Tuesday, November 18, 2008

နိုင်ငံခြားကို အထင်မကြီးသူများ

ကျွန်တော် အမေရိကားက ပြန်လာတော့ ရပ်ကွက်ထဲမှာ အသိ အဒေါ်ကြီး တစ်ယောက်က “ဟဲ့..နင် အခုမှ နိုင်ငံခြားက ပြန်လာတယ်ဆို။ AIDS စစ်ပြီးသွားပြီးလား။ ဟိုဘက်လမ်းက သီဟတစ်ယောက်တော့ မလေးရှားက ပြန်လာတာ ဆေးစွဲပြီး AIDS ကူးလာလို့” တဲ့။ ကျွန်တော် ဘာပြန်ပြောလို ပြောရမှန်း မသိအောင် ဖြစ်သွားတယ်။ သူတို့ အသိုင်းအ၀ိုင်းမှာက ဒီလို လူတွေများတော့ ကျွန်တော်ကို ဒီလို လာမေးတာ သူ့အတွက်တော့ မဆန်းပါဘူး။ ကျွန်တော်ကလည်း ဒီလို ရပ်ကွက်ထဲမှာ နေတာကိုး။ တကယ်တော့ လူတွေက နိုင်ငံခြားကို အထင်မကြီးကြတတ်ပါဘူး။ ဒီလို အထင်မကြီးရခြင်း အကြောင်းအရင်းကလည်း သေသေချာချာ ဂဃနဏ မသိသေးလို့လည်း ဖြစ်နိုင်သလို အသိုင်းအ၀ိုင်း အတွေ့အကြုံကြောင့်လည်း ဖြစ်နိုင်ပါတယ်။

စပြောရမယ် ဆိုရင်တော့ အမေရိကား၊ အင်္ဂလန်၊ ကနေဒါနဲ့ သြော်ဇီတို့လို နိုင်ငံတွေမှာ ရောက်နေတဲ့ ဗမာများကတော့ စင်္ကာပူကို အထင် မကြီးချင်ကြပါဘူး။ ဒီလို အထင် မကြီးကြသူတွေ ထဲမှာတော့ စင်္ကာပူကို Step stone လုပ်ပြီးမှ စင်္ကာပူကနေ တဆင့် သွားကြတဲ့ သူများတွေ မပါတတ်ပါဘူး။ ဒါကလည်း ၂ မျိုး ဖြစ်နိုင်ပါတယ်။ စင်္ကာပူ အကြောင်း ကောင်းကောင်းသိလို အထင်မသေးတာလည်း ဖြစ်နိုင်သလို စင်္ကာပူက ထွက်သွားတဲ့သူက ထွက်သွားတာမှ မကြာသေးဘူး စင်္ကာပူအကြောင်း အဆိုးပြောလို့ မကောင်းတာလည်း ဖြစ်နိုင်တယ်။

နိုင်ငံကြီးတွေ ရောက်ပြီးမှ စင်္ကာပူ လာဖို့ဆိုတာ သူတို့အတွက် အိပ်မက်ထဲတောင် ထည့်မက်တာမျိုး မဟုတ်ပါဘူး။ ဥပမာ ဒီလို နိုင်ငံတွေမှာ ကျောင်းတက်ပြီးမှ စင်္ကာပူမှာ အလုပ်လာလုပ်ဖို့ဆိုတာကို Option တစ်ခု အဖြစ် မစဉ်းစားတတ်ကြပါဘူး။ ဒါကလည်း နိုင်ငံကြီးတွေမှာ အဲဒီနိုင်ငံက စရိတ် ကြီးကြီးနဲ့ ကျောင်းတက်လာတာ ဆိုတော့ စင်္ကာပူ လစာနဲ့ဆို အရင်း ကြေမှာ မဟုတ်လို့ပါ။ အင်ဒိုနီးရှားက သူတွေကတော့ သြော်ဇီမှာ ကျောင်းတက် စင်္ကာပူမှာ ၁နှစ် ၂နှစ်လုပ်ပြီးမှ သြော်ဇီမှာ အလုပ်ပြန်လာ လုပ်ကြတယ်။ Fresh Grad တွေအတွက် အလုပ် ရှာခက်တဲ့ သြော်ဇီမှာတော့ ဒီလို လုပ်တာ အဆင်ပြေပါတယ်။ သြော်ဇီ၊ အင်္ဂလန်၊ ကနေဒါကျောင်းဆင်း ဆိုရင်လည်း စင်္ကာပူမှာ အလုပ်ရလွယ်တယ်။ (စင်္ကာပူက ထိပ်တန်း ကျောင်းတွေ ဖြစ်တဲ့ NUS SMU ဆင်းတွေလောက်တော့ အဆင့်မြင့် ရာထူးတွေ မဟုတ်ဘူးပေါ့) ပြီးတော့ သြော်ဇီကလည်း စင်္ကာပူ အတွေ့အကြုံရှိဆို အတော်အတန် အဆင်ပြေတယ်။ သြော်ဇီမှာပဲ မဟုတ်ပါဘူး။ အမေရိကားမှာလည်း စင်္ကာပူ အတွေ့အကြုံရှိဆို အတိုင်းအတာ တစ်ခုအထိ လက်ခံတယ်။ သူတို့ကတော့ စင်္ကာပူကိုဆိုရင် Utopia လေးလို့ သဘောထားတတ်ကြတယ်။

နိုင်ငံကြီးတွေကနေ ပြောင်းလာပြီး အလုပ် လာလုပ်ဖို့လောက် ထိတော့ စင်္ကာပူကို အထင်ကြီးစရာ မလိုပါဘူး။ ဒါပေမယ့် နိုင်ငံကြီးတွေမှာ နေပြီး စင်္ကာပူကို အထင်သေးနေရတာကတော့ စင်္ကာပူအကြောင်း မသိလိုလည်း ဖြစ်နိုင်သလို စင်္ကာပူက အဆင်မပြေတဲ့ မြန်မာတချို့အကြောင်းပဲ သိလို့လည်း ဖြစ်နိုင်တယ်။ သေချာတာကတော့ စင်္ကာပူကလူတွေရဲ့ ပုံမှန် ၀င်ငွေက နိုင်ငံကြီးတွေရဲ့ ၀င်ငွေကို မမီလို့ပါ။ အဲဒီအချက်နဲ့တင် အထင်ကြီးဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ဒါက အမြင်သာဆုံး တိုင်းတာနည်းကိုး။ ဒါပေမယ့် စင်္ကာပူမှာနေတဲ့ မြန်မာတွေ ပျော်ပျော်ကြီး နေကြတာကိုတော့ မနေဖူးရင် မသိနိုင်ပါဘူး။ စင်္ကာပူမှာ နေရတာ ဘာနဲ့ တူသလဲ ဆိုတော့ တိုးတက်တဲ့ (နောင် အနှစ် ၃၀မှာ ဖြစ်လာနိုင်ကောင်းတဲ့) ရန်ကုန်မှာ နေရသလိုပါပဲ။ ဗမာသူငယ်ချင်းတွေ အမျိုးတွေနဲ့ အလွယ်တကူ တွေ့ဆုံနိုင်တယ်။ စားစရာ သွားစရာတွေက ရန်ကုန်မှာ လိုလိုပဲ။ နိုင်ငံခြားမှာနေရတယ် ဆိုတဲ့ Stress က စင်္ကာပူမှာ သိပ်မရှိပါဘူး။ အထီးကျန် ဆန်တယ်ဆိုတာတော့ လုံးဝ မရှိပါဘူး။

နောက်ပြီး စင်္ကာပူမှာနေတဲ့ သူတွေရဲ့ အားသာချက်ကတော့ မိသားစုဝင်တွေ (ညီအစ်ကို မောင်နှမတွေ)ကို အခြေချဖို့ ခေါ်နိုင်တာပါပဲ။ နိုင်ငံကြီးတွေက မခေါ်နိုင်ဘူးရယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် စင်္ကာပူလောက်တော့ မလွယ်တာ အမှန်ပဲ။ အထူးသဖြင့် ကိုယ်မိသားစုဝင်တွေက လျှမ်းလျှမ်းတောက် တော်နေတဲ့ သူတွေမဟုတ်ရင် ဒီလို နိုင်ငံကြီးတွေကို ခေါ်ဖို့ ပိုမလွယ်ဘူး။ Survive မဖြစ်နိုင်ဘူး။ တစ်ယောက် ရောက်ပြီး အချိန်တို အတွင်း မိသားစု တစ်စုလုံး စင်္ကာပူမှာပဲ အခြေချလိုက်နိုင်တဲ့ သူတွေကလည်း အများကြီးပါ။ သူတို့ အတွက်ကတော့ စင်္ကာပူက ကိုယ့်အိုး ကိုယ့်အိမ်လို ဖြစ်နေပါပြီ။ ကျွန်တော်တို့ စင်္ကာပူမှာ နေတုန်းက အမြဲတမ်း အမေးခံရတယ်။ ဘာဖြစ်လို့ စင်္ကာပူမှာ နေနေသေးလဲ။ တခြားကို မသွားဘူးလားတဲ့။ ကိုယ်ကလည်း ကိုယ့်အကြံနဲ့ကိုယ်။ ညီတွေ ညီမတွေကို ခေါ်ရဦးမှာမို့ ဒီမှာ နေဦးမယ်လို့ ပြန်ပြောရတယ်။

