Wednesday, September 24, 2008

သြော်ဇီ PR အတွက် Agent လိုသလား

တကယ်တော့ ကျွန်တော် How To ပို့စ်တွေကို ရှောင်ပါတယ်။ How To နဲ့ ပတ်သက်ရင် ဟင်းချက်နည်း တစ်ခုပဲ ရေးရတာ လက်တွေ့ပါတယ်။ ဒါကြောင့်မို့လို့ Blog ပြင်နည်းတို့ ဘာတို့ ဖြစ်ဖြစ်၊ IT (Programming) နဲ့ ပတ်သက်တဲ့ ဘယ်လို လုပ်ရမယ်တို့ ဘာတို့ကို တော်ရုံ တန်ရုံ မရေးပါဘူး။ သြော်ဇီကို ကူးပြောင်းလာဖို့ကိုလည်း စာဖတ်သူ တချို့က ဘယ်လို လုပ်ရသလဲ ရေးပေးဖို့ တောင်းဆို ထားတာတွေကိုတောင် ကျွန်တော် ရူးချင်ယောင် ဆောင်နေခဲ့ပါတယ်။ မကေကလည်း သူ့ရဲ့ ပို့စ်တစ်ခုမှာ (သြစတြေလျ နေထိုင်ခွင့်)သြော်ဇီ PR အကြောင်း ရေးပေးပြီး ကျွန်တော့်ကို ဆက်ရေးပေးဖို့ တိုက်တွန်း ထားပါသေးတယ်။ (အစက မရေးတော့ဘူး တွေးထားတာ) ဆွေမျိုးတွေ အပါအ၀င် တော်တော်များများကလည်း မေးလာလို့ တစ်ယောက်စီ ပြန်ဖြေနေတာထက် စာရင် ရေးထားပြီး ဒီမှာ ဖတ်လို့ ညွှန်းလိုက်တာက ပိုကောင်းမယ် ထင်လို့ အခြေအနေ ပေးသလောက် တတ်နိုင်သလောက်တော့ ကြိုးစားရေးကြည့်ပါမည်။ (အမှန်အတိုင်း ပြောရရင်တော့ ကျွန်တော့်တုန်းက ဘယ်လို လုပ်လာတယ်ဆိုတာ ခပ်ရေးရေးပဲ။ ကျွန်တော်က မေ့တတ်တယ်။)

သြော်ဇီ ကူးပြောင်းဖို့နဲ့ ပတ်သက်ရင် မေးကြတာ Agent နဲ့ လုပ်သင့် မလုပ်သင့်ပါ။ ဒီ ပို့စ်မှာတော့ ဒီအကြောင်းကို အရင် ရေးသွားပါမည်။ ကျွန်တော်တို့လာတုန်းက ကိုယ့်ဘာကိုယ် လုပ်လာတာပါ။ Agent နဲ့ လုပ်တာ မဟုတ်တဲ့ အတွက် Agent တွေ အကြောင်း မသိပါဘူး။ အဲဒီ အတွက် အမှားပါရင် တာဝန်မယူပါဘူး။ (ပြင်ပေးရင်တော့ ကျေးဇူး တင်ပါတယ်)။ နောက်ပြီး ကျွန်တော်က ကိုယ့်ဘာကိုယ် လုပ်ဖို့ အားပေးချင်တဲ့ အတွက် အဲဒီဘက်ကို စောင်းပေးပြီး ရေးပါမယ်။ Agent တွေ ကောင်းကြောင်းကတော့ ရေးပြီးသားတွေ ရှိတာ “အောတိုက်”ပါပဲ။ သူတို့ Web Site တွေမှာ သာ ရှာဖတ်ပါတော့။

