Sunday, September 28, 2008

မုန်လာချဉ်ဖတ်သုပ်

White Raddishသူမရဲ့ မုန်လာဥ ချဉ်ဖတ် သုပ်နည်းကို ချဉ်ဖတ် တည်နည်းကနေ စပြီး ဝေမျှ လိုက်ပါတယ်။ မုန်လာဥ အဖြူကို အခွံခွာပြီး ရေစင်အောင် ဆေးထားပါတယ်။ မုန်လာဥက ကြီးပြီး ရှည်နေရင် တည်မည့် ပုလင်းနဲ့ ဆန့်သလောက် ဖြတ်ယူလိုက်ပါတယ်။ မုန်လာဥက ကြီးရင် ပိုးတီ လှီးလို့ လွယ်ပါတယ်။ ပိုးတီ လှီးတာကလည်း လွယ်ပါတယ်။ မုန်လာဥကို စွေစွေလေး မပြတ်အောင် လှီးတာပါ။ အလုံး အ၀န်းရဲ့ ၃ပုံ ၂ပုံလောက်အထိ မပြတ်အောင် လှီးရင် အတော်ပါပဲ။ ပြီးရင် တစ်ဘက်လှည့်ပြီး အဲဒီလိုပဲ ဆက်လှီးပါတယ်။ အဲဒီလို ဆိုရင် ပိုးတီလေးရပါတယ်။ ပိုးတီ မလှီးတတ်လည်း မုန်လာဥကို အချောင်း ထူထူ ရှည်ရှည်လေးတွေ လှီးပြီး တည်လို့ ရပါတယ်။

သန့်အောင်ဆေးထားတဲ့ ဖန်ပုလင်း ကြီးကြီး တစ်လုံး ရှာလိုက်ပါတယ်။ ဖန်ပုလင်းထဲကို မုန်လာဥ ထည့်လိုက်ပါတယ်။ ၂ လက်မ လုံးပတ်၊ ၁ ထွာကျော်ကျော် အရှည် မုန်လာဥအတွက် ခပ်မာမာ ချက်ထားတဲ့ ထမင်း လဘက်ရည်ဇွန်း ၃ ဇွန်းစာ ထည့်လိုက်ပါတယ်။ ရေကျက်အေးကို ခပ်နွေးနွေးကို မုန်လာဥ မြုတ်အောင် ထည့်လိုက်ပါတယ်။ နနွင်း နည်းနည်း၊ ဆား သင့်ရုံထည့်ပြီး ပုလင်းကို လုံအောင် ပိတ်လိုက်ပါတယ်။ တစ်ရက် နေပြပါတယ်။ အခန်း အပူချိန်မှာ ထားလည်း ချဉ်ပါတယ်။ နည်းနည်းတော့ ကြာအောင် စောင့်ရပါတယ်။ ၃ ရက်ဆို အနည်းငယ် ချဉ်တာကို စားလို့ ရပါပြီ။ ကြာကြာ တည်ထားရင် အချဉ် ပိုကဲပါတယ်။ ချဉ်လာရင် ရေခဲ သေတ္တာထဲ သိမ်းလိုက်ရင် အချဉ် ပိုမစူးလာတော့ပါဘူ။

ချဉ်ဖတ်သုပ်ဖို့ အတွက် တည်ထားတဲ့ အထဲက လိုသလောက် ယူလိုက်ပါတယ်။ ဘယ်လို စားစား မစားခင် ရေပြန်ဆေး သင့်ပါတယ်။ အချောင်းလေးတွေ ဖြစ်အောင် လှီးလိုက်ပါတယ်။ နံနံပင်ကိုလည်း ရေစင်အောင် ဆေးပြီး သေးသေး နုပ်နုပ် လှီးထားပါတယ်။ ကြက်သွန်ဖြူကို ကြိတ်ပြီး ဆီချက် ချက်ထားပါတယ်။ မြေပဲကို အလွန်အမင်း မကြေအောင် ထောင်းထားပါတယ်။ ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါတယ်။ ပြီးရင် အားလုံး သင့်ရုံကို ဆားနည်းနည်း နှမ်းများများနဲ့ ရောသုပ်ပြီး စားလို့ ရပါပြီ။ ကြက်အရိုး အသားရောကို ဆီကျန် ရေကျန်ချက်ထားတာမျိုးနဲ့ဆို အင်မတန် လိုက်ဖက်ပါတယ်။ မြန်မာပြည်မှာလို မုန်လာဥ အရွက်တွေပါ ရရင် ထည့်တည်ပြီး စားလို့ ကောင်းပါတယ်။



တခြား သွားရည်ကျရန် - ပုစွန်ခွက်ကြော်သုပ်

14 comments:

Nu Thwe - 9/28/08, 8:34 PM

ကောင်းမှကောင်းပဲ။ လုပ်စားမယ်။ ကျေးဇူးပါ ညီမရေ။

nu-san - 9/28/08, 9:02 PM

ဟီ..ဟိ.. ဒီတခါတော့ တကယ်ကို မုန်လာဥ အချဉ်တည်ပြီး လုပ်စားမယ်ကွ... တခါအချဉ်စိမ်သေးတယ်.. Andy ပြောတဲ့နည်းနဲ့ မတူဘူး.. စားမကောင်းဘူး..

