Tuesday, August 26, 2008

သြော်ဇီက ၀င်ငွေ ထွက်ငွေ

သူစိမ်းကို မပြောသင့်တဲ့ မမေးသင့်တဲ့ ကိစ္စတွေထဲမှာ လစာ ဘယ်လောက် ရသလဲ ပါသလား မသိ။ ပြည်ပရောက် (India က) ကုလားတွေကတော့ တစ်ယောက်ကို တစ်ယောက် ပြောကြတာ တွေ့ဖူးတယ်။ အဲဒါကြောင့် ကုလားတွေက လစာပိုကောင်းတဲ့ နေရာတွေကို ရထားကြတယ်။ ကျွန်တော် ဒီရောက်တုန်းက လစာက ပုံမှန်ပဲ။ ဒါနဲ့လည်း ကိုယ်က ပျော်နေတယ်။ သူငယ်ချင်းက သူ့လစာ ပြောလိုက်ပြီးတော့ ကျွန်တော့်ကို အလုပ်ပြောင်းဖို့ တိုက်တွန်းတယ်။ အဲဒါနဲ့ ကျွန်တော် လစာ ပိုကောင်းတဲ့ အလုပ်ကို ပြောင်းလိုက်တယ်။ နို့မို့ဆို နဂိုနေရာမှာ တွယ်ကပ် နေဦးမယ်။ ဒါနဲ့ စင်္ကာပူက ကျွန်တော့် အမျိုးတွေ သူငယ်ချင်းတွေကို သြော်ဇီက ၀င်ငွေ ထွက်ငွေကို ဖော်ပြလိုက်တယ်။ (အမေရိကားက လူတွေကတော့ ပျင်းတယ် ဆိုချင် ဆိုမယ်။ “ပေါင်” ကိုင်တဲ့ သူတွေကလည်း ၂ ကျပ် ၁ ကျပ်ပါလို့ ဆိုချင် ဆိုမယ်)



ဒီမှာ လစာကို Per Annum နဲ့ ပြောပါတယ်။ ဒီက IT လောကမှာ Average လစာဟာ ၁နှစ်ကို ၈,၂၅၀၀ ရှိတယ်လို့ ဒီနေ့ပဲ ZD Net ရဲ့သတင်းမှာ ပြောပါတယ်။ ၈နှစ် အတွေ့အကြုံ ရှိတဲ့ ကျွန်တော့် အနေနဲ့လည်း Above the average ရပါတယ်။

Per Annual လုပ်ခ ဘယ်လောက်ရရင် တစ်လ ဘယ်လောက် အခွန် နှုတ်ပြီး ကျန်သလည်းနဲ့ စင်္ကာပူက ရတဲ့ လစာ ဘယ်လောက်နဲ့ ညီသလဲကို အကြမ်းဖျဉ်း တွက်ကြည့်ပါတယ်။ IT သမား တစ်ယောက်အတွက် စင်္ကာပူမှာ အဲဒီလောက် ရရင် သြော်ဇီမှာ ဒီလောက် တောင်းနိုင်တယ် ဆိုချင်တာပါ။ အလွယ်ဆုံး နည်းကတော့ ၁.၅ နဲ့ မြှောက်ပြီး တစ်နှစ်စာ ပြန်ပြောင်းပါ။ ချိုချိုသာသာ တွက်ချင်ရင်တော့ အခွန်နှုတ်ပြီး လစဉ် အိမ်သယ်ငွေဟာ စင်္ကာပူ လစာရဲ့၁၃၅% ဖြစ်နိုင်ပါတယ်။

AU တစ်နှစ် (AUD) AU တစ်လ (အခွန်နှုတ်ပြီး) (AUD) SG တစ်လ (SGD)
၅၀ ၀၀၀ ၃၃၅၀  -
၆၀ ၀၀၀ ၃၉၀၀ ၂၅၀၀
၇၀ ၀၀၀ ၄၅၀၀ ၃၀၀၀
၈၀ ၀၀၀ ၅၀၀၀ ၃၅၀၀
၉၀ ၀၀၀ ၅၅၀၀ ၃၇၀၀
၁၀၀ ၀၀၀ ၆၀၀၀ ၄၀၀၀

