Tuesday, September 02, 2008

ကျေးဇူးတင်ပါတယ် ကိုထူးတေဇာ

ထူးတေဇာ ဆိုတဲ့ ညီလေး တစ်ယောက်က Blog Day အမှတ်တရ အတွက် ရေးတာ သူ့အကြိုက်ဆုံး ဘလော့ဂ် ၅ ခုထဲမှာ ကျွန်တော့် ဘလော့ဂ်လေးကို တခုတ်တရ ရွေးချယ်လိုက်တဲ့ အတွက် အထူးကျေးဇူး တင်ကြောင်းနဲ့ အမှန်တကယ် ဆုရသလို ပျော်ရွှင်ပါကြောင်း ပြောချင်လို့ ရေးလိုက်တာပါ။ စာဖတ်သူ တချို့ကတော့ ထင်နိုင်ပါတယ်။ ထူးတေဇာဆိုတာ ဘာကောင်မို့လို့ မင်းက ဂုဏ်ယူရမှာလဲလို့။ တကယ်တော့ သူက (ဥပမာ ပြောတာပါ) ဆရာမ မေငြိမ်းတို့လို ၀ါရှိသူတွေ၊ နာမည်ကြီး ဘလော်ဂါ (အများကြီးထဲက အမြန် ရွေးလိုက်မယ်) မပန်ဒိုရာတို့ ဂျစ်တူးတို့ Degolar တို့လိုတော့ မဟုတ်ဘူးပေါ့။ ပို့စ်တွေကို ပုံမှန်တင်ပြီး စေတနာ ထားရေးတဲ့ အတွက် သူဟာနဲ့ သူတော့ ပရိတ်သတ် အခိုင်အမာ ရှိပါတယ်။

ထုံးစံ အတိုင်း ကျွန်တော်က ဘလော့ဂ်တွေကို Google Reader နဲ့ ဖတ်လာတော့ သူ့ဘလော့ဂ်ကိုလည်း ဟိုး အစကတည်းက ဖတ်ပါတယ်။ တစ်ခါတစ်လေလည်း သွားလည်ပါတယ်။ အစတုန်းက သူ့ဘလော့က မျက်စိရှုပ်စရာ ကောင်းပါတယ်။ ဒါပေမယ့် အားထုတ်ပြီး ပြင်ထားမှန်း သိသာပါတယ်။ ဒါကြောင့်ပဲ သူဘယ်လို ပြင်ထားသလဲ ဆိုတာ သတိရရင် သွားချောင်းပါတယ်။ နောက်ပြီး သူက စိတ်ဝင်စားတာကိုပဲ အမှန်တကယ်ရေးတယ်။ များသောအားဖြင့် IT အကြောင်း နည်းပညာ အကြောင်းရေးတော့ English Site တွေမှာ မဖတ်ရသေးရင် သူ့ဆီမှာ တချို့ဟာတွေ သိရပါတယ်။

သူနဲ့ ကျွန်တော်နဲ့ အခင်ကြီးလည်း မဟုတ်ပါဘူး။ သူကော်မန့်လာရေးရင် ကျွန်တော်က ပုံမှန်ပဲ ပြန်လိုက်တာပါ။ ဒီလောက်ပါပဲ။ ဒါပေမယ့် လူတစ်ယောက် အထူးသဖြင့် Blogging နဲ့ IT ကို Serious ဖြစ်တဲ့ သူတစ်ယောက်ရဲ့ တစ်နှစ်လုံးမှာမှ ၅ ခုပဲ ရွေးတဲ့ အထဲ ပါသွားလို့ ၀မ်းသာ ဂုဏ်ယူပါတယ်။ အင်္ဂလိပ် ဘလော့က ၃ ခု ဖြစ်ပြီး မြန်မာ ဘလော့ ၂ ခုပါပါတယ်။ ပိုပြီး ၀မ်းသာတာက နောက်တစ်ယောက်က ကျွန်တော်တို့ လင်မယား နှစ်ယောက်စလုံး ကြိုက်တဲ့ Degolar ဖြစ်နေလို့ပါ။