ဒီလို နိုင်ငံကြီးတွေက လူတွေမှ စင်္ကာပူကို အထင်မကြီးတာ မဟုတ်ပါဘူး။ စင်္ကာပူက လူတွေ ကိုယ်တိုင် စင်္ကာပူကို အထင်မကြီးတတ်ကြပြန်ဘူး။ ဥပမာ စင်္ကာပူက တင်းကျပ်တယ်တို့ ဘာတို့ ဖြစ်လာကြတယ်။ (ဆောတီး ကိုပေါ တိုက်ဆိုင်မှု ရှိရင် ခွင့်လွှတ်ပါ ဟီးဟီး ) ကျွန်တော် စင်္ကာပူမှာ တွေ့ဖူးတဲသူတချို့ကလည်း စင်္ကာပူ မကောင်းကြောင်းကို လှိုင်လှိုင်ပြောနေတော့တာပဲ။ စင်္ကာပူမှာနေပြီး စင်္ကာပူကို စိတ်နာတဲ့ သူတွေကတော့ အလုပ်အကိုင် အဆင်မပြေလို့ကတော့ ခပ်များများပါ။ နိုင်ငံရေးကြောင့်လည်း မကြိုက်တဲ့သူနည်းနည်းနဲ့လည်း ကြုံဖူး စကားပြောဖူးပါတယ်။ သူတို့ကျတော့လည်း ကိုယ့်လို စင်္ကာပူကို အပေါ်ယံပဲ သိတာမဟုတ်ဘဲ အတွင်းကျကျ သိလို့လည်း ဖြစ်နိုင်တယ်လောက်ပဲ တွေးနိုင်တယ်။ ဒီထက်ပိုပြီးတော့လည်း နားမလည်နိုင်ဘူး။ အထင်ကြီးတယ် မကြီးဘူးဆိုတာ ဘာမှ မသိလို့လည်း ဖြစ်နိုင်သလို၊ နည်းနည်းပဲ သိလို့လည်း ဖြစ်နိုင်သလို အူမချေးခါးအထိ သိလို့လည်း ဖြစ်နိုင်တာပဲ။

ဒါကြောင့် စင်္ကာပူမှာ အနေကြာပြီး စင်္ကာပူကို အထင်မကြီးတာကို နားလည်ပေးနိုင်တာပဲ။ မြန်မာပြည်ကနေ စင်္ကာပူကို အလုပ်လာရှာတဲ့သူတွေက စင်္ကာပူကို အထင်မကြီးတာတော့ နားလည်ရခက်တယ်။ စင်္ကာပူတောင် မရောက်သေးဖူး (ဒါမှမဟုတ် စင်္ကာပူရောက်တာ လပိုင်းပဲ ရှိသေးတယ်) ငါက စင်္ကာပူမှာ လုပ်ချင်တာ မဟုတ်ဘူး။ အမေရိကား၊ အင်္ဂလန်မှာပဲ လုပ်ချင်တာဆိုပြီး။ ဆရာဝန်တွေလိုမျိုးဆိုရင်တော့ ထားပါ။ (တကယ်တော့ သူတို့လည်း နိုင်ငံကြီးတွေမှာ လုပ်ဖို့ လွယ်လှတာ မဟုတ်ဘူး။ ပထမ ၃နှစ်လောက် ရင်းနိုင်မှ အဆင်ပြေတာမျိုး)။ ဒီလိုလူတွေကို အကြံပေးချင်တာကတော့ လာပြီး အဆင်ပြေအောင် အရင် လုပ်ပါ။ စင်္ကာပူမှာ ပျော်ပျော်လေး ၂နှစ် ၃နှစ်လောက်နေပြီး တခြားနိုင်ငံကို ကူးပေါ့။ စင်္ကာပူကနေဆိုရင် ကမ္ဘာအနှံ့ အချိတ်အဆက် လုပ်ဖို့ ရန်ကုန်ကထက်တော့ အများကြီး သာပါတယ်။ ပြီးတော့ နေရတဲ့ ၂နှစ် ၃နှစ်ကိုလည်း မချစ်သော်လည်း အောင့်ကာနမ်းသလိုမျိုး မဟုတ်ဘဲ ပျော်ပျော်ကြီးနေမည်ဆို နေလို့ ကောင်းတာမျိုးပါ။

စင်္ကာပူ ဇာတ်လမ်းကို ဒီမှာ ရပ်ပြီး မလေးရှားဘက် လှည့်ဦးမယ်။ စင်္ကာပူက အများကြီး တော်ပါသေးတယ်။ မလေးရှားမှာလို့ ပြောလိုက်ရင် လုံးဝကို အထင်မကြီးကြတာ။ ဒါကလည်း မလေးရှားမှာ ရောက်နေတဲ့ ဗမာတွေမှာ အလုပ်ကြမ်း လုပ်နေရတဲ့သူတွေအချိုးနဲ့ အဆင်ပြေပြေနေရတဲ့ သူတွေ အချိုးက အတော် ကွာဟနေလို့ပါပဲ။ မလေးရှားက စက်ရုံတစ်ခုမှာ လုပ်ဖူးတဲ့ ကျွန်တော်ညီအစ်ကို တ၀မ်းကွဲတွေ အကြောင်းတို့ အသိတချို့ အကြောင်းတို့ ကြားဖူးသလို မလေးရှားမှာ မိသားစုနဲ့ အခြေကျနေတဲ့ သူတွေ အကြောင်းလည်း ကြားဖူးထားတော့ မလေးရှားကိုလည်း အထင်ကြီးတယ် အထင်သေးတယ် မရှိပါဘူး။ ယျေဘုယျအားဖြင့်တော့ တော်တော်များများက မလေးရှားကိုဆို အထင်မကြီးချင်ကြဘူး။

တဖန် စင်္ကာပူကလူတွေကလည်း (စင်္ကာပူ နိုင်ငံသားတွေကနေ ခေတ္တလာနေသူအချို့ အထိ) အမေရိကားတို့ အထူးသဖြင့် သြော်ဇီတို့ကို အထင်မကြီးပြန်ဘူး။ စင်္ကာပူ နိုင်ငံသား တစ်ယောက်က သူ နယူးယောက်ကို သွားတာ အမှိုက်တွေ၊ ကြွက်တွေနဲ့ ညစ်ပတ်နေတာပဲတဲ့။ စင်္ကာပူမှာလိုလည်း သွားရေး လာရေး အဆင်မပြေဘူးတဲ့။ စင်္ကာပူက MRT ရထားတွေ ဆိုဘယ်လောက် ကောင်းပြီး ဘယ်လောက် သန့်ရှင်းလိုက်သလဲတဲ့။ စင်္ကာပူကလူတွေ အထူးသဖြင့် ပြောကြတာကတော့ လုံခြုံမှု မရှိဘူးတဲ့။ မှန်သင့်သလောက်တော့ မှန်ပါတယ်။ ဒါပေမယ့် အဲဒီလောက် အဆိုးကြီး မဟုတ်ပါဘူး။ တကယ်တော့ ဘိုတွေက တရုတ်တွေထက် ပိုပြီးတောင် အသန့်ကြိုက်ပြီး သန့်အောင် နေတတ်ပါတယ်။ ကိုယ့်အိမ်မှာ ကိုယ်ပေါ့။ Public နေရာတွေကတော့ မသန့်ပါဘူး။

