Wednesday, October 29, 2008

ကျွန်တော်တို့ရဲ့ Distribution Patterns

Distribution pattern တွေ သုံးပြီး ဒီကမိသားစုရဲ့ အခြေအနေကို လေ့လာကြည့်တယ်။ လောလောဆယ် ဒီမိသားစုရဲ့ ၀င်ငွေက ဘယ်လို ဖြစ်နေသလဲဆိုတော့ Pareto Distribution ပုံစံ ဖြစ်နေတယ်။


Wikipedia က ရတဲ့ ပုံတွေပဲ သုံးလိုက်တယ်။ ဂရပ်နဲ့ ဘာကို ရည်ညွှန်းချင်သလည်း ဆိုတော့ ဒီမိသားစုမှာ ၀င်ငွေများများ ၀င်တဲ့သူက နည်းပြီး ၀င်ငွေ နည်းနည်းပဲ ၀င်တဲ့သူက များနေတယ်။ ၀င်ငွေ ၀င်တဲ့သူက တစ်ဆရှာရင် အပြာရောင်၊ နှစ်ဆရှာရင် အစိမ်းရောင်... စသည် စသည်ပါ။ ဘယ်နှဆ ရှာရှာ ကျန်တဲ့ သူတွေမှာတော့ မရှိတာ/မ၀င်တာပါပဲ။ ဒါဟာ ပုံမှန် မိသားစု တစ်စုရဲ့ အခြေအနေပါပဲ။ ဒီနေရာမှာ “ပုံမှန်”ဆိုတာ Typical ကို ပြောချင်တာပါ။ Normal မဟုတ်ပါဘူး။ အခြေအနေတော့ မကောင်းဘူး ဒါပေမယ့် အများကတော့ ဒီလိုပဲလို့ ဆိုချင်တာပါ။

ကျွန်တော် လူပျိုဘ၀တုန်းက မိသားစုကလည်း ဒီလိုပါပဲ။ အိမ်မှာ အဖေတစ်ယောက်တည်း ငွေရှာတယ်။ Breadwinner က တစ်ယောက်တည်းပါ။  မိသားစုတစ်စုမှာ ၀င်ငွေက ဒီလို Distribution ဖြစ်နေရင် မကောင်းလှပါဘူး။ တိုင်းပြည် တစ်ပြည်မှာ  ချမ်းသာတဲ့ သူဘယ်လောက် ရှိသလည်းကို စာရင်း ကောက်ကြည့်လိုက်ရင် ဒီလို Distribution မျိုး ထွက်လာတတ်ပါတယ်။ အရမ်း ချမ်းသာတဲ့ သူက လက်တစ်ဆုပ်ပဲ ရှိပြီး ဆင်းရဲတဲ့ သူတွေက တစ်နိုင်ငံလုံး လိုလို ဖြစ်နေတယ်။ အထူးသဖြင့် မြန်မာပြည်လိုမျိုးမှာပါ။ ၈၀% သော ကြွယ်ဝမှုတွေကို ၂၀% သော လူတွေက ပိုင်ဆိုင်ကြတယ် လိုမျိုး ဖြစ်နေပါတယ်။ ဒါကို “၈၀-၂၀ စည်းမျဉ်း” လို့လည်း ပြောပါတယ်။