Myth : Agent နဲ့ လုပ်ရင် PR ရမှာ သေချာတယ်။
Fact : PR ရမရက ကိုယ့်ရဲ့ အရည်အချင်းနဲ့ပဲ သက်ဆိုင်ပါတယ်။ Agent ကြောင့် ရတာ မဟုတ်ပါဘူး။ အရည်အချင်းမရှိတဲ့ သူကိုလည်း Agent က ညာပေးလို့ မရပါဘူး။ ညာလိုက်မှ Agent က လိုင်စင် အသိမ်းခံရပြီး စီးပွားပျက်မှာပါ။ ဟိုလူက ဟို Agent နဲ့ လုပ်လို့ PR ရသွားတိုင်း ကိုယ်ရမယ် မဟုတ်ပါဘူး။ဒါပေမယ့် ကိုယ့်မှာ အရည်အချင်း ရှိသော်ငြားလည်း အသုံးမချတတ်တဲ့ အတွက် PR မရနိုင်တာမျိုးတော့ ရှိနိုင်ပါတယ်။ Agent နဲ့ လုပ်ရင်တော့ Agent က စစ်စစ်ပေါက်ပေါက် ရှာကြံပြီး အမှတ်တိုးအောင် လုပ်ပေးနိုင်ပါတယ်။(ဥပမာ 5 Points လိုနေရင် မိန်းမ - Spouse - ရဲ့ Professional Skill ကိုပါ ထည့်တွက်တာမျိုး။) ကိုယ့်ဘာကိုယ် လုပ်တဲ့ သူတွေ အနေနဲ့ကတော့ ဒီလို ဖြစ်ချင်ရင် Web Site မှာ ရှာဖတ်နိုင်ပါတယ်။ ဘယ်ဟာက အမှတ် ဘယ်လောက် ရမယ်။ အမှတ် ဘယ်လောက် ရမှ PR ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ရေးထားပါတယ်။

Myth : Agent နဲ့ လုပ်ရင် ကိုယ် ဘာမှ မလုပ်ရဘူး။
Fact : ကျွန်တော်တို့ PR လျှောက်ခဲ့တုန်းက ဘာတွေ လုပ်ရသလဲ ဆိုတော့ ဖောင်တွေ ဖြည့်ရတယ်။ ပြစ်မှု ကင်းရှင်းကြောင်း အတွက် ရဲစခန်း သွားရတယ်။ ဆေးစစ်ဖို့ ဆေးခန်း သွားရတယ်။ ဓါတ်ပုံဆိုင် သွားပြီး ဓါတ်ပုံ ရိုက်ရတယ်။ စာတိုက် (၃ခေါက်လား) သွားပြီး ဖောင်တွေ ပို့ရတယ်။ နောက်ပိုင်း Scan လုပ်ပြီး ပို့တော့ ရတယ်။ Agent နဲ့ လုပ်ရင် Agent က ဘာတွေ လုပ်ပေးနိုင်မလဲ ကိုယ်ကိုတိုင်လည်း ဘာတွေ လုပ်ရဦးမယ် ဆိုတာတော့ ကိုယ့်ဘာကိုယ် စဉ်းစားကြည့်နိုင်ပါတယ်။ အလွန်ဆုံး သက်သာ စာတိုက် သွားစရာ မလိုတာပဲ ရှိမယ်။ စာတိုက်တွေက ကိုယ့်အိမ်နားမှာ ကိုယ့်ရုံးနားမှာ ရှိပြီး Agent ကတော့ သူ့ရုံး ရှိရာကို သွားရမှာပါ။

Myth : Agent ကို ၂၀၀၀-၂၅၀၀ ပဲပေးရတာ သက်သာပါတယ်။
Fact : (လစာ မဟုတ်) ပိုလျှံငွေ ၂၀၀၀-၂၅၀၀ အတွက် တစ်လ လုံးလုံး အလုပ်လုပ်ရတာပါ။ ကိုယ့်ဘာကိုယ် PR လျှောက်တဲ့သူက Agent သုံးတဲ့ လူနဲ့ စာရင် Internet မှာ Research လုပ်ရတဲ့ အတွက် အချိန်ပိုယူရတာ ၂ ရက် လွန်ရော ကျွန်ရော တစ်ပတ်ပါပဲ။ ဒီအတွက် ပိုက်ဆံ ၂၀၀၀ ကို ပေါပေါများများ ရှိတဲ့သူကလွဲလို့ မဖြုန်းသင့်ပါဘူး။

