Wednesday, September 17, 2008

သားရဲ့ အရေပြား

သမီးလေး ငယ်ငယ်လေးတုန်းက သူရဲ့ အရေပြားလေးတွေက အင်မတန် နူးညံ့ပြီး ထိရက်စရာတောင် မရှိဘူး။ ပါးလေးတွေဆို နူးညံ့ပြီး အိစက်နေတာပဲ။ ဂုတ်သားလေးတွေက အင်မတိ အင်မတန်ကို နူးညံ့တာပါ။ ကျွန်တော်တို့ သိထားတဲ့ အရေပြားရဲ့ နူးညံ့ အိစက်ခြင်းတွေထက်ကို ပိုပါတယ်။ ကျွန်တော်က ကိုင်ကြည့်တော့ ယောက်ျား လက်နဲ့မို့ သမီး အရေပြားလေးတွေက နူးညံ့တယ် ထင်တာ ကလေးအမေကပါ အင်မတန် နူးညံ့ကြောင်း ဆိုလာတယ်။ အဖွားတွေကလည်း သမီးလေး အရေပြားလေးတွေက အရမ်းကို အိစက်နေတာပဲတဲ့။ တကယ့်ကို နူးညံ့တာပါ။ အဲလောက်ထိ နူးညံ့မယ် မထင်လောက်အောင်ကို ပါပဲ။

သားလေး ထူးမြတ်လင်း မွေးပြီးတော့ ကျွန်တော်တို့ သတိထားမိတာကတော့ သားရဲ့ အရေပြားက ယောက်ျား အရေပြားပါပဲ။ သမီးလို အိအိစက်စက် မဟုတ်ပါဘူး။ အနည်းငယ် ပိုထူပါတယ်။ နည်းနည်း ခြောက်ပါတယ်။ အရေပြားအောက်က အဆီနည်းပါတယ်။ သမီးလို နူညံ့ပေမယ့် တင်းတင်းရင်းရင်း ရှိသလိုမျိုး မဟုတ်ပါဘူး။ အမျိုးသမီးတွေက Estrogen ဆိုတဲ့ ဟော်မုန်း ပိုများလို့ ယောက်ျားတွေထက် အရေပြား ပိုနူးညံ့တယ် ဆိုတာတော့ ဖတ်ဖူးပါတယ်။ ဒါပေမယ့် ကလေးငယ်လေးတွေမှာတော့ မကွာလောက်ဖူး ထင်ထားတာ။ သားနဲ့ သမီးက အတော် ကွာပါတယ်။

သားလေး မွေးလာတော့ အပူဖုလိုမျိုးလေးတွေ ပါလာပါတယ်။ အရေပြားပေါ်မှာ အဖြူဖုလေးတွေ အနီဖုပါ။ Heat Rush ဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ သူတို့ရဲ့ ချွေးဂလင်းလေးတွေက ကောင်းကောင်း မဖွံ့ဖြိုးသေးတော့ မပွင့်ဘဲ ပိတ်နေလို့ပါ။ ကျွန်တော်တို့ကလည်း ဆောင်းတွင်း ဆိုတော့ ကလေး အေးမှာ စိုးလို့ လုံခြုံနေအောင် ထုပ်ထားတော့ ပိုဆိုးပါတယ်။ လေ၀င်လေထွက်ကောင်းပြီး အေးအေး သာသာ ရှိအောင် ထားရမှာပါ။ တော်သေးတယ် ရက်ပိုင်းအတွင်း ပျောက်သွားလို့။

သားကလည်း သာမန်ထက် အရေပြား ပိုခြောက်ပါတယ်။ ရက်သားကတည်းက သူ့ကို ကြည့်ပေး စစ်ပေးတဲ့ သူနာပြု ဆရာမတွေက အရေပြား ခြောက်တယ်တဲ့။ ဘာလိမ်းပေးရမလဲဆိုတော့ ဘာ Skin Care မှ မသုံးနဲ့ ဘယ် Moisturiser မှ မလိမ်းရပါဘူးတဲ့။ ကလေးငယ်လေးနဲ့ မတည့်မှာ စိုးလို့တဲ့။ Baby Oil တောင် ပေးမလိမ်းဘဲ Olive Oil လေး လိမ်းပြီး ပွတ်သပ်ပေးပါတဲ့။ သမီး မြတ်နိုးကို မွေးခဲ့တဲ့ စင်္ကာပူနဲ့ သား မြတ်လင်း ကို မွေးတဲ့ ဆစ်ဒနီကလည်း ရာသီဥတုက ပြောင်းပြန်လေ။ စင်္ကာပူမှာကတော့ Humidity ကများတယ်။ အပူချိန်က မြင့်တယ်။ သားလေးကို မွေးတုန်းက ဒီမှာ ဆောင်းတွင်းကြီးဆိုတော့ လေက ခြောက်သွေ့ပါတယ်။ အိမ်ထဲမှာလည်း Heater က ဖွင့်ထားတော့ ပိုဆိုးပါတယ်။