ကျွန်တော်တို့ ၀င်ငွေထဲမှာ ထောက်ပံကြေး အနည်းငယ်လည်း ပါပါတယ်။ ဒီလောက် ၀င်ပေမယ့် တကယ်တော့ ဒီက ပုံမှန် မိသားစု ၀င်ငွေက (Mean Test က) တစ်နှစ်ကို တစ်သိန်းခွဲလို့ ဆိုတဲ့ အတွက် ကျွန်တော်တို့က Below Mean/Average ဖြစ်ပါတယ်။ အဲဒါကြောင့် ထောက်ပံ့ကြေး ရပါတယ်။ ဒီမှာလည်း လင်မယား နှစ်ယောက်စလုံး အလုပ် မလုပ်သရွေ့ကတော့ မပြောင်ရောင်ပါဘူး။


ဝင်ငွေက စင်္ကာပူရဲ့ တစ်ဆခွဲ ၀င်သလို အသုံး စားရိတ်ကလည်း စင်္ကာပူရဲ့ တစ်ဆခွဲ ရှိပါတယ်။ အိမ်ငှားခက လွဲရင်ပါ။ အိမ်ငှားခကတော့ စင်္ကာပူနဲ့ အတူတူပါပဲ။ အကြမ်းဖျဉ်း ပြောရမယ်ဆိုရင်တော့ လစာရဲ့ ၂၅%က အိမ်ငှားခ ဖြစ်ပြီး ၂၅%က ဈေးဝယ်တာပါ။ ကျန်တဲ့ တ၀က်မှာ ဘယ်ကဘယ်လို ပေါ်လာမှန်း မသိတဲ့ အသုံးစားရိတ်က တ၀က်လောက် ဖြစ်ပြီး ကျန်တာကို စုပါတယ်။ ဒါ အိမ်ပိုင် မရှိသေးလို့ပါ။ အိမ်ဝယ်လိုက်ရင် ၄၀% ကျော်ကနေ စပြီး အိမ်ဖိုး ပေးနေရမှာပါ။ အဲဒီအခါ ကျရင် တစ်လတစ်လ စုနိုင်မယ် မထင်ပါ။



ဈေးဝယ်တာကတော့ ဒီမှာ ပိုကြမ်းသလိုပဲ။ စင်္ကာပူမှာ နေတုန်းက ကြုံရင် ကြုံသလို လက်ကလေးနဲ့ ဆွဲပြီး ၀ယ်လာပေမယ့် ဒီမှာက တစ်ပတ်မှ တစ်ခါ ၀ယ်တာဆိုတော့ ၀ယ်ကွာဆိုပြီး ၀ယ်ဖြစ်တယ်။ ဒါတောင် အမေရိကားမှာ တုန်းကလောက် မ၀ယ်ဘူး။ အဲဒီတုန်းကတော့ မစားဖူးသမျှ အကုန် တန်အောင် ၀ယ်စားကွာ ဆိုပြီး ချတာ။ အခုတော့ ပေါက်ကရဆို ၀ယ်မစားတော့ဘူး။ မိသားစုနဲ့ ဆိုတော့ တခြား အရေးတကြီး ၀ယ်စရာတွေ ရှိသေးတယ်။



အာမခံကြေးတွေကလည်း ပေးရပါတယ်။ စင်္ကာပူမှာလည်း ပေးရမှာပါ။ ဒါပေမယ့် တချို့က မလုပ်ကြပါဘူး။ ခဏတဖြုတ်ပဲ ဆိုပြီးတော့။ အနေ ကြာတဲ့ သူတွေကတော့ ရှိပါတယ်။ ဒီမှာတော့ အတိမ်းအစောင်း မခံလို့ မဖြစ်မနေ ယူကြပါတယ်။