Myth : Web Site တွေက ဖတ်ရတာ ခက်တယ်။
Fact : Immigration အတွက် ရေးထားတဲ့ web site နဲ့ လမ်းညွှန် Booklet ဟာ မရှုပ် ရှုပ်အောင် ရေးထားတဲ့ ဥပဒေ စာအုပ်တွေလို မဟုတ်ပါဘူး။ ဖတ်လို့ နားလည် လွယ်ပြီး ရှင်းရှင်းလင်းလင်း ရှိပါတယ်။ Agent နဲ့ (ဖုန်းထဲမှာ ဖြစ်ဖြစ်) စကားပြောရတာထက် စာရင် စာအုပ်ကို နားမလည်မချင်း ဖတ်တာက ကျွန်တော့်အတွက်တော့ ပိုလွယ်ပါတယ်။

Myth: SG PR လျှောက်တာထက် ပိုခက်တယ်။
Fact: စင်္ကာပူ PR လျှောက်တာထက်တော့ နည်းနည်း ပိုခက်ပါတယ်။ စင်္ကာပူ PR က ရောက်ပြီး ၂ နှစ် ၃ နှစ်မှာ ဖောင်တင်ပြီး လျှောက်လိုက် ရဖို့များတယ်။ ဘာမှ စဉ်းစားစရာ မလိုဘူး။ ဘယ်လောက်မှ များများစားစာ မကုန်ဘူး။ မရရင် နောက်တစ်ခေါက် ပြန်လျှောက် ရနိုင်တယ်။ သြော်ဇီ PR ကတော့ မလျှောက်ခင် ရနိုင် မရနိုင် တွက်ကြည့်ရပါတယ်။ နောက်ပြီး SG PR ထက် ပိုတဲ့ အချက်က English Skill ပြရပါတယ်။ ရဲစခန်း သွားရပါတယ်။ Professional Skill ကို အကဲဖြတ်ရပါတယ်။ ဒါတွေဟာ မဖြစ်နိုင်လောက်အောင် ခက်ခဲတာ မဟုတ်သလို Agent နဲ့လုပ်လည်း ရှောင်လွှဲလို့ မရတဲ့ ဟာတွေပါ။

Myth: Agent နဲ့ဆို နားမလည်တာ ရှိရင် မေးလို့ရတယ်။
Fact: ကိုယ့်ဘာကိုယ်လုပ်လို့ နားမလည်တာ ရှိရင်လည်း Forum တွေမှာ မေးလို့ ရပါတယ်။ အဲဒီမှာ ကျွန်တော့်လို ကိုယ့်ထမင်း ကိုယ်စားပြီး ကြီးတော် နွားကျောင်းနေသူတွေ အများကြီးက နာရီပိုင်း အတွင်း ရက်ပိုင်း အတွင်း ပြန်ဖြေပါလိမ့်မယ်။ ဒါမှမဟုတ် ခင်ရာ သူငယ်ချင်းတွေကို မေးမြန်းနိုင်ပါတယ်။

နောက် အရေးကြီးတာ တစ်ချက်ကတော့ Agent နဲ့ လုပ်ပြီး PR ရသွားပါပြီတဲ့။ ဒီရောက်ရင်လည်း ဒါမျိုး အစိုးရ ကိစ္စ၊ ရုံးကိစ္စတွေကို Internet မှာ ရှာဖတ်ပြီး လုပ်ရဦးမှာပါပဲ။ အဲဒီကျရင် Agent လည်း မကယ်နိုင်တော့ပါဘူး။ ကိုယ့်ဘာကိုယ်ပဲ လုပ်ရမှာပါ။ အဲဒီ အကျင့်ကို သြော်ဇီ မရောက်ခင်ကတည်းက ရထားရင်တော့ ဒီရောက်ရင် အရမ်း မခက်ခဲတော့ပါဘူ။