ကျွန်တော် သြော်ဇီ မလာခင်ကလည်း စိတ်ထဲမှာ သြော်ဇီရောက်ရင် အလုပ်ရှာရ လွယ့်ပါ့မလားလို့ပဲ ထင်နေတယ်။ သြော်ဇီမှာ ကျောင်းတက်ပြီး ပြန်လာတဲ့ စင်္ကာပူ နိုင်ငံသားတွေ၊ မလေးတွေ၊ မြန်မာတွေက သြော်ဇီမှာ အလုပ်ရှာရ အင်မတန် ခက်ကြောင်းပဲ ပြောနေတာ ကြားနေရတာကိုး။ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် စင်္ကာပူနိုင်ငံသား မိသားစု တစ်စုက သြော်ဇီကို ပြောင်းရွှေ့နေထိုင်တာ ဒီမှာ အဆင်မပြေလို့ ကလေး ၂ယောက်ကို အိပ်ဆေးတွေ တိုက်ပြီးသတ်ပြီးတော့ ကိုယ့်ကိုကိုယ် သေကြောင်းကြံဖို့ လုပ်ကြတာ။ ကလေးတွေကို ဆေးတိုက်ပြီးတော့မှ စိတ်ပြောင်းသွားလို့ ကလေးတွေကို ဆေးရုံကို သယ်သွားကြတာ။ ဒါတွေကြားပြီး သြော်ဇီက ဟန်မှ ဟန်ပါ့မလား တွေးပူမိသေးတယ်။

တကယ်တော့ သူတို့နဲ့ ကိုယ်တို့မှ မတူတာ။ စင်္ကာပူ နိုင်ငံသားတွေဆိုတာ မွေးကတည်းက သူ့နိုင်ငံမှာ သူ အဆင်ပြေပြေ နေလာတာ။ သူတို့က တခြားနိုင်ငံမှာ မိကွဲ ဖကွဲ ရုန်းကန်ဖို့လောက်ကြတော့ ကိုယ်တို့လောက်မှ ကြံကြံမခံနိုင်တာ။ သူတို့ ပြောတာတွေ ကြားပြီး သြော်ဇီက Survive ဖြစ်ဖို့ မလွယ်ဘူးတို့၊ အမေရိကားက ညစ်ပတ်ပြီး Crime များတယ်တို့ကို နားယောင် တတ်ကြတယ်။ အထူးသဖြင့် စင်္ကာပူမှာ လစာလေး နည်းနည်းကောင်းနေရင် ဒီလို နိုင်ငံတွေကို သွားဖို့ ခါးခါးသီးသီး ငြင်းချင်ကြတယ်။ တချို့ကတော့လည်း အထင်ကြီးတယ် မကြီးဘူး မဟုတ်ပါဘူး။ ကိုယ်အဆင်ပြေနေရင် ပြီးတာပဲ ဘယ်မှ ပြောင်းရွှေ့နေစရာ မလိုဘူးလေ။ သူတို့ကို ဆိုလိုတာ မဟုတ်ပါဘူး။

သြော်ဇီမှာတော့ စင်္ကာပူက MRT လိုမျိုး Public Transport ကောင်းကောင်းတော့ မရှိဘူးပေါ့။ ဒါပေမယ့် ဆိုးဆိုးရွားရွားကြီးလည်း မဟုတ်သလို ကိုယ့်ကားနဲ့ ကိုယ်သွားလာတာတွေလည်း ရှိတာပါပဲ။ စားတာသောက်တာ နေတာထိုင်တာလည်း စင်္ကာပူထက် နည်းနည်း အဆင့်တန်း မြင့်မြင့် နေနိုင်တယ်။ ဒါက ကိုယ့် ကိုယ်တွေ့ကို ပြောတာပါ။ မိသားစု ဘ၀ ရှေ့ရေးပိုကောင်းတယ် ထင်တယ်။ ပြီးတော့ Discrimination ရှိတယ်ဆိုပြီး စင်္ကာပူက လူတွေက ကြောက်တတ်တယ်။တကယ်တော့ ဒီမှာကမှ နိုင်ငံသားနဲ့ PR နဲ့ဆို မခွဲခြားသလောက်ပဲ။ စင်္ကာပူမှာကတော့ PR ဆိုတာ သက်တမ်းမြင့် Visa လိုလို ဖြစ်နေတာကိုး။ သူတို့ ပြောတဲ့ Discrimination က တကယ်တော့ အဖြူတွေက အာရှသားတွေကို ခွဲခြားဆက်ဆံတာကို ပြောချင်တာပါ။ ဒီလိုမျိုးတော့ ဆိုးဆိုးရွားရွားကြီး မကြုံဖူးပါဘူး။ မြန်မာပြည်မှာတောင် တရုတ်တွေ၊ ကုလားတွေကို နည်းနည်းDiscriminate လုပ်တာတွေ ရှိသေးတာပဲ။ 

အမေရိကားတို့ အင်္ဂလန်တို့က လူတွေကလည်း သြော်ဇီဆို အထင်မကြီး ပါဘူး။ ဒါကလည်း သူတို့နဲ့ ယှဉ်ရင် သြော်ဇီက နောက်မှာကိုး။ တကယ်တော့ ဒါက နိုင်ငံ အနေနဲ့ ယှဉ်ရင်ပါ။ မိသားစု အနေနဲ့ ယှဉ်ရင်တော့ Lifestyle က ကွာလှတယ် မဟုတ်ပါဘူး။ သာမန် မိသားစုတွေ အတွက် ပညာရေး၊ ကျန်းမာရေးကလည်း ရင်ဘောင်တန်းနိုင်တာပါပဲ။ အမေရိကားတို့၊ အင်္ဂလန်တို့မှာလိုတော့ Oxford တို့ MIT တို့တော့ သြော်ဇီမှာ မရှိဘူးပေါ့။ ဒါပေမယ့် အမေရိကားမှာ အင်္ဂလန်မှာနေလည်း ဒါတွေ တက်နိုင်ဖို့ လွယ်တာမှ မဟုတ်ပဲ။ တကယ်တော့လည်း သြစတြေးလျက ကမ္ဘာ့ဇာတ်ခုံပေါ်မှာ နာမည်ကြီးတဲ့သူ အရှိန်အ၀ါကြီးတဲ့သူ မဟုတ်ပြန်ဘူး။ ပြောရမယ်ဆိုရင်တော့ ထိပ်တန်းတော့ မဟုတ်ဘူးပေါ့။ ဒါကြောင့် ထိပ်တန်း နိုင်ငံက သူတွေက အထင်မကြီးတာ မဆန်းပါဘူး။

သြော်ဇီက လူတွေကလည်း အမေရိကားတို့ဘာတို့ ကို အထင်မကြီးပြန်ဘူး။ အမေရိကားမှာက နယူးယောက်လိုမျိုးမှာ နေတော့လည်း ကျဉ်းကျဉ်းကျပ်ကျပ် နေရတယ်။ ကျယ်ကျယ်ပြန့်ပြန့် နေရတော့လည်း City နဲ့ အတော်အတန် ဝေးတဲ့ နေရာတွေမှာ နေရတယ်။ မြို့ကြီးတွေမှာ ဖြစ်နိုင်သလို မြို့သေးသေးတွေမှာလည်း နေရတာ ဖြစ်နိုင်တယ် ဆိုပြီး။ ဒါကလည်း အမေရိကားမှာက မြို့ကြီးတွေက ၂၀-၃၀ ကျော် ရှိပြီး မြို့ခပ်လတ်လတ်တွေက ရာနဲ့ ချီ ရှိတာကိုး။ သြော်ဇီမှာကတော့ မြို့ကြီးတွေက ရေတွက်မယ်ဆို လက်တစ်ဖက်နဲ့ ရေလို့ရတယ်လေ။

နောက်ပြီး သြော်ဇီ PR ကို အမေရိကားက H1 လောက်ကိုဆိုရင် မလဲနိုင်ဘူး ဆိုတာမျိုး။ H1 က အခန့်မသင့်ရင် ပြည်တော်ပြန်ရနိုင်တယ်လေ။ PR သမားကတော့ ပိုက်ဆံ ပေါလို့ အလုပ်မလုပ်ဖူးဆိုရင်လည်း ရတယ်။ ဒါကလည်း တကယ်တော့ စာအုပ်ပေါ်မှာပါ။ အမေရိကားမှာ အဆင်မပြေလို့ ပြန်လာရတဲ့ H1 ဗီဇာသမားဆိုတာ မရှိသလောက် ရှားတာပါပဲ။ Green Card ရသွားတဲ့ အထိ အဆင်ပြေအောင် နေနိုင်သွားကြတာပါပဲ။ စင်္ကာပူမှာ နေပြီး Agent တွေနဲ့ H1 လျှောက်ဖို့ လမ်းကြောင်းတွေကတော့ အတော်ရှိပါတယ်။ ကျွန်တော်တို့လည်း DV လိုမျိုး ပေးရင်တော့ အမေရိကားမှာ နေချင်ပါတယ်။