မိဘတွေနဲ့ မိသားစု (ကျွန်တော်တို့မှာက မိသားစုလို့ ပြောရင် ၃ ခုဖြစ်နေတယ်။ ကျွန်တော်တို့ ၂ ယောက်ရဲ့ ကိုယ်ပိုင် မိသားစုရယ် တစ်ယောက်ဆီဘက်က မိသားစုတွေရယ်ပေါ့) ကျွန်တော့် မိဘတွေရဲ့ မိသားစုမှာတော့ သားသမီးတွေက ကြီးလာပြီး အလုပ်တွေ လုပ်နိုင်လာကြတော့ အဲဒီ မိသားစုရဲ့ ဦးရေ-၀င်ငွေ ဂရပ်က ပုံမှန် ပြန်ဖြစ်သွားတယ်။ Normal Distribution ဖြစ်သွားတယ်။
မိသားစုဝင်တွေရဲ့ ၀င်ငွေတွေ ပြည်သူတွေရဲ့ ကြွယ်ဝမှုတွေကို ဖော်ပြတဲ့ အခါမှာ ဒီလို ခေါင်းလောင်းပုံ ဂရပ် (Bell Curve) ဖြစ်သင့်ပေမယ့် ဖြစ်နိုင်ဖို့ မလွယ်လှပါဘူး။ ဒီဂရပ်က ဘာကိုပြသလဲ ဆိုတော့ အရမ်းကြွယ်ဝသူတွေ (အပြာရင့်ရောင်) ၂ ယောက်(၂ ယူနစ်)၊ အတော်အတန် ကြွယ်ဝသူ ၂ ယောက် နဲ့ မရှိဆင်းရဲသူ ၂ ယောက် ဆိုတာကို ပြပါတယ်။ ၆ ယောက် ရှိတဲ့ မိသားစုမှာ ၂ ယောက် (ထားပါတော့ အဖေနဲ့ သား/သမီးကြီး) က ၀င်ငွေ အတော် ကောင်းပြီး ကျန်တဲ့ ၂ ယောက် (ထားပါတော့ ကျန်တဲ့ သား/သမီး ၂ ယောက်)က အတော်အတန် ၀င်ပြီး အမေနဲ့ သား/သမီးငယ်ကတော့ မ၀င်သလောက် နီးပါပဲ။ ဒီလို Distribution မျိုး ဖြစ်နေရင်တော့ ဒီမိသားစု၊ ဒီတိုင်းပြည်ဟာ အခြေအနေကောင်းပါတယ်။ ဂရပ်ရဲ့ ထိပ်က ချွန်တက်မနေဘဲ (ခပ်၀၀) ခေါင်းလောင်းပုံ ပိုကျလေ အခြေအနေ ပိုကောင်းလေပါပဲ။

နောက်ပြီး သားနဲ့ သမီးအတွက် ပုံမှန်စုနေတဲ့ ငွေကို ကြည့်လိုက်တော့ လှေကားထစ်ပုံ ဖြစ်နေပါတယ်။ ထားပါတော့ တစ်လကို ၁၀၀ စုတယ် ဆိုရင် နည်းနည်း အဆင်ပြေတဲ့ လမှာ ၁၅၀- ၂၀၀ စုတယ်။ ဘယ်လိုပဲ စုစု လှေကားထစ်ပုံ ဖြစ်နေပါတယ်။ Uniform Distribution ဖြစ်နေတယ်။

 

ဘာဖြစ်လို့ ဒီလို လှေကားထစ်ပုံ ဖြစ်နေသလဲ ဆိုတော့ လစာရတဲ့ နေ့မှာ အခြေအနေကြည့်ပြီး တစ်ခါစုလိုက်တယ်။ ပြီးတော့ ထပ်မစုနိုင်တော့ဘဲ နောက်လ လစာရတဲ့ အထိကို စောင့်နေရတယ်။ နောက်လ တစ်ခါ လစာရမှ တစ်ခါ ထပ်စုနိုင်တယ်။ ဒါတွေဟာ လခစား ကျွန်တော်လိုမျိုးအတွက် မရုန်းကန်နိုင်တဲ့ အနေအထားပါ။ ကျွန်တော်သာ ကိုယ်ပိုင်စီးပွားရေး ဥပမာ ဆိုင်တစ်ဆိုင် ဖွင့်ပြီး နေ့တိုင်း မဟုတ်တောင် တစ်လနေမှ တစ်ခါစုတာမျိုး မဟုတ်ရင် ဂရပ်ဟာ အခြေအနေ တစ်မျိုး ပြောင်းသွားနိုင်ပါတယ်။