လစဉ် နှိပ်စက်တဲ့ အထဲမှာ Bill တွေလည်း ပါပါတယ်။ ဒါတောင် အခမဲ့ TV လိုင်းနဲ့ ပျော်နေပြီး မသုံးမဖြစ် အင်တာနက်နဲ့ ဖုန်းနဲ့ပဲ သုံးလို့။ လစဉ်ပေးရတဲ့ အထဲမှာ မတန်ဆုံးကတော့ မြန်မာ သံရုံးကို ပေးရတဲ့ အခွန်ပါ။ (လစဉ်တော့ သွားသွား မပေးရဘူးပေါ့) ဒါပေမယ့် ထည့်တွက်ထားမှလေ။

ဝင်ငွေ ထွက်ငွေအထဲမှာ CPF/ 401(k) / Super ဖော်မပြထားပါဘူး။ (ဒီက အခေါ်) Super က လစာရဲ့ ၁၀ ၉% စုရတာ ဖြစ်ပြီး ကုမ္ပဏီကလည်း (အပိုထပ်) ပေးတယ်။ ကိုယ့်ဘာကိုယ်လည်း အပိုဆောင်း မစုနိုင်သေးတော့ ထည့် မတွက်ပြထားပါဘူး။

ဒါ ကလေးနှစ်ယောက်နဲ့ Breadwinner တစ်ယောက်သာ ရှိတဲ့ မိသားစုရဲ့ ၀င်ငွေ ထွက်ငွေပါ။ တချို့ဟာတွေက ကြည့်ကောင်းအောင် လုပ်ထားပါတယ်။ အပျို၊ လူပျိုဆိုရင်တော့ ဒီမှာ စုနိုင်ငွေဟာ စင်္ကာပူက လစာ တ၀က်ကျော်မှာပါ။ ဘယ်မှာ လုပ်လုပ် အနည်းဆုံး ၂၀% တော့ စုမိမှာပါ။ မြန်မာပြည်က ၂၀% ရယ်၊ စင်္ကာပူက ၂၀%ရယ်၊ သြော်ဇီ/ အမေရိကား/ လန်ဒန်က ၂၀% ကတော့ ကွာနိုင်ပါတယ်။

ဒီပို့စ်ကို စင်္ကာပူမှ ညီ၊ ညီမ အရင်းတွေနဲ့ ၀မ်းကွဲတွေ အတွက် ရေးပါတယ်။

51 comments:

မဇနိ - 8/26/08, 3:30 PM

ဗဟုသုတရတဲ့ အဖိုးတန်ပို့စ်လေး ဝေမျှပေးတာ ကျေးဇူးပါ အစ်ကိုအန်ဒီ။

Wai Myo - 8/26/08, 4:03 PM

ကျေးဇူးပါဗျာ

MrDBA - 8/26/08, 5:55 PM

ကျေးဇူး ကိုအန်ဒီရေ မေးချင်နေတာ ကြာပြီ။

warwarkhaingmin - 8/26/08, 9:00 PM

Thank u so much for ur post. :D

May Moe - 8/27/08, 12:30 AM

ဗဟုသုတတွေ ကို မချွင်းမချန် ပြောပြပေး တဲ့အတွက် ကျေးဇူးပါ :D

ပီတိ - 8/27/08, 1:36 AM

ကိုအန်ဒီ အဲဒီလို အပင်ပန်းခံ ကြိုးစားပြီးရေးလို့ wesheme ကိုအမြဲရောက်ဖြစ်တာပေါ့..
ကျေးဇူးတင်ပါတယ်...

khin oo may - 8/27/08, 1:43 AM

No money and so many bills.

khin oo may - 8/27/08, 2:17 AM

နဲနဲတော.တွေးရတယ်။ ဥဏ်ရည်နိမ်.လို.

တို.အတွက် ကတော. No money and so many bills.

(တို.ပထမရေးထားပြီး ဆင်ဆာဖြတ်ပြီး comment ပေးလိုက်တာ ပီတိနဲ. အတွေးချင်းတူသွားလို. ပြန်တင်လိုက်တယ်.)

