Friday, August 29, 2008

မတောက်လိုက်ရသော Old Flame များ (၁)

အဲဒီတုန်းက ကျွန်တော်က ကွန်ပြူတာ တက္ကသိုလ်မှာ ပထမနှစ် ပြီးခါစ။ သူငယ်ချင်း တစ်ယောက်နဲ့ ကွန်ပြူတာ ပရိုဂရမ်တွေ အတူတူ ကူရေးနေတာ။ ကျောင်းမှာ Academic အတွက် Programming ကို Pascal သင်ပေးတော့ Pascal ကို အရမ်း စိတ်ဝင်စားနေတဲ့ အချိန်ပေါ့။ အဲဒီတုန်းက Windows XP အသာထား Windows 95 တောင် ပေါ်ခါစ။ အဲဒါကြောင့် Computer User တွေက Windows က GUI (Graphical User Inerface) တွေကို အရမ်းကြိုက်နေကြတာ။ ကျွန်တော်ရောပေါ့။ အဲဒီတော့ ကျွန်တော်က Pascal လို Programming Language နဲ့ GUI တွေ ကြိုးစားရေးတယ်။ Pascal မှာ GUI ရေးတယ် ဆိုတာ လိုင်းတွေကို ရာနဲ့ ချီ ရေးရတာ။ အခုခေတ်လို တစ်ကြောင်း နှစ်ကြောင်းနဲ့ ပြီးတာ မဟုတ်ဘူး။ Mouse Pointer ပေါ်အောင်တောင် မနည်းလုပ်ယူရတယ်။ Delphi ကလည်း ပေါ်ခါစ မြန်မာပြည်တောင် မရောက်သေးဘူး။

အဲဒီတုန်းက ကျွန်တော်က ကောင်မလေး တစ်ယောက် ကို ပိုးနေတာ။ အဖိုဆိုတာကလည်း အမတွေ စိတ်ဝင်စားအောင် နည်းမျိုးစုံ လုပ်ပြတတ်တာ ဆိုတော့ ကျွန်တော်လည်း တစ်ခုခု လုပ်မယ်ဆိုပြီး အခုခေတ် Flash ဒါမှမဟုတ် Powerpoint စတိုင် ဘာညာကွိကွလေးတွေ ပေါ်အောင် Pascal မှာ Program ရေးပြီး သူကို့ ပိုးတာပေါ့။ ရေးပြီးတော့ Floppy Disk ထဲမှာ ထည့်ပြီးပေးဖူးတယ်။

နောက်တစ်ခါကျတော့ Web Page တွေ စ လုပ်တတ်ခါစ။ HTML ကို စသိတဲ့ အချိန် ၂၀၀၀ ခုနှစ် မတိုင်ခင်က Web Page မှာ ပုံလေးတွေ ပေါ်အောင် လုပ်တတ်ရင် ငါကွ ဆိုပြီး ပျော်နေတဲ့ အချိန်။ အဲဒီကျတော့လည်း နောက် ကောင်မလေးတစ်ယောက်ကို (ထုံးစံ အတိုင်း မအောင်မြင်သော်ငြား) ပိုးနေတဲ့ အချိန်ပါ။ အဲဒါနဲ့ သူ့ ကွန်ပြူတာမှာ စက်ဖွင့်ရင် Web Page လေး တစ်ခု ပေါ်ပြီး ဘာညာကွိကွ မြင်အောင် သွားလုပ်ထားတယ်။

ဘာဖြစ်သွားမယ် ထင်လည်း စာဖတ်သူ......

ဘာမှ မဖြစ်ပါဘူး။ စိတ်တောင် မ၀င်စားပါဘူး။ Heart ထိဖို့ နေနေသာသာ ဘာမှကို မထိတာဗျာ။

တကယ်တော့ မိန်းကလေးတွေက ယောက်ျားလေးတွေရဲ့ Career ကို အဓိက Criteria တစ်ခုအနေနဲ့ ကြည့်တတ်ပေမယ့် သူတို့ကို ပိုပန်းတဲ့ အခါ သာမန် ယောက်ျားတစ်ယောက် အနေနဲ့ ပုံမှန် လှေကြီးထိုး ရိုးရိုး ပိုးပန်းတာက ပိုထိရောက်တယ် ဆိုတာ ကျွန်တော် နောက်ကျမှ (Oops! “ဂေါက်” ခံရဦးမယ်) အချိန်မှန် အချိန်ကောင်း ရောက်မှ သိလိုက်လို့ တော်တော့တယ်။ မြင်သာအောင် ပြောရရင် အင်ဂျင်နီယာ တစ်ယောက်က မိန်းကလေး တစ်ယောက်ကို ပိုးပန်းရင် T-Square ကြီးနဲ့ ပိုးပန်း တာထက် နှင်းဆီပန်း တစ်ပွင့်က ပိုထိရောက်သလိုပေါ့။

