Sunday, September 21, 2008

ကလေး တစ်ယောက်ရဲ့ ကောင်းကင်

သားလေး မွေးစမှ လေးလအထိ မှတ်တမ်း တင်ထားတဲ့ ဗွီဒီယို တချို့ကို တဆက်တည်း ကြည့်ရအောင် လုပ်ထားလိုက်တယ်။ နည်းနည်းလေးတော့ ရှည်တယ်။ ပထမ လုပ်ထားတာ ၁၂ မိနစ်လောက်ပါ။ နောက်တော့ YouTube က လက်မခံလို့ ၁၀ မိနစ်အောက်ရအောင် ပြန် တည်းဖြတ်ရတယ်။ နောက်ခံ သီချင်းအတွက် ဇော်ဝင်းထွဋ်ရဲ့ “ကောင်းကင် မေမေ” သီချင်းကို မနည်း ရှာယူလိုက်ရတယ်။ တွေ့တော့ Flash ဖြစ်နေလို့ SWF ကနေ MP3 Extract လုပ်တာ မအောင်မြင်လို့ Playback လုပ်ပြီး Record ပြန် လုပ်ရတယ်။ သူများပါ ကြည့်လို့ ရအောင် တည်းဖြတ်ရတာ ဆိုတော့ နည်းနည်း စိတ်ရှည်ရတယ်။ ဒီ ၁၀ မိနစ်စာလေးကို လုပ်တာ အားလုံပေါင်း ၆ နာရီ ၇ နာရီ ကြာတယ်ဆိုရင် ယုံမှာ မဟုတ်ဘူး။ အားလုံး ပြီးလို့ ပြန်ကြည့်တော့ ကျေနပ်ပါတယ်။ သားလေးရဲ့ တိုးတက်လာပုံကို တဆက်တည်း ကြည့်ရတော့ သိသာတယ်။ မှတ်တမ်း အခွေတွေမှာ သစ်ပင်လေး ပေါက်လာပုံကို အမြန် ရိုက်ထားသလိုပဲ။ မျက်စိရှေ့မှာတင် ကြီးလာတာ ဗွီဒီယို ပြန်ကြည့်မှပဲ အသေအချာ မြင်ရတော့တယ်။ သားက ဂူးဂူး ဂဲဂဲ ပြောတတ်လာတယ်။ သားက အပြုံးချိုတယ်။ သမီးတုန်းက အတော်ကြီးမှ ပြုံးတတ်တာ။


14 comments:

khaing - 9/23/08, 11:23 AM

Yeah... really can see progress within 4 months.He is so cute too... I like his smiles and Myat Noe's post with yellow dress so much. :)

Since Myat Noe was born, I read your blog although i never leave comment. feel that I already know them very well.
Hope one day, I can meet them personally.

I check ur blog every day for new post. (pls write more..including old flames :P)

My Wonderful Moral Thoughts - 9/23/08, 11:23 AM

၁၀ မိနစ် အချိန်ပေး ကြည့်သွားပါတယ်။

ပေးလိုက်ရတဲ့ အချိန်တန်တယ်။ သားလေးက Soooooooo CUTE!!

အပြစ်ကင်းစင်တယ် ဆိုတာ ဒါကိုခေါ်မယ်ထင်တယ်။ :))

ဒီကလေးလေး စကားပြောတတ်ရင် စကားတော်တော် ပြောမယ့်ပုံ။

Again Soooo CUTE!!!

SMNTL

PP - 9/23/08, 12:42 PM

သားက သမီးထက် ပိုအစားကြီး၊ ပိုစကားများ၊ ပိုပြီးသွက်မယ့်ပုံပါပဲ။ ဘာပဲဖြစ်ဖြစ် ဒါလေးတွေက ကလေးတွေအတွက် မိဘတွေရဲ့ချစ်ခြင်း
Diary တွေပါပဲ။ ကြည်နူးမိပါတယ်။

sandar - 9/23/08, 1:09 PM

လေးလတောင်ရှိပြီ မြန်လိုက်တာနော်။ ချစ်ဖို့ကောင်းလိုက်တာ၊ မျက်နှာချိုတယ်။ သားလေးကို အရမ်းးးချစ်တယ်
ကျွန်မလည်း သားလေးတစ်ယောက်လောက် အရမ်းလိုချင်နေမိတယ်။

ကိုဇနိ/မဇနိ - 9/23/08, 2:30 PM

ကိုအန်ဒီရေ မဇနိနဲ့ကျနော် မင်းသားလေးကို နှစ်ယောက်အတူတူကြည့်နေတာ ...မင်းသားလေးက အတော်ပြုံးတတ်တာပဲ...နောက်မှာ မင်းသမီးလေးက ပါပါလာသေးတယ်...မင်းသမီးလေးကလည်း ချစ်ဖို့ကောင်းတာပဲ.....
ပျော်ရွှင်စရာ မိသားစုဘဝကို ထာဝရ ပိုင်ဆိုင်ပါစေဗျာ