ကျွန်တော်တို့ကလည်း အစစ အရာရာ ပွဲစားနဲ့ အလုပ်ဖြစ်လာတာဆိုတော့ ပွဲစားလေး ပါရင် ပိုပြီး Confidence ရှိတယ်လေ။ နိုင်ငံကူး လက်မှတ်၊ ထွက်ခွာခွင့် လက်မှတ်၊ ပြည်ဝင်ခွင့် ဗီဇာကနေ လေဆိပ်မှာ ဖောင်လိုက်ဖြည့်ပေးဖို့က အဆုံး ပွဲစားကို အားကိုး ခဲ့ရတာကိုး။ ဒါတောင် စင်္ကာပူက ICA အောက်မှာ မြန်မာ ပွဲစားတွေ၊ PR ပွဲစားတို့၊ Short Visit ပွဲစားတို့ မရှိလို့။ ရှိများ ရှိရင် ပွဲစားနဲ့ပဲ အလုပ်ဖြစ်ကြဦးမှာ။ ပိုက်ဆံ ၂၅၀၀ ပိုကုန်မှာလည်း မကြည့်ဘူး။ ကိုယ့်ဘာကိုယ်လည်း စာဖတ်ဖို့ အချိန် မရှိဘူး နားလည်း မလည်းဘူး ဆိုတဲ့သူများကလွဲလို့ ကျန်တဲ့ သူတွေအတွက် ကျွန်တော်ကတော့ Agent ကို အားမပေးပါဘူး။

ကျွန်တော့် သူငယ်ချင်း တစ်ယောက်ရဲ့ ပို့စ်တွေကိုလည်း ဖတ်ကြည့်သင့်ပါတယ်။
Singapore မှ Australia သို့ (၁) "လူ့အလို နတ်မလို...
Singapore မှ Australia သို့ (၂)
Singapore မှ Australia သို့ (၃)
Singapore မှ Australia သို့ (၄)

သြစတြေလျ နေထိုင်ခွင့် (မကေသွယ်)

27 comments:

MrDBA - 9/24/08, 11:34 PM

ကျွန်တော် လာဖတ်သွားတယ် ကိုအန်ဒီ။ ကျေးဇူးတင်ပါတယ်ဗျာ။

Sai Tun - 9/25/08, 12:25 AM

ပတ်ပတ် စက်စက်ကို အသုံးဝင်တဲ. ပို.လေးပါ

Anonymous - 9/25/08, 12:41 AM

မိန်းမပိုးနည်း ရေးပါဦးဗျို့ :-)

TZA - 9/25/08, 2:14 AM

ဖတ်သွားတယ်ဗျ၊ ဩော်ဇီသွားတော့သွားချင်တယ်၊ ဒါပေမဲ့ ပျင်းမှာလည်းစိုးတယ်၊ ဩော်၊ မုန့်ဆီကြော်၊ မုန့်ဆီကြော်။

ဇနိ - 9/25/08, 2:23 AM

ကျနော်လည်း ဖတ်သွားပါတယ်ဗျာ ..
ဒီမှာလည်း တီဇက်အေ ကို သဘောကျလို့ နှုတ်ခမ်းနာ...နှုတ်ခမ်းနာ.. လို့ပဲ ပြောလိုက်တော့မယ်။

Kay - 9/25/08, 2:32 AM

တင်ပြ ထားပုံကတော့.. အပျံစားပဲ။ သိချင်သူများ အတွက်..ပိုပြည့်စုံသွားတာပေါ့ နော။

PTi - 9/25/08, 2:46 AM

မျှဝေပေးတာကျေးဇူးပါ။ အခုတော့ မလိုသေးပေမယ့် နောက်တော့လိုလာမှာပါ.. နောက်ပြီး မေးတဲ့လူရှိရင်လည်း ညွှန်းလို့ရတာပေါ့...

