Friday, September 12, 2008

ဘလော့ဂ်သားလေး (Micro-blogging)

Micro-blogging ဆိုတော့ အသေးစား Blogging ပေါ့။ စာနည်းနည်းလောက်ကိုပဲ Publish လုပ်တာမျိုးပါ။ လူတွေက ကိုယ့်အတွေးတွေကို Express လုပ်ချင် ကိုယ်ကြိုက်တာလေးတွေကို ဝေမျှချင်ကြပါတယ်။ သတင်းတွေကို ပြန်ဖြန့်ချင်ပါတယ်။နောက်ကွယ်မှာလည်း မတူညီတဲ့ ရည်ရွယ်ချက်တွေ ရှိကောင်း ရှိနိုင်ပါတယ်။ Professional ဆန်ဆန် ရေးသားပြီး Publish လုပ်တာမျိုး မဟုတ်ဘဲ ရရာ နည်းလမ်း တစ်ခုခုနဲ့ အများ (ဒါမှ မဟုတ်) ကိုယ့် အသိုင်းအ၀ိုင်း သိအောင် လုပ်တာပါ။

ကျွန်တော် ဒီဘလော့ဂ် မလုပ်ခင်က Micro-Blogging ဆန်ဆန် တစ်ခု လုပ်ပါသေးတယ်။ အဲဒီတုန်းက Mirco-blogging ပါလားလို့ သတိတောင် မထားမိပါဘူး။ Google Talk ရဲ့ Status မှာ သတင်း (ဒါမှမဟုတ်) ကိုယ်ကြိုက်မိတဲ့ Web Site တို့ ဘလော့ဂ် တစ်ခုခုရဲ့ Link ကို ပြောင်းထားတာပါ။ တစ်ခါတစ်လေ တစ်ယောက်ယောက်ရဲ့ Quote တစ်ခုခုလည်း ဖြစ်ချင် ဖြစ်မယ်။ အာဇာနည်နေ့ လိုမျိုးဆိုရင် GTalk ပုံမှာ အလံလေး ပြောင်းထားမယ်။ ဒါမျိုးလေးတွေပါ။ ဒါဟာ တကယ်တော့ Micro-Blogging ပါပဲ။

Micro-Blogging အတွက် တရားဝင် လူသိအများဆုံးကတော့ Twitter ပါပဲ။ Twitter က ကိုယ်အခု ဘာလုပ်နေတယ်၊ ဘာဖြစ်နေတယ်၊ ဘယ်ရောက်နေတယ် ဆိုတဲ့ Status တွေ Update လုပ်နေလို့ ရပြီး ကိုယ့်ကို လိုက်ကြည့်နေတဲ့လူ (Follower) တွေက ကိုယ့် အခြေအနေကို သိနိုင်တယ်။ ဒီလိုမျိုးပါ။ မထင်မှတ်ထားဘဲ Twitter က အတော့်ကို နာမည်ကြီးသွားပါတယ်။ စီးပွားရေး၊ လူမှုရေးတွေမှာပါ သုံးလာပါတယ်။ အခုရက်ပိုင်း အတွင်းမှာ TechCrunch 50 (TC50) မှာ ဆုရသွားတဲ့ Yammer ကလည်း Twitter လိုမျိုးပါပဲ။ သူကတော့ အလုပ်ထဲမှာ သုံးဖို့ပါ။ Enterprise Version ပေါ့။ Twitter က What are you doing? ကို ဖော်ပြတယ် ဆိုရင် Yammer က What are you working on? ကို ပြတာပါ။ ကျွန်တော်တို့ Department မှာ အစမ်း သုံးဖို့ လုပ်နေပါပြီ။

Apple ရဲ့ MacWorld တို့၊ CES (Consumer Electronics Show) တို့လို Conference တွေ Expo တက်တဲ့ ဘလော်ဂါတွေက အဲဒီပွဲတွေ အကြောင်းကို Live Blogging ရေးကြပါတယ်။ အခုတော့ ဘာတွေ ဖြစ်နေပြီ၊ ဘာတွေ ပြနေပြီဆိုပြီး Laptop တွေနဲ့ ချက်ချင်း ဘလော့ဂ်ကြတာပါ။ မနှစ်က မြန်မာ ဘလော်ဂါတွေ ရန်ကုန်မှာ ပွဲလုပ်တုန်းကလည်း Live Blogging လုပ်ကြပါတယ်။ Apple လိုမျိုး လျှို့ဝှက်တတ်တဲ့ ကုမ္ပဏီက ပစ္စည်းအသစ် ကြော်ငြာတဲ့ ပွဲမှာ Live Blogging လုပ်ချင်တဲ့ ဘလော်ဂါတွေ၊ Steve Jobs ကြီး ပြောသမျှကို ချက်ချင်း Internet ပေါ် တင်ချင်တဲ့ CNet တို့လိုက သတင်းထောက်တွေအနေနဲ့ Micro-Blogging ကို အသုံးချကြပါတယ်။

