများပဲလေ ညီမသဉ္ဇာရေ။ ရောင်းကောင်းရင် ပျော်နေကြတာပဲ။ သူများကိုသာ ပြောတာပါ။ ကျွန်တော်လည်း ခေါင်းစဉ်ကို ဘာပေးရမှန်း မသိလို့ တိုတို တုတ်တုတ် တည့်တိုးတွေပဲ ပေးလိုက်တာများတယ်။ လှတပတ လုပ်မနေဖြစ်ဘူး။
Dr. Nyan - 8/30/08, 3:04 AM

ကိုAndyရေ..Idea လေးကောင်းပါတယ်။ အောက်ကတခြားဖတ်ရန်..လေးကတော့ ဖြုတ်လိုက်တာကောင်းမယ်ထင်တယ်ဗျာ။ ကျွန်တော်လည်း cboxလက်သရမ်းတွေကြုံရပြီးတော့ လူကောင်းသူကောင်း blogger တွေညီညွတ်ချစ်ခင်ကြဖို့အရေးကြီးတယ်ဆိုတာ သဘောပေါက်လာပါတယ်။ မိသားစုပျော်ရွှင်ပါစေ။

megumi - 8/30/08, 3:07 AM
This comment has been removed by the author.
megumi - 8/30/08, 3:10 AM

ကိုအန်ဒီ...
ရှင်ဒီလောက်တောင် မကြေမလည်ဖြစ်နေတာလား။
ရေးစရာမရှိရင် ဆားပဲချက်ချက် ဘာပဲလုပ်လုပ်
ကျမ အပူမပါပါဘူး။
ပြဿနာကို ဘာမှမသိတဲ့ သူတွေက အထင်လွဲအောင်မလုပ်ပါနဲ့ ။
ခဏခဏဖြေရှင်းပြီးနေတဲ့ ကိစ္စ
ကို ဘာလို့ ထပ်ဖြစ်ချင်ရတာလဲ။
အခုဖြစ်ခဲ့တဲ့ ကိစ္စမှာ ကျမတယောက်တည်း လွန်တာလား ပြောပါဦး။
ကျမရေးတဲ့ မေတ္တာာရပ်ခံခြင်းဆိုတဲ့ post ကိုကော သေသေချာချာ ဖြေရှင်းပြီးပြီလား။
Sun Aug 03, 09:50:00 AM 2008 က ရှင် COMMENTS ရေးသွားတာကို မှတ်မိမှာပါနော်။
[ Blogger Andy Myint said...I hav said enough. Be cool. Cheers! ဆို] ရှင် ရေးထားတာပါနော်။
ကျမက ရှင် အဲဒီလိုရေးထားတော့ ကိစ္စတွေ ပြီးပြီလို့ ထင်ခဲ့မိတာ။
ကျမရဲ့  POST မှာအသေအချာရှင်းပြပြီးသားနော်။ လူတိုင်းက ကျမကို မုန်းစေချင်တာလား ရှင်က။ အများအမြင်မှာတော့ ရှင်ကမှန်တယ် ကျမကမှားတယ်လို့ ဖြစ်အောင် ဘာဖြစ်လို့ လုပ်ချင်ရတာလဲ။ ရှင်လူကြီးလူကောင်းဆန်မယ်လို့ ကျမက ထင်ထားတာ။ လိုရင်းပြောရအောင်။
အခုထိ အဲဒီကိစ္စကို
ရှင်မကျေနပ်ဘူးဆိုရင် POST တင်မနေပါနဲ့။
တိုက်ရိုက်ဖြေရှင်းကြရအောင်။
ရှင်ဖြေရှင်းရဲတယ် ဆိုရင်ပေါ့။
ရှင်နဲ့ ဆက်သွယ်လို့ ရမယ့် ဖုန်းကိုပေးပါ(Mail Addressပဲ ဖြစ်ဖြစ်ပေါ့။)
၊ကျမကတော့ မိန်းခလေးဖြစ်လို့  Phone No ကို စပြီးမပေးနိုင်ပါဘူး။ ဘယ်သူကမှန်တယ်၊ မှားတယ်ဆိုတာကို ကွဲကွဲပြားပြားသိရတာပေါ့။

Dr. ဥာဏ် - 8/30/08, 1:15 PM

ခွင့်လွှတ်ပါခင်ဗျာ။ ကျွန်တော်မှားသွားပါတယ်။ ရေးမိပြီးမှကိုယ်နဲ့လည်းမဆိုင်ဘဲနဲ့..ဆိုပြီးနောင်တရနေမိပါတယ်။ ကျွန်တော့်အမျိုးသမီးဆူတာလည်းမနက်စောစောစီးစီးခံရပြီးပြီဗျို့.. :cry
ပျော်စရာစနေ၊တနင်္ဂနွေဖြစ်ပါစေ။