တကယ်တော့ အထင်ကြီးတယ် မကြီးဘူးက အဓိက မဟုတ်ပါဘူး။ ကိုယ်နေတဲ့ နေရာမှာ ပျော်ဖို့ပါပဲ။ ကိုယ်ထင်ရင်တော့ ကုတင် ရွှေနန်းပေါ့။ ဒါပေမယ့် အကြောင်းမသိလို့ အထင် သေးတာမျိုးကလည်း သဘာဝပါပဲ။ ကိုယ်မသိသေးတဲ့ နေရာတွေကို Explore လုပ်ကြည့်နိုင်ရင် လေ့လာ ကြည့်နိုင်ရင်တော့လည်း ကောင်းတာပဲ။ အထူးသဖြင့် အသက်ငယ်ရွယ်တဲ့ သူတွေ၊ လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့သူတွေ၊ Risk ယူနိုင်တဲ့ သူတွေအတွက်တော့ ဘယ်နိုင်ငံမှာ နေနေ တစ်နိုင်ငံတည်းနဲ့ ပြီးသွားတာမျိုး မဟုတ်ဘဲ တခြား နိုင်ငံတွေကို သွားလာသင့်တယ်။  ဥပမာ အနေနဲ့ ပေးရမယ်ဆို သြစတြေးလျ ဒါမှမဟုတ် အင်္ဂလန်မှာ ကျောင်းတက်။ စင်္ကာပူမှာ ၂ နှစ် ၃နှစ်လောက်လုပ်။ ပြီး ရင် အမေရိကားကူး။ ဘယ်လောက်ကောင်းလိုက်လဲ။ အင်ဒိုတွေနည်း။ ဒါမှမဟုတ် စင်္ကာပူမှာ ကျောင်းတက်၊ ၂ နှစ်လောက် အလုပ်လုပ် ပြီးတော့ သြစတြေးလျမှာ အလုပ်လုပ် ပြီး ၃-၄ နှစ်ကြာရင် အင်္ဂလန်ကို ကူး။ ဒါက ကုလားတွေ နည်း။

နောက်ပြီး သူ့ ဆိုင်ရာ ဆိုင်ရာက နိုင်ငံသားတွေက တခြားနိုင်ငံကို အထင်မကြီး တတ်ကြတာ မှန်ပေမယ့် မြန်မာတွေ အနေနဲ့ကတော့ ရောယောင်ပြီး လိုက်မဖောဖို့ပါပဲ။ ဒီနိုင်ငံ တစ်နိုင်ငံဟာ ကိုယ်နဲ့ ကိုက်မလား မကိုက်လား ကျွန်တော် ဘယ်လို ဆုံးဖြတ်သလဲ ဆိုတော့ ကိုယ်နဲ့ အခြေအနေတူတဲ့ မြန်မာ မိသားစု တစ်စု ဘယ်လို နေထိုင်သလဲ ဆိုတာကိုပဲ ကြည့်ပါတယ်။ ဘာမှ မဆိုင်တဲ့ နိုင်ငံခြားသားတွေကို ကြည့်ဖို့ နေနေသာသာ အခြေအနေမတူတဲ့ မြန်မာ မိသားစုကိုတောင် ကြည့်ြ့ပီး အသားလွတ် အထင်ကြီးခြင်း အထင်သေးခြင်း ဖြစ်ရင် ကောက်ချက်ချ လွဲသွားနိုင်ပါတယ်။ 


(စကားမစပ် အမေရိကားက လူတွေကလည်း ဘလော့လေး ဘာလေး ရေးမယ်ဆိုရင် သူတို့ ဘ၀ အခြေအနေကို တခြားနိုင်ငံက သူတွေ နည်းနည်းပါးပါး လေ့လာလို့ ရတာပေါ့။)

50 comments:

ဇနိ - 11/18/08, 11:27 PM

ဗဟုသုတရပါတယ်။
မှတ်သားစရာတွေ မှတ်သားထားပါတယ်။

MrDBA - 11/19/08, 1:08 AM

ကိုအန်ဒီရေ .. အဖိုးတန်လိုက်တာဗျာ။ နောက်လဲကြုံရင် ရေးပါဦး။
survive ဆိုတာတွေတွေ့နေလို့ Wall-E ထဲကလိုပြောလိုက်ဦးမယ်။
I don't want to survive, I want to live. :P

nu-san - 11/19/08, 1:45 AM

Andy ရေ.. အားလုံးကို ယှဉ်ပြီးရေးပြသွားတာ အတော်ကောင်းတယ်.. ဘယ်နေရာမှာ နေရမှ ကောင်းတယ်၊ မကောင်းဘူး မဟုတ်ပါဘူး။ သူ့နေရာနဲ့ သူ အားနည်းချက် အားသာချက် တော့ ရှိတာပဲနော်။

Bagyi - 11/19/08, 2:09 AM

ကျေးဇူးတင်ပါတယ်..မှတ်သားစရာပါပဲ.. ဘယ်နေရာမှာပဲနေနေ အဆင်ပြေဖို့အဓိကပေါ့.. မဟုတ်ရင်..ဒီမှာနေ ဟိုကို မျှော် နဲ့ ..

Ko Paw - 11/19/08, 2:29 AM

ခွင့်လွှတ်ပါဒယ်....ကိုအင်ဒီ.....ခွင့်လွှတ်ပါဒယ်....။

ကျနော်တော့ ရန်ကုန်မှာ ၆ လလောက်လုပ်ဘူးတယ်။

မလေးရှားမှာ ၂ နှစ်ခွဲလောက် လုပ်ဘူးတယ်။

စင်္ကာပူမှာ ဆယ်နှစ်ကျော် လုပ်ဘူးတယ်။ (နည်းနည်းထည့်ကြွားရရင် သြော်ဇီနဲ့ ဖိလစ်ပိုင်ကိုလည်း ခေတ္တခဏရောက်ဘူးတယ်....ညှင်းညှင်း။)

မလေးရှားမှာ အလုပ်လုပ်ခဲ့တုန်းက လစာနည်းနည်းလေးရပေမယ့် အရမ်းပျော်တယ်။ ပျော်ရွှင်ရခြင်း အကြောင်းရင်းတွေကတော့ အများကြီးပါ။ အဲသည်လောက် ကြာကြာနေဖူးမှ သိမှာပါ။ ဒီမှာတော့ ပြောပြမနေတော့ပါဘူး။

စင်္ကာပူမှာ မနှစ်သက်တဲ့အချက်တွေ အများကြီးရှိသည့်အနက် အထူးမနှစ်ခြိုက်ဆုံးကတော့ နိုင်ငံရေးစနစ်အရ မလွတ်လပ်ခြင်းပါဘဲ။ ကိုယ်ကလည်း နိုင်ငံရေးကို နည်းနည်းစိတ်ဝင်စားမိသွားတော့၊ ကိုယ့်နိုင်ငံအရေးမှာ တတတ်တအား ပါဝင်ပတ်သက်နေမိတော့ မမြင်ချင်ယောင်ဆောင်လို့ကို မရအောင်ပါဘဲ။

ဒါပေမယ့် ကိုအင်ဒီပြောတဲ့အတိုင်း စင်္ကာပူမှာ ကောင်းတဲ့အချက်တွေကတော့ (၁) နေထိုင်ခွင့် အင်မတီးအင်မတန် လွယ်ကူခြင်း (၂) မိသားစု ခေါ်လို့လွယ်ခြင်း (၃) ဗမာပြည်နဲ့ အလွယ်တကူ ကူးလူးဆက်ဆံနိုင်ခြင်း တို့ပါဘဲ။ (မြန်မာတွေအတွက် ကောင်းတာပါ၊ စင်ကာပူနိုင်ငံသားတွေအတွက် ကောင်းသလားဆိုတာကတော့ သူတို့ကို မေးကြည့်မှဘဲ သိမှာပါ။)

တခု စဉ်းစားစရာတော့ရှိတယ်။ ကျနော့် ပတ်ဝန်းကျင်ကနေ သြော်ဇီ၊ ယူကေ၊ အမေရိကား၊ ကနေဒါ စသဖြင့် ထွက်သွားတဲ့ လူတွေအနက် စင်္ကာပူကို ပြန်လာတဲ့ မြန်မာဆိုတာ ရွှေလိုရှားတယ်။ ကိုအင်ဒီတို့၊ မကေတို့၊ မမိုးချိုသင်းတို့ စင်္ကာပူကို ပြန်လာခဲ့ကြဗျာ။ လွမ်းလို့...ဟိ။ နည်းနည်း မြန်မာပြည်မှာ နောက်ဆံတင်းစရာမရှိတဲ့လူဆိုရင် မျက်စိပွင့်လာတာနဲ့ စင်္ကာပူကနေ ပြေးကြဘို့ ကြံကြတော့တာဘဲ။ စင်္ကာပူလူမျိုးထဲက မျက်စိပွင့်သွားတဲ့လူတွေလည်း မနေကြပါဘူး။ ပြေးကြတာပါဘဲ။ မပြေးနိုင်တဲ့လူတွေကလည်း တညည်းညည်းတတွားတွားနဲ့ ကျန်ရစ်တော့တာပါဘဲ။