Anonymous - 8/27/08, 5:09 AM

Thanks man...

Anonymous - 8/27/08, 10:36 AM

Andy,
Super is 9%.

Andy Myint - 8/27/08, 1:13 PM
အားပေးတာ ၀မ်းသာ မဆုံးပါ စာဖတ်သူ အပေါင်း။ ပြင်ပေးတဲ့ စာဖတ်သူ တစ်ဦးကိုလည်း ကျေးဇူးပါ။
Anonymous - 8/27/08, 2:14 PM

Thanks sharing your knowledge.
Waiting for your Ausi's experience post.

Dr Khaing Myo - 8/27/08, 10:01 PM

ချီးကျူးတယ်ဗျို့.. ဒီလိုပွင့်လင်းတာကို.. ကောင်းလိုက်တာ..

စိုးထက် - Soe Htet ! - 8/28/08, 8:20 AM

:) Many thanks :P

Andy Myint - 8/28/08, 8:47 AM
ကြွားတယ် မထင်ရင် ကျေနပ်ပါပြီ ဒေါက်တာ

ကိုစိုးထက်ကြီး မဒမ်ကို စာရင်းပြန်တင်ရင် သြော်ဇီမှာ ဈေးကြီးကြောင်း သက်သေရလို့ ကျေးဇူးတင်တာလား.. ဟီးဟီး … ခင်တတ်လို့ နောက်တာပါ။
Anonymous - 8/28/08, 10:21 PM

အပျိုကြီးဆိုရင်ကော အော်ဇီမှာ အိမ်ဝယ်လို့ရလား?
စင်ကာပူမှာကတော့ အိမ်လေးဝယ်ခွင့်ရဘို့ အရေး
အိမ်ထောင်ပြုရမဲ့ကိန်း ဖြစ်နေလို့

ယူဆဂိ - 8/29/08, 2:10 AM

ကျေးဇူးတင်ပါတယ်..

Andy Myint - 8/29/08, 9:46 AM
ဒီမှာက အစိုးရဆီက ၀ယ်တာ မဟုတ်တော့ မိသားစုမှာ ဘယ်နှယောက်ဖြစ်မှ ၀ယ်လို့ ရတယ် ဆိုတာ မရှိလောက်ပါဘူး။ ကျွန်တော် အများကြီး မသိပါဘူး။ ကြားဖူးသလောက်တော့ မရှိပါဘူး။ စင်္ကာပူမှာလည်း Free Hold ဆိုရင် ၀ယ်သူ တစ်ယောက်တည်းလည်း ၀ယ်လို့ ရပါတယ်။

ဝမ်းသာပါတယ် ယူဆဂိ။
slt - 8/30/08, 11:28 PM

awesome

slt - 8/30/08, 11:32 PM

Hi,brother just 1 question here, I heard in SG people can own their flat for 99 or 999(mostly 99) years. Is there same rule in AU.

Andy Myint - 8/31/08, 12:13 AM
It's not that I know of, bro..
Anonymous - 8/31/08, 9:28 PM

How do you calculate the AUD equivalent of SGD salary portion? Is it on Gross salary (eg. before CPF deduction) or net amount? Does Australian govt. has savings or retirement scheme for PRs like in SG?

Andy Myint - 8/31/08, 10:15 PM
These salaries are as seen in job advertises in SG and AU for the same skill set.
Anonymous - 9/1/08, 3:19 AM

ဒါနဲ့ ကိုအန်ဒီ...တစ်ကယ်လို့ သြော်ဇီ ကို ခဏလာလည်ရင်းနဲ့ အလုပ်ရှာရင် ရော အိုကေနိုင်လား....ဆိုလိုတာက အဲဒီမှာ ခဏလာလည်ရင်းနဲ့ အလုပ်ရှာတဲ့ သူတွေ ကို အလုပ်ခန့်လေ့ခန့်ထ ရှိလားလို့ ပါ(Eg..like SG)...အဲဒီမှာ stay က ၆လ လောက်ရမယ်ဆိုတော့... သိပ်ပြီးလောစရာမလိုတော့ဘူးပေါ့... Thanks :)