Andy Myint - 8/30/08, 1:21 PM
မိန်းကလေးရေ ဒီလောက် သောက်ပြဿနာ များမယ် ဆိုရင် ဘလော့ရေးရတာ ပျော်စရာ မကောင်းတော့ပါဘူး။ မင်း ကိုယ့်ကို ဒီလို လာပြီး ရန်တွေ့တာ ကိုယ့်တို့ မိသားစု အတွက်တော့ အမင်္ဂလာပါပဲ။ ဘာနဲ့ တူလည်းဆိုတော့ ရပ်ကွက်ထဲမှာ အေးအေးချမ်းချမ်း နေနေတာ အိမ်ရှေ့မှာ လာအော်ပြီး ရန်ဖြစ်သလိုပါပဲ။

မင်းပို့စ်ကို လင့်တာ မလင့်တာကိုလည်း မင်းပဲ စပြီး ရေးတာပဲ။ မကြေမလည် ဖြစ်နေတာလည်း ကိုယ်တို့ မဟုတ်ပါဘူး။ မင်း ဟုတ်မဟုတ်တော့ မင်းပဲ သိမှာပေါ့။ ကိုယ်တို့က ကိုယ့်မိသားစုနဲ့ ကိုယ့်ဘ၀နဲ့ ပျော်နေတဲ့ သူတွေပါ။ ဘယ်သူမှားတယ် မှန်တယ်လည်း ကိုယ့်အနေနဲ့ ပြောစရာ မရှိပါဘူး။ လူတိုင်းကတော့ ကိုယ့်ကိုယ်ကို မှန်တယ် ထင်မှာပဲ။ ပတ်ဝန်းကျင်ကတော့ သိချင်လည်း သိမှာပေါ့။

ကိုယ့် ပို့စ်ထဲမှာ တခြား ပို့စ်တစ်ခုကို လင့်တာလည်း ဒီတစ်ခါမှ မဟုတ်ပါဘူး။ ကိုယ် ဒီလိုပဲ လင့်လာတာ ဖတ်နေကြသူတွေ အသိပါပဲ။ ကိုယ့် ဘာကိုယ် ဘာလင့် လုပ်လုပ် မင်း ကိုယ့်ကို ပြောစရာ လိုတယ် မထင်ပါဘူး။ မင်းပို့စ်ကို မလင့်တော့ရင် ပြီးတာပဲ မဟုတ်လား။

ဒီဘလော့က များသော အားဖြင့် ကိုယ့် မိသားစုအကြောင်းရေးတဲ့ ဘလော့ပါ။ ကတ်ကတ်လန် ရန်တွေ့တာတွေနဲ့ မလိုက်ပါဘူး။ နောက်တစ်ခါ ဒီလို လာပြောရင် ဘာမှ မဖြေရှင်းဘဲ ဖြတ်ပစ်လိုက်မှာပါ။ မင်းဆီမှာ မင်းလည်း ကြိုက်တာရေးပါ ကိုယ် ဂရု မစိုက်ပါဘူး။
Andy Myint - 8/30/08, 1:26 PM
Dr. Nyan (သို့မဟုတ်) `Dr.Nyan´ ဆိုသူ ခင်ဗျား ကျွန်တော်က ဒီလိုပဲ ကိုယ့် ဘလော့မှာ Hit များအောင် ပို့စ် အဟောင်းတွေကို `တခြားဖတ်ရန်´ ဆိုပြီး ရံဖန်ရံခါ လင့်လေ့ ရှိပါတယ်။ အဲဒီ အကြောင်းကို အခုမှ ဖြေရှင်းတာ မဟုတ်ပါဘူး။ `Hit တစ်သိန်း အမှတ်တရ ´ မှာ ရေးဖူးပါတယ်။ ဒီပို့စ် တစ်ခုတည်းကိုမှ ဒီလို လုပ်တာ မဟုတ်ပါဘူး။ ဒီပို့စ်ကလည်း Feed Roll အကြောင်း ပြောတာဆိုတော့ ဆိုင်လို့ လင့်ထားတာပါ။ ကျွန်တော့် အနေနဲ့ ပြန်ဖြုတ်မပေးနိုင်တာကိုတော့ စိတ်မရှိပါနဲ့။ အခုလို အကြံပေးတာလည်း အထူး ကျေးဇူး တင်ပါတယ်။

စာလုံးပေါင်း မှားသွားလို့ ပြန်ပြင်လိုက်ပါတယ်။
Andy Myint - 8/30/08, 7:18 PM
တောင်းပန်စရာ မလိုပါဘူး ဒေါက်တာဉာဏ်ရယ်။ နှစ်ဘက်စလုံးကို စေတနာထားပြီး ရေးမိတာပဲ။ အမျိုးသမီးက ဆူပဲ ဆူတာလား `ဂေါက်´ မခံရဘူးလား ဟီးဟီး။
dare2fight - 9/6/08, 4:51 AM

Hi Ko Andy !!!
I fully support you. Normally I come to this blog a least 4 or 5 times a day.

As your posts are good and also because of your FEED ROLLS. I can find a lot of good blogs from you. So, for me, you blog is also useful for me use as "Blog Digest".

For recent incident(i think i used correct term), for my humble opinion, she's way too sensitive. And also annoying and SEEKING ATTENTION.

I love your blog. Great Job Ko Andy.

Thanks,

Andy Myint - 9/6/08, 11:52 PM
Dare you say, huh ? Thanks. You are right. I knew it. Just didn't want to say in that way.

Post a Comment

Many thanks for dropping a comment…

Film


Files