ကျနော်ကတော့ စင်္ကာပူကို မကြိုက်ပေမယ့်လည်း မခွာနိုင်သေးပါဘူး။ တခြားကြောင့်မဟုတ်ပါဘူး။ ကျနော်ကြည်ညိုလှတဲ့ ခေါင်းဆောင်ကြီးတယောက်ရဲ့ နောက်ဆုံးအချိန်တွေမှာ အနီးကပ်ပြုစုချင်လို့ပါ...ခွိခွိ။

PAUK - 11/19/08, 2:34 AM

မှတ်သားစရာပါပဲ...

ksanchaung - 11/19/08, 3:24 AM

အိမ်း။ (တကယ်။ အဟုတ်။ အတည်ပြောမည်။) ဘယ်ကိုမှလည်း ဟုတ်တိပတ်တိ မရောက်ဖူးတဲ့ သူဆိုတော့ ဆရာကြီးတွေရဲ့ “ပဏ္ဍိတာနင်းစ”ဒဏ်တွေကိုပဲ ကျေကျေနပ်နပ် ခံယူရင်းနဲ့ ဟောဒီ့ကသားသားလေး တပည့်ခံပါရစေ ခင်ည။

Moe Cho Thinn - 11/19/08, 3:28 AM

ကိုAndy ရေ
တကယ်က အထင်ကြီးတာ၊ အထင်သေးတာ၊ လခနည်းတာ၊ လခများတာတွေဟာ ပညတ်ချက်တွေ၊ လူက လုပ်တာတွေပါ။ ကိုယ်မြင်တဲ့ ထောင့်က ကြည့်ပုံ ကွဲသွားတာ၊ ကိုယ်ခံစားရတဲ့ အတွေ့အကြုံပေါ်မှာ မူတည်ပြီး ကောင်းတယ် မကောင်းဘူး ဖြစ်သွားရတာတွေပါနော်။
အမတို့က ဧည့်သည်ပါပဲ။ လာလည်တုန်းခဏ အိမ်လေးကို သပ်သပ်ရပ်ရပ် ပြင်ထားရင် သက်တောင့်သက်သာရှိလို့ နေပျော်တာပါပဲ။ ဒါပေမဲ့ အချိန်တန်ရင်တော့ အိမ်ပြန်မှာပဲလေ။ ကိုယ့်အိမ်မှာပဲ နေချင်၊ သေချင်တာပါပဲ။

JulyDream - 11/19/08, 3:32 AM

အခုမှပဲ ရှင်းသွားတော့တယ်။ ဘာပဲဖြစ်ဖြစ် စလုံးမှာ နေပျော်အောင် နေလိုက်အုံးမယ်။ ဘယ်မှသွားဖို့လဲ အစီအစဉ် မရှိသေးပါဘူး။ အခွင့်အရေးရရင် ရသလို မြန်မာပြည်ပဲ ပြန်ချင်နေတာ။ အခု လောလောဆယ်မှာ မြန်မာပြည် ပြန်သွားရင် ဘာမှ လုပ်စရာ မရှိလို့ မပြန်ဖြစ်သေးတာပါ။

Taungoo - 11/19/08, 3:33 AM

အစအဆုံးဖတ်ပြီး ဒီလိုလေးတွေ ဖြစ်သွားတယ် ကိုအန်ဒီ။
အင်း ဟုတ်တယ်။
သြော် ဒီလိုလဲ ရှိသေးတာကိုး။
ဟုတ်တာပေါ့။
ခုမှ ဒါကိုသိတယ် ကြည့်စမ်း။
ဒီနည်းတော့ မဆိုးဘူးပဲ။
ဒါ ကောင်းသားပဲ။ စသဖြင့်.....
နောက်ဆုံးတော့ အကိုရယ်
“ကိုယ်ထင်ရင် ကုတင် ရွှေနန်းပါပဲ”

pandora - 11/19/08, 3:43 AM

ဟုတ်တယ်။
I don't want to survive. I want to live.

နိုင်ငံခြားမှာ ဘ၀တွေက ဟာတာတာ ဖြစ်နေတာတော့ အမှန်ပဲ။

ငယ်တုန်းထွက်လာပြီး စိတ်ကျေနပ်လောက်အောင် explore လုပ်နိုင်ရင်တော့ အကောင်းဆုံးပဲ ထင်ပါတယ်။

မီယာ - 11/19/08, 5:52 AM

ကိုယ်တို့လင်မယားကစင်ကာပူဖူးစာပါ။ နှစ်ယောက်လုံးပညာလဲသင် အလုပ်လည်းကောင်းကောင်းလုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်ယောကျာ်းကဘယ်လိုမှ စင်ကာပူပြန်သွားခိုင်းလို့မရပါဘူး။ သူ့အဆိုကတော့ဥရောပက laid back life style တဲ့။ စင်ကာပူလို stressful မဖြစ်ဘူးတဲ့။ ကိုယ်ကတော့ country road တွေတမျှော်တခေါ်လျှောက်ရတာကို shopping mall တွေနဲ့မလဲနိုင်ဘူး။ technology လုံခြုံရေးနဲ့သန့်ရှင်းရေးမှာတော့စင်ကာပူက အများကြီးသာပါတယ်။ ည၁၂နာရီထိုးမှလည်း MRT စီးပြီးတစ်ယောက်ထဲပြန်လာရဲတယ်။ ဒီမှာတော့ ညနေမိုးချုပ်ရင်တစ်ယောက်ထဲလမ်းလျှောက်ဖို့ မစွန့်စားဝံ့ပါဘူး။ သူငယ်ချင်းတွေနဲ့မိသားစုကိုတော့ အရမ်းလွမ်းတယ်။

Anonymous - 11/19/08, 6:18 AM

Mr. Andy

Impressive post indeed. I think Singapore is a good stepping stone for Burmese and if that door were closed, there will be less opportunity for Burmese. The compensation (even in post tax absolute terms), opportunities (job and quality of higher education) and quality of life (food, housing, communication, transportation, leisure) is better than half of the Western European nations. I do not want the gates of lion city become closed because of vested interest of a few Burmese who are fighting other people's war.

Anonymous - 11/19/08, 6:33 AM

In UK, a fresh graduate with second class honors (in Engineering, Maths and Physics) from top 5 universities got offers of pay arounud 24,000 Pounds a year. There are more than 300 universities in UK. Graduates from other majors, Graduates (with third class honors, without honors) in Engineering, Graduates from lesser universities start with less than that amount. Some MSc holders started jobs in UK with pay less than 20,000 a year. There are some Burmese who makes around 50,000 Pounds a year with experienced engineer, senior engineer, or managerial jobs but starting pay are somewhere around less than 25000 even if you earned a first class honors from top universities.

The tax rate is above 20%. So best case scenario, the take home pay is around 18,000 to 20,000 Pounds which is about 50,000 to 60,000 Singapore Dollars. That translated to 4000 to 5000 Singapore dollars a month. Considering the fact that living expenses in UK are twice of that in Singapore: a Starbuck latte costs twice, cab fares cost three times, tube (London underground) cost three times, bus fares the same, and rental fees about the twice, newspapers cost twice or more and so making 5,000 Singapore Dollars in UK is same as making 2500 in Singapore. And it is hard to get a job in UK without experience, a Singaporean friend of mine with PhD in Computer Science (followed a good honors degree from good UK univ) started career as a contractor (contract based engineer)
as it is hard to get employee job (easier to get in Singapore). A post doctoral research fellow in UK universities makes less than 20,000 Pounds and there who are complaining about Singapore should travel to UK, Europe and Australia first and live there for weeks and listen to immigrant experience there. Grass is greener somewhere but Singapore is a good starting place. Do not make your actions shut doors for others.