မြန်မာ ဘလော့ဂ် လောကမှာ နာမည်ကြီး နိုင်ငံရေး ဘလော်ဂါ နှစ်ယောက် သုံးယောက်ကလည်း Mirco-Blogging လုပ်ကြပါတယ်။ သူတို့က CBox တွေကို သုံးပြီး အဲဒီမှာ အချိန်နဲ့ အမျှ Update လုပ်နေတာပါ။ `ချီတက်နေတဲ့ သူတွေ မြေနီကုန်း ရောက်နေပြီ´တို့၊ ဘယ်မှာတို့ ပစ်လို့ လူဘယ်နှယောက် ထိသွားတယ်တို့ကို CBox မှာ ရေးထားကြတာပါ။ မြန်မာပြည်မှာ လှုပ်လှုပ် လှုပ်လှုပ် ဖြစ်တုန်းက သူတို့ CBox တွေကိုပဲ တစ်ကမ္ဘာလုံးက မြန်မာတွေက သောင်းနဲ့ ချီပြီး စောင့်ကြည့်နေရတာပါ။

လူတော်တော်များများက စာရေးချင်ပါတယ်။ သီအိုရီ ဆန်ဆန် ပြောရမယ်ဆိုရင် Express လုပ်ချင်ပါတယ်။ ဒါပေမယ့် Quality Content တွေကို တစိုက်မတ်မတ် ရေးဖို့ အချိန် မပေးနိုင်ကြပါဘူး။ ကိုယ့်ရဲ့ အဖိုးတန် အချိန်လေးကို ဖဲ့ မပေးချင်ကြပါဘူး။ နည်းပညာနဲ့ အလှမ်းဝေးလို့ Blog တစ်ခု ထောင်ဖို့ ထိန်းသိမ်းဖို့ မလွယ်ကြပါဘူး။ အဲဒီလို လူတွေ အတွက် Mirco-Blogging က အထူး သင့်တော်ပါတယ်။

Micro-Blogging အတွက် Tubmlr ကို ညွှန်းလိုပါတယ်။ သူက Tumblelog (Tlog) အတွက် အထူး ကောင်းပါတယ်။ Tumblelog ဆိုတာလည်း Blog အမျိုးအစား တစ်ခုပါပဲ။ Blog နဲ့ ဘာကွာလည်း ဆိုတော့ သူက ကိုယ့်ရဲ့ ဖန်တီးမှု အနုပညာ (ပန်းချီ၊ ဓါတ်ပုံ၊ ကဗျာ) တွေ၊ ကိုယ့်ရဲ့ ခံစားချက်တွေ၊ ရှာဖွေ တွေ့ရှိထားချက်တွေကို Commentary (ရှင်းလင်းချက် မှတ်စု) တွေ ဘာတွေ မပါဘဲ တင်ပြတာမျိုးပါ။ မောင်တိန်ရဲ့ Imaginary Clouds No2 ဆိုရင် Tumblr လိုမျိုးနဲ့ မြင်ကြည့်ချင်ပါတယ်။ Tumblr က ဒီဇိုင်းတွေ Layout တွေကို ကိုယ့် စိတ်ကြိုက် ပြင်လို့ မရပေမယ့် Web 2.0 ဆန်ဆန် အင်မတန် ကြည့်လို့ကောင်း သုံးလို့ ကောင်းပါတယ်။ နာမည်ကြီး Tumblr တွေလည်း အများကြီး ရှိပါတယ်။ မြန်မာ Tumblr တွေကိုလည်း မျှော်လင့်မိပါတယ်။

ကျွန်တော့် ဘလော့ဂ်မှာ Micro-Blogging section တစ်ခုကို ထပ်ထည့်ထားတာကိုတော့ Side Blogging လို့ ဆိုပါတယ်။ ကျွန်တော်က ပင်မ ဘလော့ဂ်မှာ စာရေးတဲ့ အခါ အချက်အလက်တွေကို စုပြီး Post တစ်ခုထဲမှာ စုံစုံလင်လင် ရေးလိုက်ချင်တော့ Post တစ်ခုခု ထွက်ဖို့က မလွယ်ပါဘူး။ တစ်ခါတစ်လေ အချက်အလက် မခိုင်လုံလို့၊ မပြည့်စုံလို့၊ ထပ်ပြီး မလေ့လာချင်တော့လို့ မရေးဖြစ်လိုက်တာတွေလည်း အများကြီးပါ။ တစ်ချို့ကတော့ Blog မှာပဲ ဒီအတိုင်းပဲ တိုချင် တိုပါစေ ရေးလိုက်တာပဲ။ ကျွန်တော်လည်း အဲဒီလိုမျိုး ရေးချင်လာတဲ့ အတွက် နောက်ထပ် Blog တစ်ခု ထပ်မဖွင့်တော့ဘဲ Side Blogging အနေနဲ့ ကဏ္ဍ တစ်ခု ဖွင့်လိုက်တာပါ။ ပေါ့ပေါ့ ပါးပါး၊ တိုတိုတုတ်တုတ် ရေးချင်တာတွေကို Side Blogging မှာ ရေးလို့ ရသွားပါပြီ။ ဘလော့ဂ်သားလေး တစ်ခု မွေးဖွားလိုက်တာပေါ့။ မော်လမြိုင်က သူတွေလိုပဲ `သားလေး´ ဆိုတာကို `သေးသေးလေး´ ယူယူ၊ ပင်မ ဘလော့ဂ်က `မိန်းမ´ Side Blogging က `သားသမီး´တွေလိုပဲ အဓိပ္ပါယ် ယူယူ နှစ်ခုစလုံးကတော့ မှန်နေတာပါပဲ။