Moe Cho Thinn - 9/25/08, 7:50 AM

ဖတ်ရတာ အင်မတန် ရှင်းတယ်။
အမလဲ သြော်ဇီကို ရောက်ဖူးချင်တယ်။ ရှေ့က TZA နဲ့ ကိုဇနိ က မုန့်ဆီကြော်နဲ့ နှုတ်ခမ်းနာ လို့ ရွတ်သွားတော့ အမကျတော့ ဘယ်လိုပြောရမလဲ ပေါ့နော်။
အနံ့ပဲ ရှူသွားရတော့မှာပေါ့။

Republic - 9/25/08, 7:59 AM

တော်တော် လေးကို ပြည့်စုံပါတယ် ၊၊ ကျေးဇူးပါ ၊၊ သိချင်သူများကို ဝေမျှလို့ရအောင် print out လုပ်ပြီးလည်း သိမ်းထားပါ့မယ်ဗျာ ၊၊

Aung Myo Htet - 9/26/08, 9:36 PM

It depends on a profession. For IT, it's easy and ACS is very generous in assessing applicants. But other professions such as trades people - Builder, plumber, electricians, teachers are assessed differently by their respective Assessment organisations. For them, experienced Agent is very important as the presentation is vital to get the skill assessed successfully. For immigration form filling and posting, agent is not required.

ဂျစ်တူး - gyit_tu - 9/27/08, 2:06 PM

မြန်မာတွေ ပွဲစားကိုပဲ အကုန်ပေးလုပ်တတ်တဲ့အကျင့်ကတော့ အတော်လေး ဖျောက်ရခက်နေသလိုပဲ ။ အဲဒီတော့လည်း စင်္ကာပူမှာ ကျောင်းလျှောက် ဖောင်ဖြည့် တင်ပေးတာလေးကိုပဲ ပိုက်ဆံယူလုပ်နေတဲ့ ပွဲစားတွေ ပေါ်လာတာပေါ့ ။

Demand ရှိလို့ supply ဖြစ်လာတယ်ခေါ်ရမယ် ။ ပွဲစားဆိုတာရှိတာ တချို့ နေရာတွေ အသုံးဝင်ပေမယ့် အရမ်း သူတို့ကိုပဲ မှီခိုလွန်းရင် လူတယောက်ရဲ့ ရှာ၂ဖွေ၂ နှံ့၂ စပ်၂ လုပ်တတ်တဲ့ အရည်အချင်းတွေ ၊ ဘ၀မှာ ရနိုင်တဲ့ အတွေ့ အကြုံတွေ နည်းသွားနိုင်တယ် ။

ခုဆို ကိုအန်ဒီတို့ဆို ကိုယ့်ဘာသာလုပ်တော့ အကုန်လုံး ပြန်ပြီးပြောနိုင်တယ်လေ ။ ဒါကလည်း အတွေ့ အကြုံတခုပဲ ။ ကျမကတော့ မြန်မာတွေ ပွဲစားဆိုတာတွေအပေါ် သိပ်အားကိုးတာတွေ မကြိုက်ဘူး ။ ကျမ မေမေ့ကို ပြောလေ့အမြဲရှိတဲ့စကားက .... ကားပွဲစားဆိုတာနဲ့ တမိသားစုလုံးကို ထိုင်ကျွေးထားနိုင်တာ မြန်မာပြည်မှာပဲ ရှိမယ် ထင်တယ်လို့ ။

Anonymous - 9/27/08, 2:54 PM

အစ်ကို...ဆေးစစ်ရင်ဘာတွေစစ်လဲဗျ

Andy Myint - 9/28/08, 5:36 PM
အားပေးတာ ကျေးဇူး Mr.DBA

ပက်ပက်စက်စက်ကို အသုံးချပေတော့ ကိုစိုင်းထွန်း

အွန်... မိန်းမ ပိုးနည်းအတွက် Agent လိုလို့လား စာဖတ်သူရဲ့။ ကျွန်တော်က အင်မတန် ညံ့တဲ့သူနော်။ တကယ်ပြောတာ။

မပူနဲ့ ကိုTZA။ အိမ်ထောင်နဲ့ ကလေးနဲ့ဆို ပျင်းဖို့တောင် အချိန်မရတော့ဘူး။ အဲဒီတော့ သြော်ဇီမှာ မပျင်းချင်ရင် ...... ဒန်တန့်တန်...

