Wednesday, November 19, 2008

မင်္ဂလာတရား ၃၈ပါး

ဒီဘလော့ကို နေ့တိုင်း လာအားပေးတဲ့ သူတွေ ရှိတယ်ဆိုတော့ တစ်ခါလာတိုင်း လာတိုင်း အကျိုးကျေးဇူး တစ်ခုတော့ ရအောင် ၃၈ ဖြာ မင်္ဂလာကို တစ်နေ့ တစ်မျိုး ပေါ်အောင် လုပ်ဖို့ စမ်းကြည့်တယ်။ တကယ်တော့ လုပ်ထားတာ ကြာပါပြီ။ အပြီး မသပ်ဖြစ်လို့။ နောက်ပြီး ၃၈ ဖြာ မင်္ဂလာကို မြန်မာပြည်က သတင်းစာတွေမှာလည်း ထိပ်စီးအနေနဲ့ လုပ်ကြတယ်လေ။ အဲဒါနဲ့ တူနေတာနဲ့ ဆက်မလုပ်ဖြစ်တော့တာ။ ဒင်းတို့ ဖင်မူးခေါင်းထောင်ပြီး ဘုရားရှိခိုးတာနဲ့ ကိုယ်က လိုက်မလုပ်ချင်လို့ ဘုရား မရှိခိုးရင်တော့ ကိုယ်ပဲ အကျိုးနည်းမယ်လေ။

တကယ်လို့ ကိုယ့်ဘလော့မှာ တပ်ချင်ရင်လည်း အောက်ပါအတိုင်း လုပ်နိုင်ပါတယ်။

(၁) Layout -  Page Elements ကနေ"Add a Gadget" လုပ်လိုက်ပြီး Gadget list ထဲမှာ "Feed" ဆိုတာကို + လေး နှိပ်ပြီး ထည့်လိုက်ပါတယ်။

(၂) "Configure Feed" ဆိုတာမှာ "Feed URL" အတွက် အောက်ပါ လိပ်စာကို ထည့်ပြီး Continue နှိပ်လိုက်ပါတယ်။

http://pipes.yahoo.com/pipes/pipe.run?_id=YMEepr5A3BGkWdShn0artA&_render=rss

(၃) ပြီးတော့ "Title" နေရာက စာသားတွေကို ဖျက်လိုက်ပါတယ်။ ကိုယ်ထည့်ချင်တာ ထည့်လည်း ရပါတယ်။

(၄) "Show"  မှာ "1 Items" ဆိုတာ ကို ရွေးလိုက်ပါတယ်။

(၅) "Item sources/authour" ကို Tick လုပ်လိုက်ပါတယ်။

(၆) ပြီးတော့ Save လုပ်လိုက်ပါတယ်။ ပြီးရင်တော့ ကိုယ်ထားချင်တဲ့ နေရာမှာ  ထားလိုက်ပြီး Save လုပ်ပါတယ်။

ဒါဆိုရင်တော့ တစ်နေ့ကို တစ်မျိုး ပေါ်လာပါမည်။ တစ်ကယ်တော့ အမျိုးမျိုး ပေါ်အောင် လုပ်ထားပေမည့် Blogspot က တစ်ခေါက် ပေါ်ပြီးရင် Cache လုပ်လိုက်လို့ တစ်နေ့ကို တစ်မျိုးပဲ ပေါ်တာပါ။

တခြားဖတ်ရန် - ၃၈ဖြာ မင်္ဂလာ


9 comments:

Moe Cho Thinn - 11/21/08, 5:13 AM

တနေ့ကတည်းက အဲဒါလေးတွေ ပေါ်နေတာ သတိထား မိတယ်။ သိပ်ကောင်းတဲ့ အကြံလေးပေါ့။
ဟို မိုက်ခဲတို့ အုပ်စု သေနတ်တွေ ခါးကြားထိုးပြီး ဘုရားရှိခိုးနေကြတာတွေ့လို့ တို့လဲ အိမ်မှာ သနပ် (သရက်သီးသနပ်) တောင် မစားတော့ဘူး။ :)

ksanchaung - 11/21/08, 6:40 AM

Gmail Themes, Blog Gadget ဆော့စရာ အသစ်တွေရပြန်ပါရောဟ။ ဒီကမျောက်ကြီး ဘယ်အုန်းသီး စကိုင်ရမှန်းတောင် မသိတော့ဘူး။

လွတ်ငြိမ်းလေပြေ - 11/21/08, 9:43 PM

၃၈ ဖြာ မင်္ဂလာ မှာ စာလုံးပေါင်းလေးတွေ မှားနေပါတယ် ဆရာလုပ်တယ် ဖြစ်မှာ စိုးတာရော စာလုံးပေါင်းအမှန်တွေ အကုန်မသိတာရော ကြောင့် အစ်ကို စလုပ်တုန်းက မပြောတာပါ ဒီနေ့လည်း ထပ်မှားနေတာနဲ့

strike - 11/21/08, 10:14 PM

Title တွေဖတ်ရင်းဖတ်ရင်းနဲ့တရာတွေ၊ကြကြလါပါတယ်။
ဘုန်ကြီးဝန်ချင်စိတ်တွေလဲတဖွားဖွားပေါလာပါတယ်။
(စလုံးပေါင်မှာလျင်ခွင်လွတ်ပါ kom Blog ကိုနေ့တိုင်း
ေ၇ာင်နေသောကြောင့်ပါ)

လွတ်ငြိမ်းလေပြေ - 11/21/08, 10:17 PM

အစ်မ (blog manager)ဆီမှာ ပရိတ်ကြီး ၁၁ သုတ် စာအုပ် ရှိမှာပဲ၊ အဲဒီထဲက မင်္ဂလသုတ် မှာ ရှာကြည့်ပါလား

Andy Myint - 11/21/08, 10:39 PM
ကျေးဇူးတင်ပါတယ် လွတ်ငြိမ်းလေပြည်။ ကျွန်တော် ရှာပြီး ပြင်လိုက်ပါမယ်။ အဲဒီတုန်းက ကျွန်တော်လည်း ကိုမျက်လုံးဆီကနေ ကူးထားတာ။ ဗုဒ္ဓဘာသာကောင်း တစ်ယောက် စာအုပ်နဲ့ တိုက်ပြီး ပြင်လိုက်ပါမည်။ မှားရင် ပြင်ပေးပါ ခင်ဗျာ။ အားမနာပါနဲ့။
မဆုမွန် - 12/5/08, 7:29 PM

ကျေးဇူးတင်ပါတယ် ကျွန်မ ဘလော့လေးမှာ အဲ့၃၈ဖြာလင့်လေး တပ်လိုက်ပါတယ်..
ငြိမ်းချမ်းပါစေ

yan myo - 2/23/09, 1:32 PM

သိတ်ကောင်းတဲ့ ၃၈ ဖြာ မင်္ဂလာ မို့၊ ကျွန်တော့်ဘလော့မှာ ထဲ့ထားလိုက်မယ်၊ ဝေမျှပေးတာ ကျေးဇူးပါ..

ဟန်မျိုးထွေး - 3/19/11, 12:01 AM

I cannot see the words because my blog is changed to unicode.. how? please me...

Post a Comment

Many thanks for dropping a comment…

Film


Files