မိုးချိုသင်း - 9/23/08, 4:25 PM

တကယ့်ကို ကလေးပီသတဲ့ မျက်နှာချိုတဲ့ ကလေးလေးပဲ။ ကိုAndy မြှူသလို happy babyလေးပါပဲ။ စကားစောစော ပြောမဲ့ပုံ။ အမေနဲ့တူလို့လား မသိ၊ အတော် ချောပါ၏။ :P

nu-san - 9/23/08, 7:06 PM

Andy ရေ..သားလေးရဲ့ ပထမဆုံး ဗွီဒီယိုလေးလားမသိဘူးနော်.. ချစ်ဖို့ကောင်းလိုက်တာ။ သားလေးက မျက်နှာချိုတယ်။ စကားပြောလိုက်ရင် သူ့ကို ပြောနေတယ်ဆိုတာ ကောင်းကောင်းသိတယ်နော်.. :) အမတော့ ခွေကြည့်ရင်းက မြတ်နိုးလေး အင်္ကျီချွတ်လေးနဲ့ပြေးဝင်လာပြီး တခစ်ခစ်ရီတာ သဘောကျမိသေးတော့တယ်.. မြတ်နိုးက အခုဆို တော်တော်ဆော့နေပြီပဲ။ တကယ်ကို ဗွီဒီယိုလေး ကြည့်ပြီး ကြည်နူးမိပါတယ် ကလေးတို့ ဖေဖေနဲ့ မေမေရေ.. :)

May Moe - 9/23/08, 7:07 PM

သားသားလေး မျက်နှာက ကြည်ပြီးချိုနေတာပဲ ။ အပြစ်ကင်းလိုက်တာ အိမ်ချင်းနီးရင် တကယ် ခေါ်ထိန်းပါတယ် သားသားကောမီးမီးကော :D

TZA - 9/24/08, 3:35 AM

ကြည်နူးရတဲ့ ၁၀ မိနစ်ပါ။

PTi - 9/24/08, 4:06 AM

ချစ်စရာလေး... ကြည်နူးအားကျမိပါတယ်.. :D

star - 9/24/08, 12:39 PM

အရမ်းကို ကြည်နူးအားကျမိပါတယ်။ ကိုအန်ဒီတို့မိသားစု ကံကောင်းလိုက်တာနော်... သားသမီးလဲပြည့်စုံ.. ကောင်းလိုက်တာ။ အားကျတယ်။

June - 9/24/08, 11:31 PM

so cute babies !!!!! i miss my dad and my mom.Bro! i always visit u's blog. thank u very much for u's all posts.

Dr. Nyan - 9/25/08, 9:48 AM

အားကျလာပြီနော်..သားသားလေးလိုချင်လာပြီ။

Andy Myint - 9/25/08, 10:51 PM
Thanks, Ma Khaing. They both are really getting progress. It is quite relaxing for us. We have to monitor them each and every second. Yah.. it would be really great if you can meet our kids. Oh yeah.. I will be writing few posts about old flames too.. :)

Thank you soooooo much, Sis SMNTL. အင်း ကလေးပေါက်စလေးတွေက အဲလိုပဲ စကားအရမ်းပြောချင်တာလေ။ သားမှ မဟုတ်ပါဘူး။ တခြား ကလေးတွေဆိုလည်း အဲဒီလိုပဲ ညီမရေ။

ဟုတ်တယ် PP သားက ငယ်ငယ်ကတည်းက နားလည်တဲ့ ပုံပြနေပြီ။ သမီးတုန်းက နည်းနည်းနှေးတယ်။ အခုတော့ သမီးလည်း မနိုင်တော့ဘူး။ တတ်လွန်းလို့။ သားလည်း သမီးအရွယ်ကျရင် ပိုတတ်မှာ သေချာတယ်။ သူ့အစ်မဆီကနေ သင်ပြီး ငယ်ငယ်နဲ့ တတ်နေမှာလေ။ ကောင်းပါတယ် နှစ်ယောက်စလုံး အရွယ်တူတော့ အဖော်ရတာပေါ့။

ဟုတ်တယ် မစန္ဒာ။ ကျွန်တော်တို့တောင် သတိမထားမိဘူး စိတ်ထဲမှာ ၁လ ၂လ လောက်လိုပဲ။ အစ်မ သမီးရော တော်တော် အရွယ်ရောက်နေပြီပေါ့။ သားလေးက အငယ်လည်းဖြစ် မျက်နှာလည်း ချိုတော့ အချစ်တွေ ပိုရဦးမယ်။