ထူးမြတ်လင်းတို့က ငယ်ငယ်ကတည်းက လူပျိုပေါက် ဖြစ်နေပြီ။ ငယ်ငယ်လေးနဲ့ ၀က်ခြံ ထွက်တယ်လေ။ သားက ခြေတွေ လက်တွေက အရေပြားက ခြောက်ပေမယ့် မျက်နှာက အရေပြားကတော့ အဆီများတယ် ထင်ပါတယ်။ ပါးနှစ်ဘက်မှာဆို နီရဲနေတာပဲ။ ဆရာဝန်နဲ့ သွားပြမှ ၀က်ခြံတဲ့။ Newborn Acne တဲ့။ အမေဆီက ဟော်မုန်းတွေက သားဆီ ရောက်နေလို့ ဖြစ်တတ်တာတဲ့။ သားက ငယ်ငယ်လေးနဲ့ သူ့လက်တွေကို ထိန်းချုပ်တတ်တော့ သူ့လက်နဲ့ သွားသွား ပွတ်တော့ ပိုဆိုးတယ်။ ကျွန်တော်တို့က Infection လိုမျိုး ထင်လို့ ဆေးတစ်ခုခုများ လိမ်းရမယ် ထင်တာ ဆရာဝန်က ဘာမှ မလိမ်းနဲ့ဆိုပြီး ဒီအတိုင်း ပြန်လွှတ်လိုက်ပါတယ်။ ၂ ပတ်လောက် ကြာတဲ့ အထိ မပျောက်တော့ နောက်တစ်ခေါက် သွားပြတော့ ကလေး အရေပြားလိမ်းတာ ပေးလိုက်တယ်။ အခုထိတော့ အကုန် မပျောက်သေးဘူး။

သားက အရေပြားနဲ့ ပက်သတ်ရင် စုံတယ်။ သမီးတုန်းက မဖြစ်တာတွေ အကုန်ဖြစ်တယ်။ ခေါင်းမှာလည်း ဂျီးဖတ်လိုတွေ အဖတ်လိုက် အဖတ်လိုက် စုပြီး ဖြစ်နေတယ်။ အရေပြားတွေက ကွာပြီး ခြောက်နေ ကပ်နေတာပါ။ Cradle Cap လို့လည်း ခေါ်တယ်။ သားက ဆံပင်လည်း သန်တော့ ပိုဆိုးတယ်။ ရေချိုးတဲ့ အခါ ရေနွေးနွေးလေးနဲ့ ပွတ်ပေးပြီး ဆေးပေးရတယ်။ နောက်သူ့အဖွား ပြောသလို သံလွင်ဆီလိမ်းပြီး နှူးထားပြီး ခဏနေမှာ ဘီးလေးနဲ့ ဖွဖွလေး ခြစ်ယူရတယ်။ သူ့အမေက နာမှာ စိုးလို့ ဖြည်းဖြည်း လုပ်ပေးတယ်။ အခုတော့ အတော် ရှင်းသွားပါပြီ။

သမီးတုန်းကလို မဖြစ်တာတော့ Diaper Rush/ Nappy Rush ပါ။ သမီးကတော့ အရေပြားလေးတွေက နူးညံ့လွန်းတော့ Nappy နဲ့ ပွတ်မိပြီး ပွန်းပြီး နီရဲနေတာပဲ။ သမီးတုန်းကတော့ Johnson က Diaper Rush Cream လေးပေးတော့ နည်းနည်း သက်သာပါတယ်။ Zinc Oxide ပါတဲ့ Cream ဒါမှမဟုတ် Petroleum ပါတဲ့ Vaseline လိမ်းပေးလို့ ရပါတယ်။ သားကတော့ ဘာမှ လိမ်းပေးစရာမလိုပါဘူး။ ဖြစ်လည်း မဖြစ်ပါဘူး။