Andy Myint - 9/1/08, 10:14 PM
ဒီ အပိုင်းတော့ ကျွန်တော် အသေအချာ မသိပါဘူး။ ကျွန်တော် သိသလောက်ကတော့ ပြောပါရစေ **မှားနိုင်ပါတယ်** ။ အလုပ်ကြော်ငြာမှာ PR ဖြစ်ရမယ် ရေးလေ့ မရှိဘဲ ဒီမှာ ရှိရမယ် လောက်ပဲ ရေးပါတယ်။ နောက်တစ်ခုကတော့ *ကျွန်တော့် ပတ်ဝန်းကျင်မှာ* အဲဒီလိုမျိုး အလုပ်ဗီဇာနဲ့ သိပ်မတွေ့ဖူးပါဘူး။ နောက်ပြီး ဒီက အလုပ်ရှင်တွေက ရှေးရိုးသမားတွေ ဖြစ်တယ်။ ဆိုလိုတာက စင်္ကာပူက အလုပ်ရှင်တွေလို (ဥပမာ ပြောတာပါ) လုပ်ခ သက်သာအောင်တို့ ဘာတို့ အတွက် တခြားနိုင်ငံက လူတွေ ခန့်မယ်မျိုး ရှုပ်ရှုပ် ရှက်ရှက် သိပ်မစဉ်းစားချင်တဲ့ ပုံပဲ။ ပြီးတော့ ဒီက Bureaucratic ဖြစ်တယ်။ ပါမစ်ရဖို့ ဘာစာရွယ် ညာစာရွက် လိုတာတို့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အစိုးရ Web Site တွေမှာ သူတို့ Policy ကို ရှင်းရှင်း လင်းလင်း ရေးထားတဲ့ အတွက် ဘာတွေ လိုအပ်တယ် ဆိုတာ သိနိုင်ပါတယ်။ အလုပ် ကြော်ငြာ Web Site တွေမှာပါ ကြည့်ပြီး Agent တွေကို ဖုန်းဆက် မေးကြည့်ရင်တော့ သူတို့ လုပ်ပေးနိုင်လား ဆိုတာကို သိနိုင်မယ် ထင်တယ်။ အထက်မှာ ပြောသွားတာတွေ မှားနိုင်ပါတယ်။ ကျွန်တော့် အထင်ကို ပြောတာပါ။
Anonymous - 9/3/08, 5:50 AM

ဘ၀င်...စောက်ပေါ....fuck you Aussie salary...

Andy Myint - 9/3/08, 9:13 AM
ကိုယ့် သူငယ်ချင်း အရင်းခေါက်ခေါက် တစ်ယောက်ကလည်း ကိုယ်ဘလော့ ဖတ်ပြီး “ဘ၀င်”၊ “ငကြွား” လို့ ပြောဖူးတော့ ခင်ဗျား ပြောတာ အဆန်းမဟုတ်ပါဘူး။ ဆဲတာတော့ ရိုင်းလွန်းတယ်။ ခင်ဗျားလည်း ယူကေမှာ “ပေါင်” ၀င်နေတာပဲ။ ယူကေက သြော်ဇီထက် အဘက်ဘက် သာပါတယ်။ ကိုယ့်ဘာကိုယ် အေးဆေးနေပါ။
Anonymous - 9/13/08, 6:57 PM

ကိုအန်ဒီခုလိုဗဟုသုတရအောင် ရေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အမေရိကအတွေ့အကြုံတွေပါရေးပေးပါ။ နောက်ပြီး သြော်ဇီမှာ စင်္ကာပူလို အပျို၊ လူပျို မြန်မာများအခန်းစုဌားနေကြတာလား? တကိုယ်တည်းသမားများအတွက် အခန်းဘယ်လိုဌားနေရင် ပိုသင့်လျော်ပါသလဲ? ကျေးဇူးပြု၍ ပြန်လဲဖြေကြားပေးပါ။ :)