Side Blogging အတွက် အစကတော့ Twitter နဲ့ လုပ်မလို့ပါပဲ။ Twitter ကို အစမ်း သုံးကြည့်ပြီး RSS ကို Yahoo Pipes မှာ သုံးတာ အဆင်မပြေတာနဲ့ မသုံးဘဲ ပစ်ထားလိုက်တာပါ။ အခုတော့ Pownce ဆိုတာကို သုံးထားပါတယ်။ သူက Twitter လောက် နာမည် မကြီးပေမယ့် Digg ကို ထောင်တဲ့ သူ လုပ်ထားတာပါ။ RSS က အဆင်ပြေတာနဲ့ လောလောဆယ် Pownce ကို အစမ်း သုံးထားကြည့်ပါတယ်။ တကယ် ကြိုက်တာကတော့ Tumblr ပါ။ သူက RSS မှာ Format ပါ တစ်ခါတည်း ပါနေလို့ ကိုယ့် စိတ်တိုင်းကျ ပြင်လို့ မရမှာစိုးလို့ Pownce ကို ရွေးလိုက်ပါတယ်။

9 comments:

khin oo may - 9/13/08, 12:53 AM

အခုလောလောဆယ် အခြေ အနေ မှာတော. ဘလော.ရဲ. Recent နဲ.လောက်ဘဲ လိုအပ် အသုံးငင် ပါသေးတယ်။ ဗဟုသုတ ကို မျှ တတဲ.အ တွက် တော. ကျေးဇူးပါ။

MyowinZaw - 9/13/08, 1:45 AM

ကောင်းတယ်ဗျာ ရှယ်ယာလုပ်ပေးတဲ့အတွက်ကျေးဇူးဘဲ

Anonymous - 9/13/08, 2:55 AM

မှတ်သားသွားပါတယ် ဆရာ။ share တာ ကျေးဇူးပါ။

Nu Thwe - 9/13/08, 9:14 AM

ရခိုင်လို ခေါ်ရင် ဘလော့ဂ်ချေ (ဘလော့ဂ်ရှေ) ပေါ့လေ။
အီးအိုတီ လုပ်ကြည့်တာ မအောင်မြင်ဘူး ဖြစ်နေတယ်။ ကိုမောင်လှနည်းရော၊ ကိုရန်အောင်နည်းရော စမ်းပြီးပြီ။ ကယ်ကြပါဦး။ ကျမက နည်းနည်း ဒုံးဝေးတယ်။ အလွယ်ဆုံး website (either in English or in Myanmar language) ကိုသာ ညွှန်းပေးပါ။ ကျေးဇူးပါ။

imaginary clouds no 2 - 9/13/08, 12:08 PM

အန်ဒီရေ လင့်လုပ်ပေးတဲ့ အတွက် ကျေးဇူးပဲ ။ ဘလော့ အမျိုးအစားတွေအကြောင်းအခုမှသိရပါတယ် ။ ဆက်ရေးပါ စောင့်ဖတ်လျက်။

Andy Myint - 9/15/08, 4:57 PM
Blog ရှိထားရင် အတော် ဖူလုံနေပြီပဲ ဟုတ်တယ် မဟုတ်လား မခင်ဦးမေ

ကျေးဇူး ကိုမျိုးဝင်းဇော်

ကျေးဇူးပါ ဆရာ

ကျွန်တော် EOT တကယ် မလုပ်ဖူးဘူး မနုသွဲ့
ရေ… ကျွန်တော့်ဆီမှာလည်း မလုပ်ထားပါဘူး။

အားပေးတာ ကျေးဇူး ဆရာတိန်
Nu Thwe - 9/15/08, 9:56 PM

ဒီမှာ အီးအိုတီ မလုပ်ထားတာ သတိထားမိပါတယ်။ ဆရာဆိုတော့ အားကိုးလို့ပါ။ အကောင်းပြောတာပါရှင့်း)

Andy Myint - 9/15/08, 10:22 PM
အစ်မရေ ဒီတစ်ခုတော့ တွေ့တယ်။ စမ်းကြည့်ပြီး အဆင်မပြေရင် ပြောလေ... http://dathana.blogspot.com/2006/04/weft-eot-font-tutorial.html
Nu Thwe - 9/15/08, 10:41 PM

ကျေးဇူးပါ။
ခုလောလောဆယ်တော့ “သော့တစ်ချောင်း”ကို အသည်းအသန် ရေးနေရလို့ အီးအိုတီ နောက်မှ လုပ်ဖြစ်ဖို့ သဘောရှိနေတယ်။ အောင်မြင်တာနဲ့ မုံ့လာကျွေးပါ့မယ်း)

Post a Comment

Many thanks for dropping a comment…

Film


Files