သမီးတုန်းက နောက်တစ်ခု ဖြစ်တာ အရေပြား လှောင်တာပါ။ သမီး တစ်တစ်ရစ်ရစ်လေးလည်း ၀တယ်။ လည်ပင်းလေးကလည်း တိုပြီး ကပ်နေတော့ လည်ပင်းက အရေးပြားကြားလေးတွေကို သန့်ရှင်းရင် မရောက်ချင်ဘူး။ နို့စို့ရင် နို့တွေက ဖိတ်ရင်လည်း အဲဒီ ကြားထဲ ရောက်ရောက်သွားတတ်တယ်။ ပေါင်ဒါမှုန့်တွေနဲ့ မသန့်ချင် ဖြစ်တတ်တယ်။ တစ်ခါတစ်လေကျရင် အနံ့ မကောင်းချင်ဘူး။ ကလေးဆိုတော့ ကလေးနံ့ ထင်နေတာ။ နောက်တော့မှ အဲဒီလို ကပ်ကျန်နေတာကနေ ဖြစ်မှန်းသိတယ်။ သားကတော့ လက်ချောင်းလေးတွေ ကြားမှာ ဖြစ်တတ်တယ်။ သေသေချာချာ ဆေးပေး အခြောက်ခံပေးထားရတယ်။ သားက လက်ကိုလည်း စုပ်ပြီး လက်အိပ် ၀တ်ပေးထားတော့ လှောင်ပြီး ဖြစ်တတ်တာ။ သမီးငယ်ငယ်တုန်းက အဲဒီ အနံ့ရယ် သားလက်က အနံ့ရယ်ကို မိဘဆိုတော့လည်း စွဲလန်းပြီး မှတ်မိနေတယ်။ တကယ်ပါ။
(ဒီပို့စ်တွေကို ဖေဖေနဲ့ မေမေပေါင်းရေးတာပါ။)

တခြားဖတ်ရန် - 
ဘို တေဇောဘမ်း
သားရဲ့အီအီး

16 comments:

pp - 9/17/08, 10:19 PM

ကိုအန်ဒီရေ.. ဒီလိုပိုစ့်တွေကို သေချာသိမ်းထား။ မြတ်နိုးနဲ့မြတ်လင်းကြီးလာရင် ပြရအောင်။ :D

My Wonderful Moral Thoughts - 9/17/08, 11:58 PM

မြတ်နိုးလေးက ချစ်စရာ ကောင်းပါတယ်။ But Personally, နန္ဒာ့ အတွက်ဆို သားလေးက ပို Cute ဖြစ်သလိုပဲ။ သူ့ရဲ့ အကြောင်းလေးတွေ စောင့်ဖတ် နေပါတယ်။

Blog ပေါ်မှာ သတိထားမိတဲ့ ကလေး၃ယောက်က ကိုAndy ရဲ့ ကလေး၂ယောက်ရယ်၊
နားခိုရာ က ကလေးရယ် အမြဲ သတိထား မိတယ်။

Blog ပေါ်မှာ ကိုယ်မျက်စိ ရှေ့တင် ကြီးလာကြလို့ ၃ယောက်စလုံး သံယောဇဉ် ရှိမိတာ အမှန်ပဲ။

တနေ့ အပြင်မှာ လူခြင်းတွေ့အောင်လုပ်ရမယ်။

Please pass my big hug and kisses to both of them. X X X X

SMNTL

Anonymous - 9/18/08, 12:01 AM

Ur kids are very cute!

-kllk

May Moe - 9/18/08, 12:29 AM

ဒီ Post လေးဖတ်ရတာ အဖေ၊အမေ ရဲ့ ချစ်ခြင်းတွေလွှမ်းနေလို့ ဖတ်ရတာ ပိတိ ဖြစ်မိပါတယ် အကိုနဲ့ အမရေ။
နောက်ပြီး မသိသေးတဲ့ ကလေးနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေလည်း သေချာမှတ်သားသွားပါတယ် ။ ကျေးဇူးပါ။ :)

Taungoo - 9/18/08, 12:34 AM

ကိုအန်ဒီက ခေါင်းစဉ်ကသာ သားတပ်ထားတာ သမီးအကြောင်းကလဲ တစ်ဝက်လောက်ပါတယ်။ မြတ်လင်းက ဝတုတ်နေတာပဲ။ ကိုအန်ဒီမခံချင်အောင်ပြောဦးမယ်။ သားသားက ကြီးလာရင် သမီးထက် ပိုချောမယ်ထင်တယ်။