Andy Myint - 9/15/08, 5:02 PM
စိတ်မပူနဲ့ စာဖတ်သူရေ မြန်မာတွေ ရှိရင် ဒီလို စုနေ စုငှားတာတွေ ကတော့ ရှိမှာပဲ။ ကျွန်တော့် အသိ တချို့လည်း စုနေကြတယ် ကြားတယ်။ စင်္ကာပူမှာလိုတော့ ကျယ်ကျယ် ပြန့်ပြန့် မဟုတ်ဘူးပေါ့။ ကျောင်းသား အသိုင်းအ၀ိုင်းမှာ မေးရင်တော့ သေချာပေါက် သိနိုင်တယ်။
Anonymous - 9/17/08, 9:08 PM

အကိုရေ

စင်ကာပူကပါ။
IT Software field ကပါ။
ရန်ကုန်မှာ လုပ်သက် ၅ နှစ်။
စင်ကာပူမှာ ၂ နှစ် နှင့် လက်ရှိ။
ဘွဲ့က အဝေးသင် ရိုးရိုးဘွဲ့။
YTU က နည်းပညာဒီပလိုမာတစ်ခု။
Microsoft က certificates တွေနဲ့ လက်ရှိ အလုပ်လုပ်နေသူပါ။

အဲ့ဒါ အော်ဇီ အိပ်မက် - မက်ခွင့် ရှိ/မရှိ။
စင်ကာပူကနေ ပြောင်းချင်လို့ပါ။ ဒီက အရိုင်းအစိုင်း ကျွန်းသူကျွန်းသားတွေကို စိတ်ကုန်လွန်းလို့ပါ။
ပြီးတော့ ကျနော့် professional နဲ့ ဖြစ်နိုင် မဖြစ်နိုင်။

ဖြေနော် အကို။

လေးစားစွာဖြင့်

Andy Myint - 9/18/08, 8:55 PM
စင်္ကာပူကလည်း ပျော်ဖို့ ကောင်းပါတယ် စာဖတ်သူရယ်။ လုပ်သက်များရင်တော့ အခြေအနေ ကောင်းပါတယ်။ http://www.acs.org.au/ မှာ Assess လုပ်ကြည့်လိုက်ပြီး သူတို့ ပေးတဲ့ Class က အမှတ် ဘယ်လောက်ရလဲ ကြည့်ကြည့်တာ အကောင်းဆုံး နည်းလမ်းပါပဲ။ ဒီအတွက် စင်္ကာပူ ၅၀၀ လောက်ပဲ ကုန်မှာပါ။ ပြီးရင် ဆက် စဉ်းစားလို့ ရတာပေါ့။
ကိုဇေယျာ - 9/23/08, 5:58 AM

ခုမှ ၀င်ငွေထွက်ငွေကို စာရင်းဇယားနဲ့ သေခြာစလုပ်ဖို့ သတိရသွားဘီ။ တကယ့်ကို ကျေးဇူးတင်ပါတယ် အစ်ကို။

ကျနော်လဲ တစ်နေ့ Au ကိုရောက်အောင်လာပါဦးမယ်။ ခုတော့ SG မှာပဲ ပျော်မွေ့လိုက်ပါဦးမယ်။

Anonymous - 9/24/08, 3:27 AM

Thanks for this post. I am also planning to move to aus from sg

Andy Myint - 9/25/08, 10:19 PM
ပုံမှန်ဆို မလုပ်ဖြစ်ပါဘူး ကိုဇေယျာ... ဒါက ဘလောက်မှာမို့ပါ ဟီးဟီး။

Thanks, Reader. Welcome to Australia. :)
Anonymous - 10/14/08, 4:05 AM

Thanks for the post.

Thurein - 1/25/09, 5:19 AM

Thank you for the post.
It is really nice of you to share what you have got.
I seldom see this kind of benevolent sharing before.
You impress me.

I'm a software developer working in Singapore.