ကျွန်တော်တို့ ၀င်ငွေကသာ အကန့်အသတ်နဲ့ ဖြစ်နေပေမယ့် တခြား ကြံဖန် ကြည်နူးစရာ ရှာကြည့်လိုက်တော့ ကျွန်တော်တို့ ဘလော့ရဲ့ Visitor တွေက အားပါးပါး ၀င်လာမစဲ တသဲသဲပဲ။ ပထမ Hit တစ်သိန်း ပြည့်ဖို့ ၁၆ လလောက် စောင့်ရေးလိုက်ရတယ်။ နောက်ထပ် တစ်သိန်း ပြည့်ဖို့တော့ ၄-၅ လလောက်နဲ့ ပြည့်မည့်ပုံ ဖြစ်နေတယ်။ Exponential Distribution လိုမျိုး ဖြစ်နေတယ်။


ဒါမျိုးကို စင်္ကာပူက မြန်မာ ဘုန်းကြီးကျောင်းတွေ သွားတုန်းက သတိထားမိတယ်။ တိုပါရိုးက ဘုန်းကြီးကျောင်းလိုမျိုးဆိုရင် လှူတဲ့သူတွေက မပြတ်ဘဲ လှူမည့်သူတွေ တနေ့တခြား များသထက် များလာတယ်။ ဆွမ်းလှူချင်ရင်လည်း ရက်ချိန်းကို အတော်ခွာယူရတယ်။ တခြား ကျောင်းလေးတွေများဆိုရင် ငွေမပြောနဲ့ ဆွမ်းလှူမည့်သူ မရှိတဲ့ နေ့တွေတောင် အများကြီးပဲ။ ဒါဟာ ရေများရာ မိုးရွာတဲ့ သဘောပါပဲ။ ဘာကြောင့် ဒီလို ဖြစ်သလည်း ဆိုတော့ တခြားသူတွေတော့ မသိဘူး ကျွန်တော့်က လှူတဲ့နေရာမှာ လှူတန်းရခြင်း ရည်ရွယ်ချက်ထက် ပကာသနတွေ ပါလာလို့ပါ။ တိုပါရိုးလို ဘုန်းကြီးကျောင်းက သပ်သပ်ရပ်ရပ်လည်း ရှိတယ်။ ဓါတ်ပုံထဲမှာ ကောင်းကောင်းမွန်မွန် မှတ်တမ်းတင်နိုင်တယ်။ သူများကို ပြလို့ ကြွားလို့ကောင်းတယ်လေ။ ပြီးတော့ အလှူတွေဘာတွေ လုပ်လို့လည်း အဆင်ပြေတယ်လေ။ ဟင်းချက်ချင်လည်း မီးဖိုဆောင်က အကြီးကြီး ပစ္စည်း ကိရိယာတွေကလည်း စုံတယ်။ ဒီလိုနဲ့ပဲ အဲဒီကျောင်းမှာပဲ အလှူတွေ ပေးနေမိတယ်။ ကိုယ့်ကို ဖိတ်တဲ့ အလှူ အားလုံးနီပါးကလည်း အဲဒီကျောင်းကပဲ ဖြစ်နေတယ်။ ဘုန်းကြီးကျောင်းမှ မဟုတ်ပါဘူး။ ချမ်းသာတဲ့ သူတွေကလည်း ဥစ္စာတွေ တိုးတဲ့ အခါ Exponential Distribution နဲ့ပဲ တိုးကြတာပဲ။ Fat cats are getting fatter လို့ ပြောသလိုပါပဲ။    ။

18 comments:

Ko Paw - 10/29/08, 7:47 PM

ရေများရာ မိုးရွာတတ်တာ လူ့သဘာဝ ထင်ပါရဲ့။ ကျနော်လည်း လည်ပတ်သူများလှတဲ့ ကိုအင်ဒီ့ဘလော့ဂ်မှာ လာပြီး မိုးရွာပေးလိုက်ပါတယ်။ ကဲ…လာလေရော့… ဗြန်း ဗြန်း ဗြန်း (ခေါင်မိုးပေါ် မိုးပေါက်ကျသံ)