ကျေးဇူးတင်ပါတယ် ကိုထူးတေဇာ။

သူ့ပို့စ်ကိုတော့ ဒီမှာ ဖတ်နိုင်ပါတယ် - Happy Blog Day 2008

14 comments:

ဂျစ်တူး - gyit_tu - 9/2/08, 10:33 PM

ကိုအန်ဒီရေ .. နာမည်ကြီးဘလောဂါ့ဆိုပြီး ထည့်၂ပြောတာတွက် ကျေးဇူးတင်မိပါတယ် ။ ကိုအန်ဒီလို hit တွေအများကြီး ရနေတဲ့သူက ဂျစ်တူးဘလောဂ့်ကို နာမည်ကြီးတယ် ပြောပြောနေတော့ ၊ အမှန်ဝန်ခံရရင်တော့ ဘ၀င်လေဟပ်ချင်သားး)

တကယ်တော့ ကိုယ့်ဘလောဂ့်ကို လူကြိုက်များရင် လူတိုင်း ၀မ်းသာကြမှာပါပဲလေ ။ ဂျစ် မကြိုက်ဆုံးကတော့ နာမည်ကြီးဖို့ လုပ် ရေးတဲ့ ဘလောဂ့်တွေကိုပါပဲ ။ ဂျစ် ယုံကြည်တာ လူတွေဟာ ဘလောဂ့်ပေါ်မှာ နာမည်မဖော်ဘဲ ရေးကြတယ်ဆိုပေမယ့် ၊ ကိုယ့်ဘလောဂ့်ကို အချိန်ပေး လာဖတ်သူတွေအပေါ် လေးစားသမှုနဲ့ honesty အပြည့်ရှိသင့်တယ်လို့ ။

Anonymous - 9/2/08, 10:37 PM

Ko Andy,
Congratulations!
I'm also a regular visitor of your blog.

ဇနိ - 9/2/08, 10:49 PM

သူရွေးမယ်လို့ ရှေ့ ၂ post လောက်က ကြိုပြောကတည်းက ဘယ်သူတွေကို ရွေးမှာလဲ ဆိုပြီး စိတ်ဝင်စားတယ်....ကို အန်ဒီတို့ ကို Degolar တို့တွေ့တော့ သူလည်း ငါနဲ့ အကြိုက်တူတာပဲ ဆိုပြီး တွေးမိသွားသေးတယ်။

ကိုအန်ဒီတို့ရဲ့ ဝီရှီမိကတော့ ကျနော့် အကြိုက်ဆုံးထဲက အကြိုက်ဆုံးတခုပါပဲ။
ကိုအန်ဒီတို့နဲ့ ထပ်တူပျော်ပါတယ်။

Happy Blogging!!

MrDBA - 9/3/08, 12:37 AM

ဂုဏ်ယူပါတယ်ဗျို့ ကျွန်တော်လဲ ဘယ်သူရမလဲစိတ်ဝင်စားနေတာ ဒီနေ့ နေ့လည်အထိသွားချောင်းနေသေးတယ် ..

ပီတိ - 9/3/08, 2:21 AM

ကိုအန်ဒီရေ… ထိုက်တန်လို့ရတာပေါ့ဗျာ။ တကယ်လည်းကောင်းအောင် ကြိုးစားထားတဲ့အတွက် ရတာပါ။
ဂျစ်တူးကတော့ သူ့ကိုသူနာမည်မကြီးဘူးလုပ်နေတာပဲ၊ မုန့်ကျွေးရမှာကြောက်လို့ဖြစ်မယ်… ;)

kyaw - 9/3/08, 3:22 AM

congratulation

Moe Cho Thinn - 9/3/08, 3:52 AM

ကို Andy တို့နဲ့ ထပ်တူ ၀မ်းသာပါတယ်။ congratulations !
ဘလော့ဂ်လောကမှာ အခုထိ သိရသလောက်တော့ တယောက်ကို တယောက် appreciate လုပ်ကြတာလေးက ချစ်စရာအင်မတန်ကောင်းတဲ့ အလေ့အထလေးပဲနော်။
အဲဒီဘလော့ဂ်လေးကိုလဲ သွားဖတ်လိုက်အုံးမယ်။