Anonymous - 2/12/09, 2:00 PM

Thank for this Blog
A lot of idea we got it
If we come to australia, which part is suitable for our,
Which is easy to get PR?
If I am not wrong,some part of Australia is not good for our, is it correct?
Thanks
min

Anonymous - 3/1/09, 3:48 PM

Harrrrr....It was more full details that I have expected. Thanks for whatever you posted. All facts and data are very useful. I'm working as Costing Engineer in Oil and Gas field especially for piping and structures fabrication and erections. I'm wondering those kinds of fields are there or not. If you have time, let me know the situations in those business. I was also graduated from NUS (MSC eng:). Is it possible to migrate a bit more easily?
Once again, thanks for your time and efforts.

Anonymous - 3/3/09, 3:42 AM

Ko Andy,
Thanks for the useful posts. Please just forget about the negative comments. Your time is not wasted and we do appreciated it. It is quite handy for us to have insight knowledge.
BTW it would be useful if we can know the welfare package to the kids support by the state. I also heard that the education in Australia is to rely on private education rather than public. What do you think about that? Thanks.

Anonymous - 12/31/09, 1:47 PM

ကျေးဇူးပါ ကို အန်ဒီ၊၊

တောင်ပေါ်သား - 2/3/10, 12:55 PM

ကျေးဇူး အကိုရေ ကျနော်ကတော့ အိပ်မက် မက်နေတယ် လာဖို့ ကြိုးစားဦးမယ်း)

Anonymous - 3/6/10, 5:11 PM

thank you !

Anonymous - 7/26/10, 8:55 PM

Ko Andy,
Based on my study on the comparison of salaries between SG & Au, the facts and figures are quite tally with you. Let me ask one thing for your opinion. If someone getting 5k/month in SG with 12 years experience (with SOL occupation),can he get the same salary in Au (According to your formula above, it should be 90K/annum nett after tax)?
Theorectically, ...Yes but practically?????

Thanks,
MM

Andy Myint - 7/26/10, 9:49 PM
For IT jobs, this is just right. I have no idea with other professions. 90K p.a. net (130K pa) is not impossible thing for the one you mentioned (if it is in IT). Chance could be slim in the first job though. 75K p.a. net (100K p.a) is very likely and common in IT for senior roles.

This is from my experience.
Anonymous - 7/27/10, 2:10 AM

Ko Andy,

Thanks for your prompt reply.
I'm in Civil Engineering field and holding Subclass 136 visa since two years ago. You are right. Chance is slim to get same level at first job. There will be a little bit of pain at the beginning of migration. I just haven't prepared to accept it.

Anyway, it's good to know your view as well.

Cheers,
MM

Anonymous - 11/25/10, 7:04 PM

hi Ko Andy, I m a new reader of ur blog. But i like ur posts very much coz they give me lots of knowledge. I also want to know abt US n Canada. I appreciate ur time.

Zin War Win - 12/8/10, 1:31 AM

ကျေးဇူးအများကြီးတင်ပါတယ် ကိုအန်ဒီ!
ကိုအန်ဒီရေးတဲ့ Post တွေက ကျွန်မမေးချင်နေတဲ့ မေးခွန်းတွေချည်းပဲ ဖြစ်ဖြစ်နေတတ်ပါတယ်။

Anonymous - 2/6/11, 3:44 PM

Your so great thanks for your post.

Anonymous - 3/31/11, 11:16 PM

Andy How is text return?

Anonymous - 4/10/11, 2:42 AM

Thank you Ko Andy !!

အင်ကြင်းသန့် - 10/24/11, 5:00 PM

ဒီပိုစ့်အတွက်ရော အော်ဇီနဲ့ပတ်သက်သမျှ တစ်ခြားပိုစ့်တွေ အကုန်လုံးအတွက်ရော ကျေးဇူးအများကြီး တင်ပါတယ်ရှင်....

ကိုအန်ဒီတို့ တစ်မိသားစုလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ...:)

Post a Comment

Many thanks for dropping a comment…

Film


Files