Nu Thwe - 11/19/08, 9:53 AM

အထက်က ပြောသွားတာလေးကို နည်းနည်း ဆက်မယ်နော်။

ခု ယူကေက EU (European Union) နိုင်ငံသားတွေကို လွတ်လပ်စွာ လာရောက် အလုပ်လုပ်ခွင့် ပေးရတယ်။ သူတို့မှာ ဗီဇာ ကန့်သတ်ချက် မရှိဘူး။ မြန်မာနဲ့ တခြားနိုင်ငံသားတွေ မယှဉ်နိုင်တဲ့ အားသာချက်ပါပဲ။ စီးပွါးကျချိန်မှာ အလုပ်အကိုင် ပိုခက်လာတယ်လို့ ညီမလေးတွေ ညည်းနေကြတယ်။ ဆရာဝန်တွေကိုလည်း ပြည်တွင်း ဆေးတက္ကသိုလ်တွေက နိုင်အောင် ထုတ်နိုင်လာလို့ အပြင်ကလူတွေကို ဗီဇာနဲ့ ထိန်းချုပ်လိုက်တာ နှစ်နှစ်လောက် ရှိပြီ။ နောက်တစ်ကျော့ လူလိုရင်တော့ ဖွင့်ကောင်းပြန်ဖွင့်မလား မပြောတတ်ဘူး။ ခုလောလောဆယ်တော့ အသစ်လာမယ့် သူတွေအတွက် ခက်ခဲတာ အမှန်ပဲ။

ဒီက ဘရစ်တွေကတော့ သြော်ဇီကို တော်တော် ကြိုက်ကြတယ်။ lifestyle နဲ့ weather ကို အဓိကပေါ့။ ပြောင်းပြေးသူတွေ အများကြီးပဲ။ New Zealand ကိုလည်း တော်တော် နှစ်သက်ကြတာ ကြားဖူးတာပဲ။

ကိုယ့်သဘောကတော့ ရောက်တဲ့အရပ်မှာ ကိုယ့် potential ရှိသလောက် ဖြစ်ထွန်းအောင်၊ ကြိုးစားပြီး ရေတွင်းတူးကြရမှာပဲ။ ရေကောင်းကောင်း ထွက်ရင်တော့ ဘယ်တွင်းပဲဖြစ်ဖြစ် မပစ်သင့်ဘူး၊ အသစ်မရှာသင့်ဘူး ထင်ပါတယ်။ နောက်တစ်တွင်း ထပ်တူးဖို့ ဆိုတာက အချိန်တွေ၊ အင်အားတွေ လိုသေးတယ်လေ။ သတ္တိ သိပ်ကောင်းသူများကို မဆိုလိုပါဘူး။ နှစ်ဆယ်ကျော်ဆိုရင်လည်း တစ်မျိုးပေါ့။

ကမ္ဘာကြီးကို မြင်ဖူးတာ ကောင်းတဲ့ အတွေ့အကြုံပါ။ လိုအပ်ပါတယ်။ ဘယ်နိုင်ငံပဲဖြစ်ဖြစ် ကိုယ့်တိုင်းပြည် မဟုတ်ဘူး ဆိုတာတော့ အားလုံး သိတဲ့အတိုင်းပါပဲ။ ကိုယ့်တိုင်းပြည်ကလည်း ကိုယ် သိခဲ့တဲ့၊ ကိုယ် ပျော်ခဲ့တဲ့ အခြေအနေတော့ မဟုတ်တော့ဘူးရယ်။

Anonymous - 11/19/08, 10:29 AM

In the United States, fresh graduate with BSEE or BSME (Bachelor of Science in Mech Engineering) will happily work for 50,000 USD a year pay. The minimum H1 pay is above 60000$ (correct me if I were wrong) but not all H1 make that money as rumored by others.

With experience and skills, one may make six figures salaries, but with federal tax and state tax combined will be around 30 to 40%. At the end of the day, a person making 5000 SGD a month in Singapore may be able to save as much as a person making 5000 USD a month in US. And if you are an American citizen, if you make more than 80K a year, you will have to pay tax to US government even if you are living outside of US. That made some US expatriates to convert citizenship.

In Canada, I heard the tax rate is about 50% and I am not keen to pay
such rates even if it is an excellent welfare state. And I will not move to Canada as it is kind of backyard for US and eventually you will have to head south to US.

In the Netherlands, a fresh grad MSc (or first year PhD pay at top engineering universities) make about 1800 Euros while 4th year PhD makes about 2200 Euros. A fresh grad MSc in top Dutch electronics giant makes about 2200 to 2400 Euros a month, the rent is about 700 to 800 Euros a month. And you can calculate its saving potential is almost like Singapore. In Germany, the same is true and there are not so many jobs. In France, its youth are working overseas as hard to get permanent jobs.

Elsewhere in Europe, for example in Spain, Italy (southern parts), Portugal, Greek and everywhere in Eastern Europe, pay is less than Singapore (in absolute terms, even before tax). I hope you get a picture by now. NZ is not very nice as I met more than NZ PR working in Singapore who studied in NZ graduate schools and came to work in Singapore while paying mortgage in Auckland.

Anonymous - 11/19/08, 12:19 PM

နိုင်ငံခြားမှာ ရောက်နေတဲ့ လူတိုင်းက အခက်အခဲတွေ ရုန်းကန်ရတာတွေ မပြောပြတတ်ဘူး။ အဆင်ပြေ တာကိုပဲ ကြွားတတ်ကြတာ များတယ်။ အဲဒီတော့ မသိတဲ့ လူတွေကလည်း သွားချင်ကြတယ်။ ဥပမာ UK ကို Student Visa ယူပြီး ရောက်နေတဲ့ လူတွေက ဟိုမှာ ဘယ်လိုကျောင်းတက်ကြောင်း အချိန်ပိုင်း အလုပ်လုပ်တာ ဘယ်လောက် ရကြောင်းတွေပဲ ပြောတယ်။ တကယ်တော့ အချိန်ပိုင်း အလုပ်လေး လုပ်ရဘို့ agent ရုံးရှေ့မှာ မနက်တိုင်း သွားတန်းစီရတာတွေ လူပြည့် သွားလို့ မလုပ်ရပဲ ပြန်လာရတာတွေ ဟော်တယ်မှာ စားပွဲထိုး လုပ်ရတာတွေ ပန်းကန်ဆေးရတာတွေ ပေါင်မုန့်ဆိုင်မှာ မုံဖုတ်ရတာတွေ ဒီဗွီဒီ အခွေတွေကို ဘူးထဲ တစ်နေကုန် မတ်တတ်ရပ်ပြီး ထည့်ရတာတွေ ပြန်မပြောပြတတ်ဘူး။ ပညာတတ် သူငယ်ချင်းတွေ အဲဒါမျိုးတွေ လုပ်နေတာ မြင်ရရင် စိတ်မကောင်းဘူး။ တစ်ချို့တွေကတော့ အလုပ်လုပ်ရင်း ကျောင်းတက် မယ်ဆိုပေမယ့် ကျောင်း စရိတ် ကြီးတာကြောင့် အဲဒီ odd job အလုပ်တွေမှာပဲ နစ်ပြီး ပိုက်ဆံရှာ နေကြ ရတယ်။ တကယ်ကတော့ ကိုယ်အဆင်ပြေနေတဲ့ နေရာက ကိုယ့်အတွက် အကောင်းဆုံးပါပဲ။

shin - 11/19/08, 1:13 PM

I got a lot of new idea/knowledge from this post! Thanks, ko Andy!

And those comment also tell me the situation of different country also!

MANORHARY - 11/19/08, 1:29 PM

လိုအပ်တဲ့ပို့စ်လေးပါ..ကောင်းလည်းကောင်းပါတယ်
အမကတော့ ချိုသင်းပြောသလိုပဲ..အချိန်တန်ရင်တော့
အိမ်ပြန်ချင်တယ်..ကိုယ့်အိမ်မှာပဲသေချင်တယ်...

ကိုနေ - 11/19/08, 2:22 PM

ကျေးဇူး တင်ပါတယ်....
ဒီလိုပါပဲ ကိုယ်အိမ်မှ မဟုတ်ပဲလေနော့်...

ကျနော်က စင်္ကာပူ ကိုစရောက်ကာစက ကြိုက်ပါတယ်....
အခုမကြိုက်တော့ပါဘူး.....
လည်စရာ ကုန်သွားလို့ ပါ :P
နောက်တာ...