Nu Thwe - 9/3/08, 4:16 AM

Congratulations! You thoroughly deserve it. You don't need me to say that anyway. :)

Andy Myint - 9/3/08, 9:26 PM
တကယ်လည်း နာမည် ကြီးတာပဲကို တီတီဂျစ်က။ Hit တွေက ဖောင်းပွနေတာပါ။ ဟီးဟီး နာမည်ကြီးဖို့ လုပ်ရေးနေတာ ကျွန်တော့်ကိုများ ပြောတာလား မသိဘူး။ မိန်းမကတောင် သတိပေးနေပြီ။ လူအမြင်ကတ်အောင် မလုပ်နဲ့တဲ့။

Thanks for regular reading.... Reader

ဟီးဟီး ဟုတ်တယ် ကိုဇနိ.. ဘယ်သူ့ကိုများ ရွေးမလဲ ချောင်းနေတာ။ ကိုယ့်ပါသွားတော့ ပျော်တာပေါ့။

ဟုတ်တယ် ကျွန်တော်လည်း နားစွင့်နေတာ Mr DBA.

ကျွန်တော့်အတွက်တော့ နာမည်ကြီးတွေ များတယ်။ ကိုပီတိရောပဲ။ မုန့်ကျွေး။

Thanks, Kyaw

မှန်ပါတယ် မမိုးချိုသင်း။ ဘာရယ်တော့ မဟုတ်ဘူးပေါ့။ Appreciate လုပ်တော့လည်း အားရှိတာပေါ့။

Many Thanks, Nu.
မျိုးဝင်းဇော် - 9/3/08, 10:29 PM

congratulation ကိုအန်ဒီ ရွေးမယ်ဆိုရင် ဒီဘလော့ဟာ ဖတ်သူအတွက် အကောင်းဆုံးဆိုတာ လူတိုင်းသိတယ် နောက် ကိုအန်ဒီ ညွှန်းတဲ့သတင်းနဲ့ အခြားဘလော့တွေရဲ့ post တွေဟာ အကျိုးရှိတယ်ဆိုတာနဲ့ဘဲ ရွေးချယ်သူအတွက် အကောင်းဆုံးဆိုတာပေးသင့်နေပြီ

JulyDream - 9/4/08, 1:34 AM

Congratulation! ပါဗျို့။

TZA - 9/5/08, 1:39 AM

အလိုလို၊ ကိုယ့်ကိုနာမည်ကြီးတယ်ဆိုလို့ ကြောင်တောင်တောင်ဖြစ်သွားတယ်၊ အဲနီးဝေး၊ ညွှန်းတဲ့သူရှိတော့လည်း ပျော်တာပေါ့၊ အင်းလေ၊ သိပ်ပျော်တာပေါ့။

ကိုအန်ဒီဘလော့ဂ်ကို အမြဲဝင်ဖတ်နေတဲ့ ကောင်လေးတစ်ယောက် (ဟမ်)

တန်ခူး - 9/9/08, 6:46 PM

congratulation ကိုအန်ဒီ

စုစု - 9/25/12, 8:05 PM

ဒီနေ.အစ်ကို.စာတွေ အများကြီးဖတ်ဖြစ်တယ်။ မန်.လည်းတော်တော် မန်.ခဲ့ပါတယ်။ အမြဲတမ်းတော့ ဖတ်ဖြစ်တယ်။ ဒါပေမယ့် မန်.ခဲတယ်။

Post a Comment

Many thanks for dropping a comment…

Film


Files