ဟုတ်ပ ကိုဇနိရေ နှုတ်ခမ်းနာနဲ့ တည့်ပါမလား မသိဘူး။

မကေက အတော်ရေးပြီး သွားပြီ ဆိုတော့ သိပ်ရေးစရာ မလိုတော့ဘူးလေ.. ဟဲဟဲ

ကျေးဇူး ကိုပီတိ။ စိတ်ထားလေးကို သဘောကျသွားပြီ။ လိုတဲ့ သူတွေကို ညွှန်ပေးတာဆိုတာကို။

သြော်ဇီကို ခဏလာလည်ပေါ့ မချိုသင်း။ Vacation ပေါ။ ဟဲဟဲ

ကောင်းပါတယ် Republic။ ထပ်ပြီး မျှဝေပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။

Thanks for completement, Aung Myo Htet. Most people asking to write this post are from IT field.

ဟုတ်တယ် ဂျစ်ရေ။ ပွဲစားဆိုတာ မြန်မာပြည်မှာ အများသား။ ဘာလုပ်လုပ် ပွဲစားရှိတယ်။ စနစ်ကြီးကပဲ ဒီလို ဖြစ်အောင် လုပ်သလား။ လူတွေကပဲ စနစ်ကြီးကို ပိုပျက်အောင်၊ (၀ါ) ပျက်နေတဲ့ စနစ်ကို မပြင်ဘဲ မှီခို စားပေါက် ထွင်ကြသလားပဲ။

ဆေးစစ်ရင် သူတို့ ညွှန်ကြားတဲ့ ဆီမှ စစ်ရတယ် စာဖတ်သူ။ ဘာတွေ စစ်ရမယ်ဆိုတာ အဲဒီထဲမှာ ပါတယ်။ မှတ်မှတ်ရရ မျက်လုံး စစ်တယ်။ ဓါတ်မှန်ရိုက်တယ်။ သွေးဖောက်တယ်။ ပေါင်ချိန်တယ်။ HIV နဲ့ TB စစ်တာ ဖြစ်မယ်။ အမျိုးသမီးကတော့ ဗိုက်ကြီးနေလို့ အသည်းရောင် ဘီပါ စစ်ရတယ်။
Anonymous - 9/29/08, 2:11 AM

ဘီက မစစ်မနေရလား ဗျ....စီရော...

KYAW KYAW - 9/30/08, 4:16 PM

Hi Ko Andy Myint,


Thanks for ur contribution abt Australia's PR for Burmese ppl.

I am only S PR and would like to more abt PR in West like US, Canada n Europe if u had time.

Pls let me know ur email address if u don't mind.


Thanks and best regards
Kyaw Kyaw Oo

Andy Myint - 10/1/08, 8:21 AM
ကျွန်တော်တို့ တုန်းကတော့ အသည်းရောင် B က ကိုယ်ဝန်သည်ပဲ စစ်ရတယ်။ ကျွန်တော်က မစစ်ရဘူး။ C ကတော့ လုံးဝ မစစ်ရဘူး။ အခု Rules & Regulations တွေ ပြောင်းသွားနိုင်ပါတယ် စာဖတ်သူ

Hi Kyaw Kyaw Oo, my gmail is just as my name. No dot. No underscore. All in one word.
KYAW KYAW - 10/1/08, 5:08 PM

Hi


Thanks for ur prompt reply.

is it gmail ot yahoo ?

if it were yahoo then yahoo.com or yahoo.com.au


Best regards
KKO

Anonymous - 12/6/08, 3:18 PM

Dear mate,
Thanks for your contribution. I wish to know about some in qualifying of assessment. Frankly, I have applied for that assessment. I am wondering about required experience. It is written as the requirement is 4 yrs. But I got about only 2 yrs. How about for the reference? As you know, the sg employer are really difficult to get reference from them. How that ACS check for the reference? means, via email or phone call? I could not provide reference for one of my former employer. could that be harm for their determination? cheers mate.