သူမ အလှည့်ကျတော့ သူမက ကွန်ပြူတာလောကမှ ဖြစ်ပေမယ့် ကွန်ပြူတာ အကြောင်း ဘာမှ မပြောဘဲ ပုံမှန် အတိုင်း ချစ်ကြောင်း ကြိုက်ကြောင်း စာရေးပြီး ပိုးတယ် ပန်းတယ်။ သူမက သီချင်းကြိုက်တတ်တော့ သီချင်း လက်ဆောင်ပေးတယ်။ MP3 ပေါ့။ ဒါပေမယ့် ဒီနည်းပညာတွေကို အသာထား သီချင်းကို အဓိက ထားပြီး ပေးတာ။ Carrer နဲ့ Courting နဲ့ ရောလို့ မဖြစ်တော့ဘူး။ ဒီတစ်ခါ ထပ်မမှားနဲ့ ကောင်လေး ဆိုပြီး အဖန်တလဲလဲ ဖွင့်ပြီး အပ်ကြောင်းထပ်နေပေမယ့် ဒီလိုမှ ဖြစ်မှာ ချစ်မှာဆိုတော့ ဒီလို ရှေးနည်းနဲ့ ပိုးမှပဲ အောင်မြင်တော့တယ်။ အောင်မြင်ချက်ကတော့ ကလေးတောင် နှစ်ယောက်ရနေပြီ ဟီးဟီး။

ကျွန်တော့် အထင်တော့ ဘယ်တော့မှ မမှားမယ့် နည်းလမ်းက စာသာ ရေးပေး။ အနည်းဆုံးတော့ ပထမ တစ်စောင်တော့ တစ်ခေါက် ဖတ်မှာပဲ။ ကံကောင်းရင် စာကိုတောင် တစ်သက်လုံး သိမ်းထားချင် သိမ်းထားဦးမယ်။ စာတစ်စောင်မှ ပေးစရာ မလိုလောက်အောင် ကျွမ်းကျင် ကံကောင်းသူတွေကတော့ တစ်မျိုးပေါ့ဗျာ။ ချစ်ပြီးသွားတဲ့ အခါ ဇနိတို့ စုံတွဲလို ဘလော့မှာ ချွဲချင်ချွဲ၊ ချစ်ချင်ချစ်၊ လွမ်းချင်လွမ်း ပေါ့။ ပိုးပန်းတဲ့ အခါမှာတော့ လှေကြီးထိုး ရိုးရိုးကသာ အကောင်းဆုံးဆိုတာ ကျွန်တော့် အတွက်တော့ မှန်တယ်။

22 comments:

shin - 8/29/08, 12:41 PM

ha ha ha...so funny...Write a web page to chase a girl. I think it'll be useful only to a programmer girl...

Anonymous - 8/29/08, 1:05 PM

A Kyaung Thi Tway Naw, Kyan Nay Thay Dar Tway Shi Thay De`, himm himmm

Moe Cho Thinn - 8/29/08, 1:12 PM

Pratical တွေ တော်တော်လုပ်ပြီးလို့ ဒီ theory ထွက်လာတာ ထင်ပါရဲ့။ :Pအခုလို ရိုးသားပွင့်လင်းတာကိုလည်း သဘောကျတာပါမှာပါလေ..။

မဇနိ - 8/29/08, 4:43 PM

မစွံသေးတဲ့သူတွေ ဒီလက်ချာနဲ့ လှုပ်ရှားတော့မယ် ထင်တယ်နော်
ပို့စ်ဖတ်ပြီးတော့ “ဂေါက်“ အသံကြားလိုက်ရတယ်၊
အစ်မက အစ်ကိုအန်ဒီကိုထုတာလား၊
မဇနိက ကိုဇနိကို ထုတာလားတော့ မပြောပြဘူး။
ဇနိမောင်နှံ ဟုတ်ဘူးနော် စိတ်ဆိုးရင် ကလေးနှစ်ယောက် မ သွားလိုက်မှာဗျ။
ဒါနဲ့ မတောက်လိုက်ရသော မီးတောက်များ ဘယ်နှစ်တောက်ပါလိမ့် “တိန်“

Anonymous - 8/29/08, 5:56 PM

hahaha so funny. one guy give me flowers on my birthday but he forgot to take out receipt. so how? hehe