Andy တို့ဆီမှာလည်း မုန်လာဥတွေက အကြီးကြီးတွေပဲထင်တယ်.. ပုံထဲကြည့်ရတာ.. ဒီကမုန်လာဥတွေကလည်း အတော်လေး ကြီးတယ်..တခါချက်ဆို အများကြီးပဲ.. အသေးလေးတွေ ခွဲခွဲပြီးဝယ်လည်း မရဘူး. အိမ်မှာ ကျန်နေတာများတယ်.. အခုတော့ အတော်ပဲ.. နည်းသိသွားပြီ.. :)

pandora - 9/28/08, 9:33 PM

မုန်လာဥအချဉ်သုတ်ကို ကြိုက်တယ်။ ပဲပင်ပေါက်အချဉ်သုတ်လည်း ကြိုက်တယ်။

မွန် - 9/28/08, 9:34 PM

လုပ်စားဦးမယ် ချဉ်ဖတ်တွေစားချင်နေတာ
သမီးလေးရော နေကောင်းလားအကို

khin oo may - 9/29/08, 1:09 AM

ကြိုးစားကြည်.သေးတာပေါ့. အချဉ်ဘဲဖြစ်သွားမလား ပုပ်သွား မလားမသိ. (ကိုယ့်အကြောင်းကိုယ် သိလို.ပြောတာပါ)

ThuHninSee - 9/29/08, 3:28 AM

ကျေးဇူးပဲ။

Moe Cho Thinn - 10/1/08, 5:24 AM

တို့က အချိုကြိုက်တဲ့ လူမိုက်ပါ။

Andy Myint - 10/1/08, 8:29 AM
မနုသွဲ့ရေ.. လုပ်စားကြည့်ပါတဲ့

ဟုတ်တယ် မနုစံ။ ဒါတောင် အသေးဆုံးဟာ ရွေးဝယ်လာတာ။

ကျွန်တော်လည်း ပဲတီချဉ်ကြိုက်တယ် မပန်။ ဆီချက်လေးနဲ့ ဆားလေးနဲ့ပဲ နယ်ပြီး သုတ်စားလည်း စားကောင်းတယ်။

သမီးလေး နေကောင်းတယ် မမွန်။ ချဉ်ဖတ်နဲ့ဆို ထမင်း မြိန်တယ်။ အစာကြေတယ်လေ။

ခဏပဲ တည်ရင် မပုတ်ပါဘူး မမခင်ဦးမေရယ်

Welcome ပါ မသုနှင်းဆီ

ဗမာတွေလေ မချိုသင်း။ အချဉ် အပုတ်ဆို သိပ်ကြိုက်။
တန်ခူး - 10/1/08, 12:04 PM

ကိုအန်ဒီရေ… ကျွန်မက ထမင်းရည်နဲ့ အချဉ်တည်တာ… နောက်ဆို အဲလိုလေး အချဉ်တည်ကြည့်ဦးမှ… အသုတ်လေးက မြင်တာနဲ့ သွားရည်ယိုစရာ…

Andy Myint - 10/3/08, 9:07 AM
ထမင်းရည်နဲ့က ပိုကောင်းတာပေါ့ မတန်ခူး။ ကျွန်တော်တို့က ထမင်းရည် မရှိလို့ ထမင်းလုံးထည့်ပြီး တည်လိုက်တာ။ ထမင်းရည်နဲ့ကတော့ ပိုပြင်းတယ်။ ထမင်းလုံးနဲ့က အချဉ်ပေါက် မလွယ်ဘူး။
khin oo may - 10/4/08, 3:44 PM

ဂလုဂလု. မုန်လာဥ အခုသွားဝယ်မယ်။

Anonymous - 10/23/08, 1:47 PM

Hello.. Aunty.

I saw before in your web.
You using egg mould & making many patterns of yolk such as star, heart..
These are very cute.
I would like to buy this mould for my mother's birthday.
Could you pls let me know product name?

Thank you so much Aunty!

Myo

Andy Myint - 10/23/08, 1:57 PM
http://myaywetwai.blogspot.com/2008/09/blog-post_19.html

Andy - (Not Aunty)
Anonymous - 10/23/08, 4:23 PM

Good Day Andy..

Thank you so much for your quick reply.
I will buy it.

Best Wishes,

Myo

Post a Comment

Many thanks for dropping a comment…

Film


Files