Anonymous - 8/12/09, 5:59 PM

Bro,
My name is Nay. I am working in U.A.E for 2 years as a waiter at five star hotel named Le meridien. I would lik to know how could i join to austrilia? Like job or student? If i apply for college , how much i have to pay for my 1 year semister and what are the qualification to apply student visa. Honestly i am poor person that why i am working in abroad. So i dont have so much of money in bank account to show. And can I apply tution grant. Whatever the way i can join to the austrilia, Please give me the suggestion..
I am looking forward to hearing from you...


Thank you

Anonymous - 8/28/09, 6:51 PM

ကိုနေ ..ကိုနေ ရဲ့ မေးခွန်းနဲ့ပတ်သက်ပြီးတော့ ဘလော့ ဂါ မဖြေခင် ကျွန်တော်သိသလောက်ပြန်ရှယ် ပေးမယ် ...အော် ဇီ ကို ကျောင်းသားအနေနဲ့သွားချင်ရင် . ကိုယ်တက်ချင်တဲ့ကျောင်းကိုလျောက်
၇ပါတယ် ..အဲဒိမှာ ကျွန်တော်တို့  အနေနဲ့ အင်းဂလိပ်စာဟာ ကိုယ့် ဘာသာစကားမဟုတ်တဲ့အတွက် အင်းဂလိပ်စာ နဲ့ပတ်သက်တဲ့  ကျွမ်းကျင်မှုလက်မှတ်တွေ ပြရပါတယ် ..ဘာတွေလဲဆိုတော့IELTS (or) TOEFL ဆိုတာတွေ ကြို့ပရပါမယ့် ...ကိုတက်မယ့် ဘာသာရပ်ပေါ်မှုတည်ပြီးကျောင်းတွေ က အင်းဂလိပ်စာကို အမှတ်တောင်းပါတယ်..ဥပမာ ..သက်မွေးပညာ ကျောင်းဆိုရင် အနဲဆုး IELTS 5.5 TOELF 500 လောက်၇ှိ၇ပါမယ်..စက်မှူလက်မှူကျောင်းနဲ့ ဆေးလိုင်းတွေ ဆိုရင်တော့ ပိုမြင့်တာပေါ့လေ .


ကျောင်းက လက်ခံတဲ့အခါ အဲဒိလက်ခံတဲ့ စာနဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေ ကိုယူပြီးတော့ အော်ဇီသံရုံးမှာ .ဗီဇာလျောက်ရမယ်လေ...ဗီဇာလျောက်တဲ့အခါ သံရုံးရဲ့ အဓိက လိုချင်တဲ့ အချက် (အကြောင်းပြချက်ခိုင်လုံ ဖို့လိုပါတယ်)က သူတို့နိုင်ငံမှာ ကျောင်းသွားတက်ရအောင် ကိုယ့်မှာ ငွေ ကြေးပြည့်စုံရဲ့လားဆိုတာပါ ဘဲ ..နောက်တခုက သင်ယူနိုင်လောက်အောင် အင်းဂလိပ်လိုပြောတတ်ရဲ့လားဆိုတာပါ...ဟိုးအရင် ၁၉၉၆ ။ ၉၇ လောက်က ကျွန်တော် စင်ကာပူမှာတုံးက aussi TAFE မှာတက်ဘို့လျောက်ဘူးတယ် ဒါ ပေမယ့် စင်ကာပူမှာရှိတံ အော်ဇိသံရုံးက မြန်မာပြည်မှာ အော်ဇိ သံရုံးရှိတဲ့အတွက် အဲဒိကနေ လျောက်ပါ ဆိုလို့ ပြန်လျောက်ခဲ့၇တယ် ...ဒါပေမယ့် မရခဲ့ပါဘူး သူတို့အကြောင်းပြချက်က ကျွှန်တော့် မှာ ကျောင်းတက်နေတု့းံ ထောက်ပံ့ မယ့်သူမရှိလို့ တဲ့ ( ဒါတောင် ကျွန်တော် ဘဏ်စာရင်းကို သေချာလုပ်လိုက်နိုင်သေးတယ် ) အဖေအမေက အစိုးရ၀န်ထမ်းတွေ ဆိုတော့ .ဒါ လဲပါတယ်....အလုပ်နဲ့ဆိုရင်တော့ ထုံး စံအတိုင်း သူတို့နိုင်ငံသားတွေ မလုပ်ချင် မလုပ်နိုင်တဲ့  3Ds ..တွေ တော့ရှိပါတယ် ဒါ က တော့ ရိုးရိုးဝန်ထမ်းအလုပ်သမားအနေနဲ့သွားချင်ရင်ပေါ့ ဟိုတယ်နဲ့ပတ်သက်ပြိးတော့ထမင်းချက်အလုပ်ကတော့ အတော်လေး ရနိုင်ပေမယ့် ပြီးခဲ့နှစ်က စလို့ သူလဲ IELTS အနဲဆုံး ၅.0 တောင်းလို့ ကအခုကျွန်တော်တောင်ဖြေထားရတယ် ....့ပီအာ တိုက်ရိုက်လျောက်ချင်ရင်တော့ ဒိ ဘလော့လေးက အတော်စုံပါတယ်...အဓိက တော့ IELTS ကို ၆.၀လောက်၇ှိတာကောင်းတယ်ဗျ...ကျွန်တော်လဲ ကိုနေ လိုဘဲ ဟိုတယ်ဝန်ထမ်းပါ ...(ချက်ကြိးပေါ့ ဗျာ) ကိုယ့်ဘက် က ရှိရမယ့်ဟာလေးတွေ တော့ ရှိထားသင့်တာ အကောင်းဆုံးပါ ..အဆင်ပြေမှာပါ ......