အဆင်ပြေနေသူအတွက်တော့ ဟုတ်တာပေါ့ဗျာ.....
အမှန်အတိုင်းပြောရရင် စလုံးမှာ မနေချင်တော့ပါဘူး .......
လောလောဆယ် ရွေးစရာမရှိလို့ပါ။

တနေ့တနေ့ ဒီ HDB လှောင်အိမ်ထဲက ထွက် လိုက်ဝင်လိုက်နဲ့ စိတ်ကုန်လှသဗျာ....
တကယ်ပဲ ကျနော်ရောက်ခါစက ကြိုက်ပါတယ် အထင်လည်းကြီးတယ်....အခုတော့ လုံးဝနိုးပဲ..
စလုံးက စိတ်ဓာတ်လေးတွေ သိသွားပြီဗျ..ဒီကလူတွေက ခံစားချက်မရှိတဲ့ စက်ရုပ်သာသာတွေပဲ။

ကျနော့် အတွက်တော့
စလုံးက နေချင်စဖွယ်တိုင်းပြည်မဟုတ်ပါ။

အခုလိုဗဟုသုတရစရာလေးတွေ အတွက်ကျေးဇူးပါ။

Loi Lem - 11/19/08, 2:50 PM

တစ်ဖက်စွန်းကနေ အခြားတစ်ဖက်စွန်းကို ၁ နာရီကြာအောင် ကားမမောင်းရတဲ့ ကျွန်းပိစိကွေးလေးမှာ မြန်မာသူငယ်ချင်း မရှားတာနဲ့ မြန်မာအစားအစာ အလွယ်တကူ ဝယ်လို့ရတာကလွဲရင် တခြားနိုင်ငံတွေလောက် ပျော်စရာမကောင်းတာတော့ အမှန်ပါပဲ

KPZ - 11/19/08, 4:23 PM

စီကာစဉ်ကာ ပူပင်နေရတုန်းပါပဲ အကိုရာ။ ဒါပေမယ့် ပျော်ရာမနေ. တော်ရာ နေနေရအုံးမှာပါပဲ :(

Anonymous - 11/20/08, 5:42 AM

I do not mean that those in Singapore should not seek opportunities elsewhere.
But make sure you get most out of it from Lion city. There you can get good education (public universities and polytechnics in Singapore are better choice than third tier Universities in UK), for example, if one cannot afford the UK education straight away, use Singapore as stepping stone. Earn a good MSc in Singapore and go for UK for best graduate school there. Or study in Singapore Polytechnics and go for B.Eng or M.Eng (3 or 4 years undergraduate degree) studies at UK universities. Or get a Bachelor in Singapore, work and save money for MBA in UK, etc.. or try to win a PhD there. If you have already earned a PhD in Singapore go to UK, Canada, Europe or US for post doctorate opportunities. I am not asking to be a tin can collector who earned MSc in Yangon, then went for MSc in Singapore and MSc in elsewhere again. I think 2 public universities in Singapore are as good as top 20 UK universities or top 100 US universities or top 5 Ausi universities.

burmesegoldbull - 11/20/08, 6:18 AM

we don't think highly of Sg Univ too.. i noe quite a few of burmese who studied in ausi, uk and came back to sg... not to talk abt its own ppl coming back.

i guess some ppl really believe in utopia. they thought they have interested in politics and don’t like sg because of its political nature.. i believe, wat they r displaying just a reflection of their hatred towards authority deep inside their unconscious mind, without understanding of the nature of politics.


as anonymous said, they r fighting other ppl wars...

Winkabar - 11/20/08, 10:42 AM

ဖတ်ပြီးရယ်တောင်ရယ်ချင်သွားတယ်။ ဒီလိုပါပဲနော် လူတွေကတော့။ ကိုယ်နေတဲ့နေရာကိုတော့ ကောင်းတယ်ပြောမှာပေါ့ ဒါမှလည်း သူများနေတဲ့နေရာကိုမသွားရပဲနဲ့ ကိုယ်နေရတဲ့နေရမှာပျော်မှာကိုး။ ဘယ်လိုပဲဖြစ်ဖြစ်တော့ နိုင်ငံခြားမှာနေရတဲ့လူတွေကတော့ အနည်းနဲ့အများအထီးကျန်ကြတာပါပဲ။ စင်ကာပူကလူတွေကိုတော့အားကျတယ်။ မြန်မာအသိုင်းအဝိုင်းများလို့။ ကိုအန်ဒီပြောသလိုပေါ့ အနာဂတ် မြန်မာပြည်လေးမှာ နေရသလိုမျိုးလေးလိုဆိုတော့။

တက်တူ - 11/20/08, 5:00 PM

Hi Andy,
Now i live in Sg and i have some experience in IT field. Could u tell me some agent address or web for US H1 visa?

Anonymous - 11/21/08, 6:31 AM

For those who forget where Singapore came from and how far it has progressed to be where it is today, I will quote from a book I have been reading this week.

The author claims that early 1960s, Kenya was doing better than Singapore, the latter was full of slums, mosquito and rat infested shanty towns, where everyone spits everywhere. Now Singapore is one of the most developed nations less than 50 years or 2 generations.

The Meaning of the 21st Century:
a Vital Blueprint for Ensuring Our Future:
by James Martin (Author)

http://www.amazon.co.uk/Meaning-21st-Century-Blueprint-Ensuring/dp/1903919843

Anonymous - 11/23/08, 4:08 AM

ဟီး...စင်ကာပူက..နေလို့မကောင်းပါဘူး(မနေလို့လဲမဖြစ်ဘူး)
အော်ဇီ က ပိုကောင်းတာပေါ့ (ပြောကြတာပဲ)
နယူးဇီလန်သွားလိုက်လေ (အော်ဇီလိုပဲတဲ့..ဟိ)
မြန်မာပြည်ကိုပဲပြန်ချင်တယ်..(၂ ပတ်လောက်)
..
..အမှန်ကတော့ ဒီလိုထင်ပါ့ဗျာ

Anonymous - 11/23/08, 3:02 PM

It's not a good time to move to US right now.Maybe in 5 years time!

Anonymous - 11/23/08, 5:52 PM

The essence of democracy very much depends on people who are "defining" the very word. Therefore, it might differ from country to country catering to different cultures and practices. What matters most is that there is peace,prosperity and thriving in the nation. We need to have food on the table especially in these difficult times of global recession. Would "freedom of speech" and other things matter?

Anonymous - 11/23/08, 5:52 PM

The essence of democracy very much depends on people who are "defining" the very word. Therefore, it might differ from country to country catering to different cultures and practices. What matters most is that there is peace,prosperity and thriving in the nation. We need to have food on the table especially in these difficult times of global recession. Would "freedom of speech" and other things matter?

Anonymous for Anonymous - 11/24/08, 1:19 PM

To Anonymous,

Sadly, your way of thinking is exactly the same as Aung Bu’s, Shwe Mi’s , swan-arr-shin’s and kyant-phont’s as they only think of the dish on their table regardless of what kind of government is ruling them.

Aye Myat Myat Ko - 12/1/08, 1:04 AM

အို ဒီလိုပါပဲရှင်

mynativeland - 12/2/08, 10:40 PM

ပျော်ရာမှာမနေ တော်ရာမှာနေ ဆိုတဲ့စကားလိုပေါ့ တော်ရာမှာပဲ ပျော်အောင်ကြိုးစားနေရတာပေါဗျာ။ စလုံးကစက်ရုပ် မျက်နှာကြီးတွေကို မကြည့်ချင်လည်း ကြည့်နေရဦးမှာပဲလေ။ ခုလောလောဆယ်တော့ Annual Leave နှစ်ပတ် မယူရင် ကိုယ့်အလုပ်ကပေးမဲ့ အပိုငွေဒေါ်လာကို မယူတော့ပဲ မွေးရပ်မြေပြန်ပြီး အဖေ၊အမေ မျက်နှာလေး ကြည့်ဖို့ဆုံးဖြတ်ထားတယ်။ တချိန်ချိန်တော့ ကိုအန်ဒီ ပြောတဲ့ နောက်နှစ်သုံးဆယ် ပုံစံမြန်မြန်ရောက်အောင် ကျွန်တော်တို့အားလုံး အိမ်ပြန်ကြစို့လား.......

Anonymous - 12/5/08, 7:32 PM

သူပြောတဲ့ထဲ မှာ SMU ဆိုတာကြီးပါသွားတယ် ... ဘာလည်းလခကောင်း သလို ရာထူးမြင့်မြင့်ရသလို...