khin oo may - 10/29/08, 10:43 PM

ုkom: ဖတ်သွားတယ်။ ဂရပ်တွေ မြင်ရင် စိတ် ငြစ်တယ်။ နားမလည်လို့။

khin oo may - 10/29/08, 10:44 PM

ဗြုံး ဗြူံ့း ဗြုံန်း။ ( သွပ်ပြားပေါ် မိုးရေကျသံ)

strike - 10/29/08, 10:44 PM

အဲ့ဒါတွေထားပါ အန်တီမြင့်ရယ် ဟင်းချက်ပါအုံးဗျ။

A Linn Nyi - 10/30/08, 12:24 AM

strike ခေါ်တာ ရီရတယ်..အန်တီမြင့်တဲ့။ ကို Andy က အကြမ်းကော(ငွေရှာတာ) အနုကော(ဟင်းချက်တာ) စွယ်စုံရ မင်းသားကြီးပါ။ အနုက နောက်ရက် လာလိမ့်မယ် ။ နောက်တာ :)

MrDBA - 10/30/08, 2:06 PM

အဟိ .. အန်တီမြင့်လို့ တစ်ခါမှ မစဉ်းစားမိဘူး။ ငါးသရက်သီးကတော့ အန်တီမြင့် ကျေးဇူးနဲ့ ခဏခဏ ချက်စားဖြစ်ပါကြောင်း။ :p

ဂရပ်များ အတွက်တော့ လာပြီးမှတ်သားသွားပါကြောင်း။

မိုးချိုသင်း - 10/30/08, 11:37 PM

ပြေးကြည့်လို့ နှစ်ယောက်တည်း ရှိတဲ့ အမတို့မှာတော့ ကိုAndy ပြသလို ခေါင်းလောင်းပုံ ဂရပ်ဖ်လဲ မဖြစ်နိုင်၊ ဆွဲကြည့်ရရင် ဖျာ ပုံလို ပြားချပ်ချပ် တပြေးတည်းမို့ အတော် အားငယ်သွားတယ်။
တို့လဲ မိုးတွေ လာရွာသွားတယ် ဒိုင်း ဒိုင်း ဒိုင်း..
(ဟယ်..သူမိုးရွာတာကလဲ သေနတ်သံလိုပဲလို့ မထင်ပါနဲ့၊ နံမည်မှာကိုက မိုး ပါလို့ လျှပ်စီးပါလက် သွားလို့ ..:)

Andy Myint - 10/31/08, 8:35 AM
ဗြန်း ဗြန်း ဗြန်း…တဲ့ တော်သေးတာပေါ့ ခေါင်မိုးပေါ် မိုးကျသံ ကယ်သွားလို.. နို့မဟုတ်ရင် နွားမဒန်း သေးပေါက်သံကျနေတာပဲ ကိုပေါရာ

A picture’s worth a thousand word တဲ့ မခင်ဦးမေရေ.. ဂရပ်တွေက ကြည့်တတ်ရင် အခြေအနေ အရပ်ရပ် အကုန်လုံးကို ခြုံပြီးမြင်ရတော့ အသုံးဝင်တယ်။ ဟ … သူလည်း လာပြီး မိုးရွာသွားတယ်.. သူကျတော့ ဗြုန်း ဗြုန်း ဗြုန်းတဲ့ နည်းနည်း ပိုကြမ်းတယ်

ဟင်းချက်မလို့ပဲ ငါ့တူကြီး Strike ရဲ့

ဟားဟား အစ်မ (အလင်းညီ) ကတော့ ပြောရောမယ်….. အဟင်း.. အဟင်း (နောက်ကွယ်တွင် သဘောတွေ ခွေ့နေ၍ ဆက်မရေး နိုင်တော့ပါ)