မေတ္တာဖြင့်

မိုးချိုသင်း - 9/18/08, 2:02 AM

သားနဲ့သမီးရဲ့ ဖေဖေ မေမေတို့ရေ
မိဘမေတ္တာနဲ့ ရေးထားတဲ့ ပို့စ်လေးပါပဲ။ ကိုယ့်သား ကိုယ့်သမီးဆိုတော့ အသေးစိတ်ကလေးကအစ သတိပြုမိနေတာပဲနော်။ ဖတ်ရတာ စိတ်ချမ်းသာဖို့ ကောင်းပါတယ်။

Anonymous - 9/18/08, 2:44 AM

တိုက်ဆိုင်လို့ Gtalk မှာ အမကို offline message ချထားတာလေးတွေ ကော်ပီကူးတင်လိုက်တယ်။ :D

ND: အမ ခလေးကို ဂတုံး တုံးထားတယ်
ခလေးရယ်နေတဲ့ နှုတ်ခမ်းလေးက ပေါ်ဦးသက်ပန်းချီထဲက ကလေးအရုပ်နဲ့တူတယ်နော်အမ
အပေါ်ကို ကော့တက်ပြီး မျက်လုံးတွေပါ လိုက်ရယ်နေတာ
သူ့ပုံကြည့်ပြီး ကိုယ့်ဘာသာကိုယ် ရယ်တာ ပြုံးတာ အသက်မပါဘူးထင်မိတယ်
အမ အပူအစပ်တွေစား လို့လား အသားပတ်လို့လား မသိဘူး
ကလေးမျက်နှာမှာ အရေခွံတွေ နီနေတယ်
Sent at 8:18 PM on Wednesday

ND: အမ အိပ်နေဘီနဲ့တူတယ်
သမီး ညနေက ကလေးမျက်နှာ အသားကို ကြည့်ပြီးပြောတာ
အခု အကိုကလည်း ရေးထားတယ်
တိုက်ဆိုင်လိုက်တာ
း)
Sent at 12:38 AM on Thursday

ND

Nu Thwe - 9/18/08, 3:27 AM

အပေါ်ဆုံးပုံက သမီးလေး မဟုတ်လား။ ပြူးတူးပြဲတဲ စူးစမ်းနေပုံလေးက ချစ်စရာ ကောင်းလိုက်တာ။ သူတို့ ဓာတ်ပုံလေးတွေ ကုန်အောင် မကြည့်ရသေးဘူး။ နှမျောလို့ မျှင်းကြည့်နေတား)

သားလေးကို ကတုံးတုံးပေးတော့ လက်တွေ တုန်မနေဘူးလားဟင်။ ကလေးတွေက သူတို့ ဆံပင်ကိုင်ရင် ကြိုက်တာ မဟုတ်ဘူး။ လှုပ်ရွနေမလားလို့။ အသည်းယားစရာပဲ။

A Linn Nyi - 9/18/08, 3:28 AM

သားသားလေးက သူမနဲ့ ပိုတူတယ်။ အဲဒီ အပေါ်က ဦးထုပ်အနားပတ်အနီလေးနဲ့ ပုံက အရမ်းတူတာပဲ။ ကလေးလေးတွေ နှစ်ယောက်လုံးချစ်ဖို့ကောင်းတယ် :-)

မြရွက်ဝေ - 9/18/08, 9:35 AM

ကိုလူပျို့အကြောင်း မျှော်နေတာကြာပေါ့။
ဝက်ခြံထွက်နေတဲ့ မျက်နှာလေးက ချစ်စရာလေး။ အနားမှာရှိရင် အဲဒီပါးဖောင်းဖောင်းကို ညှစ်မိတော့မယ်။

nu-san - 9/18/08, 1:54 PM

မနေ့ကတည်းက ကိုလူပျို ကတုံးတုံးထားတဲ့ပုံတွေ အိမ်က စက်ထဲမှာ download လုပ်ထားပြီးသွားပြီ။ အရမ်းချစ်ဖို့ကောင်းတယ်.. သားလေးကိုလည်း ဓာတ်ပုံထဲက ကြည့်ပြီး ချစ်နေရတာပဲ.. မြတ်နိုးတုန်းကလည်း အဲဒီလိုပဲ.. သူတို့လေးတွေ အရွယ်ရောက်လာရင် ဒီပို့စ်လေးတွေဖတ်ပြီး ကြည်နူးမိမှာ... အမတောင် အောက်ဆုံးက စာလေးဖတ်မိတော့ ကြည်နူးမိတယ်.. အားကျတယ်.. တစ်ယောက်လောက်ပေးပါလား.. :D