ရွှေပြည်သူ - 9/23/09, 11:50 PM

စိတ်ဝင်တစား ဖတ်မိပါတယ် အစ်ကို။ အခုလို ပြည့်ပြည့်စုံစုံ ရှင်းပြပေးထားတာကို ကျေးဇူးအထူးတင်ပါတယ်ရှင်။

Anonymous - 1/25/10, 9:11 PM

Hi Ko andy,

For working experience is at least 4 years right ?

that need to be consecutive?

Thanks bro

Andy Myint - 1/26/10, 10:16 PM
It depends on the profession. For IT, it was 4 years for me.. not sure for now.. have to check the web site.
Nyan - 2/9/10, 2:58 AM

Hi Bro,
Could you show me the sample of CBOK and 2 Reports?

I heard that there is a new rule that MODL was revoked from the point test. I am a little bit confused here, is that immediately affected or it will only be affectd on mid of 2010?
Thanks in advanced.

Anonymous - 8/5/10, 6:21 PM

Hi Ko Andy,

Thank for sharing your experience. I have a few point to clarify regarding to AU VISA.

My wife going to study PhD on AU and her student VISA Sub Class 574 will be granted soon. I also applied student dependent visa together her.
If I granted student dependent visa sub class 574, I found that there is permission to work for Student Dependent. For Sub Class 574, there is mentioned as follow:
You can work a maximum of 20 hours per week throughout the year. A week begins on Monday and ends on the following Sunday.
Exceptions: Family members of the following students can work unlimited hours once the student starts their main course:

students enrolled in Masters by coursework (visa 573)
students enrolled in Masters by research or Doctoral degree (visa 574)
students studying a Masters by coursework, Masters by research or Doctoral degree, sponsored by AusAID or Defence (visa 576).
You cannot undertake work until the primary student visa holder has started their course in Australia.

I am so clear about that statement for unlimited work.
Is that mean student dependent of Sub Class 574 can work full time job?

Please help to answer if you have any idea about this.

Thank and Best Regards

aungsan - 5/20/11, 5:13 AM

Hi Andy,
Thanks a lot for the info..and It really valuable to me since I'm going to apply Aussie PR when I finish my Australian Engineering Degree in Sg.Keep it up bro!!!

YE LIN Oo - 3/24/13, 6:09 AM

Dear Bro,
We would like to know more updated information for Ausi PR, so can you give ur email address?
Thanks

Post a Comment

Many thanks for dropping a comment…

Film


Files