ငါးသရက်သီးကြိုက်တယ်လား ကိုကြီး DBA

မချိုသင်း ဂရပ်မှာ Y စကေးက ကြီးနေလို့ ပြားပြားကြီး ဖြစ်နေတာ နေမှာပါ။ Y စကေးကို နည်းနည်း လျှော့လိုက်ရင် ခေါင်းလောင်ပုံ ဖြစ်သွားမှာ .. သိတယ်မဟုတ်လား အခု Y မျဉ်းရဲ့ စကေးက တစ်စိပ်ကို သောင်းဂဏန်းဆို တစ်စိပ်ကို ထောင်ဂဏန်း ပြင်ကြည့် ဂရပ်က ချက်ချင်း ကြည့်ကောင်းသွားလိမ့်မယ်။ ဒါ အထက်က လူတွေကို Report တင်ရင် လုပ်စားနေကြလေ။ ဟယ်… သူက အကြမ်းဆုံးပဲ .. မိုးကြိုးတွေ လျှပ်စီးတွေပါ ပါတယ်။ တဒိုင်းဒိုင်းနဲ့ … အမေရိကားမှာ Thunder Storm ဖြစ်တတ်တဲ့ နေရာမှာ နေတာ ကြာတယ်နဲ့ တူတယ်။
strike - 10/31/08, 6:48 PM

"ဟင်းချက်မလို့ပဲ ငါ့တူကြီး Strike ရဲ့"
"ငါးသရက်သီးကြိုက်တယ်လား ကိုကြီး DBA"
"အစ်မ (အလင်းညီ) ကတော့ ပြောရောမယ်….. အဟင်း.. အဟင်း (နောက်ကွယ်တွင် သဘောတွေ ခွေ့နေ၍ ဆက်မရေး နိုင်တော့ပါ)"

...ကို Andy နော်အသံတွေကမူမမှန်တော့ဘူး၊ဟင်းတွေချက် ခလေးတွေထိမ်းရင်း

Andy Myint - 10/31/08, 8:30 PM
ယောက်ျားပါ....ဆို
Anonymous - 11/1/08, 4:44 AM

ကိုအင်ဒီရေ အားမငယ်နဲ့ တခုခုဆို မဒမ့်သာ ရှင်းခိုင်း..

အိမ်းတို့ အမေ

khin oo may - 11/1/08, 1:39 PM

ကျား…………….(အမြင့် သို့ ခုန်ရွေ့ ကြွေးကျော်သည် ဟု မြင်ပါ)

heinthuraaung - 11/1/08, 6:53 PM

တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ခင်ဗျာ
ကျေးဇူးပါပဲ။မျှဝေတာ

strike - 11/1/08, 6:56 PM

မkomကလဲလေ၊လေသံပြတ်ကြီးနဲ့ အန်တီမြင့်ကိုအတင်းအော်ခိုင်းနေပြန်ပြီ၊ ဟိုကတိုးတိုးလေးနဲ့ " ယောက်ျားလေးပါ....ဆို......"လို့ပြောနေတယ့်ဟာကို

Andy Myint - 11/2/08, 5:17 PM
ဟားဟား..နောက်တာပါ STRIKE ``များက...ယောက်ျားပါ ဆို´´ တာ Typical Joke ပါ။ အတည်မယူပါနဲ့။ ပျော်စေပေါ့။ ပျက်စေတော့ မဟုတ်ဘူး။
strike - 11/2/08, 6:27 PM

ဟုတ် ko andy...သိပါတယ်။ ချစ်ခင်ရင်းနှီးစွာဖြင့်

Ayarwady - 11/3/08, 7:37 PM

thank u ko Andy..i like to read that kind of knowledge. i donated some offers in Toapayoh monestry when i stayed in sg about 6 months becos i don't know any other monestry in sg, i only know this monestry. the reason i donateed is just offering, hope nothing. if u know some other myanamr monestry in sg that is not grate as toapayoh. Pls let me know,..? And if u some time, pls share us like that of knowledge much more. thank you....

Andy Myint - 11/12/08, 10:25 PM
ဘုန်းကြီးကျောင်းတွေ စာရင်းကတော့ စင်္ကာပူက ဘလော်ဂါ တစ်ယောက်ယောက်ကိုသာ တောင်းဆိုကြည့်ပါလား ဧရာဝတီ... Eunos မှာ တစ်ကျောင်း၊ Tiong Bahru မှာ တစ်ကျောင်း ရှိတာတော့ သိတယ်။ မသေချာဘူး။

Post a Comment

Many thanks for dropping a comment…

Film