Andy - 8/29/08, 7:12 PM

တိုက်ဆိုင်လိုက်တာဗျာ..ကျွန်တော်လဲ အစ်ကို့လို ခံရဖူးတယ်ဗျ ဟီဟိ ဘယ်လောက်တိုက်ဆိုင်လဲ ဆိုကျွန်တော်လဲ ကွန်ပြူတာကပဲ..အဲဒီလိုလေးတွေလုပ်ပေးတာလဲ တူတာပဲ...နောက်ဆုံး လှေကြီးထိုးနဲ့မှ စွံသွားတာလဲတူတာပဲ (nick name ပေးတာချင်းတောင်လာတူနေတယ်... ဘုရား ဘုရား...)

Anonymous - 8/29/08, 10:33 PM

ဒါပဲလား
ကျန်ပါသေးတယ်
ထိန်ချန်မထားနဲ့နော်

little moon - 8/30/08, 12:36 AM

ကျောင်းတုန်းကတော့ အဲဒီလိုလုပ်ရကောင်းမှန်းလဲမသိပါဘူး။ ကိုယ်တို့တုန်းကတော့ ICST ပေါ့။ ကွန်ပျူတာတွေ program တွေကသတ်သတ် ကောင်မလေးတွေက သတ်သတ်။ ကွန်ပျူတာတွေ program တွေကိုပဲ ထမင်းမေ့ ဟင်းမေ့ အရူုးအမူးဖြစ်ခဲ့တာ။ ဒါကြောင့်လဲ ကျောင်းသားဘ၀ကာလကမှာ မစွံခဲ့တာပေါ့ :D

Anonymous - 8/30/08, 8:28 AM

ဦးလေးက အချက်အပြုတ်လဲ တော်တော့
ကောင်မလေး မွေးနေ့ပွဲမှာ
ဒံပေါက်တွေဘာတွေ ချက်ပေးပြီးကော
မပိုးဖူးဘူးလား ? :-P

khin oo may - 8/30/08, 10:38 AM

တို.မြင်တာ ကတော. ခင် မင် အောင် အရင် လုပ် သင်.တယ်။ ပြီး မှ ရင်းနှီး အောင် လုပ် စာ ကို ပြီး မှ ပေးရင် ပေးပေါ.။ တို.ဆိုရင် တော. ဖွင်.ပြော တာ ကို ကြိုက် တယ်။

ရည်းစားဖြစ်ပြီး ရင် ဘာ လို အဆင့်တက် ရ သလဲ ဆို တာ လဲ ခလေး တွေ ကို သင်ပေးဦးလေ.။။

လုလု - 8/30/08, 4:28 PM

:D:D ရီရတယ်။
နောက်ထပ်အတွေ့အကြုံလေးတွေ ဆက်ရေးပေးဦးနော်

Anonymous - 8/30/08, 5:52 PM

ကျနော့်တုန်းကတော့ တောက်တယ်ဗျို့။
၁၉၉၁ လောက်မှာ Pascal Program နဲ့ စာကြောင်းလေးတွေကို Scroll Up လုပ်ပြီး ပေးလိုက်တဲ့ ရည်းစားစာနဲ့ ပထမဆုံး တရားဝင် ရည်းစားကို ရပါလေရော..
တခုပဲ...သူမက Program run ဖို့ အခက်အခဲဖြစ်နေတာနဲ့ အနားမှာ ရှိတဲ့ အကိုကြီးတစ်ယောက်ကို ခေါ် Run ခိုင်းတော့ တစ်ကျောင်းလုံး သိသွားရောဗျို့။

May Moe - 8/30/08, 7:01 PM

"ကံကောင်းရင် စာကိုတောင် တစ်သက်လုံး သိမ်းထားချင် သိမ်းထားဦးမယ်။" ဟီး ဒါ သူများကိုစောင်းပြောတာပဲ :P

Andy Myint - 8/30/08, 7:34 PM
I should have realized it ... shin ... thanks :)

အကြောင်းသိရေ.... ကျန်တာတွေ ပါမစ်ကျတာနဲ့ တင်လိုက်မယ်ဗျာ

ဟီးဟီး Pratical တွေကနေTheory ထွက်လာတာ .. ဟုတ်သလိုပဲ မမိုးချိုသင်း

မဇနိကလည်း သမီးရည်းစားကို `မောင်နှံ´ သုံးလို့ ရ၀ူးလား။ ကျွန်တော့် အမြင်မှာ လိုက်ဖက်လွန်းလို့ `မောင်နှံ´ သုံးလိုက်မိတာပါ။