တကယ်တော့ ကျွန်တော်က အဲဒီကျောင်းမှာ နောက်ဆုံးနှစ်တောင်ရောက်နေပါပြီ။ ရှေ့ကလူတွေကိုကြည့်ပြီ ရင်ခုန်နေတာပါ။.. အဲ...ပြီအောင်ဖတ်နော..... လခကောင်းတာတွေ ၊ ရာထူးမြင့်တာတွေ ဟုတ်ဘူး..... ... အလုပ်မှရပမလားလို့ .... ဘာဖြစ်လို့လဲဆိုတော့ သူနိုင်ငံသား စင်္ကာပူရမ်းဆိုတဲ့ ကောင်တွေတောင်မှ အလုပ်နဲ့ ရတဲ့ဘွဲ့ နဲ့ မကိုက်လို့ ပါပဲ.... ဖတ်တဲ့ ဘာသာလည်းကွာသေးတယ်.... ဥပမာ... social science ဆိုတာကြီးကို ဖတ်လို့ကတော့ SMU က marketing လုပ်ရင် 100 % အလုပ်ရတယ်လို့ ပြောလို့ရအောင် ကျောင်းမှာပဲ admi အလုပ်ပေးတာတွေရှိတယ် (လူတွေမသိတာပါ။ အတွင်းသတင်းပေါ့) မြန်မာတွေတော့ social sceince မှာ မရှိပါဘူး။ စင်္ကာပူရမ်းမမလေးတွေ ဘွဲ့ မရခင် ရင်ဖွင့်သွားလို့ပါ။ ဟီးဟီး တမျိုးမထင်နဲ့ ... project လုပ်ရင် ရင်ဖွင့်သွားတာမျိုးပါ။

ရှင်းရှင်းပြောရင် စင်္ကာပူဆိုတာကြီးကို ဥာဏ်ရှိသူတိုင်းချစ်ကြပါဘူး.. သူ့တို စင်္ကာပူရမ်းဆိုတာကိုက ဒီလိုပြောတာပါ။ ဘာလို့လဲဆိုတော့ လူနေမှုစရိတ်ကြီးပြီး ၊ ငွေရှာရခက်လို့ပါပဲ။
မြန်မာတွေကတော့ ကြိုက်ကြပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်နဲ့ သွားသွားယှဉ်တာကို။ မယှဉ်မိတဲ့ တစ်နေ့ မှာ ချစ်သေးလာလို့ မေးချင်ပါတယ်..........

Anonymous - 2/23/09, 10:18 PM

One of the great things about Aus is that, here in Australia, the government pays a lot of contribution towards your tuition fees when you're a PR or a citizen. Not only that, you also get Austudy (a living expense contribution) of up to 800AUD /month.

I'm currently studying medicine here, and 80% of tuition fees are being paid by the government. One of my friends, who's studying med in US has to pay all her tuition fees by herself, even though she's a green card holder.

By the way, when I first came here, I did not have any friends or family in Aus, which makes me a generation 1.0 by theory. I studied 2 years, got a job, got PR, became a citizen. I then tried out for medical school admission and got in. (a little bit showing off) Which version of generation do I fit in at this point, Ko Andy? :D

yangonthu - 2/24/09, 8:32 PM

Addition to the above comment:
In US, med tuition fees are around USD 200,000 for the 4 years MD. In Aus, med tuition fees are around AUD 170,000 for the 4 years MBBS, for which gov pays ~80% (AUD 135,000). If you think about it like that, AUD 135K is almost half of a house value. This is excluding the living expense contribution.

Anonymous - 2/27/09, 4:25 AM

yes.. 4 years med schools cost around USD 200,000.. And they can't even directly go to med school with their K-12 education unlike some Europe countries, SG or Myanmar..
They need an undergraduate degree with pre-med courses.. (an undegrad degree is also required for Vet and Law Schools)
Then they can attend 4 years med school and about 3 years of internship.. Also they need to take exam for licence which allowed only two times in their entire life.. (they need to take in their 1st or 2nd year of intern.. not sure about it)..
So typically a US doc spends average 13 years after their K-12 to become a registered GP..

yangonthu - 2/27/09, 10:05 AM

In Aus, we have undergrad entry med (admission is based on your year 12 & UMAT scores & interview) and graduate entry med (admission is based on undergrad degree GPA, GAMSAT scores & interview). Among the number of places available, graduate entry stream makes up about 60% and it's going to increase (I think the Aus medical education sys will also transform into US like system in the future). Undergrad entry MBBS is 6-7 years in duration and grad entry is 4 years. We also need to do 1 year intern, 2 years residency and an exam before we can register to be a GP.

yangonthu - 2/27/09, 10:09 AM

So yes, it takes about 13 years (after year 12) to be a fully registered GP. [4 years undergrad + atleast 2 years in admission process for GAMSAT exam, interview, etc + 4 years med school + 1 year intern + 2 years residency/registeration]

Anonymous - 2/27/09, 1:55 PM

Hi..Guys...

What Do U Expect Much..In Other People' Country...

Make It Your Own...

Nice Day..!!

yangonthu - 2/27/09, 7:14 PM

Hi Ko Andy, the first post in regards to med school (posted as Anonymous on 2/23/09 10:18 PM) was posted by me as well. At that time, I tried to post it with 'yangonthu' name but it came back with an error and therefore was posted as Anonymous (I thought a user named yangonthu already exists and hence I was too lazy to think of another name :D)
Forgive me if I confused anyone.

Andy Myint - 3/2/09, 11:02 AM
No worries, Ma Yangon Thu. I really appreciate your contribution. BTW, you are generation 1 + 1.2 :) As a first comer we are not Gen 2.x .. but you really are more than what 2G are. Good on you. Cheers!
yangonthu - 3/3/09, 7:21 PM

Generation version ကိုမေးတာနောက်တာပါ.
It’s quite impractical to compare myself with the ones who were born and grew up here. I might be able to level up in some areas like in academic or at work place but not in all, especially in social networks.
By the way, I do enjoy reading your posts; keep up the good work.

JPS - 8/20/09, 6:23 PM

For me is different. I come out from Yangon because I cannot stand there with my salary. I want to give my parents but I cannot. So really disappointed myself and try to come out. Now I work here and then try to happy. Only one thing is so difficult for me that is the time while I missed my home. Really want to throw everything and go back home at that time. But cannot do it because of the same reasons. Now I decided to continue my education and then I will move another one. :(

မောင်မောင် - 7/11/10, 7:35 PM

ကိုအန်ဒီ ရေ
အမြင်အမျိုးမျိုး ရှု့ ထောင့်အမျိုးမျိုး ကို အတော်ဖတ်ယူရပါတယ်။ ပြီးတော့
ဗဟုသုတ လဲ အများကြီး ရပါတယ်။ အခုလို ပိုစ့် လေး ရေးပေးတာ ကို
ကျေးဇူးလဲတင်တယ်ဗျာ။
အခုလောလောဆယ် ကျွန်တော် ကတော့ ကဘူးမြို့ မှာ ရောက်နေပါတယ်။
ရေကြည်ရာမြက်နုရာ ( ပြောင်းရွှေ့ လုပ်ကိုင်) တာပြောပါတယ်။
အခိုက်အတန့် သာ နေမှာမို့ လို့  ရောက်တဲ့ အရပ်မှာ တော့ ပျော်အောင်နေရပါတယ်ဗျာ။
အချိန်တန်ယင် အိမ်ပြန်ချင်ပါတယ်။

gyidaw - 7/12/10, 11:53 PM

Dear Andy Thank u for the post.Everybody has own reason.YOU ALWAYS WRITE N SHARE WITH WHITE HEART.It depends on the person n condition who absorbe what they want.

netclient - 7/13/10, 7:47 AM

America especially NYC is the best place to find jobs, I mean Off-jobs, its better to find permanent jobs in other state area, If lucky u can get the job in Local City area also.
Many people get student visas and try to come U.S.
They try about colleges, universities, and some ESL class along with professional courses.

Anonymous - 7/14/10, 1:01 PM

Ko Andy...
ပျော်ရာ မှာ မနေရ တော်ရာမှာ နေရ ဆိုသလိုပါပဲ။ ညီမလေး နဲ့ အမြဲတမ်း ပြောဖြစ်တယ် Singapore က မြန်မာနိုင်ငံရဲ့ ၁၅ခုမြောက် ပြည်နယ်လို့ ကိုယ်ပိုင်အုပ်ချုပ်ရေး ရထားတာ =)

Anonymous - 2/13/11, 10:24 PM

ကိုအန်ဒီရေ
အမေရိကားအကြောင်းကို စင်ကာပူကနေ..အမေရိကားေူပာင်းသွားတဲ့ ကိုသြူကီးရေးထားတဲ့ ဘလော့ ရှိတယ်လေဗျ။ ကိုအန်ဒီ နဲ့ သူငယ်ချင်းတွေတောင်ူဖစ်ချင်ူဖစ်နေမှာ။

http://thagyee.blogspot.com/search?updated-min=2009-01-01T00%3A00%3A00%2B08%3A00&updated-max=2010-01-01T00%3A00%3A00%2B08%3A00&max-results=36

Post a Comment

Many thanks for dropping a comment…

Film


Files