မဇနိ - 9/18/08, 4:28 PM

သမီးလေလည်း ချစ်တယ် သားလေးလည်း ချစ်တယ်
အားကျတယ် နှစ်ယောက်လုံးပေးပါ့လား.. :D

Andy Myint - 9/18/08, 9:16 PM
ကြီးလာလို့ ဖတ်တတ်ပြီး သိတတ်ရင်တော့ အမောပြေပါပြီ PP ရယ်

ဟုတ်တယ် သားလေးက ပိုချစ်စရာကောင်းတယ် ပြောကြတယ် ညီမနန္ဒာ။ အပြင်မှာ တွေ့ရင် ပိုချစ်ဖို့ ကောင်းမှာ။ Thanks for your care and hug :)

Thanks, KLLK

သေချာ မှတ်ထားနော် ညီမ မေမိုး

ဟီးဟီး တောင်ငူသားကလည်း သားရော သမီးရော အတူတူ ချစ်တာကိုး... :D

ကျေးဇူးပါ မမိုးချိုသင်းရေ... အဲဒါတော့ အမှန်ပဲ ကိုယ့်သားသမီးဆိုတော့ အကုန် စိတ်ထဲမှာ ရှိနေတယ်။ သူ့အမေက ပိုမှတ်မိတယ်။ ကျွန်တော်က နည်းနည်းပါ ဟဲဟဲ

ညီမ ND ရေ... ဟုတ်တယ်.. ပေါ်ဦးသက်ရဲ့ အဲဒီလို ပုံတွေ တွေ့ဖူးတယ်။ ဟုတ်ပ အဲဒီ အတိုင်းပဲ။ အိမ်တွင်းမှာ Heater ဖွင့်လို့ အပူများတာ ညီမရေ။ သမီးတုန်းက ဆံပင် ကျဲတာ အစပ်စားလို့လို့ ကျွန်တော်က ပြောလို့ အခုဆို နို့လည်း တိုက်နေတော့ အစပ်တော့ လျှော့စားပါတယ်။ ဒါပေမယ့် မရဘူး။ ညီမက ဓါတ်ပုံတွေက အသေအချာ ကြည့်တာပဲကိုး :)

ဟုတ်တယ် အစ်မ နုသွဲ့။ သမီး ၄ လသားတုန်းက ပုံလေ။ ကတုံးက စင်အောင် မတုံးရသေးပါဘူး။ ကတ်ကြီးနဲ့ ညှပ်ပေးထားတာပဲ ရှိသေးတယ်။ ခေါင်းမှာ အနီဖုလေးတွေ ရှိနေတော့ စပ်မှာ ဆိုးလို့လေ။ ကျွန်တော် နှုတ်ခမ်းမွှေး ရိတ်တဲ့ Gillette ကို ဓါးအသစ် ပြောင်းပြီး ရိတ်တော့ အစဉ်ပြေပါတယ်။ သမီးတုန်းကလည်း အိပ်နေတုန်း လုပ်တာလေ။ အိပ်ချင် မူးတူးဆိုတော့ ငြိမ်ပါတယ်။

သမီးက အဖေနဲ့ တူပြီး သားက အမေနဲ့ တူရင် တိုးတက်တယ်တဲ့.. အဟီ အလင်းညီရဲ့။ ကျေးဇူး။

ကိုလူပျိုကတော့ ပြောမနေနဲ့ တကယ်ကို လူပျို ဖြစ်နေပြီ မမြရွက်ဝေရေ။

သမီးပြီးတော့ သားရောပေါ့ မနုစံ။ အမှန်ကလေ အဲဒီအနံ့လေးတွေကို အိပ်မက်တောင် မက်တာ။ အဲဒီလောက် ရေးရင် ပိုတယ် ထင်မှာ စိုးလို့ ထည့်မရေးတာ။ ဟီးဟီး ပေးတော့ အပေးနိုင်ဝူး။

တိန်.. မဇနိက နှစ်ယောက်တောင် တောင်းနေပါလား။ နေ့တိုင်း လာလာ ထိန်းပေနေရရင် တော်ရောပေါ့ :)
PTi - 9/19/08, 2:39 AM

သမီးလေးရော သားလေးပါ ချစ်စရာလေးတွေ။း)

phyophyo - 9/19/08, 12:52 PM

Hi Ko Andy,

so cute 2 of ur babies and i keep on reading your old posts related with your 2 babies.

Andy Myint - 9/22/08, 10:14 PM
Thx PTi

Thanks Phyo Phyo

Post a Comment

Many thanks for dropping a comment…

Film


Files