မင်းသားလေးက ဖိုးပြုံချိုလေ ကိုဇနိနဲ့ မဇနိ။ မင်းသမီးလေးကလည်း မြင်တဲ့ အတိုင်းပဲ ဘရုတ်ကျနေပြီ။ နောက်တော့လည်း ဇနိတို့ အလှည့်ပေါ့။ သား ၂ ယောက် သမီး ၂ ယောက်လောက် မွေးပစ်လိုက် ဟီးဟီး

သားက လူမှုဆက်ဆံရေး တော်တော် ရနေပြီလေ မချိုသင်း။ သူကို့ ဒီက လူတွေကလည်း တွေ့ရင် Happy Baby လေးတဲ့။ သူ့ကို ကြည့်လိုက်ရင် ပြန်ပြုံးပြတတ်တယ်။ ဟီးဟီး.. ဟုတ်တယ် တော်သေးတယ် အမေနဲ့ တူပြီး ချောလို့။ အဖေတူ သမီးလေးကတော့ မချောရှာဘူး။ သနားပါတယ်။ ဟီးဟီး။ သားက အမေနဲ့ တူပြီး သမီးက အဖေနဲ့ တူရင် ကောင်းတယ်ဆိုပဲ။

ဟုတ်တယ် မနုစံ။ နည်းနည်း နည်းနည်း ရိုက်ထားတာတွေကို ပြန်ပေါင်းထားတာလေ။ သားက အရမ်း မျက်နှာချိုပြီး သူ့ကို စကားပြောရင် ကြိုက်တယ်။ ပြန်ပြောတယ်။ ဒါပေမယ့် တစ်ယောက်တည်း ပုခက်ပေါ်မှာ ထားရင် ပျင်းလို့ အော်ခေါ်နေရော။ လူပေါ်မှာ နေရတာ။ သူနားမှာ လူတစ်ယောက်ယောက် ရှိမှ နေတတ်တယ်။ `ဒီကောင် အတော် ပျင်းတတ်တဲ့ကောင်။ ကြီးလာရင် မလွယ်ဘူး။ မိန်းကလေး တစ်ယောက်လောက် သူ့အနားမှာ ရှိမှ နေပျော်မယ့်ပုံ´ လို့ ကျွန်တော်တို့ နှစ်ယောက်က ပြောနေကြတာ ဟားဟား။ သမီးကတော့ ပြောမနေနဲ့။ အရမ်းကို မျက်နှာ ပြောင်တတ်နေပြီ။ မျက်နှာထား မျိုးစုံ လုပ်တတ်တယ်။ သားကိုလည်း အရမ်းချစ်တာ။

ကျွန်တော်တို့လည်း အဲဒီလို အိမ်နီးနားချင်းတွေ လိုချင်သား ညီမ မေမိုးရေ။ ကျွန်တော့် ညီအငယ်ဆုံး ငယ်ငယ်တုန်းက ဆိုရင် ဟိုတစ်ယောက်က လာထိန်းလိုက် ဒီတစ်ယောက်က ခေါ်သွားလိုက်နဲ့ အိမ်က လူတွေက သိပ်ထိန်းစရာ မလိုဘူး။ ညီမတို့လိုမျိုး အနားမှာ ရှိနေရင် ကောင်းမှပဲ ကျွန်တော်တို့လည်း သက်သာတာပေါ့ ဟီးဟီး။

ကြည့်ပြီး ကြည်နူးရတယ်ဆိုလို့ အချိန်ယူ လုပ်ရကျိုး နပ်တာပေါ့ ကိုTZA။ ကြည်နူးနေရုံနဲ့ ရပ်မနေနဲ့ဗျို့။ ကိုယ်ပိုင်နဲ့ဆို ပိုကြည်နူးရတယ်။

ပီတိ ဖြစ်ရပါတယ် ကိုပီတိ။ အားကျရင်လည်း လုပ်လေဗျာ။

Thanks, June :) Ya.. everyone feels thankful to parents when we see how others take care of their babies. We imagine that our parents must have done like that when we were young.

သားလေးတစ်ယောက်လောက် ထပ်ယူပါလား ဒေါက်တာဉာဏ်။ ဆရာတို့ သမီးလေးကလည်း အတော် အရွယ်ရောက်ပြီး အရမ်းကို သွက်လက် ချစ်စရာ ကောင်းနေပြီ်။ ကလေးတွေ ကံကောင်းတယ်နော်။ သင်ယူရမည့် အချိန်မှာ ဂျပန်လို နိုင်ငံကို ရောက်နေလို့။

Post a Comment

Many thanks for dropping a comment…

Film


Files