Thursday, August 14, 2008

Software Development ဝေါဟာရများ - Daemon


ဒီးမန် လို့ အသံထွက်ပါတယ်။ ဒီးမန်တွေဟာ Background Process တွေပါ။ ဂရိ ဒဏ္ဍာရီတွေမှာတော့ ဒီးမန်တွေဟာ နတ်ဘုရားတွေ မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ပေးသူတွေပါ။ လူတွေနဲ့ နတ်ဘုရားတွေကြားက ဆက်သွယ်ပေးသူတွေဟာ ဒီးမန်တွေပါ။ ကွန်ပြူတာမှာတော့ User က Control လုပ်တာ မဟုတ်ဘဲ သူ့ဘာသူ (အချိန်ပြည့်) Run နေတဲ့ Process တွေပါ။ Unix သမားတွေကတော့ Daemon လို့ ပြောလိုက်ရင် ချက်ချင်း သိပေမယ့် Windows သမားတွေကတော့ Service လို့ ပြောမှ သဘောပေါက်လွယ်မှာပါ။ Unix မှာ Disk And Execution MONitor တွေကို DAEMON တွေလို့ ပြောပါတယ်။

Server Side Application တွေမှာတော့ ဒီးမန်တွေကို Session တွေကို စောင့်ကြည့်ဖို့ သုံးပါတယ်။ ဥပမာ Idle ဖြစ်နေတဲ့ Login တွေကို Time out လုပ်ဖို့တို့ မသုံးတော့တဲ့ Resource တွေကို ရှင်းဖို့တို့မှာ သုံးပါတယ်။ နောက်ပြီး Logging တွေကလည်း Daemon Process တွေပါပဲ။ Mailer Daemon လိုမျိုး တစ်ခုခု ဖြစ်ရင် အလိုအလျောက် အီးမေးပို့ဖို့ Process တွေလည်း ရှိပါသေးတယ်။ Web Server တွေမှာ ဒီးမန်တွေက HTTP Request တွေကို စောင့်ကြည့်ပေးပြီး လိုအပ်တဲ့ဆီကို (Dispatch လုပ်ပေး) လွှဲပေးပါတယ်။

Daemon ဆိုတဲ့ စကားလုံးကို Demon ဆိုတဲ့ စကားလုံးနဲ့ ပြောင်းသုံးကြပါတယ်။ စကားလုံး နှစ်ခုစလုံးက အဓိပ္ပါယ် (သိပ်)မကွာပါဘူး။ အမေရိကန်တွေကတော့ Daemon ကို ကောင်းတဲ့ နတ်တွေ အတွက် သုံးချင်ပါတယ်။ ကွန်ပြူတာမှာလည်း Demon ကို ပိုကြီးတဲ့ Program တွေProcess တွေကို သုံးတာလို့လည်း ပြောကြပါတယ်။ ဥပမာ AI (Artificial Intelligent) System တွေမှာ Knowledge တစ်ခု ရလာတာနဲ့ သူနဲ့ သက်ဆိုင်တဲ့ Demon တွေက နိုးထလာပြီး Inference Rules တွေအရ နောက်ထပ် Knowledge တစ်ခု ထပ်ထုတ်ပေးမယ်၊ ဒါမှမဟုတ် Action အဖြစ် ပြောင်းပေးလိုက်တာမျိုးတွေပါ။

(လိုအပ်ရင် ပြင်/ဖြည့် သွားပါမည်။)

တခြားဖတ်ရန် - Natural Key

4 comments:

Dr Khaing Myo - 8/14/08, 11:41 PM

လာလည်သွားပါတယ်ဗျို့ ။ ဖတ်စရာတွေ များတော့ ဘယ်ကစ ဖတ်ရမှန်း မသိလို့ ဆိုက်ကိုပဲ ယူသွားပါတယ်ဗျို့ .........

UG - 8/15/08, 12:45 PM

လာရောက်ဖတ်မှတ်သွားပါတယ်။ Computer နဲ့ပတ်သက်တာ လေးတွေ များများရေးရင်ကောင်းမယ်ဗျာ၊ ၀ါသနာပါလို့။ ဘာပဲ ဖြစ်ဖြစ်ပါ စာတွေ လဲ ဖတ်လို့ကောင်းတယ်ဗျ။
Ashin Ugga

Ko Paw - 8/16/08, 7:04 PM

ကိုအင်ဒီတော့ ဒီလိုပို့စ်မျိုးတွေကို အချိန်ကုန်လူပန်းခံပြီး အသေအချာရေးပြတဲ့အတွက် နည်းတဲ့စေတနာမဟုတ်ဘူးဆိုတာ မှန်းဆကြည့်လို့ရပါတယ်။ ချက်ဆိုနားခွက်က မီးတောက်သူအချင်းချင်းတော့ တကယ့်ကို အဖိုးထိုက်တန်မှာပါ။

ကျနော့်အတွက်တော့ ဟို ဗမာစကားပုံလေးတွေသာ ခေါင်းထဲရောက် ရောက်လာတယ်ဗျိုး။ ဘာတဲ့.....“ကကြီးကို ပုတ်လောက်ရေးပြသော်လည်း....” “ကျွဲပါးစောင်းတီး”..........း-)

Andy Myint - 8/17/08, 10:41 PM
ကျေးဇူးပါ ဒေါက်တာ

တင်ပါ့ ဦးဇင်း

အားပေးတာ ကျေးဇူးပါ ကိုပေါ

Post a Comment

Many thanks for dropping a comment…

Film


Files