Yeah.. it could happen.. Lady Reader.. but he is even better than me... I reckon

တိုက်ဆိုင်ချက်ကတော့ဗျာ လက်ဖျားခါတယ် Andy ရာ

ထိန်ချန်မှုနဲ့တော့ တရားမစွဲလိုက်ပါနဲ့ စာဖတ်သူရယ်.. ကျန်တာတွေ နောက်ဖြည်းဖြည့်းပေါ့ အဟီး။

ကျွန်တော်က နှစ်ခုစလုံးနဲ့ ထမင်းမေ့ ဟင်းမေ့ ဖြစ်ခဲ့တာ ကိုထွန်းခိုင် အဟီး

ဟိုက် ဓါတ်သိတွေပါလား ဒွတ်ခပဲ။ ဒံပေါက် ချက်တာတွေ ဘာတွေ သိနေပါလား စာဖတ်သူ

မမခင်ဦးမေတို့ကတော့ ပိုင်တယ်။ အစ်မကိုသာ စောစော သိခဲ့ရင် တိုင်ပင်လို့ ရသေးတယ်နော့်။

ပါမစ်ကျတာနဲ့ ရေးလိုက်မယ် မလုလု.. နောက်တာနော် အတည်မမှတ်နဲ့

ဟာ..ပိုင်တယ် နောင်တော်ရာ။ ကျွန်တော့် အလှည့်ကျတော့ ဘာလို့ မတောက်တာတုန်း..ဟင်း

စက္ကူဈေးတွေ တက်တဲ့ အထိသာ သိမ်းထား ညီမ မေမိုးရေ။ ဈေးကောင်းရမှ ထုတ်ရောပေါ့ဗျာ။
Anonymous - 8/31/08, 1:16 AM

မိုးချိုသင်း ဆိုတာ ဆရာဦးတင်မိုး ရဲ့ သမီးပါလား ခင်ဗျာ?

Everest - 8/31/08, 6:51 AM

Waiting for part 2, 3, 4, 5, 6 etc.

Mhaw Sayar - 9/8/08, 5:34 PM

ကိုအန်ဒီ. မိန်းမပိုးနည်းလည်း ရသကိုးဗျ. :P

Andy Myint - 9/8/08, 9:46 PM
ဟုတ်ပါတယ် ခင်ဗျာ မမိုးချိုသင်းက ဆရာဦးတင်မိုး သမီးပါ စာဖတ်သူ။

Coming soon, Everest...

မရပါဘူး မှော်ဆရာရေ... လျှော်တဲ့ အကြောင်းတွေပါ ဟားဟား။
Anonymous - 9/8/08, 11:45 PM

ဦးတင်မိုး ရေးတဲ့ "ဗုဒ္ဓနဲ့ တွေ့ဆုံခြင်း" ဆိုတဲ့ ကဗျာ ဘယ်မှာ ဖတ်လို့ ရနိုင်ပါလဲ။ သိရင် ညွန်ပြပေးပါ။

သိင်္ဂါရ - 9/9/08, 1:44 PM

လာလည်ပါတယ်..
ဖွယ်ဖွယ်ရာရာ ဖတ်ရတဲ့ ဘလော့လေးပါပဲ..

ကွန်ပျူတာ တက္ကသိုလ်က ဆိုတော့ ဘယ် Batch ကလဲ ဟင်..

တန်ခူး - 9/12/08, 4:31 PM

ကိုအန်ဒီ... (၁) ကို ခုမှ ဖတ်ဖြစ်တယ်… ကိုအန်ဒီမှန်ပါတယ်… တခါတခါ ရှေးရိုးအတိုင်း မလိုက်တာကိုပဲ သူများတွေလို မဟုတ်ဘူး… သူများတွေလောက်မှ ချစ်တတ်ရဲ့လား… ဒါမျိုးတွေ တွေးတတ်တာမိုလား… မရှက်တမ်းဝန်ခံရရင် ကျွန်မတို့ လဲ စာပေးတဲ့နည်းပဲဗျို့ … သူက စပေးတာနော်… တလွဲမတွေးနဲ့ ဦး…

Andy Myint - 9/15/08, 4:53 PM
ကျွန်တော် မသိပါဘူး စာဖတ်သူ။

ကျွန်တော် ICST 8Th Batch က လို့ ပြောလို့ ရပါတယ် သိင်္ဂါရ။

ဟီးဟီး… မတန်ခူး တို့လည်း ဂလို ဂလို ကိုး

Post a Comment

Many thanks for dropping a comment…

Film


Files